← Chapters

အခန်း ၁၆၅၆

Vol. 111 Ch. 1656

အခန်း ၁၆၅၆

Vol. 111 Ch. 1656

အခန်း (၁၆၅၆) ရန်မို

ကြယ်အလင်းကျောက်တုံးသည် လေဟာနယ်ထိန်းချုပ်သူများ၏ အမြင်တွင် အဖိုးတန်ဆုံး ရတနာဖြစ်သည်။ လေဟာနယ်ထိန်းချုပ်သူဖြစ်သရွေ့, ဤနေရာတွင် ၎င်းကို ရယူလိုခြင်း မရှိသူ မည်သူမျှ မရှိနိုင်ပေ။

ကောင်းကင်လေဟုန်တောင်တန်း၌ လေဟာနယ်ထိန်းချုပ်သူများ အများအပြားရှိကြပြီး၊ ချင်ယွင်၏ နတ်ဘုရားအာရုံသည် ၎င်းတို့အနက်မှ ရှစ်ဦးထက်မနည်းကို ခံစားနိုင်သည်။ ၎င်းတို့ထဲတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင် ရှိနေခဲ့သည်။

"ရွှဲ့ခိုင်၊ နောက်ပိုင်း ရန်ခိုက်ဖြစ်ကြရင် ငါ့ကိုတားရဲတဲ့ ဘယ်သူမဆို ငါကိုယ်တိုင်ပဲ သတ်ပစ်မယ်" ချင်ယွင်က ရုတ်​တရက်​ ရွှဲ့ခိုင်ဘက်​လှည့်​ပြီး ​ပြောသည်​။

"စိတ်မပူပါနဲ့ သခင်လေး, ဒီပုဇွန်လေးတွေက သခင်လေးကို တားလို့မရပါဘူး။ သခင်လေး စိတ်တိုင်းကျ လုပ်နိုင်တယ်" ရွှဲ့ခိုင်သည် ချင်ယွင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည် ပြီး ပြုံးကာ ပြောလိုက်သည်။

"အလျင်လိုစရာမလိုဘူး။ စောင့်ကြည့်ရအောင်။ ငါတို့ နောက်ဆုံးမှ လှုပ်ရှားမယ်။" ချင်ယွင် က ရယ်မောကာ ပြောလိုက်သည်။

သူသည် မိုက်မဲသူ မဟုတ်ပေ။ ဤပစ္စည်းကို စိုက်ကြည့်နေသည့် မျက်လုံးပေါင်းများစွာ ရှိနေသောကြောင့် အရင်ဆုံး တိုက်ခိုက်ရန် မစောင့်နိုင်သူများ အမြဲရှိနေမည်ဖြစ်ပြီး၊ အရင်ဆုံး တိုက်ခိုက်သူများသည် လူတိုင်း၏ ပစ်မှတ်ဖြစ်လာမည်မှာ သေချာပါသည်။ ထိုကဲ့သို့ပြုလုပ်မည့်အစား သူတို့နောက်မှ အဝါရောင်ငှက်တစ်ကောင်အဖြစ် ရှိနေခြင်းက ပိုကောင်းပါသည်။

"ဖျန်း…"

ဤအခိုက်အတန့်တွင်၊ အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူသည် လက်ထဲတွင် ကြယ်အလင်းကျောက်တုံးကို ကိုင်ဆောင်ထားသည့် အလယ်လတ် မြေကမ္ဘာ နတ်ဘုရားကို ခုတ်ပိုင်းပြီး ကြယ်အလင်းကျောက်တုံးကို လုယူသွားခဲ့သည်။

"ဟား…၊ ဟား…၊ ဒီကြယ်အလင်းကျောက်တုံးက ငါ့အပိုင်ပဲ" ထိုမြေကမ္ဘာနတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်မောပြီး သူ့မျက်နှာမှာ သွေးတွေက စိုရွှဲနေဆဲပင်။

သို့သော် ထိုအချိန်တွင် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ပုံရိပ် တစ်ခုသည် ထိုအက်ကွဲရာထဲကနေ ထွက်လာခဲ့ပြီး၊ သူ့လက်ထဲက ဓားအလင်းက ချက်ချင်း ပြိုကျသွားကာ၊ ထိုမြေကမ္ဘာနတ်ဘုရားကို တစ်ဖန် သတ်ပစ်လိုက်သည်။

"ဟမ့်၊ မြေကမ္ဘာနတ်ဘုရားလေးက ကြယ်အလင်းကျောက်တုံးကို ပိုင်ဆိုင်ချင်နေတယ်။ သူက တကယ်ကို သေချင်နေတာပဲ" နတ်ဘုရားဓားကို ကိုင်ဆောင်ထားသည့် လူက လှောင်ပြောင်လိုက်သည်။

သူသည် အလယ်အလတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ လေဟာနယ်ထိန်းချုပ်သူတစ်ဦးလည်း ဖြစ်သည်။ လေဟာနယ်စွမ်းအားကို အသုံးပြုထား သည့် အခြေအနေအောက်တွင်၊ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ပင်လျှင် သူ့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိနိုင်ပေ။

ထိုလူတိုက်ခိုက်ပြီးသည်နှင့် တပြိုင်နက်၊ ထိုလူလောက် စွမ်းအားမရှိသည့် လေဟာနယ် ထိန်းချုပ်သူ အများအပြားသည် ၎င်းတို့၏ စိတ်ဆန္ဒများကို ဖိနှိပ်ပြီး တိုက်ပွဲကို စွန့်လွှတ် လိုက်ကြသည်။

ထိုမြင်ကွင်းမြင်တော့ ချင်ယွင်၏ နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ ထိုလူ၏စွမ်းအားက အားမနည်းသော်လည်း အမှောင်ထဲက ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ နိမ့်ကျနေပါသေးသည်။

တိုက်ခိုက်ခြင်းမပြုဘဲ အရိပ်ထဲတွင် ပုန်းအောင်းနေသည့် ပို၍ပင် အားကောင်းသည့် လေဟာနယ်ထိန်းချုပ်သူများ ရှိနေရမည်ဟု သူ ယုံကြည်ထားပြီး၊ ၎င်းတို့သည် သူတိုက်ခိုက်ရမည့် အစစ်မှန် ရန်သူများပင် ဖြစ်လေသည်။

ဘန်း…။

သေချာပါသည်, ထိုအချိန်မှာပင် ကြောက်စရာကောင်းသည့် လေဟာနယ် ဓားတစ်ချောင်း က အဝေးကနေ ပျံသန်းလာပြီး ထို အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူကို တိုက်ရိုက် ခုတ်ပိုင်းသွားပါသည်။

ထိုအလယ်အလတ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူသည် ရှောင်တိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း စွမ်းအားတစ်ခုက သူ့ကို ချည်နှောင်ထားပြီး၊ လုံးဝ မလှုပ်ရှားနိုင်သည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးအား ထိုလေဟာနယ် ဓားက နှစ်ခြမ်းခွဲသွားခဲ့သည်။

"ဒါက လေဟာနယ်ထိန်းချုပ်သူရဲ့ အစစ်မှန် အဓိပ္ပါယ်ပဲ။ အဲဒါက သူများ ဖြစ်နိုင်မလား"

"သူလည်း တကယ် ရောက်လာတာပဲ။ ကြည့်ရတာ, ဒီကြယ်အလင်းကျောက်တုံးကို သူ လုယူသွားတော့မယ့်ပုံပဲ”။

"မှန်တယ်။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ မပါဝင်ပေမယ့်၊ သူ့ရဲ့ စွမ်းအားက အလွန်မင်း ကြောက်စရာကောင်းလွန်းတယ်။ ဒါ့အပြင်၊ သူရဲ့ တိုက်ခိုက်မှုတွေ က အမြဲတမ်း ရက်စက်ကြမ်းကြုတ်တယ်။ သူ့ဆီက ရတနာကို လုယူဖို့ ကြိုးစားတဲ့ လူမှန်သမျှ တကယ်ကို သေခြင်းတရားကို တောင်းဆိုနေခြင်း ဖြစ်ရမယ်”။

…

ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်ရှုနေသော နတ်ဘုရားများသည် အံ့အားသင့်ဟန် အာမေဍိတ်သံများ ပင် ထွက်ပေါ်လာသည်။

ကြယ်အလင်းကျောက်တုံးသည် လေထဲတွင် လွင့်မျောနေသော်လည်း၊ ယင်းအတွက် မည်သူမျှ တိုက်ပွဲမဝင်ရဲကြပေ။

"ရွှဲ့ခိုင်၊ ဒီလူတွေထဲမှာ သူက ဘယ်သူလဲ" ချင်ယွင် က မတတ်နိုင်ဘဲ မေးလိုက်သည်။

သူသည် ထိုလူ မည်သူလဲဆိုသည်ကို အရမ်းကို သိချင်နေခဲ့သည်။ လူတစ်ယောက်မျှ ထွက်ပေါ်မလာသေးသော်လည်း ထိုလူသည် လူများကို ကြယ်အလင်းကျောက်တုံးကို လုယူရန် ရှေ့ဆက်မတိုးဝံ့တော့ဘဲ ခြိမ်းခြောက်နိုင်နေပြီ။ ထိုပုဂ္ဂိုလ်သည် အလွန်မင်း ထူးခြားသူ ဖြစ်ရမည်။

"သခင်လေး၊ သူ ဘယ်သူလဲဆိုတာ ကျွန်တော် သိပါတယ်။ သူ့နာမည်က ရန်မိုတဲ့။ သူက လွန်ခဲ့တဲ့သုံးနှစ်လောက်ကမှ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်မှာ ပေါ်လာခဲ့တာ။ သုံးနှစ်အတွင်းမှာ သူက မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲမှာ အတော်ကို ထင်ပေါ်ကျော်ကြားလာခဲ့တယ်။ သူ့ရဲ့စွမ်းအားအပြင်, သူက လူတွေကို မျက်တောင် တစ်ချက်မခတ်ဘဲ သတ်ဖြတ်တတ်သူဖြစ်တယ်။ သူ တိုက်ခိုက်တဲ့အချိန်တိုင်း အလွန်မင်း ရက်စက်ကြမ်းကြုတ်ပြီး ဆုံးဖြတ်ချက် ပြတ်သားတယ်။ သူ့ပြိုင်ဘက်က ဘယ်သူမဆို သူက သတ်ပစ်တယ်။" ရွှဲ့ခိုင်က ပြောသည်။

"ရန်မိုလား…" ချင်ယွင်သည် သူ့အသိစိတ်ထဲ ပြန်လည်ရှာဖွေကြည့်မိသည်။ သူသည် ဤလူကို မသိသလို သူ့အကြောင်းကိုလည်း တစ်ခါမှ မကြားဖူးကြောင်း တွေ့ရှိရသည်။

သို့သော်၊ ဤပုဂ္ဂိုလ်သည် လေဟာနယ်ထိန်းချုပ်မှု၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်နိုင် သောကြောင့် သူ၏စွမ်းအားသည် ထူးကဲလှသည်ဟု မြင်နိုင်သည်။

"သခင်လေး၊ ဒီလူပေါ်လာပြီဆိုတော့, သခင်လေးအနေနဲ့, ဒီကြယ်အလင်းကျောက်တုံး အတွက် ပြိုင်ယှဉ်ဖို့ နောက်ထပ် ပိုခက်လိမ့်မယ်။ ကျွန်တော့်ရဲ့စွမ်းအားနဲ့ဆို, ကျွန်တော်က သူနဲ့ အနီးကပ်ဆုံး သရေလောက် တိုက်နိုင်ပေမယ့်၊ သူ့ရဲ့လေဟာနယ် အနှစ်သာရက ကျွန်တော့်ကို အားကိုးရာမဲ့ ဖြစ်စေတယ်။" ရွှဲ့ခိုင်က ပြောသည်။

"အဆင်ပြေပါတယ်။ ဒီအချိန်မှာ မင်း လှုပ်ရှားဖို့ မလိုဘူး။ ငါ ကိုယ်တိုင် လှုပ်ရှားမယ်" ချင်ယွင် ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

ထိုစကားကိုပြောပြီးနောက် သူသည် လေဟာနယ်ထဲသို့ တိုးဝင်ကာ ကြယ်အလင်း ကျောက်တုံးဆီသို့ လျှောက်သွားလိုက်သည်။

ရွှဲ့ခိုင်သည် အနည်းငယ် မှင်သက်သွားသည်။ သူသည် ချင်ယွင်၏ ခွန်အားအစစ်အမှန်ကို ယခင်က မြင်ဖူးထားသည်။ အများဆုံး, သူသည် ကောင်းကင်နတ်ဘုရား နှောင်းပိုင်း အဆင့်တွင်သာ ရှိသေးသည်။ သူသည် ရန်မို၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ အခု သူ အပြင်ထွက်သွားခြင်းက သေခြင်းတရားကို သွားတောင်းခံခြင်း မဟုတ်ပေဘူးလား။

သို့သော် ချင်ယွင်၏ ယုံကြည်မှုအပြည့်ကို အပြုံးကို သူ ပြန်တွေးလိုက်သောအခါတွင် သူသည် နာခံမှုရှိစွာဖြင့် သူ့ပါးစပ်ကို ပြန်ပိတ်လိုက်သည်။

ဤရက်အနည်းငယ်ကြာ ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ချင်ယွင်သည် ဆင်ခြင်တုံတရား ကင်းမဲ့သူ မဟုတ်ကြောင်း သူ သေချာပေါက် သိသည်။ သူ ယခုလိုလုပ်ကတည်းက သူ့မှာ သေချာပေါက် ယုံကြည်မှုရှိ၍ ဖြစ်သည်။

"ဒီကောင်လေးက သေချင်နေတာလား။ သူက ထွက်လာဖို့ တကယ်ကို သတ္တိရှိတယ်ပေါ့"

"မှန်တယ်။ ရန်မို လှုပ်ရှားပြီးပြီဆိုကတည်းက သူက ဒီကြယ်အလင်းကျောက်တုံးကို ရယူဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုလိုတာပဲလေ။ ဒီကောင်စုတ်က တကယ်ကို သတ္တိကောင်းလွန်း တယ်။ ဒါက ရန်မိုကို ရှင်းရှင်းလင်းလင်း ရန်စလိုက်ခြင်း မဟုတ်ဘူးလား။ ရန်မိုရဲ့ နည်းလမ်းတွေက အလွန်တရာမှ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ ဒီကောင်စုတ်လေး တော့ သနားစဖွယ်သေခြင်းမျိုးနဲ့ သေသွားနိုင်တယ်။

"ဟမ့်၊ ဒါက ဘာမှမသိနားမလည်တဲ့ လောဘကြီးတဲ့ ကောင်စုတ်လေးပဲ။ ကိုယ့်ပမာဏ ဘယ်လောက်ရှိလဲ ကိုယ်မသိတဲ့ကောင်။ ဒါနဲ့များ သူက အပြင်ထွက်ပြီး ကြယ်အလင်း ကျောက်တုံးကို လုယူဝံ့တယ်။ သူက သေခြင်းဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်း တောင် မသိလောက်ဘူး။"

"မှန်တယ်။ ဒီကောင်လေးက တကယ်ပဲ မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ပဲ ရှိနေတာကို ငါ သတိထားမိတယ်။ ဒီကောင်လေးက တကယ်ကို ရူးနေတာပဲ"

...

ချင်ယွင်၏ လုပ်ရပ်များက လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ချင်ယွင်သည် သေခြင်းတရားကို ချစ်မြတ်နိုးနေသည်ဟု အားလုံးက ထင်မြင်နေခဲ့ကြသည်။

ချင်ယွင်သည် မည်သည့်အသံကိုမျှ မကြားသည့်အတိုင်း ကြယ်အလင်းကျောက်တုံးဆီသို့ ဆက်လျှောက်သွားသည်။

ဤချိုင့်ဝှမ်းရှိ တောင်ထွတ်တစ်ခုပေါ်တွင် အလွန်လှပပြီး လှုပ်ရှားသက်ဝင်နေသော ပုံရိပ်တစ်ခုသည် ခြေလှမ်းတစ်လှမ်းပြီး လျှောက်လှမ်းနေသော ချင်ယွင်ကို စိုက်ကြည့်နေ ပြီး၊ သူမမျက်လုံးများတွင် တုနှိုင်းမရသည့် ထိတ်လန့်မူများဖြင့် ပြည့်နှက်နေသည်။

"သူ...သူဘာလို့ ဒီကို ရောက်နေတာလဲ။" ယွမ်ရှီရှီသည် သူမပါးစပ်ကို အုပ်ပြီး မယုံနိုင်စွာ ရေရွတ်လိုက်သည်။ သူမ၏ ငြိမ်သက်နေသော မျက်လုံးများသည် နောက်ဆုံးတွင် စိတ်ခံစားမှု အရိပ်အယောင်ကို ဖော်ထုတ်လာခဲ့သည်။

"သူတော်စင်မိန်းမပျိုက သူ့ကို သိလို့လား" တစ်ချိန်လုံး သူမနောက်သို့ လိုက်နေသည့် လျှိုချန်းရှန်က အံ့အားသင့်စွာ မေးလိုက်သည်။

သို့သော် သူ့စကားအတွက် အဖြေမထွက်ခင် လျှိုချန်းရှန်၏ မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။

သို့သော် ဤရက်စက်ယုတ်မာမှု အရိပ်ယောင်ကို သူက လျင်မြန်စွာ ဖုံးကွယ်ထားလိုက် သည်။ သူက ချင်ယွင်ကို မထီမဲ့မြင်ပြုသော အပြုံးဖြင့် အဝေးက လှမ်းကြည့်ရင်း ပြောသည်"ဒီကောင်စုတ်က သေခြင်းရှင်ခြင်းတရားကို မသိဘူးလား။ သူက ရန်မိုဆိုတဲ့ ကိုယ်ရေးအချက်လက်ကို ထုတ်ဖော်ပြထားတဲ့လူရဲ့ ပစ္စည်းကို ခိုးယူရဲတယ်။ သူက သေခြင်းရှင်ခြင်းတရားကို တကယ် မသိဘူးပဲ"

"ထွက်သွားစမ်း၊ သူ့အကြောင်းပြောဖို့ ရှင့်အလှည့် မရောက်သေးဘူး" ယွမ်ရှီရှီက ချက်ချင်း အေးစက်စွာ အော်ပြောလိုက်သည်။

ယွမ်ရှီရှီ၏ ဒေါသထွက်နေသည့် အမူအရာကို ကြည့်ရင်း လျှိုချန်းရှန်၏အမူအရာက မည်းမှောင်သွားသည်။

သူသည် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်လေးဖြစ်ကြောင်းကို သိထားရမည်။ သူ့ရှေ့မှ ယွမ်ရှီရှီသည် သူ့ကို မြေကမ္ဘာနတ်ဘုရားတစ်ပါးအတွက် ထွက်သွားစမ်းဟု ပြောဆိုခဲ့သည်။

"ကောင်းပြီ၊ မင်းက ပြည့်တန်ဆာမတစ်ယောက်ပဲ။ ငါက မင်းကို ယဉ်ကျေးဖို့ ရည်ရွယ်ထား ပေမယ့် မင်းမှာ ချစ်သူနေရှိဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းအပေါ် ခက်ခဲအောင် လုပ်ခဲ့မိလို့ ငါ့ကို အပြစ်မတင်နဲ့။ ဒါပေမယ့် မင်းရှေ့မှာ မင်းရဲ့ချစ်သူ သေသွားတာကို ငါ မြင်ချင်သေး တယ်။" လျှိုချန်းရှန်က သူ့စိတ်ထဲတွင် ဆိုးသွမ်းစွာ ပြောလိုက်ပြီး ချင်ယွင်ကို လှမ်းကြည့် ရင်း သူ့အကြည့်များတွင် ဖော်ရွေခြင်း မရှိတော့ပေ။

ယွမ်ရှီရှီသည် လျှိုချန်းရှန်၏ အတွေးအမြင်များကို လျစ်လျူရှုပြီး ချင်ယွင်၏ ရုပ်အသွင်ကို အဝေးမှ ကြည့်လိုက်သည်။

ထိုအချိန်တွင် ချင်ယွင်သည် ကြယ်အလင်းကျောက်တုံး ရှေ့သို့ လျှောက်လှမ်းပြီး၊ ၎င်းကို ဆုပ်ကိုင်လိုက်သည်။

"ဟမ့်၊ မင်းက သေချင်နေတာပဲ"

ဟုတ်ပါသည်၊ ချင်ယွင်၏လက်သည် ကြယ်အလင်းကျောက်တုံးကို ဖမ်းဆုပ်ရန် နီးကပ်နေစဉ်မှာ ကောင်းကင်ယံမှ ရက်စက်ကြမ်းကြုတ်သည့် အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ချက် ထွက်ပေါ်လာသည်။

All Chapters