← Chapters

အခန်း ၁၆၅၅

Vol. 111 Ch. 1655

အခန်း ၁၆၅၅

Vol. 111 Ch. 1655

အခန်း (၁၆၅၅) ကြယ်အလင်းကျောက်တုံး

ကောင်းကင်လေဟုန်တောင်တန်းကို ကာကွယ်ရန် ဤမျှကြောက်စရာကောင်းသော အစီအရင်ဝင်္ကပါများ ရှိနေခြင်းဖြင့်, ဤနေရာတွင် လျှို့ဝှက်ချက် ကြီးမားစွာ ဖုံးကွယ်ထား ရပေမည်။

ချင်ယွင်သည် မည်သည့်ဒဏ္ဍာရီမျိုးက ရွှဲ့ခိုင်ကို လေးနက်တည်ကြည်အောင် လုပ်နိုင်လဲ ဆိုသည်ကို အမှန်တကယ် သိချင်နေမိသည်။

"သခင်လေး, အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားအကြောင်း ကြားဖူးသလားလို့ ကျွန်တော် သိချင်မိတယ်။” ရွှဲ့ခိုင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မေးမြန်းရန် ခေါင်းကို မော့လိုက်သည်။

"မင်းဆိုလိုတာက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ ကျမ်းသစ္စာကျိန်ဆိုရလောက်တဲ့ ရန်သူ၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားလား…" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။ (ကျမ်းသစ္စာ ကျိန်ဆိုရလောက်တဲ့ ရန်သူ-ဟူသည် အမုန်းတရား နက်ရှိုင်းလွန်းသည့်ရန်သူ ကို ဆိုလိုပါသည်။)

သူသည် နတ်ဘုရားကမ္ဘာတွင် အချိန်အတော်ကြာနေခဲ့ပြီး၊ နတ်ဘုရားကမ္ဘာ၏သမိုင်းတွင် ဒဏ္ဍာရီအချို့ကို သူ ကြားသိခဲ့ရသည်။

သူသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားနှင့် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားအကြောင်း မကြာခဏ ကြားခဲ့ဖူးသည်။

၎င်းတို့နှစ်ဦးစလုံးသည် နတ်ဘုရားကမ္ဘာသမိုင်းတွင် ဒဏ္ဍာရီလာ မဟာနတ်ဆိုး နတ်ဘုရား များ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် ဖင်းဂေါ့ဂ်သွေးမျိုးဆက်မှ ဆင်းသက်လာကြ သည်။ သူတို့နှစ်ယောက်လုံး၏ခွန်အားက နားမလည်နိုင်အောင်ပင်။ သူတို့သည် ဘိုးဘေး နတ်ဘုရားများ ဖြစ်လာပြီးနောက်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင်၊ ပန်ဂုသည် စကြဝဠာကိုပင် လှုပ်ခါစေခဲ့သည့် ထိုတိုက်ပွဲကြီးကို အနိုင်ရခဲ့ သည်။ ထို့နောက်မှာတော့ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားသည် ပျောက်ကွယ်သွားပြီး မည်သည့်အခါမှ ပြန်မပေါ်တော်ပေ။ တဖြည်းဖြည်းနှင့် ထိုနာမည်က လူတိုင်း၏ မှတ်ဉာဏ်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

ထိုတိုက်ပွဲပြီးကတည်းက နှစ်သန်းပေါင်းရာနှင့်ချီ၍ မည်မျှကုန်ဆုံးသွားသည်ကို မသိရသေး သော်လည်း မဟာနတ်ဆိုးနတ်ဘုရားနှစ်ပါး၏ တန်ခိုးကြီးသော စွမ်းအားသည် နောင်လာ နောက်သား မျိုးဆက်များအတွက် အလွန်နက်နဲသော သက်ရောက်မှုကို ချန်ထားရစ်ဆဲ ဖြစ်သည်။

ဘိုးဘေးနတ်ဘုရားများဖြစ်စေ, သို့မဟုတ် နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် သန့်စင်မှုဖြင့် ဖန်တီးဖြစ်ပေါ်လာသည့် မဟာနတ်ဆိုးနတ်ဘုရားများပင်ဖြစ်စေ၊ ၎င်းတို့၏ စွမ်းအားများ သည် ပန်ဂုနှင့် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားတို့ကို မယှဉ်နိုင်တော့ပါ။

ထို့ကြောင့် ချင်ယွင်သည် ရွှဲ့ခိုင်က အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားဟု ပြောသည်ကို ကြားသောအခါတွင် သူလည်း အံ့သြသွားပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။

"ဒီကောင်းကင်လေဟုန်တိုက်တောင်တန်းက အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားနဲ့များ ဆက်စပ်နေမလား" ချင်ယွင်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး အံ့သြစွာ မေးလိုက် သည်။

"မှန်တယ်၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား ရှုံးနိမ့်ပြီးနောက်၊ သူက သူ့နတ်ဆိုး နတ်ဘုရားအမြုတေကို ဖြိုခွဲပစ်ခဲ့ပြီး သူ့ဘဝတစ်ခုလုံးရဲ့တန်ခိုးတော်ကို ရတနာတစ်ခုထဲ မှာ စည်းတံဆိပ်ခတ်ခဲ့တယ်။ အဲဒီရတနာကို ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားက ရယူသွားခဲ့ တယ်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားက အဲဒီရတနာကို ကောင်းကင်လေဟုန် တောင်တန်း ရှိ တစ်နေရာရာသို့ ပစ်ချခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရား အစီအရင်ဝင်္ကပါ တစ်ခုကို ချထားခဲ့တယ်လို့ ပြောကြတယ်။ တကယ်လို့, အနာဂတ်မျိုးဆက်တွေက အဲဒီရတနာကို ရှာတွေ့ခဲ့ရင်, အဲဒီလူတွေဟာ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို ရရှိလိမ့်မယ်တဲ့” ရွှဲ့ခိုင်က ပြောသည်။

"အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်လား" ချင်ယွင်သည် အလွန်မင်း တုန်လှုပ် သွားခဲ့သည်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားဖြစ်စေ, အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား ဖြစ်စေ, သူတို့နှစ်ယောက်သည် နတ်ဆိုးနတ်ဘုရားရုပ်ခန္ဓာကိုယ် သန့်စင်မှု၏ အထွက်ထိပ်မှာ ရပ်တည်နေကြသူများ ဖြစ်သည်။ ၎င်းတို့၏ အမွေနှစ်များထဲမှ မည်သည့်တစ်ခုကို ရရှိသည်ဖြစ်စေ၊ အဆုံးမဲ့တန်ခိုးတော်ကို ရရှိနိုင်မည် ဖြစ်သည်။

"ဒါဆို, တကယ်လို့, ငါသာ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို ရရှိခဲ့ရင်, ငါ့ နတ်ဆိုးနတ်ဘုရား အမြုတေကို တဖန်ပြန်လည် ပေါင်းစည်းနိုင်မှာ မဟုတ်ဘူးလား။ ချင်ယွင် ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မျက်လုံးများက တောက်ပလာခဲ့သည်။

မူလက သူသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ရယူပြီးမှသာ သူ၏ နတ်ဆိုး နတ်ဘုရားအမြုတေကို ပြန်လည်ရရှိမည်ဟု ထင်ထားခဲ့သည်။ ယခုတော့ ထိုမျှလောက် စောင့်နေရမည့်ပုံ မပေါ်ချေ။ ဤအုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ တန်ခိုးတော်သည် သူ့နတ်ဆိုးနတ်ဘုရားအမြုတေကို ပြုပြင်ရန် ကူညီပေးနိုင်သည်။

ရွှဲ့ခိုင်သည် ချင်ယွင်၏ အတွေးအမြင်များကို မြင်နိုင်ပုံရပြီး မတတ်တာဘဲ သတိပေးလိုက် သည် "သခင်လေး၊ သခင်လေးက အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို ခိုးယူဖို့ ကြိုးစားနေတာလား။"

"မင်း မလုပ်နိုင်တာ တစ်ခုခုရှိလို့လား" ချင်ယွင်က မေးသည်။

"မဟုတ်ဘူး၊ ဒါက မယုံနိုင်လောက်အောင် ခက်ခဲလွန်းတယ်။ ပထမဆုံးအနေနဲ့၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ ကျန်ရစ်ခဲ့တဲ့ ရတနာက ကောင်းကင်လေဟုန် တောင်တန်းထဲ မှာ တကယ်ရှိမရှိ မသိနိုင်သေးဘူး။ "တကယ်လို့, ရှိနေရင်တောင်, အဲဒီရတနာကို ဘယ်သူမှ သတိမပြုမိဘဲ နှစ်သန်းရာပေါင်းများစွာ ကြာငြောင်းခဲ့ပြီ။ အဲဒါက အလွန်အမင်း လျှို့ဝှက်လွန်းလို့ ဖြစ်ရမယ်။ ဒါ့အပြင်၊ ကောင်းကင်လေဟုန်တောင်တန်းက အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ တားမြစ်နတ်ဘုရားအစီအရင်ဝင်္ကပါတွေနဲ့ ပြည့်နှက်နေ တယ်။ အဲဒီနတ်ဘုရားအစီအရင်ဝင်္ကပါတွေကို ထိုအချိန်တုန်းက ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားက ချထားခဲ့တာဖြစ်တယ်။ ထိုကြောက်မက်ဖွယ် နတ်ဘုရားအစီအရင် ဝင်္ကပါတွေထဲမှာ သေဆုံးသွားတဲ့အရေတွက်က သေးငယ်တဲ့ပမာဏလို့ မဟုတ်ဘူးလို့ တောင် ပြောလို့ရတယ်။” ရွှဲ့ခိုင်က စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ပြသည် “ငါ သိပါတယ်။ ငါ့ကံကို စမ်းကြည့်ချင်ရုံပါ။ ငါ ရယူနိုင်ရင် ကောင်းတာပေါ့။ မရဘူးဆိုရင်လည်း အတင်းလုပ်နေစရာမလိုပါဘူး"

ရွှဲ့ခိုင်သည် ထိုစကားကိုကြားမှသာ စိတ်သက်သာရာရသွားခဲ့သည်။

ချင်ယွင်သည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ရှာဖွေရင်း ထိုကြောက်မက်ဖွယ် အစီအရင်ဝင်္ကပါတွေထဲ မတော်တဆ ကျရောက်သွားပြီး၊ သတ်ဖြတ် ခံရမည်ကို သူ အမှန်တကယ် စိုးရိမ်နေမိသည်။

ချင်တိုင်သည် ထိုအမွေနှစ်အကြောင်း ဘာမှပြန်မပြောတော့ပေမယ့်, သူစိတ်ထဲမှာ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို သွားရှာကြည့်ရန် စိတ်ပိုင်းဖြတ်ထား သည်။

နတ်ဆိုးနတ်ဘုရားအမြုတေကို ပြန်လည်ပေါင်းစည်းခြင်းဖြင့်သာ, သူသည် ကောင်းကင် နတ်ဆိုးသစ်သီးအတွက် တိုက်ခိုက်ရန် စွမ်းအား ပိုမိုရရှိနိုင်လိမ့်မည်။

သို့သော်၊ ရွှဲ့ခိုင် ပြောသည်မှာ မှန်ပါသည်။ ဤကောင်းကင်လေဟုန်တောင်တန်းသည် အမှန်တကယ်ပင် အန္တရာယ်များပြီး၊ ကြမ်းတမ်းလွန်းသည်။

“အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်က ဘယ်အချိန် ပြန်ဆုတ်ခွာမှာလဲ” ချင်ယွင်က အော်ဟစ်နေသော အမှောင်နတ်ဆိုးဝိညာဉ်စစ်တပ်ကို ကြည့်ရင်း တဖန် မေးလိုက်သည်။

“ဒီကောင်တွေက အရုဏ်တက်တာနဲ့ ပြန်ဆုတ်ခွာလိမ့်မယ်။ ဒီအမှောင်နတ်ဆိုး ဝိညာဉ်တွေက ညဘက်မှာပဲ ပေါ်လာတာ" ရွှဲ့ခိုင်က ပြန်ဖြေသည်။

ချင်ယွင်က ခေါင်းညိတ်ပြပြီး "ဒီလိုဆိုမှတော့, အရုဏ်တက်တဲ့အထိ စောင့်ကြတာပေါ့"

ရွှဲ့ခိုင်က ခေါင်းညိတ်ပြပြီး နှစ်ယောက်သား တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။

သို့သော်, သူတို့တင်ပါးတွေ မပူခင်မှာပင် အဝေးမှ နောက်ထပ် တုန်ခါသံများ ထပ်မံ ထွက်ပေါ်လာသည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး၊ အဝေးမှ အက်ကြောင်းများက သူတို့ဆီသို့ ရှေ့ရူလျက် ကျယ်ပြန့်လာခဲ့သည်။

“ဒါက တစ်ယောက်ယောက် တိုက်ခိုက်နေတာပဲ။ အရှိန်အဟုန်ကို ကြည့်ရသလောက် တော့၊ ဒါက မြေကမ္ဘာနတ်ဘုရားအဆင့် တိုက်ပွဲတစ်ခုပဲ ဖြစ်သင့်တယ်။" ရွှဲ့ခိုင်က အသံ၏ ဦးတည်ရာကို လှမ်းကြည့်ပြီး ဘာမှမထူးခြားဟန်ဖြင့် ပြောသည်။

"သွားကြည့်ရအောင်။ ကောင်းတာတစ်ခုခု ပေါ်လာတာ ဖြစ်နိုင်တယ်” ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည်။

အခုချိန်မှာ, ကောင်းကင်လေဟုန်တောင်တန်းသည် ဒုက္ခပေးသည့်နေရာတစ်ခု ဖြစ်နေခဲ့ ပြီ။ လူတိုင်းသည် အလွန်မင်း သတိထားနေကြသည်။ သူတို့မှာ တခြားရွေးချယ်စရာ ရှိခဲ့လျှင်, သေချာပေါက် လှုပ်ရှားမည် မဟုတ်ပေ။

အခု အဝေးမှာ တိုက်ပွဲတစ်ခု ဖြစ်နေသည်။ တစ်ခုခုဖြစ်ပျက်လာ၍သာ ဖြစ်ရလိမ့်မည်။

"သွားကြရအောင်"

ချင်ယွင် ပြောပြီးသည်နှင့် သူသည် အသံထွက်ပေါ်ရာ လမ်းကြောင်းဆီသို့ ပြေးသွားခဲ့သည်။ ထုံးစံအတိုင်း ရွှဲ့ခိုင်သည် နောက်သို့ အနီးကပ်လိုက်လာသည်။

ချင်ယွင်နှင့် အခြားသူများသည် အသံ၏ ဦးတည်ရာဆီသို့ အပြေးအလွှား သွားနေကြစဉ် အခြားသူများလည်း အသံ၏ ဦးတည်ရာဆီသို့ ပြေးသွားကြသည်။

"ဝှီး…၊ ဝှီး…၊ ဝှီး…."

လေထုကို ထိုးဖောက်ဝင်ရောက်လာသည့်အသံများ ထွက်ပေါ်လာသည်။ ချင်ယွင်နှင့် အခြားလူများသည် အသံများထွက်ပေါ်လာသည့် နေရာ၌ ပေါ်လာကြသည်။ ထိုနေရာသည် မြေပြန့်ဖြစ်ခဲ့သော်လည်း တိုက်ပွဲအပြီးတွင် ချိုင့်ဝှမ်းတစ်ခုအဖြစ် ထွင်းထုသွားခဲ့ပြီ။

လူနှစ်ယောက် တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦးစလုံးသည် မြေကမ္ဘာနတ်ဘုရား နယ်ပယ် အလယ်လတ် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုအခြေအနေက ပုံမှန်အချိန်မှာဆို, လူတော်တော်များများသည် ပြန်လှည့်ထွက်ရန် ရွေးချယ်ကြလိမ့်မည်။ သို့သော်၊ မြေကမ္ဘာနတ်ဘုရားတစ်ပါး၏ လက်ထဲရှိ အရာတစ်ခုက လူတိုင်း၏စိတ်အာရုံကို အမှန်တကယ် စွဲဆောင်နိုင်ခဲ့သည်။

၎င်းသည် အနှိုင်းမဲ့ သိပ်သည်းသည့် လေဟာနယ် အငွေ့အသက်ကို ထုတ်လွှတ်နေသည့် ကြည်လင်သော ကျောက်တုံးတစ်ခု ဖြစ်သည်။ လင်းလက်နေသော အလင်းရောင်သည် ညသန်းခေါင်ယံအချိန်တွင် အနှိုင်းမဲ့ တောက်ပနေသည်။

"ဒါက ကြယ်အလင်းကျောက်တုံးများ ဖြစ်နိုင်လား။ ဒီမှာ နောက်ထပ် ကြယ်အလင်း ကျောက်တုံး ထွက်ပေါ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။" မနီးမဝေးမှ အချက်ပေး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည်လည်း ထိုမြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ လက်ထဲရှိ တောက်ပနေသော ကျောက်တုံးကို ကြည့်လိုက်ရင်း သူ့မျက်နှာမှာ တုနှိုင်းမရအောင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လွင်နေသည်။

ကြယ်အလင်းကျောက်တုံးသည် လေဟာနယ်ထိန်းချုပ်သူ အားလုံး အိပ်မက်မက်ခဲ့ရသော အရာတစ်ခု ဖြစ်သည်။ ဤကျောက်တုံးအမျိုးအစားသည် အနှိုင်းမဲ့ အစွမ်းထက်သော လေဟာနယ်စွမ်းအားများ ပါဝင်နေသည်။ လေဟာနယ်ထိန်းချုပ်သူများ သန့်စင်ပြီးသည် နှင့်၊ ၎င်းသည် လေဟာနယ်ထိန်းချုပ်သူ၏ လေဟာနယ်စွမ်းအား ထိန်းချုပ်မှုကို ပိုအားကောင်းစေရုံသာမက, လေဟာနယ်ထိန်းချုပ်သူများကိုလည်း အပိုနတ်ဘုရား စွမ်းရည်တစ်ခု ရရှိစေမည် ဖြစ်သည်။

လေဟာနယ်အေးခဲခြင်း။

လေဟာနယ်အေးခဲခြင်းသည် လေဟာနယ်ဉပဒေသအတွင်းမှာ အလွန်အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ အစစ်မှန် အဓိပ္ပာယ်မျိုးကို နားလည်ရန် အလွန်မင်း ခက်ခဲသည့်အပြင်, ၎င်း၏စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။

လေဟာနယ် အေးခဲသွားသည်နှင့် ထိုနေရာရှိ အရာများသည် မရွေ့လျားနိုင်တော့ဘဲ အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။

ဤကြယ်အလင်းကျောက်တုံးဖြင့်၊ သူသည် လေဟာနယ်အေးခဲခြင်း နတ်ဘုရား စွမ်းရည် ကို နားလည်စရာမလိုဘဲ လေဟာနယ်အေးခဲခြင်းကဲ့သို့ အနှိုင်းမဲ့ တန်ခိုးကြီးသော နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

၎င်းသည် အစစ်မှန် လေဟာနယ်အေးခဲခြင်းထက် အများကြီး အားနည်းသော်လည်း, တိုက်ပွဲများတွင် အဓိက အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါသေးသည်။

"စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ, ဒီညတော့ မငြိမ်းချမ်းဘူးတော့ ထင်တယ်။" ချင်ယွင်၏ ပါးစပ်ထောင့်မှ အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်၊ အကြောင်းမှာ သူသည် သူ့ပတ်ဝန်းကျင်တွင် လူပေါင်းများစွာ လှုပ်လှုပ်ရွရွ ဖြစ်နေပြီကို သတိပြုမိသောကြောင့် ဖြစ်သည်။

All Chapters