← Chapters

အခန်း ၁၆၆၃

Vol. 111 Ch. 1663

အခန်း ၁၆၆၃

Vol. 111 Ch. 1663

အခန်း (၁၆၆၃) ဆွဲမက်ဖွယ် ငန်းရိုင်း။

ချင်ယွင်၏ စကားများက လူပေါင်းများစွာ၏ စိတ်အာရုံကို ချက်ခြင်း စွဲဆောင်သွားကာ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။

“မင်းက ဘယ်သူလဲ" ချင်ယွင်ကို မျက်လုံးပေါင်းများစွာဖြင့် ကြည့်နေရင်း ချင်ယွင်၏ စကားများကြောင့် လုံချန်သည် ဆွဲဆောင်ခံလိုက်ရပါသည်။

ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် မြေကမ္ဘာနတ်ဘုရား၏ အထွတ်အထိပ်တွင်သာ ရှိနေသည်ကို သူမြင်သောအခါတွင် သူသည် မသိစိတ်မှ မျက်မှောင်ကြုတ်သွားသည်။ သို့သော် ဤအရာကြောင့် သူသည် ချင်ယွင်ကို အထင်သေးခြင်း မရှိပေ။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ချင်ယွင်၏ နောက်တွင် ရပ်နေသော ရွှဲ့ခိုင်သည် ကျင့်ကြံမှုအဆင့် မနိမ့်ကျကြောင်း သူတွေ့ရှိသောကြောင့် ဖြစ်သည်။ မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးသည် သူ့နောက်၌ ထိုကဲ့သို့ လူတစ်ယောက်ကို လိုလိုလားလား ရပ်တည်နိုင်အောင် လုပ်ဆောင်စွမ်းရှိခြင်းကပင် ထိုလူသည် သေချာပေါက် ရိုးရှင်းသည့် လူတစ်ဦး မဖြစ်နိုင်တော့ပေ။

"ဂျူနီယာ ချင်ယွင်က စီနီယာလုံချန်ကို နှုတ်ဆက်ပါတယ်။" ချင်ယွင်သည် ဧရာမ နတ်ဘုရားနန်းတော်၏ နန်းတော်သခင်ရှေ့သို့ လျှောက်သွားပြီး ယဉ်ကျေးစွာ ပြောဆို သော်လည်း နိမ့်ချခြင်း မရှိခဲ့ပေ။

"ဒါဆို မင်းက ချင်ယွင်ပေါ့" လုံချန်သည် ချင်ယွင်ကို စိုက်မကြည့်ဘဲ မနေနိုင်တော့။

"အိုး.. စီနီယာ ကျွန်တော့်ကို သိနေတာလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

လုံချန်က သူ့ခေါင်းကို ခါယမ်းလိုက်ပြီး ပြောသည် "ငါ သူ့ကို မသိပါဘူး၊ ဒါပေမယ့်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်ဆီကနေ ငါ သတင်းတစ်ခု ရရှိခဲ့တယ်။ အဲဒီချင်ယွင်လို့ခေါ်တဲ့လူက ရန်မိုရဲ့လက်ကနေ ကြယ်အလင်း ကျောက်တုံးကို လုယူသွားရုံ တင်မကဘူး ရန်မိုကိုလည်း လက်သီး တစ်ချက်နဲ့ ဒဏ်ရာရအောင် ထိုးနှက်ခဲ့တဲ့ သတင်းပေါ့။ သူ့ခွန်အားက ကောင်းကင်နတ်ဘုရား အဆင့်သတ် မှတ်ချက်ဝင် ကျွမ်းကျင် သူ တစ်ဦးထက် မနိမ့်ကျဘူး။ ငါ သိချင်တာက ဒါက အမှန်တရားလား”။

ချင်ယွင်သည် ထိုစကားကိုကြားတော့ သူက ချက်ချင်း ရယ်လိုက်ပြီး "စီနီယာက တကယ်ကို ကောင်းကောင်း သိနေတာပဲ။ မှန်ပါတယ်၊ ကျွန်တော် ရန်မိုဆီကနေ ကြယ်အလင်းကျောက်တုံးကို ယူခဲ့ပေမယ့် စီနီယာနဲ့ တခြားသူတွေနဲ့ နှိုင်းယှဉ်ရင် ကွာဟချက်က ကြီးကြီးမားမား ရှိနေတုန်းပါပဲ။"

ထိုစကားကို ကြားတော့ လုံချန်၏မျက်နှာက သဘောကျမှု အရိပ်ယောင် ဖော်ပြလာသည်။

ခုနက သူပြောခဲ့သည့်စကားတွေက ချင်ယွင်ကို အမှန်တကယ် ချီးကျူးခြင်း မဟုတ်ဘဲ၊ စမ်းသပ်ခြင်းသာ ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်သာ မဏ္ဍပ်တိုင်ပေါ် တက်လိုက်ပါက၊ ချင်ယွင်အပေါ် သူ့အမြင်က အလွန်နိမ့်ကျသွားမည်မှာ သေချာပါသည်။ သို့သော်လည်း, ယခုမူ ချင်ယွင်၏ စွမ်းဆောင်မှုက သူ့ကို အလွန်ကျေနပ်စေပါသည်။

နှိမ့်ချပြီး ခမ်းနားထည်ဝါမူ ရှိမနေခြင်း၊ ၎င်းသည် အမှန်ပင် အရည်အချင်းတစ်ခု ဖြစ်သည်။

"မဆိုးဘူး၊ မောက်မာမူမရှိဘူး။ စိတ်မရှည်မူလည်း မရှိဘူး။ အဲဒါက တကယ့်ကို ရှားပါတယ်။" လုံချန်က ချီးကျူးသည်။

"စီနီယာလုံက ကျွန်တော့်ကို မြှောက်ပင့်နေတာပါ။" ချင်ယွင်က ပြုံးပြီး သူ့နှလုံးသားက ရွှင်လန်းမှု အပြည့်နှင့်ပင်။

အခုနက လုံချန်က သူ့ကို စမ်းသပ်နေခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကရော လုံချန်ကို စမ်းသပ်နေခြင်း မဟုတ်ဘူးလား။ အကယ်၍ လုံချန်သါ ကြောင်သူတော်နှင့် လိမ္မာကောက် ကျစ်သော လူမျိုးဆိုလျှင်၊ သူသည် ပူးပေါင်းဆောင်ရွက်မှုကို သေချာပေါက် ရပ်တန့်ပစ်ရ လိမ့်မည်။ ယခုမူ လုံချန်သည် အလွန်သဘာဝကျပြီး ပြတ်သားစွာ ပြုမူနေပါသည်။ ဤအချက်က ချင်ယွင်သည် သူ့အပေါ် အထင်ကြီးစရာတွေ အများကြီး ဖြစ်ပေါ်စေသည်။

"မှန်တယ်၊ ချင်ယွင်၊ မင်းမှာ ဒီချောက်ကြီးကို ဖြတ်ကျော်ဖို့ နည်းလမ်းရှိတယ်လို့ မင်း အခုပဲ ပြောခဲ့တယ် မဟုတ်လား။" လုံချန်က အဓိကအကြောင်းအရာကို ပြန်မေးသည်။

ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည် "အရိုးသားဆုံးပြောရရင်, ဒီချိုင့်ဝှမ်းမှာ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်သတင်းကို ဒီဂျူနီယာက စီနီယာကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်ခဲ့တာပါ"

"အယ်…" ထိုစကားကိုကြားတော့ လုံချန်၏ မျက်နှာက သတိထားသည့် အရိပ်အယောင် ပေါ်လာသည်။

ချင်ယွင် ပြုံးပြီး ဂရုမစိုက်ပေ။ ယင်းအစား သူက ဆက်ပြောသည် "ကျွန်တော် စီနီယာကို ဆွဲဆောင်ရတဲ့ အကြောင်းရင်းက စီနီယာနဲ့ လက်တွဲလုပ်ဆောင်ချင်လို့ပဲ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ ဒီအစီအရင်ဝင်္ကပါကို ကျွန်တော် မချိုးဖျက်နိုင်ဘူး။ ဒါပေမယ့် စီနီယာနဲ့ ကျွန်တော် အတူလက်တွဲရင်တောင် မျှော်လင့်ချက် အပိုင်းအစတစ်ခုတစ်လေ ရှိနိုင်ရုံလောက်ပဲ”။

လုံချန်သည် ချင်ယွင်၏စကားကို ကြားပြီး၊ သူသည် အောက်ဘက်ချောက်ကြီးကို လှည့်ကြည့်ပြီး ပြောလိုက်သည် "မင်းပြောတာ မှန်ပါတယ်။ မင်းနဲ့ငါ အတူတူ လက်တွဲရင် ချောက်အထက်က အုတ်မြစ်ကို ဖြတ်ကျော်သွားနိုင်တယ်။ ဒါပေမယ့် ဒါက ချောက်နက်အထက်က အစီအရင်ဝင်္ကပါတွေကို တကယ်ပဲ ချိုးဖြတ်နိုင်တယ်။ ဒါပေမယ့်, အောက်ခြေမှာ ကြောက်စရာကောင်းတဲ့ အစီအရင်ဝင်္ကပါတွေ အများကြီး ရှိနေတာကို ငါ ခံစားရတယ်။ ဒီအစီအရင်ဝင်္ကပါတွေ ငါ့အတွက် အန္တရာယ် ခံစားရစေတယ်။ အဲဒါကို ခုခံနိုင်စွမ်း မရှိသေးဘူး။"

"စီနီယာ, စီနီယာရဲ့အမြင်အာရုံက တကယ်ကို ကောင်းပါပေတယ်။ မှန်ပါတယ်၊ အောက်မှာ တကယ်ကို အန္တရာယ်များတဲ့ အစီအရင်ဝင်္ကပါတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က အစီအရင်ဝင်္ကပါတွေမှာ ကျွမ်းကျင်တယ်ဆိုရင်တော့ ယုံကြည်ချက် ပိုများလာမယ်လို့ စီနီယာ တွေးဖူးလား။" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက် သည်။

လုံချန်၏မေးခွန်းကို သူ မည်သို့ မတွေးထားဘဲနေမည်နည်း။ သူ ဖိတ်ခေါ်ရဲမှတော့, သူ့မှာ ယုံကြည်မှု အနည်းငယ်ရှိနေသည်မှာ သဘာဝအတိုင်းပင်။

"တကယ်လို့, မင်းသာ အစီအရင်ဝင်္ကပါတွေကို ကျွမ်းကျင်ပါက၊ ငါတို့မှာ ရှင်သန်ဖို့ အခွင့်အလမ်း ရှိသေးတယ်။ ဒါပေမယ့်, ဒီအစီအရင်ဝင်္ကပါတွေက အလွန်မင်း ကြောက်စရာကောင်းတဲ့ တားမြစ် နတ်ဘုရားအစီအရင်ဝင်္ကပါတွေ ဖြစ်နေတယ်။ ဒီအစီအရင်ဝင်္ကပါတွေက အလွန်ကို အန္တရာယ်များလှတယ်။ မင်း ဒီအစီအရင်ဝင်္ကပါတွေ ကို ကျွမ်းကျင်နေပေမယ့် ၎င်းတို့အားလုံးကို ချိုးဖျက်ရန် အလွန်ခက်ခဲလိမ့်မယ်" လုံချန်က စိတ်ပူစွာ ပြောသည်။

ချင်ယွင်က ပြုံးလိုက်သည်။ လုံချန်၏ စိုးရိမ်ပူပန်မှုများကို သူသိသည်။ သူက ပြုံးပြီး ပြောသည် "အစီအရင်ဝင်္ကပါတွေ အားလုံးမှာ ချို့ယွင်းချက်တွေ ရှိပါတယ်။ ချို့ယွင်းချက် ရှိနေရင် ဖြိုခွဲနိုင်ပါတယ်။ ဒီအုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်က အနှိုင်းမဲ့ အဖိုးတန် ရတနာတစ်ခုပဲလေ။ ကြွယ်ဝမူနဲ့အတူ အန္တရာယ်ပါယှဉ်တွဲနေတဲ့ ရတနာပေါ့။ တကယ်လို့, အန္တရာယ်မရှိဘူးဆိုရင် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ဘာများ ပြောစရာ လိုတော့မှာလဲ။"

"ကောင်းပြီ၊ မင်း ဘာလို့ ကျင့်ကြံမှုအကြောင်း ပြောနေသေးတာလဲ။ မင်းရဲ့စကားတွေအရ ငါလုံချန်က ဒီနဂါးနဲ့ကျားရဲတွင်းကို စူးစမ်းလေ့လာဖို့ မင်းနဲ့အတူ ပူးပေါင်းမယ်။" လုံချန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

ချင်ယွင်လည်း ပြုံးပြသည်။ အစကတည်းက၊ လုံချန်သည် စိတ်ခံစားချက်ကို ဦးစားပေးသူ ဖြစ်ကြောင်း သူ ပြောနိုင်သည်။ ထုံးစံအတိုင်း၊ ခုနက သူပြောခဲ့သည့်စကားတွေက သူ့ကို လက်တွဲဖို့ သဘောတူရန် လုံချန်ကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သေချာသည်မှာ, ထိုစကားများသည် ချင်ယွင်၏နှလုံးသားထဲမှ အစစ်မှန် အတွေးများ လည်း ဖြစ်ခဲ့ပါသည်။

ကျင့်ကြံခြင်းသည် မူလကတည်းက ကောင်းကင်ဘုံကို အန်တုပြီး ကောင်းကင်၏ တန်ခိုးအစွမ်းကို လျှို့ဝှက်စွာ စိန်ခေါ်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစည်းမျဉ်းများကို သူသည် အခြားသူများထက် ပို၍ နားလည်သည်။

အစီအရင်ဝင်္ကပါတွေဆိုင်ရာနှင့်ပတ်သက်၍ ကျွမ်းကျင်ခြင်းအတွက်မူ ချင်ယွင်သည် အစီအရင်ဝင်္ကပါအပေါ် အချိန်အတော်ကြာ မလေ့လာခဲ့သော်လည်း၊ သူသည် ရှေးဟောင်း အစီအရင်ဂိုဏ်းမှ ဆင်းသက်လာဆဲ ဖြစ်သည်။ အစီအရင်ဝင်္ကပါတွေ တည်ဆောက်ပုံများ ကို သူ၏နားလည်မှုသည် အလွန်နက်နဲနေပါသေးသည်။ မည်မျှပင် လက်ရာမြောက်ပြီး ပြီးပြည့်စုံသည့် အစီအရင်ဝင်္ကပါများ ဖြစ်စေ ၎င်းတို့တွင် ကိုယ်ပိုင်ချို့ယွင်းချက်များ ရှိရမည်။ ချို့ယွင်းချက်များကို ဆုပ်ကိုင်ထားသရွေ့ မကျိုးပျက်သွားမှာကို စိုးရိမ်နေစရာ မလိုပါဘူး။

"သွားကြစို့ စီနီယာ, ကျွန်တော်တို့ ချောက်ကြီးရဲ့ မျက်နှာပြင်ပေါ်ရှိ အတားအဆီးကို အရင် ဖြတ်ကျော်ဖို့ အတူတူလက်တွဲ လုပ်ဆောင်ရအောင်။ ဒါမှ ကျွန်တော်တို့ ဝင်နိုင်မှာလေ။ ငါတို့ လုပ်ရမှာက ရိုင်းစိုင်းတဲ့ စွမ်းအားကို အသုံးပြုရုံပဲ။" ချင်ယွင်က လုံချန်ကို ပြောသည်။

"ကောင်းပြီ၊ ငါ အစီအရင်ဝင်္ကပါတွေ မချိုးဖျက်နိုင်ဘူး။ ဒါပေမယ့် အရိုင်းဆန်တဲ့ စွမ်းအား ကို အသုံးပြုရာမှာ ငါက ကျွမ်းကျင်ဆုံးပဲ။" လုံချန်က ပြုံးပြီး ချောက်ကြီးထဲကို ပြေးသွားသည်။

ချင်ယွင်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ရွှဲ့ခိုင်နှင့် ယွမ်ရှီရှီတို့ကို နှုတ်ဆက်ပြီးနောက် သူလည်း လိုက်ပါသွားခဲ့သည်။

သို့သော်၊ ချင်ယွင်နှင့် လုံချန်တို့သည် အစီအရင်ဝင်္ကပါတည်ဆောက်မူကို ဖြိုခွင်းရန် အတူတကွ လုပ်ဆောင်နေကြစဉ်မှာ ဆွဲမက်ဖွယ် အသံတစ်ခုက ကောင်းကင်ယံ၌ ထွက်ပေါ်လာသည်။

"အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်က ဒီလောက်ကောင်းတဲ့အရာကို။ ငါ့ကို မခေါ်ဘဲ တစ်ယောက်ထဲ ချန်ထားမလို့လား။ လုံချန်၊ ရှင်က အားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေတာလား”။

ထို့နောက် ဆွဲဆောင်မှုရှိပြီး အနီရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ဦးသည် အဝေးမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူမ၏ ခြေလှမ်းတွေက နှေးကွေးနေသော်လည်း သူမ၏ အမြန်နှုန်းက လုံးဝ စိတ်မကျေမနပ် ဖြစ်စရာမရှိပေ။ သူမ၏ရုပ်ရည်က ချောမောပြီး သူမ၏ လှုပ်ရှားမှုတွေက စွဲမက်ဖွယ်ကောင်းနေလွန်းသည်။

သို့သော်၊ သူမ၏ လှုပ်ရှားမှုတိုင်းတွင် သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခု ရှိနေပြီး အနှိုင်းမဲ့ အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။

"သူမ...သူမဘာလို့ ဒီကို ရောက်နေတာလဲ။ ပြေးကြ၊ သူမမျက်လုံးထဲ ဝင်ရောက်မိရင် ဘယ်လို သေရမှန်းတောင် သိမှာမဟုတ်ဘူး"

"ဟုတ်တယ်၊ သူက နတ်ဆိုးမိန်းမပဲ။ ပြေးရအောင်"

…

ထိုအမျိုးသမီး ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်မှ အချက်ပေး အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့နောက် လူအုပ်ကြီးသည် နောက်သို့ ဆုတ်သွားကြ သည်။ ချင်ယွင်နှင့် အခြားသူများ၏ စက်ဝိုင်းသည် သိသိသာသာ ကျယ်ပြန့်လာသည်။

"ဒီအမျိုးသမီးက မလွယ်ဘူး။ အကယ်၍, သူ့မှန်းဆချက်သာ မှန်ခဲ့ရင် သူမက ရွှဲ့ခိုင် ပြောခဲ့တဲ့ ငန်းရိုင်းမပဲ ဖြစ်သင့်တယ်။ အမှန်ဆို သူမက ဆူးတွေနဲ့ပြည့်နေတဲ့ နှင်းဆီတစ်ပင်ပဲ။" ချင်ယွင်က သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပါသည်။

သူ့ရှေ့က အမျိုးသမီးက လှပပြီး ချစ်စရာကောင်းသော်လည်း၊ အရိုးထဲက ရက်စက်မှုက လူတွေကို သူမအနီး ချဉ်းကပ်ရန် မဝံ့မရဲ ဖြစ်စေခဲ့ပါသည်။

"ဟား..၊ ဟား…၊ ဟုန်ရန်၊ မင်းလာဖို့ ငါ မမျှော်လင့်ထားဘူး။ ငါက တစ်ကိုယ်တော် စားမယ့်လူလို့ မင်း ပြောခဲ့တယ်။ ငါ့ဘေးမှာ ညီလေးတစ်ယောက် ရပ်နေတာကို မင်း မမြင်ဘူးလား" လုံချန်သည် ဟုန်ရန်ကို အချိန်အတော်ကြာကတည်းက သိနေပုံရပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"အိုး" လုံချန်၏စကားကို ကြားသောအခါ ဟုန်ရန်၏အကြည့်တွေက ချင်ယွင်ဆီသို့ ရောက်သွားသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးတစ်စုံက ချင်ယွင်ကို အပေါ်နှင့် အောက် စုံဆန်ကြည့်နေသည်။ သူမသည် မြေခွေးဝိဉာဉ်တစ်ကောင်က အနှိုင်းမဲ့အရသာ ရှိသော ထန်ဘုန်းကြီးကို ကြည့်နေသည့်အတိုင်းပင်။

All Chapters