← Chapters

အခန်း ၁၆၆၄

Vol. 111 Ch. 1664

အခန်း ၁၆၆၄

Vol. 111 Ch. 1664

အခန်း (၁၆၆၄) စိတ်ဆန္ဒရုပ်သေး။

ချင်ယွင်သည် ဟုန်ရန်၏ စိုက်ကြည့်ခံရခြင်းကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။ ဟုန်ရန်၏ အကြည့်များတွင် ညို့ငင်ခြင်းနှင့်အတူ ကျီစားလိုခြင်းကိုပါ ရှင်းရှင်းလင်းလင်း သူ ခံစားနိုင်သောကြောင့် ဖြစ်သည်။

"အို, ဒီရုပ်ချောချော မောင်လေးက ဘယ်ကလာတာလဲ။ သူ့ပုံစံက အရမ်း ရက်စက်တဲ့ပုံပဲ။ သူ့ကို ဘာခေါ်ရမလဲ ငါ သိချင်မိသား။" ဟုန်ရန်က ချင်ယွင်ကိုကြည့်ကာ ကျီစားလိုက် သည်။ တစ်ချိန်တည်းမှာပင် သူမသည် သွယ်လျသော အဖြူရောင်လက်ချောင်းလေးကို ဖြန့်လိုက်ကာ ချင်ယွင်၏ ရင်ဘတ်ပေါ် ညင်သာစွာ ဆော့ကစားရင်း သူမ၏ လှုပ်ရှားမှုများ က ဆွဲဆောင်မှုရှိပြီး သက်ဝင်လွန်းနေပါသည်။

"အစ်မကြီးဟုန်က ကျွန်တော့်ကို မသိပေမဲ့ အစ်မဟုန်ကို ကျွန်တော် သိပါတယ်။ အစ်မကြီး ဟုန်က ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ငါးတစ်ကောင်နဲ့ ငန်းရိုင်းတစ်ကောင်လိုပဲ။ ကျွန်တော် ညွှန်းဆိုတဲ့အတိုင်း အစ်ကြီးဟုန်ရဲ့ အလှအပက ဟုတ်မနေဘူးလား။" ချင်ယွင် က အပြုံးနှင့် ပြောလိုက်သည်။ ဟုန်ရန်၏ ထိုးစစ်ကို သူသည် နည်းနည်းလေးမှ အောက်ကျ ခံလိုစိတ်မရှိပေ။

"ဟား..၊ ဟား…၊ အံ့သြစရာကောင်းတဲ့ပုံရိပ်နဲ့ ဒီလိုလူမျိုး နောက်တစ်ယောက် ရှိနေသေး တယ်ပေါ့။ မောင်လေးရဲ့ ပါးစပ်က တကယ်ကို ချိုမြိန်လွန်းတယ်။ အစ်မကြီးက ဒီလိုအပြောမျိုး အရမ်းကြိုက်တယ်။" ဟုန်ရန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်သော မျက်လုံးတစ်စုံဖြင့် ချင်ယွင်ဆီသို့ စွဲဆောင်မူရှိသည့် အကြည့်ကို ပစ်လွတ်လိုက်ပါသည်။

ချင်ယွင်သည် အနည်းငယ်မျှ ကြောက်ရွှံ့သည့် ရည်ရွယ်ချက်မရှိဘဲ စင်မြင့်ထက်တွင် ပြုံးနေခဲ့သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟုန်ရန်၏ခါးကို တိုက်ရိုက် ပွေ့ဖက်လိုက်သည်။

"ဒီလိုလား…၊ ဒီမောင်လေးပါးစပ်က ဘယ်လောက်ချိုမြိန်လဲဆိုတာ အစ်မကြီးဟုန်က ခံစားကြည့်ချင်နေတာ မဟုတ်လား" ချင်ယွင် ရယ်မောလိုက်သည်။

သူစကားပြောနေစဉ်တွင် သူ့မျက်နှာက ဟုန်ရန်၏ မျက်နှာနှင့် တစ်သီးတစ်ဆုပ်သာသာ ဝေးတော့သည်။ သူသည် ဟုန်ရန်၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့လေးကိုပင် သိသိသာသာ အနံ့ခံနိုင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အသွားကြကာ၊ သူတို့ပါးစပ်တွေကို ကျယ်စွာဖွင့်ပြီး စကား မပြောနိုင်ကြတော့။

ဒီကောင်က ဘယ်သူလဲ။

ဒီသတ်ဖြတ်သူနတ်ဆိုးမရဲ့ခါးကို ပွေ့ဖက်ရဲလောက်အောင် ဘယ်လောက် သတ္တိကောင်း လိုက်လဲ။ သူ အသက်မရှင်ချင်တော့ဘူးလား..။

ရွှဲ့ခိုင်လည်း အနည်းငယ် အံ့သြသွားသည်။ ချင်ယွင်သည် ဟုန်ရန်၏ခါးကို ဖက်ထားသည်။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်မှာရှိသည့် လူတော်တော်များများသည် ဤကဲ့သို့ လုပ်ရဲကြမည် မဟုတ်ပေ။

သူသည် သူ့ဘေးနားရှိ ယွမ်ရှီရှီကို မသိစိတ်မှ တစ်ချက် ကြည့်လိုက်မိသည်။ ချင်ယွင်၏ လုပ်ရပ်ကို မနာလိုမဖြစ်သည့်အတိုင်း ယွမ်ရှီရှီသည် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်ကို သူသိလိုက်ရပြီး ပို၍ပင် တုန်လှုပ်သွားလေသည်။

ဘဝမှာ အောင်နိုင်သူဆိုတာ ဘာကို ဆိုလိုတာလဲ။

ဒီအကြောင်းကို တွေးရမှာ ငါ ကြောက်မိတယ်။

ဤအခိုက်တန့်တွင်၊ ရွှဲ့ခိုင်သည် ချင်ယွင်အပေါ် လေးစားမူက တုနှိုင်းမရသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ တခြားအကြောင်း ဘာမှမပြောနှင့်ဦး။ မိန်းကလေးတွေကို ဖမ်စားရာ တွင် ချင်ယွင်က ဒုတိယဟုပြောလျှင်, မည်သူမှ ပထမဟု ပြောရဲမည်မဟုတ်ပေ။

"ဖယ်စမ်း…။

ဟုန်ရန်သည် ချင်ယွင်၏လက်မောင်းကို ဖယ်ထုတ်လိုက်ပြီးနောက် သူ့ကို အေးစက်စွာ ကြည့်နေလေသည်။

ချင်ယွင်က သူမကို ပွေ့ဖက်လိုက်သည့်အခိုက်တွင် သူမ၏စိတ်သည် ထိတ်လန့်စ ပြုလာခဲ့ သည်။ သူမသည် မရေမတွက်နိုင်သော ယောက်ျားများကို သွေးဆောင်ခဲ့ဖူးပြီး မရေမတွက်နိုင်သော ယောက်ျားများကို သတ်ဖြတ်ခဲ့ကြောင်း သိထားရမည်။ သို့သော် မည်သူမှ ချင်ယွင်ကဲ့သို့ သူမကို အရင်ဆုံး ကျီစယ်ရန် သတ္တိမရှိခဲ့ပေ။

အခြားယောင်္ကျားများသည် သူမကို သေမလောက်ကြောက်ကြသည်။ သို့မဟုတ် သူမအား နာခံကြသည်။ သူမသည် ချင်ယွင်ကဲ့သို့ အတင့်ရဲသည့်လူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

"ဟား…၊ ဟား၊ ဟုန်ရန်၊ ညီလေး ချင်ယွင်က ဘာမှားလို့လဲ။ သူက မင်းဆိုတဲ့ဟုန်ရန်ကို ခံစားရအောင်လုပ်နိုင်တဲ့ ပထမဆုံးလူ ဖြစ်နိုင်တယ်" ဘေးနားရှိ လုံချန်လည်း ဟက်ဟက် ပက်ပက် ရယ်မောလိုက်ပါသည်။

ဟုန်ရန်က ချင်ယွင်ကို ရှက်ရွံ့စွာ ကြည့်ပြီး ဒေါသတကြီး စိုက်ကြည့်နေသည်။ သူမ၏ ဒေါသထွက်နေသည့် အမူအရာက မတူထူးခြားနေသည်။

ချင်ယွင်က ပြုံးလိုက်သည်။ တကယ်တော့ သူသည် ဤဟုန်ရန်၏ အလှအပကို စိတ်မဝင်စားပါဘူး။ ဤဟုန်ရန်က သူ့ကို စိတ်မဝင်စားဘူးဆိုတာကိုလည်း သူ သိပါသည်။ ယခုလိုကျီစားခြင်းက စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။

အပေါ်ယံတွင် ၎င်းသည် ညှို့ငင်မှုဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ၎င်းသည် စိတ်ဝိညာဉ်ဆိုင်ရာ ဖိအားတစ်မျိုး ဖြစ်သည်။ ချင်ယွင်သာ ကြောက်လန့်သွားသည်နှင့်, ဤဟုန်ရန်သည် သူ့ကို ပထမဆုံး ဖြစ်နိုင်ချေရှိသည့် အခိုက်အတန့်မှာပင် သေချာပေါက် သတ်ပစ်လိမ့်မည်။

ကံမကောင်းစွာပင်, ချင်ယွင်သည် စကြဝဠာ၏အလိုဆန္ဒကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဟုန်ရန်၏ စိတ်ဝိညာဉ်ဖိအားသည် သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ ဆန့်ကျင်ဘက် အနေနှင့်၊ ချင်ယွင်အတွက် တဖက်လူ၏စိတ်အခြေနေကို သိရှိရန် အလွန်လွယ်ကူသွား သည်။ ထို့ကြောင့် ဟုန်ရန်၏စိတ်ထဲမှာ ထိတ်လန့်သွားရသည့် အကြောင်းရင်းမှာလည်း ချင်ယွင်၏ စိတ်ဆန္ဒက သူမစိတ်ကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်သည်။

အကယ်၍ သူမသည် စောစောစီးစီး အတင်းအကြပ် မနှောက်ယှက်ခဲ့ဘူးဆိုလျှင်, သူမသည် ချင်ယွင်၏လက်ခုပ်ထဲသို့ ရောက်ရှိသွားပြီး၊ ချင်ယွင်၏ ထိန်းချုပ်မှုအောက်မှာ ရုပ်သေး တစ်ရုပ် ဖြစ်သွားလိမ့်မည်။

ဘယ်လောက်ကြောက်စရာကောင်းတဲ့ စိတ်ဆန္ဒလဲ။ မင်း ဘယ်သူလဲ။ မင်းက မြေကမ္ဘာနယ်ပယ် အထွတ်အထိပ်မှာပဲ ရှိနေတာ သိသာပါတယ်။ ဒီလို ပြင်းထန်တဲ့ စိတ်ဆန္ဒမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဟုန်ရန်က ချင်ယွင်ကို ပြင်းပြင်းထန်ထန် ကြည့်ပြီး သူမမျက်လုံးများတွင် သတိအပြည့် ရှိနေခဲ့သည်။

ချင်ယွင်က ထပ်မံပြုံးပြီး ပြောသည် "မူလကတော့, ကျွန်တော်က အစ်မကြီးဟုန်က ဘယ်လို အစစ်အမှန် အဓိပ္ပါယ်မျိုးကို နားလည်ထားလဲဆိုတာ သိချင်နေခဲ့တာ။ အခုလေး တင် အဆက်အသွယ်မူအရ နောက်ဆုံးတော့ ကျွန်တော် နားလည်သွားပါပြီ။ စိတ်ဆန္ဒ အစစ်မှန် အဓိပ္ပါယ်မျိုးက အရမ်းရှားပါးတဲ့ အစစ်မှန် အဓိပ္ပါယ်လို့ သတ်မှတ်လို့ရပါတယ်။"

ချင်ယွင်၏စကားကို ကြားသောအခါ ဟုန်ရန်၏ သိမ်မွေ့သော ကိုယ်ခန္ဓာသည် တုန်လှုပ် သွားပြီး သူမ၏မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့သည်။

သူ့ရှေ့က လူငယ်သည် ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာပင် သူမကို ထွင်းဖောက်မြင်နိုင် လိမ့်မည်ဟု သူမ မျှော်လင့်မထားပါဘူး။ ထို့အပြင်, မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် သူမခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ သူမသည် သူမကို တစ်ယောက်ယောက်က ထိုးဖောက်မြင်တွေ့သွားသည့် ခံစားချက်မျိုး ခံစားလိုက်ရသည်။ ထိုခံစားချက်က ကိုယ်လုံးတီးချွတ်ပြီး နေရောင်နှင့်ထိတွေ့သွားသကဲ့သို့ ဖြစ်ပြီး၊ သူမကို နားမလည်နိုင်လောက်အောင် တုန်လှုပ်သွားစေသည်။

"မင်းက တကယ်ထက်မြက်တဲ့ သူတစ်ယောက်ပဲ။ လုံချန် ခုနက မင်းကို ပြောနေတာ ကြားလိုက်တာနဲ့ မင်းက ထူးခြားတယ်လို့ ငါ ခံစားရတယ်။ မင်းရဲ့စွမ်းဆောင် ရည်တွေက ငါ့မျှော်လင့်ထားတာထက် ကျော်လွန်နေဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းပြောခဲ့တာတွေက မှန်ပါတယ်။ ငါနားလည်သွားတဲ့ အစစ်မှန် အဓိပ္ပာယ်က တကယ်ကို စိတ်ဆန္ဒအမျိုးစား အဓိပ္ပာယ် အစစ်အမှန်ပဲ။ အဲဒါကို စိတ်ဆန္ဒရုပ်သေးလို့ ခေါ်တယ်။ အဲဒါက လူတွေရဲ့စိတ်ကို စိဆန္ဒဖိအားတွေကနေတစ်ဆင့် ထိန်းချုပ်နိုင်တယ်။" ဟုန်ရန်က အသက်ပြင်းပြင်းရှူပြီး ချင်ယွင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"စိတ်ဆန္ဒရုပ်သေး, လူတွေရဲ့ စိတ်နှလုံးကို ထိန်းချုပ်နိုင်တာလား။ ဘယ်လောက် ကြောက်စရာကောင်းတဲ့ အစစ်မှန် အဓိပ္ပါယ်လဲ။" ချင်ယွင်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သင်သည် လူတစ်ဦးကို ချက်ချင်း ကျွန်ခံပြီး သူ့ကို ကျွန်ဖြစ်စေနိုင်လျှင် ထိုပညာရပ်သည် မည်မျှ ကြောက်စရာကောင်းမည်ကို စဉ်းစားကြည့်နိုင်ပါသည်။

ဤစွမ်းရည်မျိုးသည် လူတစ်ဦးတည်းဖြင့် စစ်တပ်အားလုံးကို အနိုင်ယူနိုင်စွမ်း၊ နည်းနည်းလေးမှ အားစိုက်ထုတ်စရာမလိုဘဲ ဘက်ပေါင်းစုံမှ သတ်ဖြတ်နိုင်စွမ်း ရှိနေသည်။

"အဲဒါက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ အသုံးမဝင်ပါဘူး။ မင်းကြောင့် ငါ ကြေကွဲခဲ့ရပြီး မင်းရဲ့ တုံ့ပြန်မှုကြောင့် ငါ တန်ပြန်သက်ရောက်မူ ခံရလုနီးပါးပဲ။" ဟုန်ရန် က နှုတ်ခမ်းကို တွန့်ပြီး ပြောလိုက်သည်။ ချင်ယွင်၏ ချီးကျူးမှုအတွက် ကျေးဇူးတင်ရုံသာ မက နာကြည်းမှုများလည်း ပြည့်နှက်နေပါသည်။

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ သူသည် မူလကတည်းက ခြွင်းချက်ဖြစ်သည်။ ဟုန်ရန်သည် စိတ်ဆန္ဒရုပ်သေး အစစ်မှန် အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်း နားမလည်သေး သည်ကို မဆိုထားနှင့်, သူမသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီး၊ ဘိုးဘေး နတ်ဘုရား နယ်ပယ်သို့ ရောက်ရှိသွားလျှင်ပင်, သူ့စိတ်ဆန္ဒကို လှုပ်ခါနိုင်စွမ်း ရှိကောင်းမှ ရှိပါလိမ့် မည်။

စကြဝဠာ၏ ကောင်းကင်ဘုံအလိုဆန္ဒသည် တကယ်ကို အလွယ်တကူ လှုပ်ခါနိုင်သည့် အရာ ဟုတ်မည်လား။

"ဟမ့်၊ ငါ့အစစ်မှန် အဓိပ္ပာယ်က အလယ်အလတ်အဆင့်ရဲ့ အစောပိုင်းကို ရောက်ရှိနေပြီ။ ငါ ဒီကမ္ဘာကြီးအတွင်းမှာ အစစ်မှန် အဓိပ္ပါယ်ကို ငါနားလည်ဆင်ခြင်နိုင်စွမ်း မရှိခဲ့လို့သာ, မဟုတ်ရင်, နှောင်းပိုင်းနယ်ပယ်ကို ရောက်နေလောက်ပြီ။ ငါ မင်းကို ဘယ်လိုလုပ် မလှုပ်ခါနိုင်ဘဲ နေမလဲ" ဟုန်ရန်က လက်မခံနိုင်သည့်အသံဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းကာ ပြုံးလိုက်သည်။ သူက ဘာမှ မရှင်းပြပါဘူး။ နောက်ဆုံးတွင်, တဒင်္ဂစွမ်းအင်အတွက် တိုက်ခိုက်နေခြင်းက အဓိပ္ပာယ် မရှိပါဘူး။ အခုအချိန်မှာ အရေးကြီးဆုံးက အတားအဆီး အစီအရင်ဝင်္ကပါတွေကို ဖြတ်ကျော်ပြီး ချိုင့်ထဲကို ဝင်နိုင်ဖို့ပင်။

"ကောင်းပါပြီ၊ ငါတို့ မတိုက်ခိုက်မချင်း အချင်းချင်း သိမှာမဟုတ်ဘူး။ အရင် တိုက်ခိုက်ကြ စို့။ ဟုန်ရန် မင်းဒီကိုရောက်လာမှတော့ ငါတို့နဲ့ ပူးပေါင်းပါ။ ဒီလိုနည်းနဲ့ ငါတို့ရဲ့ အစီအရင် ဝင်္ကပါမှုဖြိုခွဲဖို့ အခွင့်အလမ်းက ပိုပိုများလိမ့်မယ်။" ချင်ယွင်နှင့် ဟုန်ရန်တို့ ယှဉ်ပြိုင်တော့ မည်ကို မြင်သောအခါ လုံချန်က ပြုံးရင်း ပြောလိုက်သည်။

ဟုန်ရန်သည် ထိုစကားကိုကြားပြီး၊ သူမက လေးနက်လာကာ ပြောသည် "ငါက ရှေ့ကနေ တိုက်ခိုက်တာမှာ မတော်ဘူး။ အဓိကတပ်ဖွဲ့က မင်းတို့တွေပဲ။ ငါ မင်းတို့ကို ဘေးကနေ ကူညီပေးမယ်"

ချင်ယွင်နှင့် လုံချန်တို့သည် ခေါင်းညိတ်လိုက်သည်။ ဟုန်ရန်က သူတို့ကို ကူညီရန် သဘောတူခြင်းက အကောင်းဆုံး ဖြစ်ပါသည်။ သူတို့၏ဖိအားတွေကို အနည်းနှင့်အများ သက်သာစေနိုင်ပါသည်။

"ဘုန်း…"

လုံချန်သည် မိုးခြိမ်းသံကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအား ကို အသက်သွင်းလိုက်သည်။ သူ့တစ်ကိုယ်လုံး ချက်ချင်း ပြန့်ကားလာပြီး အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားက သူ့လက်မောင်းကို လွှမ်းခြုံသွားပါသည်။ နတ်ဘုရားအလင်းတန်းက အကန့်အသတ်မရှိ ထွက်ပေါ်လာပြီး၊ ကောင်းကင်ကိုပင် လှုပ်ခတ်စေနိုင်သည်။

ချင်ယွင်သည် အားနည်းမူကို မပြဝံ့ပေ။ စကြဝဠာကြီး၏ စွမ်းအားသည် ကမ္ဘာကြီးကို တောက်ပစေသည့် နေမင်းကဲ့သို့ သူ၏လက်ဖဝါးတွင် စုစည်းလာသည်။ ပြင်းထန်သော အလင်းရောင်သည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို စူးစူးရဲရဲ တောက်ပသည့် အလင်းရောင်ကို ခံစားရစေပြီး၊ အပေါ်မှ စွမ်းအင်အတက်အကျလှိုင်းတွေက ရင်တုန်သည်အထိ ကြောက်စရာကောင်းလှသည်။

ဟုန်ရန်သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူမ၏မျက်နှာသည် တုနှိုင်းမရ အောင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ပေါ်လာသည်။ ချင်ယွင်၏ လက်ဖဝါး၏ စွမ်းအားသည် သူမအား အလွန်ပြင်းထန်သော အန္တရာယ်၏ အငွေ့အသက်ကို ယူဆောင်လာပြီး၊ သူမ၏နှလုံးကို တုန်လှုပ်သွားစေခဲ့သည်။

All Chapters