အခန်း ၁၆၆၂
Vol. 111 Ch. 1662
အခန်း (၁၆၆၂) ဧရာမနတ်ဘုရားနန်းတော်၏ နန်းတော်သခင်။
ရွှဲ့ခိုင်၏ လူသိရှင်ကြား ဖော်ပြမှုအောက်တွင် ထိုသတင်းသည် ကောင်းကင်လေဟုန် တောင်တန်းတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"ကောင်းကင်လေဟုန်တောင်တန်းမှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို မြှုပ်နှံထားတယ်ဆိုတဲ့အကြောင်း ငါကြားဖူးတာ ကြာလှပြီ။ အဲဒါက အမှန်ဖြစ်နေဖို့ မမျှော်လင့်ထားဘူး"။
"မှန်တယ်၊ အဲဒါက အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ဖြစ်နေတုန်းပဲ။ ဒီ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားနဲ့ လက်ရည်တူ တိုက်ခိုက်နိုင်လုနီးပါးပဲ။ တကယ်လို့, သူ့အမွေနှစ်ကိုသာ ငါတို့ ရနိုင်ခဲ့ရင်, ငါတို့လည်း အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားလို ဖြစ်လာမှာပဲ မဟုတ်လား.."။
"အလိုကောင်းကင်ဘုံ, ဒီအမွေနှစ်ကို ဒီကောင်းကင်လေဟုန်တောင်တန်းမှာ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ ဒီအမွေနှစ်ကို ရအောင်ယူ ရမယ်။ ဒါဆို ငါ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့တန်ခိုးတော်ကို အသုံးပြုနိုင်ပြီး ဒီ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းကနေ လွတ်မြောက်ကောင်း လွတ်မြောက်သွားနိုင် တယ်”။
"ဟမ့်၊ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားအမွေနှစ်ကို ရယူဖို့ မင်းအလှည့် ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။ တကယ်လို့ ငါပိုင်သွားရင်တော့, ဘယ်သူမှ ဒီအကြောင်းကို စဉ်းစားမှာ မဟုတ်တော့ဘူး”။
…
ထိုသတင်း ပြန့်သွားသည်နှင့် တပြိုင်နက် ကောင်းကင်လေဟုန်တောင်တန်း တစ်ခုလုံး သည် ပေါက်ကွဲသွားသည့်အလား ထင်မှတ်ရပြီး လူတိုင်း မငြိမ်မသက် ဖြစ်သွားကြသည်။
အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားက မည်သူလဲ။
ဟိုတချိန်တုန်းက ပန်ဂုကို တိုက်ခိုက်နိုင်သည့် လူတစ်ယောက် ဖြစ်ခဲ့သည်။ ထိုကဲ့သို့ မဟာနတ်ဆိုးနတ်ဘုရားတစ်ပါး ချန်ထားရစ်ခဲ့သည့် အမွေအနှစ်က မည်သို့ မရူးသွပ်ဘဲ နေနိုင်မည်နည်း။
ထို့ကြောင့် လူတိုင်းသည် ချောက်ကြီးဆီသို့ ပြေးသွားကြသည်။ တစ်ရက်မပြည့်မီမှာပင် လူပေါင်းများစွာသည် ချောက်နက်ထဲတွင် စုရုံးနေကြပြီ ဖြစ်သည်။
အမွေနှစ်ကို ဦးစွာရယူရန်အတွက် စိတ်မရှည်သော လူအချို့သည် ပတ်ဝန်းကျင်ရှိ အစီအရင် ဝင်္ကပါတွေများကို လျစ်လျူရှုကာ ချောက်ထဲသို့ ပြေးသွားကြသည်။ သို့သော် သိပ်မကြာခင်မှာပင် သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထဲတွင် ပျက်သုဉ်းသွားခဲ့ပြီး သဲလွန်စပင် မကျန်ရစ်ခဲ့ပေ။
ချောက်ကြီးသည် ထိုမျှ မလွယ်ကူကြောင်း နောက်မှလိုက်ပါသူများသည် လျင်မြန်စွာ သဘောပေါက်သွားကြသည်။ ကြောက်စရာကောင်းသည့် အစီအရင်ဝင်္ကပါတွေ ရှိနေသည့် အတွက် သူတို့သည် မဆင်မခြင်း မပြုမူဝံ့တော့ပေ။ ထိုကဲ့သို့ပင် လူထောင်ပေါင်းများစွာ သည် ချောက်ကြီးပေါ်တွင် စုဝေးနေခဲ့ကြသည်။
ချင်ယွင်သည် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ ချောက်နက်ကြီးအထက်တွင် ထူထပ်စွာ လွင့်မျောနေသော ပုံရိပ်များကို ကြည့်ရှုနေသည်။ သူ့ပါးစပ်ထောင့်တွင် မထင်မရှား အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။
အရာအားလုံးက သူမျှော်လင့်ထားတဲ့အတိုင်းပင်။ ထိုသတင်း ထွက်လာသည့်အခိုက်မှာပင် လူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ နောက်တစ်ဆင့်ကတော့ ငါးကြီးတွေကို ဖမ်းနိုင်ရန် စောင့်နေခြင်း ဖြစ်သည်။
"ခင်ပွန်း၊ အမွေနှစ်နဲ့ပတ်သက်ပြီး ဒီသတင်းကို ဘာလို့ ထုတ်ပြန်ခဲ့တာလဲ။ ဒါဆို အမွေနှစ်ရဖို့အတွက် ပိုပြီး ခက်မသွားဘူးလား" ယွမ်ရှီရှီက ချင်ယွင်၏ နောက်မှာ ရပ်နေရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပါသည်။
ချင်ယွင်နှင့်အတူ လွန်ခဲ့သော ရက်အနည်းငယ်ခန့် လက်တွဲခဲ့ပြီးနောက် ယွမ်ရှီရှီသည် ချင်ယွင်၏အမည်ကို ခင်ပွန်းအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ နောက်ဆုံးတွင် သူတို့ နှစ်ယောက်သည် လက်ထပ်ပြီးသား ဖြစ်သည်။
"စိတ်မပူပါနဲ့၊ သူတို့ ဒီအမွေနှစ်ကို ရယူနိုင်မှာ မဟုတ်ပါဘူး။ ငါ ဒီသတင်းကို ထုတ်ပြန်ရတဲ့ အကြောင်းရင်းက အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ကျွမ်းကျင်သူတွေကို ဆွဲဆောင်ဖို့ပဲ။ သူတို့က တကယ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။" ချင်ယွင် က ပြုံးပြုံးလေး ပြောလိုက်သည်။
ချောက်ထဲတွင် အစီအရင်ဝင်္ကပါပေါင်း တစ်ရာကျော် ရှိနေခဲ့သည်။ လူပေါင်း ထောင်ဂဏန်း အနည်းငယ်ကို မဆိုထားနှင့်၊ လူပေါင်း သောင်းချီလာခဲ့လျှင်ပင်, ၎င်းတို့ အားလုံးကို မဖျက်ဆီးနိုင်ပေ။ ထို့ကြောင့်၊ ဤလူတို့များသည် ထိုအမွေနှစ်ကို လုယူမည်ကို သူ မစိုးရိမ်ပေ။
ဟုတ်ပါသည်။ ဤလူတွေ မစွမ်းနိုင်သလို သူကိုယ်တိုင်လည်း မစွမ်းနိုင်ပါဘူး။
ထို့ကြောင့် သူသည် လက်တွဲဖော်များကို ရှာဖွေရမည် ဖြစ်ပြီး ထိုလုပ်ဖော်ကိုင်ဖက်များ သည် သဘာဝအတိုင်း မှောင်ရိပ်ခိုနေသည့် ထိုကျွမ်းကျင်သူများ ဖြစ်သည်။
"ရှင်က ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်က လူလေးယောက်ကို ဆွဲဆောင်ပြီး သူတို့နဲ့အတူ လက်တွဲပြီး၊ ဒီချောက်ကြီးရဲ့ အစီအရင်ဝင်္ကပါတွေကို ချိုးဖျက်မယ်လို့ ဆိုလိုတာလား။" ယွမ်ရှီရှီသည် ချင်ယွင်၏ အတွေးကို နားလည်သွားပုံရပြီး မေးလိုက်သည်။
"ဟုတ်တယ်၊ ငါဆိုလိုတာ ဒီအတိုင်းပဲ။ သေချာတာက, လူတိုင်းနဲ့ ပူးပေါင်းလို့ မရနိုင်ဘူး လေ။ ဥပမာ၊ ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ပေါ့။ သူက ငါနဲ့အတူ ပူးပေါင်းချင်ရင်တောင် ငါက သဘောမတူနိုင်ဘူး။ အဲဒီလူက ဒီအမွေနှစ်ကို သေချာပေါက် စိတ်ဝင်စားမယ်လို့ ငါ ယုံကြည်တယ်။" ချင်ယွင် ရယ်မောကာ ပြောလိုက်သည်။
ယွမ်ရှီရှီသည် ချင်ယွင်၏စကားကို သေချာ ပြန်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
ချင်ယွင် ပြောတော့မည့် ထိုလူက မည်သူလဲဆိုသည်ကို သူမ သိပါသည်။ အုပ်စိုးရှင် မဟာ နတ်ဆိုးနတ်ဘုရား၏ အမွေနှစ်မှုမှ မည်သည့် ကျင့်ကြံသူများသည် အကျိုးအမြတ် အများဆုံး ရရှိမည်နည်း။ သဘာဝအတိုင်း၊ ထိုလူသည် နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ် သန့်စင်သူများသာ ဖြစ်ပါလိမ့်မည်။
ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်နယ်မြေထဲတွင်၊ အင်မော်တယ်တောင်သို့ ဝင်ရောက်ခဲ့သော ပုဂ္ဂိုလ်နှစ်ဦးမှလွဲ၍ အခြားလေ့ကျင့်သူလေးဦးတွင် လူတစ်ဦးတည်းသာ နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ် သန့်စင်သူ ဖြစ်သည်။ ထို့ကြောင့် ထိုသူသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို လက်လွှတ်ခံမည် မဟုတ်ပေ။
"ဘုန်း…."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်မှ ဆင်းသက်လာသော အသံတစ်ခု သည် တောင်ထိပ်တစ်ခုပေါ်သို့ ပြင်းထန်စွာ ဆင်းသက်လာခဲ့ပြီး တောင်ထိပ်တစ်ခုလုံး ပြိုကျသွားကာ ကောင်းကင်ယံမှ ပြင်းထန်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
"သူက ရောက်လာပြီပဲ" ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က ပြုံးလိုက်ပါသည်။
ယွမ်ရှီရှီသည် သူမ၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာဖြင့် မြေမှုန့်များကြားမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည့် ပုံရိပ်ကို ကြည့်လိုက်ပါသည်။
သူမ ထွက်ပေါ်လာပြီးကတည်းက ထိုလူတစ်ယောက်သာ သူမကို ပြင်းထန်သည့် ဖိနှိပ်မှု များ ပေးနိုင်ခဲ့သည်။ ထိုဖိနှိပ်မူအမျိုးစားသည် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်ပြီး ရုတ်တရက် နိုးထလာသည့် ရှေးခေတ် သားရဲတစ်ကောင်အလား ထင်မှတ်ရသည်။
"ဧရာမနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်၊ သူလည်း တကယ်ကို ရောက်လာခဲ့တယ်။"
"သူမျှော်လင့်ထားတဲ့အတိုင်း သူ ရောက်လာတာပဲ မဟုတ်လား။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင်တဲ့ အဲဒီသုံးယောက်ရော ရောက်လာမလား ငါ မသိဘူး”။
…
အနီးနားရှိ လူတိုင်းသည် ဧရာမနတ်ဘုရားနန်းတော်၏ နန်းတော်သခင် ထွက်ပေါ်လာ သည်ကို မြင်သောအခါတွင် စတင် ဆွေးနွေးလာကြသည်။
ချင်ယွင်၏ ပါးစပ်ထောင့်ရှိ အပြုံးက ပို၍ပင် ပီပြင်လာသည်။ မှန်ပါသည်၊ သူစောင့်နေသည့် လူက ဧရာမနတ်ဘုရားနန်းတော်၏ နန်းတော်သခင် လုံချန်ဖြစ်ပါသည်။
လုံချန်သည် အင်မော်တယ်တောင်သို့ ဝင်ရောက်သူနှစ်ဦးမှ လွဲ၍ အခြား အစွမ်းထက်ဆုံး လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် လုံချန်နှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ချောက်ထဲသို့ လမ်းကြောင်းဖွင့်နိုင်မည်ဟု ခံစားခဲ့ရသည်။
သို့သော်၊ ချင်ယွင်သည် လုံချန်ကို ရှာရန် အလျင်လိုခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အခုချိန်မှာ လုံချန်ကို ရှာဖွေခြင်းက အသုံးမဝင်ကြောင်း သူသိသောကြောင့် ဖြစ်သည်။ ချောက်နက်ကြီး၏ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းပုံကို တွေ့ကြုံခံစားခွင့်ရပြီးမှသာ အင်အားစုအဖွဲ့ဝင်အဖြစ် စည်းရုံးနိုင်မည် ဖြစ်သည်။
"ဘေးကိုဖယ်စမ်း…"
လုံချန်သည် ဖုန်မှုန့်များကြားမှ လေထဲသို့ လျှောက်လှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းသည် ဗလာကျင်းဖြစ်နေခဲ့ပြီး၊ သူ့ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ပုံစံများ ချယ်လှယ်ထားသည်။ ဤပုံစံများသည် ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်ပြီး လူများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏စိတ်နှလုံးကို ရင်တုန်သွားသလို ခံစားလာရစေသည်။
သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများသည် ပေါက်ကွဲထွက်နိုင်သော စွမ်းအားများ ပါရှိနေသည်။ ဤစွမ်းအားသည် တစ်ချက်မျှလှုပ်ရှားရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင် သည့်အလား ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသည်။
အထူးသဖြင့်၊ သူ့မျက်လုံးများသည် နိုးထလာသော ရှေးဟောင်း ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင်နှင့် တူသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်, လူတိုင်း၏ စိတ်နှလုံးကို အဆုံးမရှိ တုန်လှုပ်သွားစေပြီး စိတ်မသက်မသာ ခံစားရစေသည်။
လူအစုအဝေးသည် သူ၏စကားကိုကြားသောအခါ အလယ်ကနေ နှစ်ဖက်ကွဲသွားပြီး၊ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
လုံချန်သည် ချိုင့်ဝှမ်းကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ရုတ်တရက် သူ့မျက်လုံးများက ကျဉ်းမြောင်းလာပြီး သူ့တစ်ကိုယ်လုံး အောက်သို့ လျင်မြန်စွာ ဆင်းသက်သွားသည်။
ထိုမြင်ကွင်းကို လူတိုင်းမြင်လိုက်ရသည့်အခါ လူတိုင်း အံ့အားသင့်နေသည့် အမူအရာ ကိုယ်စီကို ဖော်ပြလာကြသည်။ သူတို့သည် လုံချန်၏ပုံရိပ်ကို စိုက်ကြည့်နေကြသည်။ လုံချန်သည် ဤမျှကြောက်စရာကောင်းသည့် အစီအရင်ဝင်္ကပါများကို ကျော်ဖြတ်နိုင် စွမ်းရှိမရှိ သူတို့ အမှန်တကယ် သိချင်ကြပါသည်။
သို့သော်၊ လုံချန်သည် ချောက်ထဲသို့ နစ်မြုပ်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျလှိုင်းများက သူ့ဆီသို့ တဟုန်ထိုး တွန်းထုတ်လာခဲ့သည်။
လုံချန်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားပြီး၊ တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်အားလုံးသည် တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာကာ သူ့လက်သီးတွင် စုစည်းသွားခဲ့ သည်။
လက်သီးတစ်ချက်က ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုကို ဖြိုခွဲပစ်ရန် လုံလောက်ပါသည်။
သို့သော် အစီအရင်ဝင်္ကပါမှ ထုတ်လွှတ်သော စွမ်းအားနှင့် သူ့စွမ်းအားနတို့ ထိပ်တိုက် တွေ့ဆုံမိသောအခါ၊ အစီအရင်ဝင်္ကပါ၏ စွမ်းအားကို မဖြိုခွဲနိုင်ခဲ့ပေ။ ယင်းအစား၊ ၎င်း စွမ်းအားကြောင့် တွန်းထုတ်ခံလိုက်ရပြီး၊ သူ့ပါးစပ်ထောင့်မှ သွေးစသွေးနများ ယိုစီးလာ သည်။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ အစီအရင်ဝင်္ကပါတွေရဲ့ စွမ်းအားလဲ။ ဒီချောက်ရဲ့ အဝင်ဝမှာ ကြောက်စရာကောင်းတဲ့ အစီအရင်ဝင်္ကပါတစ်ခု ရှိနေတာလား" လုံချန်၏ မျက်နှာက တုန်လှုပ်ခြောက်ခြားသည့် အမူအရာကို ဖော်ပြလာပါသည်။ သူ၏ ဦးချိုနဂါးကဲ့ သို့ လက်မောင်းသည် အဆက်မပြတ် တုန်ယင်နေသည်။ သိသိသာသာပင်၊ အစောပိုင်းက ထိုတန်ပြန်တိုက်ခိုက်မူသည် သေးငယ်သည် မဟုတ်ခဲ့ပေ။
ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်သောအခါ သူတို့၏မျက်လုံးများတွင် တုန်လှုပ် ခြောက်ခြား ခြင်းများဖြင့် ပြည့်နှက်နေပါသည်။
လုံချန်ပင်လျှင် ဤအစီအရင်ဝင်္ကပါကို မလှုပ်ခါနိုင်ခဲ့ပေ။ ထို့ကြောင့် ဤအစီအရင်ဝင်္ကပါ များကို လှုပ်ခါပြီး မည်သူက အမွေနှစ်ကို ရယူနိုင်မည်နည်း။
"စီနီယာ လုံချန်၊ ကျွန်တော့်မှာ အစီအရင်ဝင်္ကပါတွေကို ဖျက်ဆီးဖို့ နည်းလမ်းရှိတယ်။ ကျွန်တော့်တို့ ပူးပေါင်းကြမယ်ဆိုရင်ရော ဘယ်လိုလဲ။
လူတိုင်း လက်လျှော့ခါနီးမှာ အဝေးမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
လူတိုင်း အသံ၏ဦးတည်ရာဆီသို့ ကြည့်လိုက်ရာ အဝေးမှ ဖြည်းညင်းစွာ လျှောက်ထွက် လာနေသည့် လူငယ်တစ်ဦး, အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့လိုက်ရ သည်။
ထိုလူက ချင်ယွင် မဟုတ်ရင် မည်သူ ဖြစ်နိုင်မည်နည်း။