← Chapters

အခန်း ၁၆၅၇

Vol. 111 Ch. 1657

အခန်း ၁၆၅၇

Vol. 111 Ch. 1657

အခန်း (၁၆၅၇) စကြာဝဠာစွမ်းအား။

ထိုအေးစက်စက် နှာခေါင်းရှုံ့သံက မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ရွှံ့ညွှန်အိုင် တစ်ခုကဲ့သို့ ကျုံ့သွားသည်ကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်တော့ပေ။

ဘန်း…။

ကြောက်စရာကောင်းသော လေဟာနယ် ဓားတစ်ချောင်းက လေဟာနယ်ထဲမှ ချင်ယွင် ဆီသို့ ပျံသန်းသွားပြီး သူ့မျက်ခုံးကြားသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံးက ခေါင်းယမ်းပြီး သက်ပြင်းချကြသည်။

ဤလေဟာနယ် ဓားစွမ်းအားသည် ထိုမျှလောက် ကြောက်စရာမကောင်းသော်လည်း ရန်မိုသည် သူ၏ လေဟာနယ်ချည်နှောင်ခြင်း နတ်ဘုရားစွမ်းရည်ကြောင့် အမှန်တကယ် ပင် ကြောက်စရာကောင်းကြောင်း လူတိုင်း သိကြသည်။

သူ၏ လေဟာနယ်ချည်နှောင်ခြင်း နတ်ဘုရားစွမ်းရည်ထဲ ပိတ်မိသွားသည်နှင့် တပြိုင်နက် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများသည်ပင် သေဖို့ရန် စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပါသည်။

ဤမဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်တွင်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်ဝင် လူခြောက်ဦးကသာ ရန်မို၏ ကန့်သတ်ထိန်းချုပ်မှုများကို တွန်းလှန်နိုင်ပါသည်။

အဝေးက ယွမ်ရှီရှီသည် ထိုမြင်ကွင်းကိုမြင်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် အချိန်မရွေး တိုက်ခိုက်ရန် ရည်ရွယ်ထားသည့်အလား သူမဝတ်စုံလက်မောင်းထဲက ဖြူဖွေးသောလက်ဖဝါးကို ချက်ချင်း ဆုပ်ထားလိုက်သည်။

ရွှဲ့ခိုင်၏နှလုံးသည်လည်း လည်ချောင်းဆီသို့ တိုးမြင့်လာသည်။ ချင်ယွင်၏ ယခင် ညွှန်ကြားချက်ကြောင့် မဟုတ်ပါက၊ ယခုအချိန်တွင် သူသည် တိုက်ခိုက်နေပြီ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် သူ့မျက်နှာတွင် ထိတ်လန့်မှု အနည်းငယ်မျှ မရှိပေ။ အရာအားလုံးက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်နေပုံပင်။

"အလွန်အစွမ်းထက်တဲ့ လေဟာနယ်ချည်နှောင်ခြင်း စွမ်းအားပဲ။ ဒီလူက ဒီလောက် အကွာ အဝေးကနေတောင် လေဟာနယ်ချည်နှောင်ခြင်းကို အသုံးပြုနိုင်တယ်ဆိုတော့, လေဟာနယ် ချည်နှောင်ခြင်း အစစ်အမှန် အဓိပ္ပာယ်သတ်မှတ်ချက်အရ အလယ်လတ် နယ်ပယ်ကို ရောက်ရှိနေပုံပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

လေဟာနယ်ချည်နှောင်ခြင်းသည် ဒုတိယအဆင့် အစစ်မှန် အဓိပ္ပာယ်တစ်ခု ဖြစ်သော် လည်း၊ ၎င်းသည် ဒုတိယအဆင့် အစစ်မှန် အဓိပ္ပာယ်တွင် အထွတ်အထိပ်အဆင့် အစစ်မှန် အဓိပ္ပာယ်အမျိုးစားတစ်ခုလည်း ဖြစ်သည်။ ဤမျှအတိုင်းအတာအထိ လေဟာနယ် ထိန်းချုပ်နိုင်စွမ်းကို ပြသနိုင်သည့် ရန်မို၏စွမ်းရည်သည် သူ၏လေဟာနယ် ချည်နှောင် ခြင်း အစစ်မှန် အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းသည် အားနည်းခြင်းမရှိကြောင်း ပြသရန် လုံလောက်ပါသည်။

ဘန်း…။

ကြီးမားသော လေဟာနယ်ဓားသွားကြီးသည် ကောင်းကင်ကို ဖြတ်သန်းကာ ချင်ယွင်၏ ရှေ့တွင် ရောက်ရှိနေပြီဖြစ်သော်လည်း ချင်ယွင်သည် မလှုပ်ရှားနိုင်သေးပေ။

ချင်ယွင်သည် လေဟာနယ်ဓားဖြင့် ထက်ဝက်ခွဲခြမ်းခံရတော့မည်ဟု လူတိုင်းက တွေးထင်နေကြစဉ်မှာ, လူတိုင်း၏မျက်လုံးများကို ပြူးကျယ်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပါသည်။

အနှိုင်းမဲ့ ထက်ရှသော လေဟာနယ်ဓားသွားသည် ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားမှာ ရပ်သွားခဲ့သည်။ အနှိုင်းမဲ့ ချွန်ထက်သော လေဟာနယ်ဓားသွားကြောင့် အနီးပတ်ဝန်းကျင် လေဟာနယ်သည် မရေမတွက်နိုင်သည့် သေးငယ်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေသည်။

သို့သော် လေဟာနယ်ဓားသွားသည် လုံးဝ ဝင်ရောက်နိုင်ခြင်းမရှိသလို ချင်ယွင်ကိုလည်း ထစ်ခြမ်းခွဲနိုင်ခြင်း မရှိခဲ့ပေ။

"ဒါ... အတိအကျ ဘာဖြစ်နေတာလဲ။ ဒီလေဟာနယ်ဓားကြီးက ဘာလို့ မရွေ့တော့တာလဲ" အဝေးက လူတစ်ယောက်က အံ့သြစွာ မေးလိုက်သည်။

ယွမ်ရှီရှီလည်း ခဏတာ မှင်သက်သွားခဲ့ပြီး၊ ချင်ယွင် မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို နားမလည်နိုင်ပေ။

ချင်ယွင်သည် လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များကို လျစ်လျူရှုလိုက်ပြီး ၎င်းတို့၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် ညင်သာစွာ မှုတ်ထုတ်လိုက် သည်။

သူ့ရှေ့တွင် လွင့်မျောနေသော ကြီးမားလှသော လေဟာနယ်ဓားသွားကြီးသည် ကွဲကြေပြီး၊ လေဟာနယ်အတွင်း လွင့်ပျက်ပြယ်သွားလေသည်။

လူတိုင်း ဆွံ့အသွားကြသည်။ ရန်မို၏ တိုက်ခိုက်မှုမှာ ထိုကဲ့သို့ ကျိုးပျက်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။

သို့သော်၊ သူတို့ကို ထိတ်လန့်တုန်လှုပ်စေသည့်အရာမှာ လေဟာနယ်ဖြင့် ချည်နှောင်ခံ ထားရသည့် ချင်ယွင်သည် အမှန်တကယ် ရွေ့လျားသွားပြန်သည်။ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကြယ်အလင်းကျောက်တုံးကို သူ့လက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့သြသွားကြသည်။ ရန်မို၏ လေဟာနယ် ချည်နှောင်ခြင်း နတ်ဘုရားစွမ်းရည်သည် ထိုကဲ့သို့ပင် ကျိုးပျက်သွားခဲ့သည်။ ထို့အပြင်၊ ထိုလူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အထွတ်အထိပ် နတ်ဘုရား ဖြစ်နေခဲ့သည်။ သာမာန်အားဖြင့် သူတို့ကို သေသည်အထိ ရိုက်နှက်ရင်တောင် သူတို့ ယုံကြည်မည် မဟုတ်ပေ။

အဝေးမှ ရွှဲ့ခိုင်လည်း အလွန်မင်း အံ့သြသွားသည်။ ချင်ယွင်သည် ရန်မို၏တိုက်ခိုက်မှုကို တားဆီးနိုင်မည်ဟု သူ အချိန်အတော်ကြာကတည်းက မျှော်လင့်ထားသော်လည်း ချင်ယွင်၏ လုပ်ရပ်များက သူ့အား ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။

ချင်ယွင်သည် သူ့လက်ထဲက ကြယ်အလင်းကျောက်တုံးကို ကြည့်လိုက်ပြီး သူ့ပါးစပ်ထောင့်မှာ မထင်မရှား အပြုံးတစ်ခုက ခိုတွဲနေဆဲပင်။

ထိုအချိန်တွင် သူသည် ရန်မို၏တိုက်ခိုက်မှုကို ဘာမှမလုပ်ဘဲ တားဆီးထားပုံရသည်။ တကယ်တော့ သူ အသုံးပြုခဲ့သည့်အရာကို သူသာ သိပါသည်။

မှန်ပါသည်။ ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။

ချင်ယွင်သည် မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်နယ်မြေတွင် ကနဦးစကြဝဠာ အတွင်းသို့ မ၀င်ရောက်နိုင်သော်လည်း ၎င်းသည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခြင်းမှ တားဆီးခြင်း မပြုနိုင်ပေ။

သူ အပြင်မထွက်ခင်မှာ, ချင်ယွင်သည် လျှိုဘိုနှင့် စကားစမြည် ပြောဖြစ်ခဲ့ပါသည်။

ထိုစကားဝိုင်းသည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခြင်း၏ အကြောင်းဖြစ်သည်။ လျှိုဘိုသည် မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်နယ်မြေတွင် ကနဦးစကြာဝဠာ၏ စွမ်းအားကို သက်တောင့်သက်သာအသုံးပြုနိုင်ကြောင်း ချင်ယွင်အား ပြောပြခဲ့သည်။

ဤမဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်သည် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားမှ ဖန်တီး ထားသော စကြာဝဠာတစ်ပိုင်းဖြစ်ပြီး၊ အတိုင်းအတာတစ်ခုအထိ၊ ၎င်းသည် ကောင်းကင် ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်သည်။ ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခဲ့လျှင်ပင် ကောင်းကင်ဘုံတန်ခိုးအစွမ်းက သူ့ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။

လျှိုဘို၏စကားကိုကြားတော့ ချင်ယွင်သည် အလွန်ပင် စိတ်လှုပ်ရှားမိသည်။

အကယ်၍ သူသည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးချနိုင်ခဲ့ပါက၊ သူ၏ ခွန်အားသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် သေချာပေါက် အဆင့်သတ်မှတ်ခံရမည် ဖြစ်သည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် သူ မည်သည့်အဆင့်တွင် သတ်မှတ် ခံရနိုင်သည်ကို ချင်ယွင်ကိုယ်တိုင်ပင် မသိပေ။

ထို့ကြောင့် သူသည် သူအသုံးပြုခဲ့သော စွမ်းအား မည်သည့်အဆင့်ရှိမည်ကို စမ်းသပ်ရန် အတွက် ရန်မို၏တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် အစောပိုင်းက ထွက်လာခဲ့ခြင်း ဖြစ်သည်။ (ရှေ့မှာတုန်းက ရွှဲ့ခိုင်နှင့်တွေ့ဆုံချိန်မှာ သူ အသုံးမပြုရသေးသည့် လျှို့ဝှက် ချက်ဆိုသည်မှာ ဤအရာကို ဆိုလိုဟန်တူပါသည်)။

ဟုတ်ပါသည်၊ အခုနက တိုက်ပွဲအတွင်းမှာ, ချင်ယွင်သည် ရန်မို၏ ဧရာမလေဟာနယ် ဓားကြီးကို ဖြိုခွဲပြီး၊ ရန်မို၏ လေဟာနယ် အတားအဆီးတွေကနေ လွတ်မြောက်နိုင်ရန် သူ့ကနဦးစကြာဝဠာ၏ စွမ်းအားတစ်ဝက်ကိုသာ အသုံးပြုခဲ့ပါသည်။

“ကြည့်ရတာ, ကနဦးစကြာဝဠာရဲ့ စွမ်းအားနဲ့ဆို, ငါ့စွမ်းအားက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် အဆင့်၁၀၀ ဝန်းကျင်လောက် ရှိသင့်တယ်” ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယခု သူသည် ကနဦးစကြာဝဠာနယ်ပယ်မှာ အလယ်လတ်အဆင့် ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သောကြောင့်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၁၀၀ နှင့် နှိုင်းယှဉ်နိုင်သည်မှာ မဆိုးလှပေ။

သူသည် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်ကို ဖြတ်ကျော်နိုင်ခဲ့သည်နှင့်၊ သူသည် ကနဦး စကြာဝဠာ စွမ်းအားကို အသုံးပြုလိုက်ပါက, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်တွင် သေချာပေါက် ထိပ်တန်းဆယ်ယောက်နှင့် နှိုင်းယှဉ်နိုင်မည် ဖြစ်သည်။

ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သည်နှင့် ဘိုးဘေးနတ်ဘုရားနယ်ပယ် အောက်တွင် ပြိုင်ဘက်ကင်းပင် ဖြစ်နိုင်မည်။ ယင်ယန်နယ်ပယ်သို့ ရောက်ရှိသွားက၊ ဘိုးဘေးနတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်ရန် ခွန်အား ရှိလာပေလိမ့်မည်။ ထိုအချိန်တွင်၊ ကနဦးစကြဝဠာသည်လည်း အဆင့်သစ်တစ်ခုအထိ တိုးမြင့်လာမည် ဖြစ်သည်။

သို့သော်၊ ဤအရာအားလုံးကို လုပ်ဆောင်နိုင်ရန်မှာ ကောင်းကင်ဘုံတန်ခိုးအစွမ်းက ရှာဖွေ တွေ့ရှိခြင်းမှ ရှောင်ရှားနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအားကို စိတ်ထင်သလို အသုံးမပြုနိုင်ပေ။

ယခုတစ်ကြိမ်မှာတော့ လျှိုဘိုက သူ့အပေါ် ကောင်းကင်ဘုံတန်ခိုးအစွမ်းက ကောင်းကောင်း မသက်ရောက်နိုင်ဟု ပြောဆိုခဲ့သည်ကို ကြားထားသည့်အတွက် သတ္တိရှိရှိ စိတ်သက်သာရာရဖြင့် အသုံးပြုခဲ့သည်။

ဘန်း…။

ချင်ယွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး အနှိုင်းမဲ့ စွမ်းအားကြီးမားသော လေဟာနယ် စွမ်းအားက သူ၏ လက်ဖဝါးတွင် စုစည်းထားသည်။ ထိုကြောက်စရာကောင်းသည့် စွမ်းအားက ပတ်ဝန်းကျင်မှ လူများ၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေသည်။

"ထွက်လာခဲ့စမ်း.."

ချင်ယွင်သည် လက်တစ်ဖက်ဖြင့် ခုတ်ပိုင်းလိုက်ရာ စကြဝဠာ၏ စွမ်းအားများ ပါရှိသော ဓားသွားသည် ပျံထွက်သွားပြီး၊ လေဟာနယ်ကို ဟက်တက်ခွဲလိုက်လေသည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေဟာနယ်သည် ဟက်တက်ကွဲသွားပြီး၊ လူတိုင်း၏ ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။

ဤသည်မှာ အနီရောင်ဝတ်ရုံကို ၀တ်စားထားသည့် ထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့မျက်လုံးများက ချင်ယွင်ကို သတ်ဖြတ်လိုဟန်ဖြင့် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တုနှိုင်းမရလောက်အောင် အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ကောင်းကင်ဘုံတန်ခိုး၏ အငွေ့အသက်သည် ကမ္ဘာကြီးကို ငုံ့ကြည့် နေသော ဧကရာဇ်မင်းတစ်ပါး၏ အငွေ့အသက်ကဲ့သို့ ပျံ့နှံ့သွားလေသည်။

"ကောင်လေး, မင်းက ဘယ်သူလဲ။ မင်းက ငါ့ရဲ့ ကန့်သတ်ချုပ်နှောင်မူကို ဖြတ်ကျော် နိုင်တာပဲ။ မင်းက မရိုးရှင်းဘူး" ရန်မိုက ပြောလိုက်ပြီး သူ့အသံက အေးစက်ပြီး လေးနက်နေသည်။

'"ခင်ဗျားရဲ့ လေဟာနယ်ထိန်းချုပ်က တကယ်ကို မရိုးရှင်းဘူး။ ဒါပေမယ့် ဖြတ်ကျော်လို့ မရတာ မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားနဲ့ မတိုက်ခိုက်ချင်ဘူး။ ဒီကြယ်အလင်းကျောက်တုံးက ကျုပ် ပိုင်သွားပြီ။ ကျုပ်တို့ ကိုယ့်လမ်းကို သွားကြမယ်ဆိုရင်ရော ဘယ်လိုလဲ" ချင်ယွင်က ဘာမှမထူးခြားဟန်ဖြင့် ပြုံးလိုက်ပြီး၊ သူ့လေသံမှာ ဖော်မပြနိုင်သော လွှမ်းမိုးမှုနိုင်စွမ်း အငွေ့အသက်များဖြင့် ပြည့်နေခဲ့သည်။

"ငါ သဘောမတူဘူးဆိုရင် ဘာဖြစ်မလဲ" ရန်မိုက အေးစက်စွာ ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်က ရယ်မောလိုက်သည်။ သူက ရန်မိုကိုကြည့်ပြီး "ခင်ဗျား သဘောမတူရင် ကျုပ်အနေနဲ့ ပြောစရာစကား မရှိဘူး။ နောက်မှ ခင်ဗျား နောင်တမရဖို့ ကျုပ် မျှော်လင့်ပါတယ်"။

ချင်ယွင်၏ လေသံမှာ ငြိမ်သက်နေသော်လည်း သူ့စကားများက အဆုံးမရှိ ရက်စက် ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းက သေချင်နေတာဘဲ" ထိုစကားကို ကြားသောအခါ ရန်မိုသည် ချက်ချင်းပင် ဒေါသ ထွက်သွားပြီး သူ့ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

All Chapters