အခန်း ၁၆၅၄
Vol. 111 Ch. 1654
အခန်း (၁၆၅၄) ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဝိညာဉ်။
သုံးရက်တာအချိန်ကာလသည် လျှပ်တပြက် ကုန်ဆုံးသွားခဲ့ပြီး ချင်ယွင်သည် ထိုကာလ အတွင်း ယွမ်ရှီရှီကို မရှာဖွေခဲ့ပေ။
ယခုအချိန်သည် သူတို့နှစ်ဦး တွေ့ဆုံရမည့် အချိန်မဟုတ်ဟု သူခံစားမိသည်။ ထို့အပြင် ယွမ်ရှီရှီ၏ အနီးတစ်ဝိုက်တွင် လူအနည်းငယ် ရှိနေသေးပြီး၊ အထူးသဖြင့် လျှိုချန်းရှန်သည် ယွမ်ရှီရှီကို သဘောကျလာစေရန် ကြိုးပမ်းလိုသည့် ရည်ရွယ်ချက်ဖြင့် အနီးကပ် လိုက်နေသေးသည်။
ယွမ်ရှီရှီသည် သူနှင့်အကွာအဝေးကို အမြဲတစေ ထိန်းထားခဲ့ပြီး၊ ထိုလူအား သူမအပေါ် အခွင့်ကောင်းယူရန် အနည်းငယ်မျှပင် အခွင့်အရေး မပေးခဲ့ပေ။
သို့သော်လည်း လျှိုချန်းရှန်သည် အရှုံးမပေးဘဲ ယွမ်ရှီရှီကို နှောင့်ယှက်နေဆဲ ဖြစ်သည်။
…
ကောင်းကင်ကြီးသည် ကြယ်များဖြင့် ပြည့်နေပြီး၊ အလွန်နက်နဲသိမ်မွေ့သော လမင်းကြီး သည် မြင့်မားသော ညကောင်းကင်ယံတွင် ချိတ်ဆွဲထားက နေ့ကဲ့သို့ တောင်တန်းတစ်ခု လုံးကို တောက်ပစေသည်။
"သိမ်မွေ့တဲ့လမင်းကြီးက တိုက်ပွဲတစ်ခုလိုပဲ။ လရောင်က သွေးနဲ့တူတယ်။ ဒါက နိမိတ်ဆိုးတစ်ခုပဲ။" ရွှဲ့ခိုင်သည် ချောက်ကမ်းပါးပေါ်တွင် ရပ်ကာ ကြီးမားလှသော ငွေရောင် လပြည့်ဝန်းကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်ပါသည်။
"တကယ်ကို ဆိုးဝါးတာတစ်ခုခု ဖြစ်ပျက်တော့မယ်။ ငါလည်း စိတ်မသက်မသာဖြစ်မူ နည်းနည်းပါးပါး ခံစားရတယ်။" ချင်ယွင်က မျက်မှောင်ကြုတ်နေသော ရွှဲ့ခိုင်ဘေးမှာ ရပ်နေရင်း လပြည့်ဝန်းကြီးကို ကြည့်နေသည်။ သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မသက် မသာဖြစ်မူကို ခံစားလိုက်ရသည်။
ဆိုးဝါးတာတစ်ခုခု ဖြစ်လာတော့မည်ဟု သူ အမြဲခံစားခဲ့ရသော်လည်း ကောင်းကင်နတ်ဆိုး သစ်သီးသည် မမှည့်သေးပေ။ ပတ်ဝန်းကျင်ရှိ ကျွမ်းကျင်သူများသည် အမှောင်ထဲတွင် ပုန်းအောင်းနေကြဆဲဖြစ်သည်။ မည်သည့်ဆိုးဝါးသည့်အရာမျိုး ဖြစ်ပျက်လာမည်နည်း။
“အား…”
ဤအခိုက်အတန့်တွင် ကောင်းကင်လေဟုန်တောင်တန်း၏ နက်ရှိုင်းဆုံးနေရာမှ သနားစဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်နှင့်ရွှဲ့ခိုင်တို့သည် ခေါင်းကို မော့ကာ အဝေးကို ကြည့်လိုက်ကြရင်း, တစ်ချိန်တည်းမှာပင် သူတို့၏ မျက်နှာများသည် အံ့အားသင့်သည့် အမူအရာ ပေါ်လွင်နေ သည်။ သူတို့တင်မကပေ။ သူတို့ပတ်ဝန်းကျင်မှ လူတွေလည်း ထိုသနားစဖွယ် အော်ဟစ်သံ ကြောင့် ဆွဲဆောင်ခံရပြီး အားလုံးလည်း အံ့အားသင့်သွားကြပါသည်။
"ဘန်း…"
တောင်တန်း၏ နက်ရှိုင်းသော နေရာမှ ဖြစ်ပျက်ခဲ့သမျှကို လူတိုင်းက အံ့သြနေကြစဉ်မှာ, အဝေးမှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဒီအသံက…”
ချင်ယွင်နှင့် ရွှဲ့ခိုင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး၏ သူငယ်အိမ်များက ရုတ်တရတ် ကျုံ့သွားသည်ကို တွေ့မြင်နိုင်ပါသည်။
"မကောင်းတော့ဘူး။ တစ်စုံတစ်ယောက်က တောင်တန်းရဲ့ နက်ရှိုင်းဆုံးနေရာက တားမြစ်ထားတဲ့ နတ်ဘုရားအစီအရင်ဝင်္ကပါကို အစပျိုးလိုက်ပြီ။ တစ်စုံတစ်ယောက်က ငါတို့ဆီ ပြေးလာနေတယ်။"
ဟုတ်ပါသည်, ချင်ယွင်နှင့် ရွှဲ့ခိုင်တို့သည် သူတို့စိတ်နှလုံးထဲတွင် သက်ပြင်းချနေကြစဉ်မှာ, မနီးမဝေးအရပ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
“အား…”
ထိုနောက်မှာတော့ သနားစဖွယ် အော်ဟစ်သံတွေက အဝေးကနေ အစီအရီ ထွက်ပေါ် လာခဲ့သည်။ ၎င်းသည် အဝေးက တစ်ခုခု ပြေးလိုက်နေသည့်အတိုင်းပင်။ အမှောင်ညထဲ တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းသည် ကြောက်မက်ဘွယ်သော ခြေသည်းများကို ဆန့်ထုတ်ကာ နတ်ဘုရားတို့ကို ဆွဲဖြဲပစ်နေသည်။
ထို့အပြင်၊ ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ၎င်းတို့ဘက်မှ ဖြတ်ကျော်လာကာ ကောင်းကင်လေဟုန်တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံပြီး၊ ကောင်းကင်လေဟုန်တောင်တန်း၏ တည်ငြိမ်မူကို ထိန်းသိမ်းလိုပုံရသည်။
"မကောင်းတော့ဘူး သခင်လေး၊ သွားကြရအောင်။ ဒါက ကောင်းကင်လေဟုန် တောင်တန်းရဲ့ အမှောင်နတ်ဆိုးဝိညာ ဉ်စစ်တပ်ပဲ။ သူတို့ ပေါင်းစည်းပြီးတာနဲ့ အထွက်အထိပ် ကောင်းကင်နတ်ဘုရားတွေတောင် သေခြင်းတရားကနေ လွတ်မြောက် နိုင်မှာ မဟုတ်ဘူး။" ရွှဲ့ခိုင်သည် ထိုအငွေ့အသက်ကို သတိပြုမိသောအခါ၊ သူက ချက်ချင်း တုံ့ပြန်ပြီး ချင်ယွင်ကို နောက်သို့ အမြန်ဆွဲခေါ်လိုက်သည်။
"အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်လား.." ချင်ယွင် အံ့သြသွားသည်။
ထိုအော်မြည်သံသည် အနည်းငယ် ထူးဆန်းသည်ဟု သူခံစားရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကြောက်စရာကောင်းသော အော်ဟစ်သံများသည် အမှောင်နတ်ဆိုး ဝိညာဉ်စစ်တပ်၏ အော်ဟစ်သံများ ဖြစ်နေသည်။
သန်မာသူများဖြစ်စေ, အားနည်းသူများဖြစ်စေ, ဤတောင်တန်းတွင် သေဆုံးသွားခဲ့သော သက်ရှိများအားလုံးသည် ဤတောင်တန်းတွင် ကျန်ရစ်ခဲ့ပြီး အမှောင်နတ်ဆိုးဝိညာဉ် စစ်တပ်၏ ပိတ်လှောင်ခြင်းကို ခံရလိမ့်မည်။ သူတို့သည် ဤတောင်တန်း၏ ငြိမ်းချမ်းသော ဝိညာဉ်များကို စောင့်ကြပ်ရသည့် ဤတောင်တန်းအတွင်းရှိ အမှောင်နတ်ဆိုးဝိညာဉ်များ ဖြစ်လာကြသည်။
"ပြေး…၊ ဒါက အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်ပဲ၊ မင်းတို့ မပြေးရင် သေရလိမ့်မယ်... အား"
ရှေ့က တောင်တန်းတွေဆီကနေ သနားစရာကောင်းသည့် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်နေကြသည်။ အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်၏ အသွင်အပြင်ကို ရှင်းရှင်း လင်းလင်း မြင်နိုင်သူများသည်လည်း ဤကြောက်စရာကောင်းသော အမှောင်နတ်ဆိုး ဝိညာဉ်စစ်တပ်၏ ဝါးမျိုးခြင်း ခံသွားရပါပြီ။
"သွားကြရအောင်"
ချင်ယွင်က တုံ့ဆိုင်းမနေဘဲ ရွှဲ့ခိုင်ကို တိုက်ခိုက် ဦးဆောင်စေကာ တောင်တန်း၏ အစွန်ဘက်ဆီသို့ တိုက်ရိုက် ဉီးတည်လိုက်သည်။
ရွှဲ့ခိုင်၏အဆိုအရ, အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်သည် ဤတောင်တန်းထဲကနေ ထွက်ခွာသွားမည် မဟုတ်ပေ။ သူတို့ အပြင်ဘက်ဆုံးဒေသအထိ ဆုတ်ခွာသွားနိုင်သရွေ့, ဘာမှ ဖြစ်တော့မည် မဟုတ်ပေ။
ဟုတ်ပါသည်, ချင်ယွင်သည် သူ ထွက်ပြေးချိန်မှာ ယွမ်ရှီရှီကို ကြည့်ဖို့ကိုလည်း မမေ့ခဲ့ပါ ဘူး။ ယွမ်ရှီရှီသည် အခြားတဘက်သို့ ဆုတ်သွားသည်ကို မြင်သောအခါ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သူတို့သည် တောင်တန်း၏ နက်ရှိုင်းသောအရပ်နှင့် အကွားဝေးတစ်ခု ကျန်ရှိနေသေး သည်။ အခုချိန် နောက်ပြန်ဆုတ်နေသရွှေ့ ကြီးကြီးမားမား ပြဿနာရှိမှာ မဟုတ်ပါဘူး။ သို့သော်, တောင်တန်း၏ နက်ရှိုင်းသောအရပ်သို့ ဝင်သွားသူများသည် အမှန်တကယ် သနားစရာ ကောင်းလှပါသည်။
ချင်ယွင်နှင့် ရွှဲ့ခိုင်တို့သည် အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ကြပြီး အော်ဟစ်သံများက တစ်ခုပြီး တစ်ခု ထွက်ပေါ်နေခဲ့သည်။
ထိုလူများ အတော်လေး နက်ရှိုင်းသောအရပ်၌ ရောက်နေကြသူများ ဖြစ်သည်။ သူတို့ အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်ကို တွေ့ရှိသွားချိန်မှာ အချိန်အတော့်ကို နှောင်းသွားခဲ့ပြီး၊ အစွမ်းထက်သော ကျင့်ကြံမှုရှိသော လူအနည်းငယ်သာ သူတို့၏ သာမန်ထက် ထူးခြားသော အမြန်နှုန်းကြောင့် လွတ်မြောက်နိုင်ခဲ့ကြသည်။ အများစုမှာ အမှောင်နတ်ဆိုး ဝိညာဉ်စစ်တပ်၏ လက်သည်းများအောက်တွင် သေဆုံးသွားခဲ့ကြသည်။
ပျံသန်းလိုသူအချို့ကိုလည်း ကြောက်မက်ဖွယ်ကောင်းသော အမှောင်နတ်ဆိုးဝိညာဉ် စစ်တပ်၏ လက်သည်းများက တိုက်ရိုက် ပြန်ဆွဲကုတ်သွားခဲ့ပြီး ၎င်းတို့၏ခန္ဓာကိုယ်များ သည် အမှောင်ထဲတွင် နစ်မြှုပ်သွားကြသည်။
တခြားသူများသည် သူတို့ မလွတ်မြောက်နိုင်တော့ဟု မြင်လာခဲ့ပြီး ခုခံလိုပုံရသည်။ ဓားအလင်းအချို့ ဖောက်ထွင်းဝင်ရောက်သွားသော်လည်း ၎င်းတို့ကို အမှောင်ထုက တိုက်ရိုက် ဝါးမျိုသွားခဲ့သည်။ နေ့တစ်ဝက်လောက်ကြာပြီးနောက် မည်သည့် တုံ့ပြန်မှုမှ မရှိတော့ပေ။ ထို့နောက် သူတို့၏ဓားများသည် အမှောင်ထုကြောင့် တိုက်စားခံရပြီး၊ အနှိုင်းမဲ့ သွေးစွန်းရနံ့များသာ ကျန်ရစ်ခဲ့လေသည်။
ထိုအချိန်တွင် ငွေရောင်လအလင်းပေါ်မှာ သွေးနီရောင်တစ်ခု ပေါ်လာခဲ့သည်။ လရောင် အများစုကို အမှောင်ထုက ဖုံးလွှမ်းနေခဲ့ပြီးဖြစ်ကာ၊ ကျန်အလင်းရောင်မှာ သွေးကဲ့သို့ အနီရောင် ဖြစ်နေသည်။
ဤညသည် သွေးစွန်းပြီး တည်ငြိမ်မူကင်းမဲ့သော ညအဖြစ် ကံကြမ္မာက သတ်မှတ်ထား သည်။ ကောင်းကင်လေဟုန်တောင်တန်း၏ ထက်ဝက်ကျော်မက စုဝေးနေသည့် လူပေါင်း ထောင်သောင်းချီသည် ထိုညမှာပင် သေဆုံးသွားကြသည်။
ဘေးဆိုးကြီးမှ လွတ်မြောက်ပြီး တောင်တန်း၏ အပြင်ဘက်စွန်းသို့ ဆုတ်ခွာသွားသူများ သည် အမှောင်ဖုံးလွှမ်းနေပြီး နားထဲမှ အော်ဟစ်သံများနှင့် လေထဲတွင် ပျံ့နှံ့နေသည့် သွေးနံ့များ ပြည့်နေသော တောင်တန်းကြီးကို လှမ်းကြည့်ရင်း၊ သူတို့နှလုံးများ ခုန်နေသည် ကို ခံစားလိုက်ရသည်။
ဤအမှောင်နတ်ဆိုးဝိညာဉ် စစ်တပ်သည် ခုခံရန်ခက်ခဲပြီး၊ အလွန်ကြောက်စရာ ကောင်း လှသည်။
ချင်ယွင်နှင့် ရွှဲ့ခိုင်တို့သည် တောင်တန်း၏အစွန်ဘက်သို့ ဆုတ်ခွာသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်သည် တောင်တန်းစွန်သို့ ရောက်ပြီးနောက် ၎င်းတို့သည် ဆက်လက်မလိုက်နိုင်တော့ဘဲ နောက်ဆုတ်သွားကြသည်။ ၎င်းတို့သည် ကြောက်စရာကောင်းသော ဟစ်အော်သံသံများကို အဆက်မပြတ် လွှင့်ထုတ် ရင်း တောင်တန်းများအတွင်း၌သာ ရစ်ဝဲနေကြသည်။
ဤကြောက်မက်ဖွယ် ဟိန်းဟောက်သံသည် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။
ချင်ယွင်သည် သွေးစွန်းနေသော တောင်တန်းများကို ကြည့်ပြီး ထိတ်လန့်သွားသည်။
မိနစ်အနည်းငယ်အတွင်း အသက်ထောင်သောင်းချီ ဝါးမျိုသွားခဲ့ပြီး ထိုလူများကြားတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူ အနည်းငယ်ပင် ပါသွားသေးသည်။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ အမှောင်နတ်ဆိုးဝိညာဉ်တွေလဲ။ ကောင်းကင် လေဟုန်တောင်တန်းမှာ ရှေးခေတ်ကတည်းက ကျန်နေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ နတ်ဘုရား အစီအရင်ဝင်္ကပါရှိတယ်လို့ ငါ အရင်က ကြားခဲ့ဖူးတယ်။ အစတုန်းကတော့ မယုံချင်ခဲ့ပေမဲ့ အခုတော့ ယုံသွားပြီ။" ချင်ယွင်သည် အမှောင်ထုထဲတွင် တဟုန်ထိုး ပျံဝဲနေသော အမှောင်နတ်ဆိုးဝိညာဉ်များကို ကြည့်ရင်း သက်ပြင်းမချနိုင်ဘဲ မနေနိုင် တော့။
"ဒီအမှောင်နတ်ဆိုးဝိညာဉ်တွေက ကောင်းကင်လေဟုန်တောင်တန်းရဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုပဲရှိသေးတယ်။ ဒီတောင်တန်းရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာ ပုန်းကွယ်နေတဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ တားမြစ် နတ်ဘုရား အစီအရင် ဝင်္ကပါတွေ ရှိနေသေးတယ်။ အဲဒီနတ်ဘုရားအစီအရင်ဝင်္ကပါတွေကို စတင်လိုက်တာနဲ့ တကယ်ကို ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" ရွှဲ့ခိုင်က ကူရာမဲ့ ပြောလိုက်သည်။
ထိုညတွင် နတ်ဘုရားပေါင်း ထောင်သောင်းမက သေဆုံးခဲ့ပြီး သူ့စိတ်နှလုံးကိုပင် တုန်လှုပ်စေခဲ့သည်။
"ဒီကောင်းကင်လေဟုန်တောင်တန်းက ဘယ်လိုနေရာမျိုးလဲ။ ဘာကြောင့် ဒီလို ကြောက်စရာကောင်းတဲ့ နတ်ဘုရား အစီအရင် ဝင်္ကပါတွေ ရှိနေရတာလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
အစပိုင်းတွင်၊ ဤနတ်ဘုရားအစီအရင်ဝင်္ကပါများသည် ကောင်းကင်နတ်ဆိုးသစ်ပင်ကို ကာကွယ်ရန် တည်ရှိနေသည်ဟုသာ သူထင်ခဲ့သော်လည်း ယခုအခါ၊ ၎င်းတို့သည် သူထင်သလောက် ရိုးရှင်းပုံမပေါ်ချေ။ ကောင်းကင်လေဟုန်တောင်တန်းတွင် ပို၍ကြီးမား သည့် လျှို့ဝှက်ချက်များ ရှိနေပုံရသည်။
ဤလျှို့ဝှက်ချက်များကို ကာကွယ်ရန် ဤမျှ ကြောက်စရာကောင်းသော တားမြစ် နတ်ဘုရား အစီအရင်ဝင်္ကပါများ တည်ရှိနေခြင်း ဖြစ်နိုင်သည်။
ရွှဲ့ခိုင်သည် ချင်ယွင်၏အမေးကို ကြားသောအခါတွင်, သူသည် စဉ်းစားတွေးတောဟန်ဖြင့် လေးနက်သော အမူအရာကို ဖော်ပြလာသည်။ အချိန်အတော်ကြာ ပြီးနောက်၊ သူက ပြောသည် "ကောင်းကင်လေဟုန်တောင်တန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတချို့ကို ကျွန်တော် ကြားဖူးတယ်။ အဲဒါတွေက မှန်မမှန် ကျွန်တော်မသိပေမယ့်, တကယ်လို့ အမှန်တွေသာ ဆိုရင် ကောင်းကင်လေဟုန်တောင်တန်းက တကယ့်ကို ကြောက်စရာ ကောင်းလွန်း တယ်။"
"ဘာဒဏ္ဍာရီလဲ" ချင်ယွင် အံ့သြသွားသည်။
ရွှဲ့ခိုင်၏ လေးနက်သော အမူအရာကို သူ တစ်ခါမှ မမြင်ဖူးပေ။