← Chapters

အခန်း ၁၆၅၈

Vol. 111 Ch. 1658

အခန်း ၁၆၅၈

Vol. 111 Ch. 1658

အခန်း (၁၆၅၈) တစ်ကြိမ်လှုပ်ရှားခြင်း၏ တန်ခိုးအစွမ်း။

"ဘုန်း.."

ပတ်ဝန်းကျင် လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါလာပြီး၊ ချင်ယွင်ကို ပြင်းထန်စွာ တိုက်ခိုက်ရန် လေဟာနယ် စွမ်းအင်အတက်အကျလှိုင်းကို နောက်တစ်ကြိမ် အသုံးပြု လိုက်သည်။

အဆုံးမရှိသော လက်ဖဝါးကြီးသည် လေဟာနယ်ထဲမှ ဆန့်ထွက်ကာ ချင်ယွင်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

ချင်ယွင်သည် ဤအားကောင်းသော လေဟာနယ်လှိုင်းဂယက်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိရုံသာမက စိတ်လှုပ်ရှားမှုများပင် ရှိနေခဲ့သည်။

"ဒီလိုဖြစ်လာမှတော, ငါ့စကြာဝဠာရဲ့ စွမ်းအား ဘယ်လောက် အစွမ်းထက်လဲဆိုတာ စမ်းသပ်ဖို့ ခင်ဗျားကို အသုံးပြုရမယ်။" ချင်ယွင် ရယ်မောပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက် သည်။

ခြေလှမ်းတစ်ချက် လှမ်းလိုက်သည်နှင့် သူ့စွမ်းအားများ ရုတ်တရက် ပေါ်လာသည်။

စကြဝဠာကြီး၏ စွမ်းအားဖြင့် ဖန်တီးထားသော စွမ်းအင်လှိုင်းများသည် ချက်ခြင်း ပြန့်ကျဲ သွားပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြေမွသွားစေသည်။ လေဟာနယ် စွမ်းအားဖြင့် ဖွဲ့စည်းထားသော ရန်မို၏ ကြီးမားလှသော လက်ဖဝါးကြီးသည်လည်း ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများကြောင့် လုံးဝ လှုပ်ခါသွားခဲ့သည်။

"အယ်.." ရန်မို မှင်သက်သွားသည်။ သူ၏တိုက်ခိုက်မှုသည် အမှန်တကယ်ပင် ကျိုးပျက် သွားခဲ့သည်။ ဤအရာက သူ့အတွက် မဖြစ်နိုင်ဘူးထင်ရသော်လည်း အခုတော့ သူ့ရှေ့မှာ အမှန်တကယ် ဖြစ်ပေါ်လာသည်။

"ကြည့်ရတာ, မင်းကို ငါ တကယ် လျှော့တွက်ထားပုံရတယ်။ မင်းရဲ့စွမ်းအားက ငါထင်ထား တာထက်တောင် ပိုသန်မာနေတယ်။" ရန်မိုသည်လည်း ချင်ယွင်ကို လေးလေးနက်နက် ကြည့်ကာ သူ့မျက်လုံးများက ခက်စက်စွာ တောက်ပနေခဲ့သည်။

"ခင်ဗျား အခုမှ ရှာတွေ့ခဲ့တာလား။ ခင်ဗျားရဲ့ အမြင်အာရုံက သိပ်တော့ မဆိုးပါဘူး" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။

သူစကားပြောနေစဉ်တွင် သူ့လက်သီးများမှ အားကောင်းသော လေဟာနယ် စွမ်းအား တစ်ခု ထွက်ပေါ်လာပြီး တုနှိုင်းမရအောင် အစွမ်းထက်သော စွမ်းအင်အတက်အကျလှိုင်း ကို ထုတ်လွှတ်လိုက်သည်။

စကြဝဠာ၏ စွမ်းအားသည် မမြင်နိုင်သော်လည်း ထူးထူးခြားခြား တောက်ပနေပါသည်။ ထို့ကြောင့်၊ ချင်ယွင်၏လက်များသည် အနှိုင်းမဲ့ တောက်ပနေသော နေနှစ်စင်းကို ဆုပ်ကိုင် ထားပုံရပြီး ၎င်းတို့ဆီမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများသည် ရင်တုန်သွားသည်အထိပင် ကြောက်စရာကောင်းနေပါသည်။

"ဒါက ဘယ်လို စွမ်းအားမျိုးလဲ။ ဘာလို့ ဒီလောက် အစွမ်းထက်ရတာလဲ။ ငါ ဘာလို့ မသိစိတ်က ဒူးထောက်ချင်နေရတာလဲ" အဝေးမှ မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသည် ချင်ယွင်၏ လက်ဖဝါးမှ ပျံ့နှံ့နေသော စကြာဝဠာစွမ်းအားကို ကြည့်ရင်း ထိတ်လန့်တကြား ပြောလိုက်သည်။

"ဒီစွမ်းအားက ကြောက်စရာကောင်းတယ်လို့ ငါလည်း ခံစားရတယ်။ ဒီစွမ်းအားကြောင့် ကမ္ဘာပေါ်က အရာအားလုံး ပျက်သုဉ်းသွားတော့မယ့်အတိုင်းပဲ" အစောပိုင်း ကောင်းကင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးကလည်း သူ့ဘေးမှ မြေကမ္ဘာနတ်ဘုရားကို တုန်လှုပ်ချောက်ချားသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

ပတ်ဝန်းကျင်တွင် အလားတူ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ချင်ယွင် အသုံးပြုသည့် စွမ်းအားက သူတို့ တစ်ခါမှ မမြင်ဖူးသည့် စွမ်းအားတစ်ခု ဖြစ်နိုင်ပြီး တုနှိုင်းမရသည့် ကြောက်ရွံ့မှုကို ခံစားရကာ၊ သူတို့စိတ်နှလုံးတွေက အလိုလို ကြောက်ရွံ့မှု ဖြစ်ပေါ်လာစေ သည်။

ယွမ်ရှီရှီ၏မျက်လုံးများသည် ဤမြင်ကွင်းကိုမြင်သောအခါ အံ့သြမှုများနှင့် ပြည့်နေသော် လည်း ချင်ယွင်သန်မာလာသောကြောင့် သူမသည် ပို၍ ဝမ်းသာသွားသည်။

လျှိုချန်းရှန်သည် ချင်ယွင်ကို အနှိုင်းမဲ့ မနာလိုစိတ်ဖြင့် ကြည့်နေပြီး၊ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ပါဘူး။ ငါလျှိုချန်းရှန်ဆီကနေ မိန်းမတစ်ယောက်ကို လုယူဝံ့ရင်တော့ မင်း သေရမှာပဲ" လျှိုချန်းရှန်သည် ချင်ယွင်ကို သတ်ပြီး ယွမ်ရှီရှီကို ရအောင်ယူမည်ဟု တိတ်တဆိတ် ကျိန်ဆိုခဲ့သည်။

ဟုတ်ပါသည်, အပြင်းထန်ဆုံး ခံစားရသူမှာ ရန်မို ဖြစ်သည်။ သူသည် အစွမ်းထက်သော လေဟာနယ် ထိန်းချုပ်သူတစ်ဦး ဖြစ်သည်။

ချင်ယွင်၏လက်ထဲက စွမ်းအားတွေ ပေါ်လာသည့်အခိုက်, ပတ်ဝန်းကျင် လေဟာနယ် ဥပဒေသဖွဲ့စည်းပုံအတွင်းမှာ ပြင်းထန်သည့် စွမ်းအင်အတက်အကျလှိုင်းတွေ ထွက်ပေါ် လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူသည် ကြီးမားသော သက်ရောက် မှုကို ခံစားခဲ့ရသည့်အလား နောက်အခိုက်အတန့်တွင် သူ လုံးဝ ပြိုလဲသွားဖွယ်ရှိသည်။

လေဟာနယ်ဉပဒေသများ ပြိုလဲသွားသည်နှင့် သူ၏ လေဟာနယ်ဆိုင်ရာ အစစ်မှန် အဓိပ္ပာယ် နားလည်သဘောပေါက်မှုသည် လုံးဝ အသုံးဝင်တော့မည် မဟုတ်ပေ။

"သူက အတိအကျ ဘယ်သူလဲ။ ဒီလို အစွမ်းထက်တဲ့ တန်ခိုးအစွမ်းကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်တာလဲ။ ဒီတန်ခိုးအစွမ်းက ဘိုးဘေးနတ်ဘုရားတစ်ပါးရဲ့ တန်ခိုးတော်ထက် ပိုကြောက်စရာကောင်းတယ်လို့ ငါ ဘာလို့ ခံစားမိတာလဲ။" ရန်မိုသည် ပို၍ပင် တုန်လှုပ်သွားပါသည်။

သူနှင့်ဆန့်ကျင်ဘက်မှာ ရပ်နေသည့် ဤလူသည် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရား တစ်ပါး မဟုတ်ဘဲ အလွန်မင်း ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ကို သူ သေချာပေါက် သိပါသည်။

"မင်းက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်က လူတစ်ယောက်လား။" ရန်မိုက တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

"မဟုတ်ဘူး" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ရန်မိုသည် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့စပြုလာသည်ကို သူ သိသည်။ ကနဦး စကြဝဠာ၏ စွမ်းအားသည် သာမန်စွမ်းအားထက် ပို၍ကြောက်စရာကောင်းသည်။

"မဟုတ်ဘူးလား…" ရန်မိုက သံသယ ဖြစ်မိသည်။

အမှန်အတိုင်းပြောရလျှင်, ဤအရာက အလွန်ထူးဆန်းသည်ဟု သူလည်း ခံစားမိသည်။ ယခုပင်၊ သူသည် အဆင့်သတ်မှတ်ချက်အာရုံခံကျောက်တုံးမှတစ်ဆင့် စူးစမ်းလေ့လာခဲ့ပြီး ချင်ယွင်သည် အမှန်တကယ်ပင် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ မဟုတ်ကြောင်း သူ တွေ့ရှိခဲ့သည်။ သို့သော်၊ ချင်ယွင်မှ ထုတ်လွှတ်သော အန္တရာယ်ရှိသည့် အငွေ့အသက်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများအောက် အနည်းငယ်မျှပင် အောက်ကျခြင်းမရှိပေ။

ဤအရာက သူ့ကို ပဟေဠိဖြစ်စေပါသည်။ သူ မှားယွင်းနေသလား”။

"ဘယ်လိုလဲ၊ ခင်ဗျား တိုက်မှာလား, မတိုက်ဘူးလား” ချင်ယွင်က သရော်သံဖြင့် ပြောလိုက် သည်။

ထိုစကားကို ကြားတော့ ရန်မိုသည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ အခုအချိန် သူ ပြန်ဆုတ်ခဲ့လျှင်, သေချာပေါက် ဟားခံရလိမ့်မည်။ သို့သော်, အကယ်၍ သူ တိုက်ခိုက်မည် ဆိုပါက သူ့ရှေ့မှ လူငယ်၏ ပြိုင်ဘက်ဖြစ်နိုင်သည်ဟု အာမခံဝံ့ခြင်း မရှိပေ။

ချင်ယွင်သည် ရန်မို၏ အတွေးများကို မြင်နိုင်ပုံရပြီး ပြုံးမိသည်။ စကြဝဠာ၏ စွမ်းအားများ ပါရှိသောလက်သီးတစ်ချက်ဖြင့် အဝေးမှ ရန်မိုကို တိုက်ရိုက် ထိုးနှက်လိုက်သည်။

တုနှိုင်းမရအောင် တောက်ပသည့် အလင်းလက်သီးတစ်လုံးသည် ချက်ချင်း ဆန့်ထွက်ပြီး ရန်မိုဘက်သို့ တည့်မတ်စွာ ပစ်ဝင်သွားသည်။

ရန်မို၏အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ ထိုလက်သီးကို တားဆီးရန်အတွက် သူ့စွမ်းအား အားလုံးကို စုစည်းထားသော်လည်း သူ့စွမ်းအားသည် ထိုအလင်းလက်သီးနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့သည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရန်မို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် နောက်ပြန် လွင့်စင်သွားကာ ဥက္ကာပျံကဲ့သို့ အဝေးမှ တောင်ထွတ်တစ်ခုကို ထိုးဖောက် ဝင်ရောက်ပြီး အဝေးက နတ်တောင်ကို တိုက်ရိုက် ထိုးဖောက်သွားလေသည်။

“ဒါ…”

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွား ကြသည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ကြသည်။

ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများထက် အနည်းငယ်သာ နိမ့်ကျသောစွမ်းအားကို ပိုင်ဆိုင်ထားသော ရန်မိုသည် အမှန်တကယ်ပင် ထိုကဲ့သို့ လှုပ်ရှားမှုတစ်ခုကြောင့် လွင့်စင်သွားခဲ့ရသည်။ ထို့အပြင်၊ တိုက်ခိုက်ခဲ့သူမှာ မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အဆင့် နတ်ဘုရားတစ်ပါး ဖြစ်နေသည်။ သူတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ဘူးဆိုလျှင်, သူတို့ သေသည်အထိ အရိုက်ခံရရင်တောင် ယုံကြည်ကြမည် မဟုတ်ပေ။

ယွမ်ရှီရှီလည်း မှင်သက်သွားပြီး၊ သူမ၏မျက်လုံးများက ထိတ်လန့်မူများဖြင့် ပြည့်နှက်နေ သည်။ ချင်ယွင်၏စွမ်းအားသည် သူမမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့ပြီ။

ယခင်က ချင်ယွင်အတွက် သူမ စိုးရိမ်နေသေးသော်လည်း ယခုတော့ ထိုစိုးရိမ်မှုများသည် လုံးဝ မလိုအပ်တော့ဟု ထင်ရသည်။ လေဟာနယ်ထဲမှ လက်သီးတစ်ချက်က ရန်မိုကိုပင် လွင့်ပျံသွားစေသည်။ ဤအရာက မည်မျှ အစွမ်းထက်လိုက်မည်နည်း။

အဝေးက ရွှဲ့ခိုင်လည်း ထိတ်လန့်သွားသော်လည်း သူသည် ပို၍ စိတ်လှုပ်ရှားသွားသည်။ ချင်ယွင်၏ စွမ်းအားက ပိုမိုအားကောင်းလေလေ၊ သူ၏ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း သက်သေပြနိုင်လေလေ ဖြစ်သည်။

ချင်ယွင်သည် လူတိုင်း၏ အံ့အားသင့်မှုကို လျစ်လျူရှုပြီး မထင်မရှား ပြုံးလိုက်သည်။

သူ့အမြင်မှာတော့ ဂုဏ်ယူစရာ ဘာမှ မရှိပါဘူး။ အကယ်၍, သူသည် ရန်မိုကို ကနဦး စကြဝဠာ၏ စွမ်းအားဖြင့်ပင် မချေမှုန်းနိုင်ခဲ့ပါက, သူ ကျင့်ကြံနေစရာ မလိုအပ်တော့ပေ။

ဝှီး….။

အလင်းတန်းတစ်ခုသည် ကျောက်ဆောင်အောက်ကနေ ဖြတ်သန်းသွားသည်နှင့် ရန်မို၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် တဖန် ပေါ်လာပြန်သည်။

သို့သော် ယခုအချိန်တွင် သူသည် စိတ်ဆင်းရဲဖွယ် အနေထားမျိုး ဖြစ်နေခဲ့ပြီ။ သူ့ဆံပင်တွေ က ရှုပ်ပွနေပြီး သူ့အဝတ်အစားတွေ ကျိုးကြေနေကာ၊ သူ့နဖူးမှာ လတ်ဆတ်သည့် သွေးများ စီးကျနေသည်။ သူက ချင်ယွင်ကို မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။

"ဘာလဲ, ခင်ဗျားက တိုက်ခိုက်ချင်သေးလို့လား" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။

သူ့အသံက ဟာသတစ်ခုကဲ့သို့ အထင်သေး ရှုတ်ချသည့်သဘောကိုလည်း သယ်ဆောင် ထားသည်။

လူတိုင်း၏အကြည့်များသည် ရန်မိုအပေါ်သို့ ကျရောက်သွားကြသည်။ ရန်မိုသည် အမှန်တကယ်ပင် ဒေါသထွက်နေပြီး လုံးဝ ရူးသွပ်တော့မည်ကို သူတို့ သိကြသည်။

သို့သော် သူပြောပြီးသည်နှင့် ရန်မိုသည် အချိန်အတော်ကြာအောင် မတုံ့ပြန်ခဲ့ပေ။ အချိန် အတော်ကြာပြီးနောက် ရန်မိုသည် နောက်ဆုံးတွင် စကားပြောလာသော်လည်း သူ ပြောထွက်လာသည့် စကားလုံးများက လူတိုင်းကို အလွန်မင်း အံ့ဩသွားစေခဲ့သည်။

"ငါ ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ ငါက မင်းနဲ့ မယှဉ်ဘူး။ တကယ်လို့ မင်းသာ အတင်းကြပ် ဆက်ပြီး တိုက်ခိုက်ရင် ငါပဲ သေသွားလိမ့်မယ်။" ရန်မို သက်ပြင်းချလိုက်သည်။

သူသည် ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားရှိသော်လည်း သူသည် လူမိုက် မဟုတ်ပေ။ သူ့ရှေ့က ဤလူငယ်သည် သူဆန့်ကျင်ဘက်ပြုနိုင်သည့် တည်ရှိမှုမျိုး မဟုတ်ဘူးဆိုသည်ကို သူ သိပါသည်။

ချင်ယွင်သည် ရန်မို၏ စကားကိုကြားသောအခါ၊ သူ့ပါးစပ်ထောင့်များက အထင်မရှား အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားရင်း လှည့်ထွက်ရန် ပြင်ဆင်လိုက်ပါသည်။

ဤရန်မိုသည် သူ့ကို မစော်ကားခဲ့ပါဘူး။ ထို့ကြောင့် သူသည် သူ့ကို သေဆုံးရသည်အထိ သတ်ပစ်ရန် မလိုအပ်ပါဘူး။ ဤတိုက်ပွဲက မှောင်ရိပ်က လူတွေကို သူ့နောက်ကြောင်းကို သိစေချင်ရုံသက်သက်သာ ဖြစ်သည်။

All Chapters