အခန်း ၁၆၆၁
Vol. 111 Ch. 1661
အခန်း (၁၆၆၁) အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်။
ချင်ယွင်နှင့် ယွမ်ရှီရှီတို့သည် အရှေ့ဘက်တွင် နေထွက်သည်အထိ အချိန်အတော်ကြာ ပွေ့ဖက်ပြီး စကားစမြည် ပြောဆိုကြသည်။
နေထွက်သည်နှင့်အမျှ အမှောင်နတ်ဆိုးဝိညာဉ်များလည်း လုံးဝ ဆုတ်ခွာသွားခဲ့သည်။ ကောင်းကင်လေဟုန်တောင်တန်းသည် ပုံမှန်အတိုင်း ပြန်လည်ငြိမ်သက်သွားပြန်သည်။
"ရှင် အခုချိန်မှာ ကောင်းကင်နတ်ဆိုးသစ်သီးအတွက် ကောင်းကင်လေဟုန်တောင်တန်း ကို လာခဲ့တာလား။" ယွမ်ရှီရှီက တစ်ခုခုကို တွေးနေပုံရပြီး မေးလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြီး "ဒီကောင်းကင်နတ်ဆိုးသစ်သီးက ငါ့အတွက် အရမ်း အရေးကြီးတယ်။ ငါရမှဖြစ်မယ်”။
"ဒါဆို ရှင် ကောင်းကင်နတ်ဆိုးဂိုဏ်းကို သတိထားရမယ်။ မူလက ကောင်းကင်နတ်ဆိုး ဂိုဏ်းနဲ့ ပူးပေါင်းဖို့ ကျွန်မ စီစဉ်ထားပေမယ့်၊ အခု ကျွန်မက ရှင်နဲ့အတူရှိနေတော့ လျှိုချန်းရှန်က ဒေါသထွက်လိမ့်မယ်။ အချိန်ရောက်ရင် သူက ရှင့်ကို ဒုက္ခပေးလိမ့်မယ်" ယွမ်ရှီရှီက ကမန်းကတန်း ပြောလိုက်သည်။
"ငါ သိတယ်။ သူကများ ငါ့မိန်းမကို လွမ်းဆွတ်ဝံ့တယ်။ ငါ သူ့ကို ပြဿနာမရှာရုံတင် ကံကောင်းနေပြီ။ တကယ်လို့, သူထပ်လာဝံ့ရင် သူ့ကို တစ်သက်တာလုံး အလွတ်ပေးမှာ မဟုတ်ဘူး" ချင်ယွင်က ကြီးစိုးသော အပြုံးဖြင့် ပြောသည်။
သူသည် ဤမဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်တွင် ကနဦးစကြဝဠာ၏စွမ်းအားကို အသုံးပြုနိုင်မှတော့, သူကရော မည်သည့်အရာကို ကြောက်နေရဦးမည်နည်း။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်နှင့် ဧရာမနတ်ဆိုးနန်းတော်၏ နန်းတော်သခင်တို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာလျှင်ပင် သူ လုံးဝ မကြောက်ပေ။
ယွမ်ရှီရှီသည် ယန်မနေ့ညက ချင်ယွင်၏ တိုက်ပွဲဝင်စွမ်းရည်ကို တွေးမိသည်။ ခုနက သူပြောခဲ့သည့် စကားများသည် နည်းနည်းလေးမှ အလွန်အကျွံမဖြစ်ဘူးဆိုသည်ကို သူမ သိသည်။ ချင်ယွင်သည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်လာသည်ကို သူမ သိချင်သော် လည်း သူမ ဆက်မမေးသေးပေ။
"သွားကြရအောင်။ ကောင်းကင်လေဟုန်တောင်တန်းမှာ အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရား ချန်ထားခဲ့တဲ့ အစွမ်ထးက် အမွေနှစ်တွေ ရှိနေတယ်လို့ ပြောကြတယ်။ ငါ့ကံကို စမ်းကြည့်ချင်တယ်။ အဲဒါကို ရှာတွေ့နိုင်ရင် ငါ့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။" ချင်ယွင်က ယွမ်ရှီရှီကို ပြောသည်။
ရွှဲ့ခိုင်သည် ကောင်းကင်လေဟုန်တောင်တန်းမှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့သည့် အမွေတစ်ခု ရှိနေနိုင်သည်ဟု ပြောပြီးကတည်းက ချင်ယွင်က ထိုအမွေနှစ်ကို အမြဲ ရှာချင်နေခဲ့သည်။
ကောင်းကင်နတ်ဆိုးသစ်သီး ရင့်မမှည့်ခင် အချိန်ဆယ်ရက်ကျော် ကျန်နေသေးသည်။ ဤအချိန်ကာလသည် သူ့ကို ကောင်းကင်လေဟုန်တောင်တန်းအား ရှာဖွေနိုင်ရန် အခွင့်ပေးနေသည်။ အကယ်၍, သူသာ ရှာတွေ့နိုင်ခဲ့လျှင်, အကောင်းဆုံးဖြစ်သည်။ မတွေ့ခဲ့လျှင်လည်း မေ့ပစ်လိုက်ရုံပင်။
"အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်လား" ချင်ယွင်၏စကား ကို ကြားတော့ ယွမ်ရှီရှီသည် ဆင်ခြင်စဉ်းစားဟန် အမူအရာကို ဖော်ပြလိုက်သည်။
"ဘာဖြစ်လို့လဲ၊ မင်း တစ်ခုခု ရှာတွေ့ထားလို့လား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"ကောင်းကင်လေဟုန်တောင်တန်းမှာ ထူးဆန်းတဲ့နေရာတစ်ခု ရှိတယ်ဆိုတာ ကျွန်မ သိတယ်။ အဲဒီနေရာက သိပ်ကို လျှို့ဝှက်လွန်းတယ်။ ဒါ့အပြင်, အရမ်းလည်း အန္တရာယ်များ တယ်။ ကျွန်မ နောက်ဆုံးအကြိမ် အဲဒီကိုသွားတုန်းက နတ်ဘုရားအစီအရင် ဝင်္ကပါတွေ ကြောင့် သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီနတ်ဘုရားတွေအစီအရင်ဝင်္ကပါတွေရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ရှိနေသလို ကျွန်မ ခံစားရတယ်။" ယွမ်ရှီရှီက ပြောသည်။
"အင်း၊ ငါ့ကိုကြည့်ဖို့ မြန်မြန်ခေါ်သွားပါ။" ချင်ယွင်သည် ချက်ချင်းပင် စိတ်ဝင်စားသွား သည်။
အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားသည် သူမသေဆုံးမီ သူ့စွမ်းအားကို ရတနာတစ်ခု အတွင်းမှာ စည်းတံဆိပ်ခတ်ထားပြီး၊ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏စွမ်းအားဖြင့် ဆိုပါက, သူကိုယ်တိုင် စည်းတံဆိပ်ခတ်ခဲ့ပါက, တုံ့ပြန်ရန် မဖြစ်နိုင်ဟု ရွှဲ့ခိုင်က ပြောခဲ့ဖူး သည်။ ထို့ကြောင့်၊ ယွမ်ရှီရှီခံစားမိသော ထိုစွမ်းအင်အတက်အကျလှိုင်းသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့သည့်အရာ ဖြစ်နိုင်ဖွယ်ရှိသည်။
"ဒါပေမဲ့ အဲဒီနေရာက အလွန်မင်း အန္တရာယ်များတယ်။ အဝင်ဝမှာတင် နတ်ဘုရား အစီအရင်ဝင်္ကပါ ခုနှစ်ခုရှိတယ်။ အမှောင်ထဲမှာရှိနေတဲ့ တားမြစ် နတ်ဘုရားအစီအရင် ဝင်္ကပါတွေကို အသာထား၊ အဲဒီအစီအရင်ဝင်္ကပါ ခုနှစ်ခုကတောင် အလွန်ကို အန္တရာယ်များ တယ်။" ယွမ်ရှီရှီက စိုးရိမ်တကြီး ပြောသည်။
"အဆင်ပြေပါတယ်။ ငါက တစ်ချက်လောက် သွားကြည့်ရုံတင်ပါ။ အရမ်းအန္တရာယ်များရင် ငါက သေချာပေါက် အဆင်ခြင်မဲ့ လှုပ်ရှားမှာမဟုတ်ပါဘူး" ချင်ယွင်က ပြုံးပြီး နှစ်သိမ့်လိုက်သည်။
ယွမ်ရှီရှီသည် ထိုစကားကိုကြားသောအခါ နောက်ဆုံးတွင် သူမသည် ခေါင်းညိတ်ပြီး၊ သဘောတူခဲ့သည်။
ထို့နောက် ချင်ယွင်သည် ရွှဲ့ခိုင်ကိုခေါ်ပြီး ယွမ်ရှီရှီ၏ ဦးဆောင်မှုအောက်တွင် သူမ ပြောခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော နေရာဆီသို့ ဦးတည်သွားခဲ့သည်။
ယွမ်ရှီရှီ၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်သည် အနှိုင်းမဲ့ ထူထပ်သည့် သစ်ပင်များ ရှိနေသည့် တောင်ထိပ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ချောက်ကြီးက အလွန်နက်ရှိုင်းပြီး အလွန်ကျဉ်းမြောင်းသည်။ ၎င်းသည် ဆယ်မီတာခန့်သာ ရှည်လျားပြီး ထူထပ်သော သစ်ပင်များဖြင့် ဝန်းရံထားသည်။ ချောက်အောက်က အရာကို မြင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။
"ဒီနေရာပဲ၊ ဒီနေရာက ကောင်းကင်လေဟုန်တောင်တန်းရဲ့ မြောက်ဘက်စွန်းပဲ။ ဒီကို လာတဲ့လူတွေ တော်တော်နည်းတယ်။ ဒါပေမယ့် ဒီချိုင့်ဝှမ်းထဲမှာ အစီအရင်ဝင်္ကပါတွေ အများကြီး ရှိတယ်။" ယွမ်ရှီရှီက ပြောသည်။
ချင်ယွင်က ဘာမှပြန်မပြောဘဲ သူ့စတင်ခြင်းမျက်လုံးကို တိတ်တဆိတ် ဖွင့်လိုက်သည်။
ဘန်း…။
ချင်ယွင်၏မျက်လုံးများတွင် ချောက်ကြီး၏မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားပြန် သည်။
စတင်ခြင်မျက်လုံး၏ အကူအညီဖြင့် ချင်ယွင်သည် နတ်ဘုရားအစီအရင် ဝင်္ကပါများကို တစ်ခုပြီးတစ်ခု မြင်နိုင်ခဲ့သည်။ ဤနတ်ဘုရား အစီအရင်ဝင်္ကပါများသည် အရွယ်အစားနှင့် စွမ်းအား အမျိုးမျိုး ကွဲပြားသည်။
ဤအစီအရင်ဝင်္ကပါတွေ စုပေါင်းထားသည့် ပမာဏက ချင်ယွင်ကို အမှန်တကယ် ထိတ်လန့်စေပါသည်။
"ဘယ်လိုလဲ၊ ဒီနေရာက အရမ်းအန္တရာယ်များတယ် မဟုတ်လား။" ယွမ်ရှီရှီက ချင်ယွင်ကို သူ့လက်ထဲမှ စတင်ခြင်းမျက်လုံးကို ပိတ်လိုက်သည်ကို မြင်သည့်အခါ မေးလိုက်သည်။
ရွှဲ့ခိုင်လည်း သိလိုစိတ်အမူအရာကို ဖော်ပြလာသည်။ ဤချောက်ကြီး၏ ထူးခြားချက်က မည်သည့်အရာဆိုတာ သူလည်း အမှန်တကယ် သိချင်နေခဲ့သည်။
"ဒါက အရမ်းအန္တရာယ်ကြီးတာ မဟုတ်ဘူး၊ အရမ်းအရမ်းကို အန္တရာယ်ကြီးတာ။ ဒီချောက်နက်ကြီးထဲမှာ အရွယ်အစားစုံ အစီအရင်ဝင်္ကပါ အားလုံးပေါင်း တစ်ရာကျော် ရှိတယ်။ နောက်ပြီး၊ အလွန်အန္တရာယ်များတဲ့ အစီအရင်ဝင်္ကပါအချို့လည်း ရှိနေသေး တယ်။ တကယ်လို့, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်တန်း ကျွမ်းကျင် သူ ဆယ်ယောက် ရောက်လာရင်တောင် သူတို့လည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး။" ချင်ယွင်က အသက်ပြင်းပြင်းရှူပြီး အလေးနက်ထားကာ သက်ပြင်းချလိုက်သည်။
ဤချိုင့်ဝှမ်းထဲတွင် ဤမျှများပြားသော အစီအရင်ဝင်္ကပါများကို မည်သူက တည်ဆောက် သွားသနည်း။ ဤအစီအရင်ဝင်္ကပါများကို တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။
ယွမ်ရှီရှီနှင့် ရွှဲ့ခိုင်တို့သည် ထိုစကားကိုကြားသောအခါ ချိုင့်ဝှမ်းကို အံ့သြတကြီး ငုံ့ကြည့် ရင်း သူတို့နှလုံးသားများ တုန်လှုပ်သွားကြသည်။
"အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်က ဒီချောက်ထဲမှာ ရှိနေတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် ဒီလိုကြောက်စရာကောင်းတဲ့ အစီအရင်ဝင်္ကပါတွေကို ဘယ်လို ချထားနိုင်မှာ လဲ" ယွမ်ရှီရှီက မှန်းဆလိုက်သည်။
"ဒါပေမယ့် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်က ဒီချိုင့်ဝှမ်းထဲမှာ ရှိနေတယ် ဆိုရင်တောင်၊ အဲဒါကို ကာကွယ်ဖို့အတွက် ဒီလိုကြောက်စရာကောင်းတဲ့ အစီအရင် ဝင်္ကပါတွေ ရှိနေမှတော့, ငါတို့ ရယူနိုင်မှာ မဟုတ်တော့ဘူးလေ။" ရွှဲ့ခိုင်က ပြောသည်။
ချင်ယွင်သည် စကားမပြောဘဲ ငြိမ်သက်သွားသည်။
ရုတ်တရက် သူ့သူငယ်အိမ်တွေက ကျုံ့သွားပြီး လေဟာနယ်ထဲမှာ ရပ်လိုက်သည်။
ယွမ်ရှီရှီနှင့် ရွှဲ့ခိုင်တို့သည် ချင်ယွင်၏ ပုံမှန်မဟုတ်သည့် အမူအရာကို သတိပြုမိပြီး စိုးရိမ်သည့် အမူအရာကိုယ်စီကို ဖော်ပြလာကြသော်လည်း ချင်ယွင်ကို မေးတော့မည့် အချိန်မှာ ရပ်သွားခဲ့သည်။
"ငါ အဆင်ပြေပါတယ်။ မင်းတို့အားလုံး စကားမပြောနဲ့။ ငါ့ကို ခဏလောက် တစ်ယောက်တည်း လွှတ်ထားလိုက်ပါ" ချင်ယွင်က ပြောသည်။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ပုံရိပ်သည် အောက်သို့ ဆင်းသက်သွားသည်။ ယွမ်ရှီရှီနှင့် ရွှဲ့ခိုင်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသော်လည်း ဘာမှ မပြောကြ ပေ။ ချင်ယွင် ဘာဖြစ်သွားမှန်း သူတို့ မသိသော်လည်း, ချင်ယွင်သည် ယခုအချိန်မှာ အရမ်းကို အရေးကြီးသည့် အရာတစ်ခုခုကို သေချာပေါက် လုပ်ဆောင်နေသည်ကို သူတို့ သိပါသည်။
မှန်ပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် အလွန်မင်း အရေးကြီးသည့် အရာတစ်ခုကို လုပ်ဆောင်နေပါသည်။ ၎င်းသည် သူ၏ကနဦးစကြာဝဠာထဲရှိ ကြေးဝါအပိုင်းအစနှစ်ခုကို ဖိနှိပ်ရန် ဖြစ်ပါသည်။
ယခုလေးတင်, ချင်ယွင်သည် သူ့ကနဦးစကြဝဠာအတွင်းမှာ တိတ်ဆိတ်နေသည့် ကြေးဝါ အပိုင်းအစ နှစ်ခုထံမှ တုံ့ပြန်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုကြေးဝါအပိုင်းအစ နှစ်ခုသည် တစ်ခုနှင့်တစ်ခု ပဲ့တင်ထပ်နေသကဲ့သို့ တုန်လှုပ်သွားကာ ကနဦးစကြာဝဠာထဲမှ အပြေးအလွှား ပြေးထွက်ကာ ချောက်နက်ထဲသို့ အပြေးအလွှား ခုန်ဆင်းသွားလိုကြသည်။
"ဖြစ်နိုင်တာက ဒီချောက်နက်အောက်မှာ ကြေးဝါအပိုင်းအစများ ရှိနေနိုင်မလား" သူ၏ ထင်မြင်ယူဆချက်ကို အတည်ပြုရန်အတွက် ချင်ယွင်သည် ချောက်နက်ကြီးဆီသို့ တမင်တကာ ဆင်းသက်လာခြင်း ဖြစ်သည်။ နောက်ဆုံးရလာဒ်မှာ သူ့ကနဦးစကြာဝဠာရှိ ကြေးဝါအပိုင်းအစများသည် ပို၍ပြင်းထန်စွာ တုံ့ပြန်လာခြင်း ဖြစ်သည်။
"ကောင်လေး, မင်းရှာနေတဲ့ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်က ဒီချောက်နက်အောက်မှာ ရှိနေတယ်။ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ တန်ခိုးတော် ကို ခံနိုင်ရည်ရှိတဲ့ တစ်ခုတည်းသောအရာက ဒီကြေးဝါအပိုင်းအစပဲ။ နောက်ပြီး ငါသိသ လောက်ဆို, အဲဒီတုန်းက အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ လက်ထဲမှာ ကြေးဝါ အပိုင်းအစတစ်ခု ရှိခဲ့တယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာ သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။ အရာအားလုံးက သူမှန်းဆထားသည့် အတိုင်းပင်။
ဤချိုင့်ဝှမ်းအောက်တွင် ကြေးဝါအပိုင်းအစတစ်ခု ဝှက်ထားခဲ့ပြီး ထိုကြေးဝါအပိုင်းအစ သည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ တန်ခိုးတော်အမွေနှစ်ကို သိမ်းဆည်းထား သည့်အရာတစ်ခုလည်း ဖြစ်နေသည်။
"ရွှဲ့ခိုင် သွား၊ သတင်းထုတ်ပြန်လိုက်ပါ။ အာဏာရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ် က ဒီချိုင့်ဝှမ်းအောက်ခြေမှာ ရှိနေတယ်လို့ ပြောရုံပါပဲ။" ချင်ယွင် ရုတ်တရက် ရွှဲ့ခိုင် ဘက်သို့ လှည့်ပြီး ပြောသည်။
ရွှဲ့ခိုင်သည် မှင်သက်သွားသော်လည်း ချင်ယွင်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည် သည်။ သူက သဘောတူပြီး ပျောက်ကွယ်သွားခဲ့သည်။