← Chapters

အခန်း ၁၆၅၉

Vol. 111 Ch. 1659

အခန်း ၁၆၅၉

Vol. 111 Ch. 1659

အခန်း (၁၆၅၉) စကားဝိုင်း

ရန်မို၏အရှုံးကို ဝန်ခံချက်က ပတ်ဝန်းကျင်ရှိ လူတိုင်းကို တုန်လှုပ်စေကာ ချင်ယွင်အား ၎င်းတို့၏ အကြည့်များသည် တုနှိုင်းမရလောက်အောင် ရိုသေလာခဲ့ကြသည်။

ဤကမ္ဘာကြီးသည် ပညာရှင်များကို လေးစားကြသည်။ ချင်ယွင်သည် ရန်မိုကို အနိုင်ယူရန် ခွန်အားကို ပိုင်ဆိုင်ထားမှတော့, သူသည် လူတိုင်း၏ လေးစားမှုကို ခံရပေလိမ့်မည်။

"မင်း ဘယ်လိုစွမ်းအားမျိုးကို အသုံးပြုခဲ့တာလဲ။ ဒီစွမ်းအားမျိုးကို ငါ ဘာလို့ အရင်က မမြင်ဖူးတာလဲ" ချင်ယွင် လှည့်ထွက်တော့မည်ကို မြင်လိုက်ရသဖြင့် ရန်မိုသည် မမေးမြန်း မီ တခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။

လျှောက်လှမ်းတော့မည့် ချင်ယွင်၏ ခြေလှမ်းတွေက ရပ်တန့်သွားခဲ့သည်။ သူ့ပါးစပ်ထောင့်က ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး ပြောသည် "ခင်ဗျားပြောတဲ့ ဒီစွမ်းအားကို ကျုပ်ကိုယ်တိုင် မသိဘူး။ ဘာလို့ဆို, ကျုပ်ကိုယ်တိုင် ဖန်တီးထားလို့ပဲ။ တကယ်လို့, ခင်ဗျားက အမှန်တရားကို ပေးကပ်ပြီး မေးနေရင်တော့, ဒီစွမ်းအားကို ကောင်းကင်ဘုံရဲ့ တန်ခိုးလို့ ခေါ်ရမှာပဲ"

ထိုစကားကို ပြောပြီးနောက် ချင်ယွင်သည် ပြန်လှည့်သွားကာ၊ ရွှဲ့ခိုင်အနားမှာ လျှပ်တပြက် အတွင်း ပေါ်လာခဲ့သည်။

ရန်မိုသည် လေဟာနယ်ထဲတွင် ရပ်နေကာ အဆုံးမဲ့ညကောင်းကင်ကြီးကို မော့ကြည့်လိုက် သည်။ အချိန်အတော်ကြာပြီးနောက်၊ သူက ဖြည်းဖြည်းချင်း ထုတ်ပြောလိုက်သည် "ကောင်းကင်ဘုံတန်ခိုးလား။ မင်းက တကယ်ကို သောက်ရမ်း ဟန်ဆောင်နေတာ မဟုတ်လား။ မင်းက ဖန်ဆင်းရှင်နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ဘာလို့ မပြောတာလဲ"

ချင်ယွင်သည် ရန်မို မည်သည့်အရာများ တွေးနေမှန်း မသိပေ။ အကယ်၍, သူ သိခဲ့လျှင်, သူ ပြုံးရုံသာပြုံးနေနိုင်လိမ့်မည်။

အခုခေတ်မှာ, အကယ်၍, သင် အမှန်အတိုင်း ပြောလျှင်ပင် မည်သူမှ သင့်ကို ယုံကြည်မည် မဟုတ်ပေ။

ကောင်းကင်ဘုံတန်ခိုးဆိုသည့်နာမည်သည် သူ အမှတ်မထင် တွေးမိသည့် နာမည်တစ်ခုမျှ သာ ဖြစ်သော်လည်း၊ ၎င်းသည် စကြဝဠာ၏စွမ်းအားကို အသုံးပြုနေသည်ဟု အဓိပ္ပါယ်ရ သည်။ ကံမကောင်းစွာ၊ ရန်မိုသည် ထိုနာမည်ကို မယုံခဲ့ပါဘူး။

"သခင်လေး၊ သခင်လေးက ဒီလောက် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအား တွေ ပိုင်ဆိုင်ထားဖို့ ကျွန်တော် မမျှော်လင့်ထားဘူး။ အခုနက သခင်လေးကို စိတ်ပူနေလိုက်ရတာ။" ချင်ယွင် ပေါ်လာသည်ကို မြင်တော့ ရွှဲ့ခိုင်က ကမန်းကတန်း ပြုံးပြီး ပြောလိုက်သည်။ သူ့မျက်နှာမှာလည်း ရွှင်လန်းမှုအပြည့်နှင့်ပင်။

"ငါ ဒါကို မင်းကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး။ တကယ်တော့ ငါ ဒီထက်သန်မာ တယ်ဆိုတာ အခုမှ သဘောပေါက်ခဲ့တာ။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

"အယ်.." ရွှဲ့ခိုင်သည် အနည်းငယ် မှင်သက်သွားပြီး၊ ချင်ယွင် မည်သည့်အရာ ဆိုလိုသည်ကို နားမလည်နိုင်ပေ။

ချင်ယွင်က ပြုံးရုံသာပြုံးနေပြီး၊ ဘာမှ ရှင်းပြမနေပါဘူး။ သူက ကြယ်အလင်းကျောက်တုံး ကို ထုတ်ယူပြီး ဂရုတစိုက် စစ်ဆေးပါတော့သည်။

ခုနက သူ၏ ခြိမ်းချောက်မူကြောင့် သူ့ဆီကနေ ကြယ်အလင်းကျောက်တုံးကို ထပ်မံ မလုယူဝံ့တော့ဟု သူ ယုံကြည်သည်။

ဘန်း…။

ကြယ်အလင်းကျောက်တုံးသည် ညကောင်းကင်ယံ၌ တုနှိုင်းမရအောင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး ၎င်းအပေါ်ရှိ လေဟာနယ်ဆိုင်ရာ စွမ်းအင် အတက်အကျလှိုင်းများက ပြင်းထန်စွာ ထွက်ပေါ်နေသည်။

"ရွှဲ့ခိုင်၊ ငါ့ကို ကာကွယ်ပေးထား။ ငါ ဒီကြယ်အလင်းကျောက်တုံးကို စုပ်ယူချင်တယ်" ချင်ယွင်က ရွှဲ့ခိုင်ဘက်လှည့်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ"

ရွှဲ့ခိုင်က ချက်ချင်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်သည်။

ယခုအချိန်မှာ, လူတိုင်းက သူ့ကို အာရုံစိုက်နေကြသဖြင့် ကျင့်ကြံမှုအခြေအနေထဲ လုံးလုံး လျားလျား ဝင်ရောက်ရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် သူ့ပတ်ဝန်းကျင်ကို သတိနိုးကြားစွာ ထားနေရသေးပြီး၊ အခြားစိတ်အာရုံများကို လုံးဝ ထိန်းချုပ်ကာ လေဟာနယ် ကြယ်အလင်းကျောက်တုံးကို စတင် သန့်စင်လိုက်သည်။

ကြယ်အလင်းကျောက်တုံးသန့်စင်ခြင်းသည် အမှန်တကယ်တွင် အလွန်ရိုးရှင်းပါသည်။ လေဟာနယ်နှလုံးသား၏ စွမ်းအားဖြင့် ကြယ်အလင်းကျောက်တုံးအတွင်းရှိ စွမ်းအင်ကို အဆက်မပြတ် စုပ်ယူရန် ဖြစ်သည်။ ကြယ်အလင်းကျောက်တုံး၏ စွမ်းအားကို လုံး၀ စုပ်ယူလိုက်သည်နှင့်၊ ၎င်းသည် လေဟာနယ်အေးခဲခြင်းကဲ့သို့ နတ်ဘုရား စွမ်းရည်တစ်မျိုး ကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

ဘန်း…။

ချင်ယွင်သည် သူ့လက်ထဲတွင် ကြယ်အလင်းကျောက်တုံးကို ကိုင်ထားပြီး အရူးအမူး စုပ်ယူလိုက်သည်။

ချင်ယွင်က ၎င်းကို စုပ်ယူလိုက်သောအခါ၊ ကြယ်အလင်းကျောက်တုံးမှ တောက်ပသော အလင်းတန်းများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်လာပြီး ချင်ယွင်၏ နှလုံးသားထဲတွင် စုစည်းနေပါသည်။

တစ်ချိန်တည်းမှာပင်၊ ကြယ်အလင်းကျောက်တုံးမှ အလင်းတန်းများက တဖြည်းဖြည်း မှေးမှိန်လာသည်။

အချိန်တွေတ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ နာရီပေါင်းများစွာ စုပ်ယူပြီးနောက်၊ ချင်ယွင်သည် ကြယ်အလင်းကျောက်တုံးအတွင်းရှိ လေဟာနယ်စွမ်းအင်ကို လုံးဝ စုပ်ယူနိုင်ခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်၏လက်ရှိ ကြယ်အလင်းကျောက်တုံးသည် အမှုန့်အစုအဝေး အဖြစ်သို့ ပြောင်းလဲသွားပြီး လေနှင့်အတူ လွင့်ပျံသွားသည်။

ချင်ယွင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်လုံးများတွင် အားကောင်းသော လေဟာနယ် လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။

"ဒီကြယ်အလင်းကျောက်တုံးက လေဟာနယ်သခင်တွေရဲ့ အမြင်မှာ အဖိုးတန်ဆုံး ရတနာ တစ်ခု ဖြစ်ထိုက်ပါတယ်။ အခု လေဟာနယ် စွမ်းအားအပေါ်မှာ ငါ့ရဲ့ထိန်းချုပ်မှုက ပိုတောင် အားကောင်းလာခဲ့တယ်။ ရန်သူတွေကို တိုက်ခိုက်ရာမှာ လေဟာနယ်စွမ်းအားကို အသုံးချရုံနဲ့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေထက် နည်းနည်းလေးမှ အားမနည်းတော့ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

လေဟာနယ်စွမ်းအားသည် ရန်သူများနှင့်တိုက်ခိုက်ရာတွင် သေချာသ်ည့ အားသာချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး၊ ယခု ချင်ယွင်၏ လေဟာနယ်စွမ်းအားသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားကာ လေဟာနယ်အေးခဲခြင်း နတ်ဘုရားစွမ်းရည်တစ်ခုပါ ထပ်တိုးလာခြင်း ဖြင့် သူသည် တိုက်ပွဲများတွင် မမျှော်လင့်ထားသည့် ရလာဒ်တစ်ခုကို ထုတ်ပြနိုင်လိမ့်မည်။

"ဂုဏ်ယူပါတယ် သခင်လေး" ချင်ယွင် နိုးလာသည်ကိုမြင်သောအခါ ရွှဲ့ခိုင်က ပြုံးလိုက် သည်။

"ဒီတိုးတက်မှုက ဘာမှမဟုတ်ဘူး။ တကယ်လို့, ငါသာ အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရားရဲ့ ရတနာကို ရနိုင်ခဲ့ရင်၊ အဲဒါက ငါ့အတွက် ကြီးကျယ်တဲ့ အကူအညီတစ်ခု ဖြစ်လာလိမ့်မယ်။" ချင်ယွင်က ပြောသည်။

နတ်ဆိုးနတ်ဘုရားအမြုတေကို ပျက်ဆီးသွားခြင်းက သူ့တိုက်ခိုက်ရေး စွမ်းအား၏ ထက်ဝက်ကျော် ကုန်ဆုံးသွားဟု ယူဆနိုင်သည်။ နတ်ဆိုးနတ်ဘုရားအမြုတေကို ပြန်လည်တည်ဆောက်ခြင်းနှင့် နှိုင်းယှဉ်ပါက လေဟာနယ်စွမ်းအား တိုးမြင့်လာသည်မှာ ဘာမှမဟုတ်ပေ။

ရွှဲ့ခိုင်သည် ထိုစကားကိုကြားတော့ ပြုံးရုံသာ ပြုံးနိုင်ပါသည်။

သူ့ရှေ့က ဒီသခင်အသစ်လေးကို သူ အမြဲတမ်း ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။ သူသည် အဆိုးရွားဆုံး အချိန်တိုင်းမှာ လူတိုင်းကို ထိတ်လန့်စေမည့် ဝှက်ဖဲတွေ အဆုံးမသတ်နိုင် အောင် ရှိနေသည့်အတိုင်းပင်။

"သခင်လေး၊ နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုလေးက ဟိုမှာ ရပ်နေတာ ကြာလှပြီ။ သူက သခင်လေးကို စောင့်နေပုံရတယ်။" ရွှဲ့ခိုင်က ချင်ယွင်ကို ရုတ်တရက် ပြောလိုက်သည်။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားပြီးမှ သူ့နှင့် အလှမ်းမဝေးသော တောင်ထွတ် တစ်ခုပေါ်တွင် အလွန်လှပသော ရုပ်အသွင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။

သူမ၏ အဖြူရောင် အဝတ်အစားများက တဖျပ်ဖျပ် လှုပ်ခတ်နေပြီး သူမ၏အလှပသည် ပြိုင်ဘက်ကင်းပြီး၊ အသက်ရူကြပ်သထက် ကြပ်စေပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် ထိုညမြင်ကွင်းက သူ့အတွေးထဲ မရစ်ဝဲဘဲ မနေနိုင်ခဲ့ပေ။ သူ့ပါးစပ်ထောင့်က မသိစိတ်အရ အပြုံးတစ်ခု ပေါ်လာသည်။

ထိုအချိန်မှစ၍ ချင်ယွင်သည် ထိုရူးသွပ်ဖွယ်အခိုက်တန့်ကို မကြာခဏ အတွေးရောက်ခဲ့ သည်။ သူ့မျက်လုံးတွေကို မှိတ်လိုက်သည်နှင့်, သူ့လက်ချောင်းထိပ်တွေမှတဆင့် ထွက်ပေါ်လာသည့် လှပသော အမိုးအမောက်တွေနှင့် နူးညံ့ချောမွေ့သည့် အထိအတွေ့ကို ပြန်ခံစားမိသည်။

"မေ့လိုက်ပါ၊ ငါတို့ အရင် ရင်ဆိုင်ကြည့်ရမယ်။ တကယ်လို့, သူမဆန္ဒရှိပြီး လက်ခံသေးရင် သိပ်ကောင်းမှာပဲ" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ကြည်လင်လာပြီး သူ့ပါးစပ်ထောင့်က ပုံမှန်အတိုင်း မောက်မာသည့် အမူအရာဆီသို့ ပြန်ရောက်သွားခဲ့သည်။

သူသည် သူ့နှလုံးသားကို ဘယ်တုန်းကမှ မချိုးဖောက်ခဲ့ဖူးပါဘူး။ သူ တစ်စုံတစ်ခုကို လိုချင်နေမှတော့, နောင်အနာဂတ်တွင် နောင်တရမည်ကို ရှောင်ရှားနိုင်ရန် သူ့လက်ထဲမှ လွတ်ထွက်ခွင့်ပြုမည် မဟုတ်ပေ။

ဘန်း…။

ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့် အဝေးတောင်ထွတ်ပေါ်တွင် သူ့ရုပ်အသွင်က ပေါ်လာသည်။

'"သခင်လေးကတော့ သခင်လေးပါပဲ။ နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင် မိန်းမပျိုကတောင် ကိုယ်တိုင်အစပြုပြီး သူ့ကို လာရှာရတယ်။ ဒါက ဘယ်လောက် အံ့ဩစရာကောင်းလဲ” ရွှဲ့ခိုင်သည် ခပ်ဝေးဝေးတွင် ရပ်နေပြီး ပြောစရာစကားမဲ့သွားရသည်။

ချင်ယွင်သည် ရွှဲ့ခိုင်၏စကားကို မကြားလိုက်ပေ။ ယခုအချိန်တွင် သူသည် ယွမ်ရှီရှီနှင့် မျက်နှာချင်းဆိုင်နေပြီ ဖြစ်သည်။

သူတို့ နှစ်ယောက် ဆုံသည့်အခါ, နှစ်ယောက်စလုံး ပြောစရာစကားမရှိ ဖြစ်နေသည်။ စင်မြင့်ပေါ်ရှိ လေထုသည် အလွန်ပင် ဆိုးရွားလှသည်။

နောက်ဆုံးတွင် ချင်ယွင်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး "အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။

ယွမ်ရှီရှီက ပါးစပ်ကို အုပ်ပြီး ပြုံးလိုက်ပါသည်။ ချင်ယွင်သည် ရီစရာမေးခွန်းတစ်ခု မေးလိုက်မိကြောင်း ချက်ချင်း သဘောပေါက်သွားပြီး အဆင်မပြေသော အပြုံးကို ထုတ်ဖော်လိုက်မိသည်။

"မဆိုးပါဘူး၊ ဒီအချိန်အတွင်းမှာ ကျွန်မလည်း လွတ်လွတ်လပ်လပ် လက်စားချေနိုင်ခဲ့ပါ တယ်" ယွမ်ရှီရှီက ချင်ယွင်၏ အမေးကို ဖြေလိုက်တုန်းပင်။

"မင်းကိုယ်​တိုင်​ လက်စားချေခဲ့တာလား" ချင်ယွင်က ဆက်မေးရင်း သူ့မျက်လုံးတွေက နာကျင်ခြင်းများဖြင့် ပြည့်နေခဲ့သည်။

မိန်းကလေးတစ်ယောက်သည် သူမအဖေအတွက် လက်စားချေနိုင်ရန် အများကြီး ဒုက္ခရောက်ခဲ့လိမ့်မည်။

"မဆိုးပါဘူး၊ ကောင်းကင်နတ်ဘုရားရှစ်ယောက်မှာ ခြောက်ယောက်က ကျွန်မလက်ထဲမှာ သေဆုံးသွားခဲ့တယ်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် အခြားနှစ်ယောက် ကျန်နေသေးတယ်။ ကျွန်မက သူတို့အတွက် တကယ်ကို ပြိုင်ဘက်မဟုတ်ဘူး။" ယွမ်ရှီရှီက ပြုံးပြီး ပြန်ဖြေသည်။

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကင်နတ်ဘုရားရှစ်ပါး၏ စွမ်းအားသည် အားနည်းခြင်းမရှိခဲ့ပေ။ ၎င်းတို့ထဲမှ နှစ်ဦးသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် အဆင့် သတ်မှတ်ခံရသည်။ ယွမ်ရှီရှီ၏ လက်ရှိအင်အားဖြင့် သူမသည် ၎င်းတို့နှင့် အမှန်တကယ် မယှဉ်နိုင်သေးပေ။

"အို, ဟုတ်သားပဲ၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ၊ မင်းက နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို ဘယ်လိုလုပ် ဖြစ်လာတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ချင်ယွင်၏ အမေးကိုကြားတော့ ယွမ်ရှီရှီသည် လေးနက်သော အမူအရာတစ်ခုကို ဖော်ပြလာခဲ့ပြီး သူမ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

All Chapters