အခန်း ၁၆၆၆
Vol. 112 Ch. 1666
အဓိပတိအင်မော်တယ်သခင် (၁၁၂)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၆၆၆) သွေးမျိုးဆက် ဖိနှိပ်မှု။
ဟုန်ရန်နှင့် လုံချန်တို့သည် ဖြစ်ပျက်နေသည်များကို မသိခဲ့ကြသော်လည်း ၎င်းတို့၏ ထက်မြက်သော ထိုးထွင်းသိမြင်မှုကြောင့် ဆိုးရွားသည့်အရာ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည် ကို သူတို့ သိကြပါသည်။
မဆိုင်းမတွဘဲ၊ သူတို့သည် ချင်ယွင်နောက်သို့ လိုက်ပါရန် ရွေးချယ်ခဲ့ကြသည်။
“အား…”
ကျယ်ကျယ်လောင်လောင် စူးစူးရှရှ အော်ဟစ်သံတွေကို ပတ်ဝန်းကျင် တစ်ခုလုံးမှ ကြားနေရသည်။ ဤအော်ဟစ်သံများသည် နောက်မှ ချောက်ထဲသို့ ဝင်လာခဲ့သော နတ်ဘုရားများထံမှ ဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော အကျပ်အတည်းကို ကြုံတွေ့ခဲ့ရပြီး ဤကြီးမားသော အကျပ်အတည်းအတွင်းမှာ အသက်ဆုံးရှုံးသွားခဲ့ကြောင်း ထင်ရှားပါသည်။
"အတိအကျ ဘာဖြစ်နေတာလဲ?" လုံချန်က ချင်ယွင်နောက်ကနေ လိုက်ပါလာရင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်ပါသည်။
"တစ်စုံတစ်ခုက ငါတို့ကို လိုက်ဖမ်းနေတယ်။ အဲဒီအရာက မြူခိုးထဲမှာ ပုန်းနေခဲ့ပြီး၊ နတ်ဘုရားအာရုံနဲ့ ရှာဖွေဖို့ ခက်ခဲတယ်။" ချင်ယွင်သည် သူ့ပုံရိပ်က မြူခိုးများကြားတွင် အလွန်မင်း လျင်မြန်စွာ ရွေ့လျားနေရင်း တုန့်ပြန်လိုက်သည်။
"ငါတို့နောက်ကို လိုက်နေတဲ့ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ရှိနေတယ်လို့ ငါ ခံစားရတယ်။ အဲဒါတွေက အများကြီး ရှိနေပုံရတယ်။ ဒီအရာတွေက ဘာများဖြစ်မလဲ။" ဟုန်ရန်သည် နတ်ဘုရားအာရုံကို အထူးပြုထားသောကြောင့် သူမ၏ထိုးထွင်းသိမြင်မူက လုံချန်ထက် အနည်းငယ် ပို၍ သိမ်မွေ့သည်။ သို့သော်လည်း သူမသည် မရေရာသည့် ခံစားချက်မျိုးသာရှိခဲ့ပြီး သူမနောက်မှ အရာများ၏ အစစ်မှန်အသွင်ပြင်ကို မသိနိုင်ခဲ့ပေ။
"တကယ်လို့, ကျွန်တော် ခန့်မှန်းတာ မမှားရင်၊ အဲဒါတွေက ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေ ဖြစ်နိုင်တယ်။ အဲဒီအကောင်တွေက အများကြီး ရှိနေတယ်။ အစီအရင် ဝင်္ကပါထဲဝင်လာတဲ့ သူတွေကို ရှေးခေတ်နတ်ဘုရားသတ်ပုရွက်ဆိတ်တွေက ကိုက်စားကြ တယ်။" ချင်ယွင်က လေးနက်သော အမူအရာဖြင့် ပြောသည်။
"ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေလား။ အဲဒါ မျိုးသုဉ်းသွားတဲ့ သတ္တဝါတွေ မဟုတ်ဘူးလား။" ဟုန်ရန်နှင့် လုံချန်တို့ နှစ်ယောက်စလုံး အံ့အားသင့်နေသည့် အမူအရာ များကို ဖွင့်ဟလာခဲ့ကြသည်။
ဤစကြာဝဠာကြီး တည်ရှိနေသည်မှာ ကြာမြင့်လှပါပြီ။ ဤစကြဝဠာကြီး သမိုင်းတွင်၊ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါပေါင်းများစွာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားကြသည့် သတ္တဝါတွေလည်း ရှိခဲ့ပါသည်။ ၎င်းတို့အထဲတွင် ရှေးခေတ်နတ်ဘုရားသတ်ပုရွက်ဆိတ်များသည် အင်အားကြီးမားပြီး ပျောက်ကွယ်သွားသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်။
ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များ၏ တစ်ကောင်ချင်း စွမ်းအားသည် ကြောက်မက်ဖွယ် မဟုတ်ပေ။ အမှန်တကယ် ကြောက်စရာကောင်းသည်က သူတို့၏ အရေအတွက် ဖြစ်သည်။ ထို့အပြင် ၎င်းတို့တွင် အခြားသော အင်္ဂါရပ်များလည်း ရှိနေခဲ့ သည်။ ဆိုလိုသည်မှာ, ၎င်းတို့ကို စွမ်းအင်များဖြင့် ကျွေးမွေးရခြင်း ဖြစ်သည်။ နတ်ဘုရား တန်ခိုးစွမ်းအားဖြစ်စေ, သို့မဟုတ် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားဖြစ်စေ, ၎င်းတို့သည် အလွယ်တကူ ဝါးမျိုနိုင်သည်။ ထို့ကြောင့်၊ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ် မျိုးနွယ်နှင့် တွေ့ကြုံဖူးသူတိုင််သည် ဤရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များက လုံးလုံးလျားလျား ဝါးမြိုသွားကြလိမ့်မည်။
ကံကောင်းထောက်မစွာ၊ ဤသတ္တဝါမျိုးနွယ်များ မျိုးသုဉ်းသွားခဲ့သည်မှာ နှစ်သန်းပေါင်း ရာနှင့်ချီရှိနေခဲ့ပြီ ဖြစ်သည်။ ဤအစီအရင်ဝင်္ကပါထဲမှာ အမှန်တကယ် ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားကြပါဘူး။
ယခုတော့ ချင်ယွင်က သူတို့ကို အစကတည်းက ထွက်ပြေးရန် အဘယ့်ကြောင့် တိုက်တွန်း ရသည်ကို နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ။ သူတို့ မည်မျှပင် တန်ခိုးကြီးမားပါစေ၊ ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ မရောက်ရှိသေးပါက၊ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များကို တွန်းလှန်နိုင်မည် မဟုတ်ပေ။
"ဒါဆို ငါတို့ အခု ဘာလုပ်သင့်လဲ" ဟုန်ရန်က မတတ်တာဘဲ မေးလိုက်သည်။
သူမသည် ကြောက်စရာကောင်းသော ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်အုပ်စု၏ အကိုက်ခံရခြင်းကို မခံချင်ပေ။ ထိုအကြောင်းကို တွေးတောရုံဖြင့်ပင် သူမကို ထိတ်လန့် စေပါသည်။
လုံချန်လည်း ချင်ယွင်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်ပါသည်။ မသိစိတ်အရ, ချင်ယွင် သည် ၎င်းတို့၏ ကျောရိုးသဖွယ် ဖြစ်လာနေပြီ။
ချင်ယွင်က စကားမပြောပေ။ ယခုအချိန်မှာ သူ ဘာလုပ်ရမလဲဆိုသည်ကို သူကိုယ်တိုင် လည်း တွေးနေမိသည်။
ဤကဲ့သို့ ထွက်ပြေးနေခြင်းက လွတ်မြောက်ရန် နည်းလမ်းမဟုတ်ပေ။ ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်များ၏ ပျံသန်းနိုင်သော အရှိန်ဟုန်သည် အလွန်မင်း ကြောက်စရာကောင်းသည်။ ထို့အပြင်, ဤမျှကြီးမားသော မြူခိုးများထဲတွင် သူတို့သည် ရှင်းလင်းပြတ်သားသည့် ဦးတည်ရာ မရှိပေ။ သူတို့သည် ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်အသစ်အုပ်စုနှင့် တိုက်မိဆုံမိသည်နှင့် သူတို့ကို စောင့်ကြိုနေသည့် အရာက အလွန်ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
"ကောင်စုတ်လေး၊ မင်းက တကယ်ကို မိုက်မဲလွန်းတယ်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေ အကြောက်ဆုံးအရာကို မေ့သွားပြီလား" ချင်ယွင်သည် သူ့ဦးနှောက်တွေ ကို နာကျင်လုနီးပါး စဉ်းစားနေသော်လည်း အကြံဥာဏ်ကောင်းတွေ ထွက်ပေါ်မလာချိန်မှာ လျှိုဘို၏အသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်သည် မှင်သက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် နဂါးမျိုးနွယ်၏ သွေးမျိုးဆက်အကြောင်း မှတ်တမ်းတင်ထားသည့် ရှေးခေတ်စာအုပ်တစ်အုပ်တွင် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေအကြောင်းကို သူဖတ်ဖူးသည်ကို သတိရသွားမိ သည်။ ၎င်းတို့ အကြောက်ဆုံးအရာက သွေးမျိုးဆက်ဖိနှိပ်ခြင်း ဖြစ်သည်။
"မှန်တယ်၊ ငါ့ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်နဂါးရဲ့ စိတ်ဝိညာဉ် ရှိတယ်။ ဒီရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်တွေကို ငါ ဖိနှိပ်နိုင်ရမယ်။" ထိုအကြောင်းတွေးပြီး ချင်ယွင်၏ မျက်နှာက တုနှိုင်းမရအောင် ပျော်ရွှင်သွားသည့် အမူအရာ ပေါ်လာပါသည်။
သွေးမျိုးဆက် ဖိနှိပ်ခြင်းသည် ဤပုရွတ်ဆိတ်မျိုးနွယ်များအတွက် တိုက်ရိုက်နှင့် အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် လျှိုဘို။" ချင်ယွင်က ကျေးဇူးတင်စကား မပြောဘဲ မနေနိုင်တော့။
"ဟမ့်၊ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ မင်း ဒီလောက် မိုက်မဲနေတာကို ငါ သည်းမခံနိုင်တော့လို့" လျှိုဘိုက မညှာမတာ ရှုတ်ချပြောဆိုသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ စိတ်ဆိုးခြင်း မရှိပေ။ သူက ပြုံးရုံသာပြုံးပြီး သူ့ခန္ဓာကိုယ်ကို ရပ်တန့်လိုက်သည်။ သူသည် သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသော ရှေးခေတ် နတ်ဘုရားသတ်ပုရွက်ဆိတ်ကို ရင်ဆိုင်ရန် ပြန်လှည့်လိုက်သည်။
ချင်ယွင် ရုတ်တရက် ရပ်သွားသည်ကို တွေ့လိုက်ရသောအခါ ဟုန်ရန်နှင့် လုံချန်တို့လည်း မှင်သက်သွားကြသည်။ ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ရပ်သွားသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
"ဒီရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းကို မင်း စဉ်းစားပြီးပြီလား။" ဟုန်ရန်က မထိန်းနိုင်ဘဲ မေးလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် စဉ်းစားထားတယ်။ ဒီနည်းလမ်းက အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး။ အရင် စမ်းကြည့်ရအောင်။" ချင်ယွင် ပြုံးလိုက်သည်။
ဟုန်ရန်၏ မျက်လုံးများက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ သူတို့က မင်းကို ကြိုးစားဖို့ ဘယ်လိုလုပ် အခွင့်အရေး ပေးပါ့မလဲ။ တကယ်လို့, မင်း မအောင်မြင်ဘူးဆိုရင်၊ ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်မျိုးနွယ်နှင့် ရင်ဆိုင်ရလိမ့်မည်။ သူတို့ ထွက်ပြေးချင်သော် လည်း ဟုန်ရန်က ဆက်နေရန် ရွေးချယ်ခဲ့သေးသည်။
သူတို့အားလုံးက အချက်တစ်ချက်ကို နားလည်ထားပါသည်။ အကယ်၍, ချင်ယွင်သည် အမှန်တကယ် မအောင်မြင်ခဲ့ဘူးဆိုလျှင်ပင်, သူမအနေဖြင့်, မည်သည့်နေရာကို ထွက်ပြေးရမည်နည်း။ ထို့ကြောင့် နေထိုင်ခြင်းက စိတ်ဝင်စားစရာ ဖြစ်ကောင်းဖြစ်လာနိုင် သည်။
"ညီငယ်ချင်၊ မင်းကို ငါယုံတယ်။ အဲဒီ နံစော်နေတဲ့ ပုရွက်ဆိတ်တွေကို သေတဲ့အထိ ချေမွပစ်လိုက်စမ်း။ လခွမ်းကောင်တွေ, ဒီကောင်တွေကများ ငါ့နောက်ကို အကြာကြီး လိုက်ဖမ်းရဲတယ်လား။" လုံချန်လည်း ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ယခုအချိန်တွင်၊ သူ၏စိတ်သည် အနည်းငယ် ဒေါသထွက်နေပြီး ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များကို လိုက်လံခံရခြင်းကြောင့် အနည်းငယ် စိတ်ဆိုးနေပါသည်။
ချင်ယွင်က ခါးသီးသော အပြုံးကို ထုတ်ဖော်ပြသရင်း ခေါင်းကို ခါယမ်းလိုက်သည်။ သွေးမျိုးဆက်ဖိနှိပ်ခြင်းသည် သူ၏ စိတ်ကူးသက်သက်သာ ဖြစ်သည်။ အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ, ယင်းက အခြားကိစ္စတစ်ခု ဖြစ်သည်။
ဘန်း…။
ချင်ယွင်နှင့် တခြားသူများသည် စကားစမြည် ပြောနေကာ ရယ်မောနေစဉ်, ရှေးခေတ် နတ်ဘုရားသတ်ပုရွက်ဆိတ်အုပ်စုသည် သူတို့ကို မှီလာခဲ့သည်။
အဖြူရောင် မြူခိုးများက ထူထပ်နေပြီး အသံသည် မိုးခြိမ်းသံကဲ့သို့ပင်။ ထူထပ်ပြီး အရာအားလုံးကို လွှမ်းခြုံနေသည်။
ဟုန်ရန်နှင့် လုံချန်တို့၏ ဦးရေပြားများ ထုံကျဉ်သွားသည်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် အလွန်ပင် များပြားလွန်းသည်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် အစုအပုံလိုက်ဖြစ်နေကာ ဧရာမတောင်တန်းကြီးတစ်ခုကဲ့သို့ပင်။ ထို့အပြင် ဤရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် မြူခိုးများထဲတွင် ပုန်းအောင်းနေကြဆဲလည်း ဖြစ်သည်။ သူတို့အနေဖြင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်သေး ပေ။ သူတို့၏ နတ်ဘုရားအာရုံဖြင့်သာ သူတို့၏ သဲလွန်စများကို ဖမ်းဆုပ်နိုင်ခဲ့သည်။
"ညီငယ်ချင်, မင်းအောင်မြင်ရမယ်။ မင်း မအောင်မြင်ရင် ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။" လုံချန်သည် သူနှင့်အခြားသူများသည် ရှေးခေတ်နတ်ဘုရားသတ်ပုရွက်ဆိတ် များ၏ ထူထပ်စွာ ဝန်းရံခံထားရပြီဖြစ်ကြောင်း ခံစားမိပြီး၊ သူ၏မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင်ကို ဖော်ပြလာခဲ့သည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ပို၍ပင် စကားမပြောနိုင်တော့ပေ။
အနည်းဆုံး ခင်ဗျားက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ဘူးလား။ ခင်ဗျား ဒီလောက်ထိ မကြောက်သင့်ဘူးမလား?
သို့သော်၊ ချင်ယွင်၏အမူအရာသည် လျင်မြန်စွာ လေးနက်လာသည်၊ အဘယ်ကြောင့်ဆို သော် သူသည် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များ ၎င်းတို့ဆီသို့ ထိုးဖောက် ဝင်ရောက်နေသည်ကို သူခံစားနိုင်နေပြီ ဖြစ်သည်။
ချင်ယွင်၏ မျက်လုံးများသည် စူးရှသော အရိပ်အယောင်များဖြင့် တောက်ပလာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားနဂါး၏ စိတ်ဝိညာဉ်သည် ချက်ချင်းပင် လှုပ်ရှားသွားလေ သည်။
"အောင်း.."
ချင်ယွင်သည် ကောင်းကင်ယံလှုပ်ခါပြီး မြေကြီးကွဲအက်သွားသည့် အသံဖြင့် ဟိန်းဟောက် လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်က သူ့ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
ဘန်း….။
ဤဟိန်းဟောက်သံနှင့်အတူ၊ တစ္ဆေသရဲ မြင်လိုက်ရသည့်အတိုင်း ခုန်ပေါက်ပြေးဝင်လာ သော ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် ထိတ်လန့်တကြား ချက်ချင်း ထွက်ပြေးသွားကြသည်။
ပတ်ဝန်းကျင်က မြူခိုးတွေတောင် ရုတ်တရက် ပိုပါးလာပါသည်။
ဟုန်ရန်နှင့် လုံချန်တို့သည် နေရာတိုင်းသို့ ထွက်ပြေးသွားကြသော ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်များကို မြင်လိုက်ရသောကြောင့် သက်ပြင်းချကာ ချင်ယွင်ကို အံ့သြစွာ ကြည့်နေကြသည်။
"မင်းက နဂါးမျိုးနွယ်ကလား" ဟုန်ရန်က အံ့သြစွာ မေးလိုက်သည်။
လုံချန်သည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ သိသိသာသာပင်၊ ထိုနဂါး ဟိန်းဟောက်သံက သူတို့အား အလွန်တရာ အံ့သြသွားစေသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "မဟုတ်ဘူး၊ ကျွန်တော်က အခု လူသားတစ်ယောက်ပါ။ ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ နဂါးမျိုးနွယ်ရဲ့ စိတ်ဝိညာဉ်ရှိနေရုံပါပဲ"
ဟုန်ရန်နှင့် လုံချန်တို့သည် ထိုစကားကို ကြားသောအခါ အံ့သြသွားကြသည်။ ချင်ယွင်က ပေါ့ပေါ့တန်တန် ပြောလိုက်သော်လည်း နဂါးမျိုးနွယ်၏ စိတ်ဝိညာဉ်သည် မည်မျှ တန်ဖိုးကြီးသည်ကို သူတို့ သိပါသည်။