← Chapters

အခန်း ၁၆၆၀

Vol. 111 Ch. 1660

အခန်း ၁၆၆၀

Vol. 111 Ch. 1660

အခန်း (၁၆၆၀) ထွေးပွေ့ခြင်း။

ယွမ်ရှီရှီ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်ကို မြင်ပြီး၊ ချင်ယွင်သည်လည်း ဆိုးရွားည့် ကြိုတင်သတိပေးချက်တစ်ခု ရှိလာခဲ့သည်။

သေချာပါသည်၊ ယွမ်ရှီရှီက ပြောပြပါသည် "ကျွန်မ ဒီအထဲကို ဝင်ရောက်ဖို့ တွန်းအားပေး ခံရတယ်။ အဲဒီတုန်းက ကောင်းကင်နတ်ဘုရားရှစ်ပါးကို လက်စားချေဖို့ ကျွန်မ သွားခဲ့ တယ်။ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်အောက်က ခြောက်ယောက်က ကျွန်မပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ကျွန်မက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့ တယ်။ ဒါပေမယ့် ခြောက်ယောက်မြောက် နတ်ဘုရားကို သတ်ပြီးတဲ့အခါ ကောင်းကင် နတ်ဘုရားရှစ်ပါးထဲက ဒုတိယမြောက်နတ်ဘုရား လင်းရှောင်က ကျွန်မရဲ့တည်နေရာကို ရှာတွေ့သွားခဲ့တယ်။ လင်းရှောင်က ကျွန်မကို စိတ်ဝင်စားသွားခဲ့တယ်။ သူက ကျွန်မကို ဖမ်းပြီး သူ့ကိုယ်ပိုင် သီးသန့်ပိုင်ဆိုင်အဖြစ် လုပ်ဆောင်ချင်ခဲ့တယ်။ ကျွန်မလည်း ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး။ နောက်ဆုံးတော့, ကျွန်မလည်း မဟာ နတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲ အတင်းဝင်လာခဲ့ပြီး ပုန်းအောင်းနေရတယ်။ ဒါတောင် ငါ့ညီမကောင်းတစ်ယောက်ဟာ သူ့လက်သည်းချက်တွေကြောင့် အဆုံးသတ် သွားခဲ့ရတယ်”။

ထိုအချိန်တွင် ယွမ်ရှီရှီ၏ မျက်လုံးများထဲသို့ သတ်ဖြတ်လိုစိတ်က တဟုန်ထိုး တိုးဝင်လာခဲ့ ပြီး သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်စုံသည် ပတ်ဝန်းကျင်မှာ အမျက်ဒေါသနှင့် ပြည့်နှက်နေသည့်အလား တဖျပ်ဖျပ် လှုပ်ခတ်လာသည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်သွားသည်။ ဤလင်းရှောင်အကြောင်းကို သူလည်း ကြားသိဖူးသည်။

သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ၁၀၁ အဆင့်ရှိသော်လည်း၊ သူသည် အလွန်တရာ အစွမ်းထက်လှသော်လည်း အကျင့်တစ်ခု ရှိသည်။ သူသည် အမျိုးသမီးများနှင့် ကစားသည်ကို သဘောကျသည်။ အထူးသဖြင့် လှပသော အမျိုးသမီး များဖြစ်သည်။

မကြာခဏဆိုသလို သူသည် သူနှင့်အတူကကားရန် အရောင်ပေါင်းစုံ အလှပများကို ရှာဖွေ ရန် အင်မော်တယ်ကမ္ဘာ အသီးသီးသို့ သံတမန်များကို စေလွှတ်တတ်သည်။ သူ လုံလောက် အောင် ကစားပြီးသည်နှင့် ထိုအမျိုးသမီးကို ရက်စက်စွာ သတ်ပစ်ပြီး၊ သူစိတ်ဝင်စားသည့် နောက်ထပ် သားကောင်ကို ရှာဖွေတတ်သည်ဟု ပြောကြသည်။

ထိုကဲ့သို့ ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်းဖြင့်, သူ့ထက်ထဲမှာ အမျိုးသမီးပေါင်း ကိုးသန်း သေဆုံးခဲ့ရသည်။ သူသည် မေ့ပစ်လို့မရသည့် မဟာနတ်ဆိုးတစ်ပါး ဖြစ်သည်။

အခု ယွမ်းရှီရှီ၏ ညီမသည် လင်းရှောင်၏လက်ထဲ ကျရောက်ခဲ့ရပြီး၊ ရလာဒ်ကို ခန့်မှန်းစရာ ပင် မလိုပါချေ။

ယွမ်ရှီရှီသည် လင်ရှောင်၏ အသတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည့်အကြောင်းကို ချင်ယွင် တွေးကြည့်သောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"လင်းရှောင်, ငါ ထွက်သွားနိုင်တဲ့အခါ, ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်" ချင်ယွင်က သူ့နှလုံးသားထဲမှာ ကျိန်ဆိုလိုက်ပါသည်။

သူထိတွေ့ဖူးသည့် အမျိုးသမီးတိုင်းကို ထိရဲသည့်မည်သူမဆို သေဆုံးရလိမ့်မည်။ ထို အမျိုးသမီးက သူ့ကို မလိုချင်ဘူးဆိုရင်တောင်မှပေါ့။

"ဒါဆို မင်း နတ်ဘုရားမဂိုဏ်းထဲကို ဘယ်လိုဝင်သွားတာလဲ။" ချင်ယွင်က သူ့စိတ်ထဲက ဒေါသတွေကို ထိန်းလိုက်ပြီး ဆက်မေးသည်။

"ကျွန်မ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲ ဝင်လိုက်တဲ့အခါ ဒဏ်ရာ အပြင်း အထန်ရခဲ့ပြီး၊ နတ်ဘုရားမဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က ကယ်တင်ခဲ့တယ်။ အဲဒါကြောင့် ကျွန်မလည်း နတ်ဘုရားမဂိုဏ်းနဲ့ ပူးပေါင်းပြီး၊ နတ်ဘုရားမဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဆရာအဖြစ် လက်ခံခဲ့တယ်။ ဆရာရဲ့အကူအညီနဲ့ ကျွန်မလည်း နတ်ဘုရားမဂိုဏ်းရဲ့ သူတော်စင်မိန်းမပျို ဖြစ်လာခဲ့တာပဲ။" ယွမ်ရှီရှီက ရှင်းပြသည်။

ချင်ယွင်က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။

"ဒါဆို မင်း ဒီကောင်းကင်နတ်ဆိုးသစ်သီးကို လုယူဖို့က ဒီကိုရောက်လာတာက နတ်ဘုရားမဂိုဏ်းအတွက်လား ဒါမှမဟုတ် မင်းကိုယ်တိုင်အတွက်လား။" ချင်ယွင်က ဆက်မေးသည်။

"ကျွန်မအကျိုးအတွက်ပဲ။ ကျွန်မအနေနဲ့ ဒီလင်းရှောင်ကို သတ်ပစ်ဖို့က နှစ်ပေါင်း သောင်းချီကြိုးစားရင်တောင် မဖြစ်နိုင်ဘူး။ ဒါကြောင့် တခြားစွမ်းအားကို ချေးငှားဖို့ လိုတယ်။ ဒီကောင်းကင်နတ်ဆိုးသစ်သီးက ကျွန်မရဲ့စွမ်းအားကို ချက်ချင်း တိုးစေနိုင် တယ်။ ဒီနည်းနဲ့ဆို ကျွန်မရဲ့ ကလဲ့စားချေဖို့ အခွင့်အလမ်းတွေက တိုးလာနိုင်မယ်။" ယွမ်ရှီရှီက ပြောသည်။ သူမစကားပြောနေစဉ်တွင် သူမလက်ချောင်း သွယ်သွယ်လေးတွေ ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြန်သည်။ သူ့မျက်လုံးများတွင် သတ်ချင်စိတ်တွေ ပြည့်နှက်နေခဲ့သည်။

"ဒါဆို မင်း ဒီမဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ကနေ ဘယ်လို ရုန်းထွက်ရမလဲ စဉ်းစားဖူးလား။" ချင်ယွင်က ထပ်မေးသည်။

ထိုစကားကိုကြားတော့ ယွမ်ရှီရှီက ခေါင်းခါပြီး သူမမျက်လုံးတွေက မှေးမှိန်သွားရင်း ပြောသည် "ဒီမဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်က ထွက်ခွာနိုင်ဖို့က တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် သူ့ခင်ပွန်းက ဒီနေရာကနေ ထွက်သွားဖို့ နည်းလမ်းရှာနေပြီလို့ ဆရာဆီကနေ ကျွန်မ ကြားသိထားတယ်။ သူက ဒီကမ္ဘာလောကရဲ့ ဉပဒေသတွေကို ဆင်ခြင်းပြီး သဲလွန်စတစ်ခုခု ရှာချင်တယ်လို့ ပြောခဲ့တယ်တဲ့"။

"ရန်ချန်းဖန်လား.." ချင်ယွင်သည် သူ့စိတ်ထဲမှာ ထိုနာမည်ကို မစဉ်းစားမိဘဲ မနေနိုင်ပါချေ။

ရွှဲ့ခိုင်သည် နတ်ဘုရားမဂိုဏ်း၏ခေါင်းဆောင်သည် ရန်ချန်းဖန်၏ အမျိုးသမီးဖြစ်ကြောင်း နှင့် ရန်ချန်းဖန်သည်လည်း အင်မော်တယ်တောင်သို့ ဝင်ရောက်ခဲ့ကြောင်း ယခင်က ပြောခဲ့သည်ကို သူ ကြားဖူးသည်။ ယခု ရွှဲ့ခိုင်ပြောခဲ့သည့်စကားတွေက အမှန်ဖြစ်ပုံရသည်။

"မင်း စိုးရိမ်စရာမလိုဘူး။ တကယ်လို့ သူ မင်းကို မခေါ်ထုတ်နိုင်ရင်တောင် ငါ မင်းကို သေချာပေါက် ခေါ်ထုတ်သွားမယ်။ လင်းရှောင်ကိုလည်း သူထိုက်တန်တဲ့ တန်ဖိုးကို ငါ ပေးဆပ်ခိုင်းမယ်။" ချင်ယွင်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ယွမ်ရှီရှီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ယွမ်ရှီရှီ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်ခါသွားသော်လည်း သူမလက်ကို မဆွဲထုတ်ခဲ့ ပေ။ သူမ၏ လှပသော မျက်နှာသည် နီရဲလာပြီး ခေါင်းညိတ်လိုက်သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ သူ့နှုတ်ခမ်းထောင့်များက အပြုံးတစ်ခု ပေါ်လာပြီး သူ့နှလုံးသားထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ပေါက်ကြားလာခဲ့သည်။

ယွမ်ရှီရှီ၏လက်ကို သူမကိုင်ခင်မှာ သူ့စိတ်ထဲတွင် လွန်ဆွဲနေသလို ခံစားခဲ့ရသေးသည်။ အကယ်၍, ယွမ်ရှီရှီသာ ငြင်းဆန်ပါက သူ အရမ်းရှက်ရသွားမှာကို သူ စိုးရိမ်နေသေးသည်။ သို့သော် ယွမ်ရှီရှီ၏ လက်ရှိအမူအရာက သူ့ကို ယုံကြည်ချက်ပေးသည်။ အနည်းဆုံးတော့ ယွမ်ရှီရှီက သူ့ကို သူမနှလုံးသားထဲတွင် ရှိနေသေးကြောင်း ပြသနိုင်သည်။

"အင်း...တကယ်တော့ မင်းထွက်သွားကတည်းက မင်းနဲ့ ငါတို့နှစ်ယောက်ရဲ့ မြင်ကွင်းကို မကြာခဏ တွေးဖူးတယ်။" ချင်ယွင်က သံပူချိန်ကို အခွင့်ကောင်းယူပြီး ချက်ခြင်း ရိုက်နှက် လိုက်သည်။

ယွမ်ရှီရှီသည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်သည်။ သူမသည် တောက်ပသော မျက်လုံးများဖြင့် ချင်ယွင်ကို ကြည့်ကာ ပြောသည် "ဒါဆို ရှင်က ကျွန်မကို မကြာခဏ လွမ်းနေတယ်လို့ ပြောချင်တာပေါ့”။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။

ယွမ်ရှီရှီက ပို၍ပင် တောက်ပစွာ ပြုံးပြီး သက်ပြင်းချရင်း "တကယ်တော့ ကျွန်မတို့ လမ်းခွဲပြီးကတည်းက ကျွန်မလည်း ဒီအကြောင်းကို မကြာခဏ တွေးဖူးတယ်။ ရှင်သာ ကျွန်မကို ရှာတွေ့နိုင်ခဲ့ရင် ရှင်နဲ့အတူရှိနေဖို့ သဘောတူမယ်လို့ ကျွန်မ စိတ်ကူးဖူးတယ်။ ဒါပေမယ့် ကျွန်မတို့ ဒီမှာဆုံတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး"

"ဒါဆို မင်း ငါ့မိန်းမဖြစ်​ဖို့ သ​ဘောတူလား" ချင်ယွင်က ချီတုံချတုံအမူအရာ မေးသည်။

ထိုစကားကြားတော့ ယွမ်ရှီရှီသည် ကျီစားလိုသည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါ သည်။ သူမက စိတ်ဆိုးဟန်ဆောင်ပြီး ပြောသည် "ကျွန်မက ရှင်ရဲ့မိန်းမ ဖြစ်ပြီးပြီလေ။ ဘာလဲ၊ ရှင် ငြင်းချင်သေးတယ်လို့ မပြောနဲ့နော်"။

ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်နှာသည် စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာပါသည်။

ယွမ်ရှီရှီ၏ ဆိုလိုရင်းကို သူ နားလည်ပါသည်။ ဆိုလိုသည်မှာ သူမသည် ထိုအချိန် အတူရှိစဉ်ကတည်းက သူ့လူ ဖြစ်နေခဲ့ပါပြီ။

ယွမ်ရှီရှီသည် ချင်ယွင်၏ စိတ်အားတက်ကြွသည့် အမူအရာကို မြင်သောအခါ ကြည်နူးစွာ ကြည့်မိသည်။ "ကျွန်မယွမ်ရှီရှီက ဒီဘဝမှာ လူတစ်ဦးတည်းကသာ ကျွန်မကို ပိုင်ဆိုင်မယ် လို့ ဟိုအရင်းကတည်းက ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးသားပါ။ အဲဒီနေ့က ကျွန်မကိုယ်မ ရှင့်ကို အပ်နှင်းလိုက်မှတော့, အဲဒီလူကလည်း ရှင်ဖြစ်မယ်လို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မက ညို့ငင်နိုင်စွမ်းရှိပြီး မရေမတွက်နိုင်တဲ့ ယောက်ျားတွေကို ဆွဲဆောင်နိုင်ပေမယ့်၊ ကျွန်မ နှလုံးသားကို ရှင်တစ်​​ယောက်​တည်းသာ ပိုင်​ဆိုင်​ပြီး၊ ရှင်တစ်​​ယောက်​တည်းကပဲ ကျွန်မရဲ့ ညို့ငင်ခြင်းစွမ်းအားကို ​ခူးဆွတ်​နိုင်​တဲ့လူပဲ"။

ထိုစကားကိုပြောပြီးနောက် သူမသည် ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ချင်ယွင်ကို ကြည့်လိုက် သည်။

ချင်ယွင်လည်း လွန်စွာမှ ရင်ထဲထိသွားခဲ့ရသည်။ ယွမ်ရှီရှီအတွက် သူသည် အမြဲတမ်း အပြစ်ရှိသည်ဟု ခံစားနေရသည်။ ယခု ထိုစကားများကို ကြားလိုက်ရသည်နှင့် လုံး၀ကို ရင်ထဲ ထိသွားခဲ့သည်။

"ငါချင်ယွင်က မင်းကို နောက်ထပ် နစ်နာမှုတွေ ထပ်ပြီး ခံစားခွင့် မပေးတော့ဘူးလို့ ကတိပြုတယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောသည်။ သူ့လက်ကို ဝှေ့ယမ်းပြီး ယွမ်ရှီရှီ၏ခါးကို ပွေ့ဖက်ကာ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

ယွမ်ရှီရှီသည် ချင်ယွင်၏ ရင်ခွင်ထဲတွင် ပြင်းပြစွာဖြင့် ချင်ယွင်၏ ခန္ဓာကိုယ်မှ နွေးထွေးမှု ကို ခံစားနိုင်ရန် အခြေအနေကို အခွင့်ကောင်းယူခဲ့သည်။

မနက်ခင်း နေရောင်အောက်မှာ သူတို့နှစ်ယောက်သားသည် တင်းတင်းကြပ်ကြပ် ပွေ့ဖက် ထားရင်း တစ်ယောက်ကို တစ်ယောက် ဖက်တွယ်ထားကြသည်။

အဝေးမှ ယွမ်ရှီရှီအပေါ် အတွေးအမြင်ရှိသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူတို့ အားလုံးသည် အနှိုင်းမဲ့ စိတ်ပျက်လက်ပျက် အမူအရာများကို ထုတ်ဖော်လာခဲ့ကြသည်။ ချင်ယွင်ကိုကြည့်နေသည့် သူတို့အကြည့်တွေက မနာလိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"သခင်လေးက တကယ်ကို အစွမ်းထက်တယ်" ရွှဲ့ခိုင်သည် မူလတောင်ထိပ်ပေါ်တွင် ရပ်ကာ တစ်ယောက်နှင့်တစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားသည့် လူနှစ်ယောက် ကို ကြည့်နေသည်။ သူ့စိတ်ထဲတွင် အမှန်တကယ် သက်ပြင်းချမိသည်။

တစ်ချိန်တည်းမှာပင် အခြားတောင်တန်းတစ်ခုပေါ်တွင် ရပ်နေသော လျှိုချန်းရှန်သည် သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသည်။ သူသည် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည့် လူနှစ်ယောက်ကို ကြောက်ဖွယ်ကောင်းအောင် အုံးမှိုင်းနေသည့် အမူအရာဖြင့် ကြည့်နေလေသည်။

'"ခွေးမ၊ မင်းက ငါ့ရှေ့မှာတော့ မာနကြီးချင်ယောင်ဆောင်နေခဲ့တယ်။ အခု အရမ်းကို အကျင့်ပျက်နေပြီ မဟုတ်ဘူးလား။ ဟမ့်၊ ငါ့အဖေရောက်လာတဲ့အခါ, ငါလျှိုချန်းရှန်က ရန်စဖို့ မလွယ်ဘူးဆိုတာ မင်းကို ငါ ပေးသိမယ်။ မင်းရဲ့ရှေ့မှာ မင်းရဲ့လူသေပြီး၊ ငါ့ခြေထောက်အောက်မှာ ဖိနှိပ်ထားတဲ့မြင်ကွင်းကို မင်းကို မြင်တွေ့ခွင့်ပေးမယ်” လျှိုချန်းရှန်သည် သူ့ကိုယ်သူ အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ပျောက်ကွယ်သွားခဲ့သည်။

All Chapters