← Chapters

အခန်း ၁၆၆၅

Vol. 111 Ch. 1665

အခန်း ၁၆၆၅

Vol. 111 Ch. 1665

အခန်း (၁၆၆၅) ဘေးအန္တရာယ်ကျရောက်လာခြင်း

"သူလို မြေကမ္ဘာနတ်ဘုရားတစ်ပါး ဒီလောက်ကြောက်စရာကောင်းတဲ့ တန်ခိုးစွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။” ဟုန်ရန်က ထိတ်လန့်တကြား ရေရွတ်လိုက်ပြီး ချင်ယွင် ကို စူးစူးစိုက်စိုက် ကြည့်ရင်း ပို၍ပင် သိချင်စိတ် ပြင်းထန်လာသည်။

ဤမျှ အစွမ်းထက်သော စိတ်ဆန္ဒနှင့် ဤမျှအစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော တန်ခိုးစွမ်းအား၊ ထို့အပြင်, ဤမျှနိမ့်ကျသော ကျင့်ကြံအခြေခံ, မည်သူကရော မစူးစမ်းဘဲ နေနိုင်မည်နည်း။

"တိုက်ခိုက်"

ဟုန်ရန် အံ့အားသင့်နေစဉ်မှဦ, ချင်ယွင်၏ပါးစပ်မှ ကျယ်လောင်သော အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုနောက်မှာတော့ လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း လှုပ်ရှားသွားသည်ကို လူတိုင်း တွေ့လိုက်ကြပြီး စက်ဝိုင်းတစ်ခုအသွင် ပြန့်ကျဲနေသော လက်သီးချက်က လေထဲမှာ ဖောက်ထွက်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအလင်းရောင်တစ်ခုသည် သူ့လက်သီးမှ တဆင့် ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားပြီး မမြင်နိုင်သော အတားအဆီးဆီသို့ ပစ်လွှတ်လိုက်သည့် ဧရာမလက်သီးကြီးအသွင် ဖြစ်ပေါ်လာသည်။

ထိုလက်သီးကြီး၏ စွမ်းအားက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေပြီး ပတ်ဝန်းကျင်ရှိ လူတိုင်း၏ စိတ်နှလုံးများ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

ချင်ယွင်၏ဘက်ကို ကြည့်လိုက်တော့ ချင်ယွင်၏ လက်ထဲမှာ စကြာဝဠာစွမ်းအင်ဖြင့် သိပ်သည်းထားသည့် သွယ်လျသည့် ဓားရှည်တစ်လက်ကို မြင်လိုက်ရသည်။ ၎င်းသည် နေမင်းကဲ့သို့ တောက်ပနေကာ၊ သူ့လက်ဖဝါးထဲတွင် လျင်မြန်စွာ လည်ပတ်နေပြီး ၎င်းအပေါ်မှ စွမ်းအင်အတက်အကျလှိုင်းတွေက ပို၍ပင် တုန်ခါလာသည်။

"သွား"

ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ဓားရိုးကို တိုက်ရိုက် ပုတ်လိုက်ပါသည်။ ချက်ခြင်းပင်၊ အနှိုင်းမဲ့ အားပြင်းသော အလင်းဓားသည် ပြေးထွက်လာပြီး အောက်ဘက် အတားအဆီးဆီသို့ ထိုးဆင်းသွားသည်။

ဟုန်ရန်သည် တုံ့ဆိုင်းမနေဘဲ သူမလက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။ သူမသည် ထိုဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ဓားအလင်းသည် ကီလိုမီတာ ထောင်ပေါင်းများစွာ ကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။

"ဘုန်း…"

ကောင်းကင်ယံတွင် တုန်ခါနေသော ပေါက်ကွဲသံနှင့်အတူ အလွန်အားကောင်းသော စွမ်းအင်သုံးစုသည် အတားအဆီးထဲသို့ ပြင်းထန်စွာ ရိုက်ချသွားခဲ့သည်။

အတားအဆီး၏ အလင်းမျက်နှာပြင်သည် ကြီးမားသော ရိုက်ခတ်မှုကို ခံစားခဲ့ရသည့် ပင်လယ်ပြင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါလာပြီး အတားအဆီးတစ်ခုလုံးသည် အလွန်မင်း မြန်ဆန်သော အရှိန်အဟုန်ဖြင့် နစ်မြုပ်သွားခဲ့သည်။

အချုပ်အနေဖြင့်, တန်ခိုးစွမ်းအားသုံးခု၏ ဆုံမှတ်နေရာသည် ကွဲထွက်သွားခဲ့ပြီး၊ ၎င်းသည် အတားအဆီးတစ်ခုလုံး ရုတ်ချည်း ပျံ့နှံ့သွားလေသည်။

"ဖျစ်…၊ ဖျစ်…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စွမ်းအားသုံးခု၏ သက်ရောက်မှုကြောင့် အတားအဆီးတစ်ခုလုံး ပြိုကျသွားသည်။

"အောင်မြင်ပြီ၊ ဟား၊ ဟား…၊ အောင်မြင်ကွ" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လုံချန်၏ မျက်နှာက ဝမ်းသာအားရသည့် အမူအရာ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

ဟုန်ရန်လည်း စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်များက အနည်းငယ် ကွေးသွားကာ သူလည်း အလွန်ပျော်ရွှင်နေ သည်မှာ ထင်ရှားသည်။

ဤအတားအဆီး အစီအရင်ဝင်္ကပါသည် အမှန်တကယ်ပင် ပြင်းထန်လှသည်။ သူတို့သုံး ယောက်ထဲက လူတစ်ဦးတစ်ယောက်ယောက်၏ ခွန်အားဖြင့် ဤအတားအဆီးကို မဖြတ်ကျော်နိုင်ကြပါဘူး။ ဤအတားအဆီးကို ဖြတ်ကျော်ရန် လူသုံးယောက်၏ စွမ်းအား ကို စုစည်းရခြင်းကပင် ဤအတားအဆီး အစီအရင်ဝင်္ကပါသည် မရိုးရှင်းဘူးဆိုသည်ကို သက်သေပြရန် လုံလောက်ပါသည်။

"အရမ်းကြီး အပျော်စောမနေနဲ့ဦး။ ဒါက ပထမခြေလှမ်းပဲ ရှိသေးတယ်။ ကျွန်တော် အရင်က ရေတွက်ပြီးပြီ။ ဒီချောက်ထဲမှာ စုစုပေါင်း အစီအရင်ဝင်္ကပါ ၁၀၈ ခုရှိတယ်။ ဒါက ပထမဆုံးတစ်ခုပဲ။ ကျွန်တော်တို့သွားရမယ့် ခရီးက အဝေးကြီးလိုသေးတယ်။" ချင်ယွင် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"ဟား…၊ ဟား…၊ ကိစ္စမရှိပါဘူး၊ ဒီမှာ ညီငယ်ချင်ရှိနေမှတော့ အစီအရင်ဝင်္ကပါ ၁၈၀၀ ဆိုရင်တောင် ဖြိုခွဲနိုင်တယ်လို့ ငါ ယုံကြည်တယ်။" လုံချန်က ဟက်ဟက်ပက်ပက် ရယ်သည်။

ဤအတားအဆီး အစီအရင်ဝင်္ကပါကို ဖြတ်ကျော်ရန် အတူတကွ ပူးပေါင်းလုပ်ဆောင်ရင်း၊ သူသည်လည်း ချင်ယွင်ကို ပိုမိုယုံကြည်လာခဲ့သည်။

ချင်ယွင်က ပြုံးလိုက်သည်။ လုံချန်က သူ့ကို အရမ်းကို ယုံကြည်နေသည်။ ဤအရာက ကောင်းသည့်ကိစ္စပင်။ သို့သော်, သူ့စိတ်ထဲမှာ နည်းနည်း စိုးရိမ်နေသေးသည်။

သူသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ရယူရန် ဆုံးဖြတ်ထားသည်။ အကယ်၍ သူတို့ အမှန်တကယ် အောက်ခြေသို့ ရောက်ရှိပြီး အုပ်စိုးရှင် မဟာနတ် ဆိုးနတ်ဘုရား၏ အမွေနှစ်ကို တွေ့ရှိပါက၊ ထိုအချိန်တွင် သူသည် လုံချန်နှင့် တိုက်ခိုက်ရ မည် မဟုတ်ပါလော။

ယခုအခါ သူသည် ရိုးသားသလို ပြုမူနေသောကြောင့် လုံချန်ကို တိုက်ခိုက်ရန် အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။

"ဒီချိုင့်ကြီးရဲ့ အောက်ခြေမှာ တခြားကောင်းတဲ့အရာတွေ ရှိနေဖို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင် တိုက်ပွဲတစ်ပွဲတော့ ရှိလာတော့မယ်” ချင်ယွင်က သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပါသည်။

သူသည် လုံချန်နှင့် ရန်သူ မဖြစ်ချင်သော်လည်း၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ထိုကဲ့သို့ စွန့်လွှတ်ရန်မှာ မဖြစ်နိုင်ပေ။ နောက်ဆုံး, သူဘာပဲပြောပြော ကြေးဝါ အပိုင်းအစကို စွန့်လွှတ်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။

ဝှီး…။

ထိုအချိန်တွင် ရွှဲ့ခိုင်နှင့် ယွမ်ရှီရှီတို့သည် ပျံသန်းလာကြသည်။ ချင်ယွင်က သူတို့၏ ရည်ရွယ်ချက်ကို ချက်ခြင်း နားလည်ပြီး "မင်းတို့ မဆင်းကြနဲ့။ ငါ့ကို ဒီမှာ စောင့်နေပါ" ပြောလိုက်သည်။

"ဒါပေမယ့် ရှင်တစ်ယောက်တည်း ဆင်းရင် အန္တရာယ်များမှာ မဟုတ်ဘူးလား။" ယွမ်ရှီရှီသည် ချင်ယွင်၏နံဘေးမှ ဟုန်ရန်နှင့် လုံချန်ကိုကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်။ မင်းတို့ ငါ့နောက်က လိုက်လာရင် မင်းတို့ဘေးကင်းအောင် ငါ ဂရုစိုက်နေရဦးမယ်။ အတွင်းပိုင်းက အစီအရင် ဝင်္ကပါတွေက အရမ်းအန္တရာယ်များတယ်။ ဒါကြောင့် မင်းတို့ အပြင်မှာ စောင့်နေတာ အကောင်းဆုံးပဲ"

ယွမ်ရှီရှီသည် အဆုံးတွင် ခေါင်းညိတ်ပြပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။

ရွှဲ့ခိုင်လည်း ခေါင်းညိတ်သည်။ သူက ချင်ယွင်၏ အမိန့်ကို အမြဲနာခံသူ ဖြစ်သည်။

"သွားကြရအောင်"

ယွမ်ရှီရှီနှင့် ရွှဲ့ခိုင်တို့ သဘောတူသည်ကိုတွေ့တော့ ချင်ယွင်သည် အနည်းငယ်မျှ တွေဝေနေခြင်း မရှိပေ။ သူက ဟုန်ရန်နှင့် လုံချန်ဘက်ကို လှည့်ပြီး တစ်ခုခု ပြောလိုက် သည်။ ထို့နောက် သူတို့သုံးယောက်သည် ချောက်ထဲသို့ ပြေးသွားကြသည်။

ချောက်ထဲကို ဝင်လိုက်သည်နှင့် သူတို့သုံးယောက်သည် သဲလွန်စမရှိဘဲ ပျောက်သွားကြ သည်။ ရှင်းနေသည်မှာ၊ သူတို့သုံးယောက်သည် ချောက်ကြီးထဲသို့ ၀င်ရောက်နေပြီ ဖြစ်သည်။

ယွမ်ရှီရှီ ဤမြင်ကွင်းကို မြင်သောအခါ စိုးရိမ်သော အမူအရာက ချက်ချင်းဆိုသလို သူမ မျက်နှာပေါ်တွင် ပေါ်လာသည်။

"စိတ်မပူပါနဲ့၊ သူ အဆင်ပြောမှာပါ။ သူက ငါတို့ထင်ထားတာထက်တောင် ပိုသန်မာပါ တယ်။" ရွှဲ့ခိုင်က နှစ်သိမ့်လိုက်သည်။

ယွမ်ရှီရှီ ခေါင်းညိတ်လိုက်သည်။ သူမသည် ဤသဘောတရားကို နားလည်သော်လည်း သူမ စိတ်ထဲတွင် စိုးရိမ်နေသေးသည်။

"ဝှီး… ၊ ဝှီး…."

ယွမ်ရှီရှီသည် ရွှဲ့ခိုင်နှင့် ဆွေးနွေးနေချိန်၌ လူအချို့သည် လူအုပ်ထဲမှ ပြေးထွက်လာပြီး အောက်ချိုင့်ထဲသို့ ဝင်သွားကြသည်။

ထိုလူများက ဦးဆောင်ဝင်သွားချိန်တွင် အချို့လုပ်ဖော်ကိုင်ဖက်များသည် မငြိမ်မသက် ဖြစ်ပြီး လိုက်ပါလာကြသည်။

“ဘယ်လောက်မိုက်မဲတဲ့ လူတစ်စုလဲ။ ရတနာတွေရဖို့အတွက် သူတို့ တကယ် သေချင်နေ ကြတယ်။" ရွှဲ့ခိုင်သည် ချောက်ထဲသို့ အပြေးအလွှား ပြေးသွားနေသည့် ပုံရိပ်များကို ကြည့်ရင်း ခေါင်းယမ်းလိုက်သည်။

ချင်ယွင်နှင့် လောင်းချန်တို့ လက်တွဲလုပ်ဆောင်ခဲ့လျှင်ပင် မဖြတ်ကျော်နိုင်သည့် ဤချောက်ကြီးရှိ အစီအရင်ဝင်္ကပါများသည် အလွန်မင်း ကြောက်စရာကောင်းလှသည်။ ဤလူများသည် ဤအခွင့်အရေးကို အမှန်တကယ် အသုံးချချင်နေကြသည်။

"သေမှာမကြောက်တဲ့ ငါးမျိုးတွေဆိုတာ အမြဲရှိနေတာပဲ။ နောက်ဆုံး, ဘယ်နှစ်ကောင် အသက်ရှင်မလဲတော့ မသိဘူး။" ယွမ်ရှီရှီ၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူမ၏စိတ်နှလုံးက ဒုက္ခရောက်နေသော ရေပြင်တွင် ငါးမျှားလိုသော ဤသူများကို အထင်မြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

...

ချင်ယွင်နှင့် လုံချန်တို့ ချောက်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် အုံ့ဆိုင်းနေသော ကမ္ဘာတစ်ခုသို့ ဝင်ရောက်လာခဲ့ကြသည်။

ပတ်ဝန်းကျင်သည် အနှိုင်းမဲ့ထူထပ်သည့် မြူနှင်းဖြူများဖြင့် ပြည့်နှက်နေပြီး သူ၏ နတ်ဘုရားအာရုံသည်ပင် မီတာတစ်ရာအောက်သာ ကျော်လွန်နိုင်သည်။

"ဒါက ဘယ်လို အစီအရင်ဝင်္ကပါမျိုးလဲ၊ ငါ ဘာလို့ မမြင်ရတာလဲ" လုံချန်က အော်မပြောဘဲ မနေနိုင်တော့။

"ဒါက မြူနှင်းအစီအရင်ဝင်္ကပါတစ်ခုပဲ။ အလွန်အစွမ်းထက်တယ်။ အဲဒီထဲကို ဝင်လိုက်တာ နဲ့ ထွက်ဖို့ အရမ်းခက်တယ်။ သတ်ဖြတ်ခင်း အစီအရင်ဝင်္ကပါက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာမလား ငါ သိချင်မိတယ်" ချင်ယွင်က ပြောသည်။

မြူနှင်းအစီအရင်ဝင်္ကပါတ သူ့ကို ခေါင်းကိုက်သလို ခံစားရစေသည်။ သူ၏စိတ်ဝိညာဉ် အာရုံဖြင့်ပင် သူသည် မီတာငါးရာအကွာအဝေးကိုသာ ကြည့်နေနိုင်သည်။ အကယ်၍ ဤအကွာအဝေးအတွင်းမှာ အန္တရာယ်ရှိနေလျှင် တုံ့ပြန်ရန် အလွန်ခက်ခဲပေလိမ့်မည်။

"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ" ဟုန်ရန် မေးသည်။

"ထွက်လမ်းရှာရမယ်။ ထောင်ချောက်အစီအရင်ဝင်္ကပါတစ်ခုရဲ့ အဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ၊ ထွက်ပေါက်တစ်ခု ကျန်နေလိမ့်မယ်။ ဒီထွက်ပေါက်ကို ရှာတွေ့သရွေ့ ဒီကနေ ထွက်သွားနိုင်မှာပါ။" ချင်ယွင်က ပြန်ဖြေသည်။

"ဒါဆို မင်း ဘာကို စောင့်နေတာလဲ။ သွားရှာတော့လေ" လုံချန်က ကမန်းကတန်း အော်လိုက်ပြီး ရှေ့ကို လျှောက်သွားတော့မည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ "အရှိန်လျှော့၊ တစ်ခုခုက ကျွန်တော်တို့ဆီ မြန်မြန် ချဉ်းကပ်လာနေတယ်။ လာတဲ့သူတွေ က ကြင်နာတတ်သူ မဟုတ်ဘူး”

"တစ်ခုခုလား။ ငါ ဘာလို့ မခံစားနိုင်ရတာလဲ" လုံချန်က အံ့သြစွာ မေးလိုက်သည်။

ဟုန်ရန်သည် သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ ရှိနေသည်။ သိသိသာသာ ပင် သူမသည် အနည်းငယ်မျှပင် ထိုလှုပ်ရှားမှုကို မခံစားရပေ။

"အား…"

ရုတ်​တရက်​ပင်​ အ​ဝေးမှ သနားစရာ​အော်​သံတစ်​ခု ထွက်ပေါ်​လာသည်​။

ဟုန်ရန်နှင့် လုံချန်တို့၏ အမူအရာများသည် တစ်ချိန်တည်းတွင် ပြောင်းလဲသွားကာ ၎င်းတို့၏ အမူအရာများက သတိထားနေသည့် အနေထားကို ပြသနေသည်။

သို့သော် ချင်ယွင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူက အလောတကြီး အော်ပြောလိုက်သည်"ပြေး…"။

စာစဉ် (၁၁၁) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters