အခန်း ၁၆၆၇
Vol. 112 Ch. 1667
အခန်း (၁၆၆၇) နောက်မှပြေးလိုက်ခြင်း။
နတ်ဘုရားနဂါးများသည် သက်ရှိမျိုးနွယ်တွင် အဆင့်အမြင့်ဆုံး သတ္တဝါများ ဖြစ်ကြပြီး၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုစလုံးတွင် လူသားများထက် အဆတစ်ရာနီးပါး သာလွန်ကြ သည်။
သို့သော် နတ်ဘုရားနဂါးသည် အလွန်မောက်မာလွန်းလှသည်။ သူတို့၏အမြင်တွင် လူသားများသည် အနိမ့်ဆုံးသော သတ္တဝါများ ဖြစ်ကြသည်။ ထို့ကြောင့် နတ်ဘုရား နဂါးများ သေဆုံးသွားလျှင်ပင် သူတို့၏နတ်ဘုရားနဂါး စိတ်ဝိညာဉ်များကို လူသားတစ်ဦး ထံ ချန်ထားခဲ့မည် မဟုတ်ပေ။
ချင်ယွင်သည် နတ်ဘုရားနဂါး၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြောင်းကို ကြားလိုက်ရ သဖြင့် သူတို့အားလုံး အံ့သြသွားကြသည်။
ချင်ယွင်သည် ဤကိစ္စဖြင့် စိတ်ရှုပ်မခံချင်တော့ပေ။ သူက ပတ်ပတ်လည်ကို ကြည့်ကာ "ကျွန်တော်တို့ ဒီကနေ ထွက်သွားဖို့ နည်းလမ်းကို စဉ်းစားသင့်တယ်"
ချင်ယွင်၏စကားကို ကြားတော့ ဟုန်ရန်နှင့် လုံချန်တို့သည် အာရုံစူးစိုက်မှုကို ထိန်းချုပ် လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် ထွက်ခွာသွားခြင်းကြောင့် သူတို့ ပတ်ဝန်းကျင်ရှိ မြူများမှာလည်း ပိုမိုပါးလွှာလာခဲ့သည်။
"ဒီမြူတွေအကုန်လုံးက ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေကြောင့် ဖြစ်ပုံရတယ်။ အခု ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေ ထွက်သွားပြီဆိုတော့ မြူတွေက ပိုပြီး ပါးသထက် ပါးလာတယ်။" ဟုန်ရန်က ပြောသည်။
"ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေ များလွန်းတယ်။ ငါတို့ တကယ်တိုက်ရင် တောင် သူတို့ကို ဘာမှလုပ်လို့ မရနိုင်ဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်တွေက ကြောက်လန့်သွားပြီ။ ငါတို့ ဘယ်လို ရုန်းထွက်ကြ မလဲ။" လုံချန်က ပြောသည်။
ချင်ယွင်က ဘာမှပြန်မပြောဘဲ လေးလေးနက်နက် တွေးနေလိုက်သည်။
ဤအစီအရင်ဝင်္ကပါ၏ အားနည်းချက်ကို သူတွေးနေသည်မှာ ထင်ရှားပါသည်။
ဤအစီအရင်ဝင်္ကပါသည် ပေါင်းစပ်အစီအရင်ဝင်္ကပါ ဖြစ်သည်မှာ သိသာထင်ရှားပြီး အစီအရင်ဝင်္ကပါ၏ အားနည်းချက်ကို မြင်မြင်ချင်း ရှာဖွေရန် လွယ်ကူသော အလုပ် မဟုတ်ပေ။
"ကောင်စုတ်၊ ဒီအစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့က အလွယ်လေး မဟုတ်ဘူးလား။ မင်းက မိုက်မဲတယ်လို့ ပြောတော့ မင်းက ငါ့ကို မယုံဘူး။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဘာနည်းလမ်းလဲ…" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
"ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေကြားမှာ ဘုရင်တစ်ပါး ရှိတယ်။ မင်း အဲဒါကို အခုအထိ ရှာမတွေ့သေးဘူးလား" လျှိုဘိုက မေးသည်။
"ဟုတ်တယ်လေ။ ငါ ရှာတွေ့တယ်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေက သတ္တဝါအုပ်စုတစ်ခုပဲ။ ထုံးစံအတိုင်း၊ အဲဒါက ခေါင်းဆောင်တစ်ယောက် လိုတယ်လေ။ ဒါပေမယ့် ဒါက ဒီအစီအရင်ဝင်္ကပါကို ဖြိုခွဲတာနဲ့ ဘာဆိုင်လို့လဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မင်း တကယ်ကို မိုက်မဲတာပဲ။ အစီအရင်ဝင်္ကပါအားလုံးကို လေ့လာခဲ့တာ အလကားပဲ။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်ရဲ့ နဖူးမှာ ကြည်လင်တောက်ပတဲ့ ကျောက်မျက် ရတနာတစ်ခု မြှုပ်ထားတာကို မင်း သတိမထားမိဘူးလား" လျှိုဘိုသည် မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်ပါသည်။
"ကျောက်မျက်ရတနာလား." ရှေးခေတ်နတ်ဘုရားသတ် ပုရွတ်ဆိတ်အုပ်စု၏ နောက်ကွယ်တွင် ပုန်းအောင်းနေသည့် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်သည် ၎င်း၏မျက်ခုံးကြားတွင် အနီရောင်ကျောက်မျက်တစ်လုံးရှိကြောင်း ချင်ယွင် ပြန်သတိရ သွားသည်။
ယခင်က ထိုကျောက်မျက်သည် အနည်းငယ် ထူးဆန်းသည်ဟု သူထင်ခဲ့သော်လည်း ယခု လျှိဘိုပြောစကားအရဆို ထိုအနီရောင် ကျောက်မျက်ရတနာသည် ထူးခြားချက် မဟုတ်မှန်း ချက်ချင်း သိလိုက်ရသည်။
"ရှေးခေတ်သွေးဖီးနစ်ကျောက်တုံး၊ မှန်တယ်။ ထိုကျောက်တုံးသည် ရှေးခေတ်သွေးဖီးနစ် ကျောက်တုံးဖြစ်သည်။ ချင်ယွင်၏ မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အမူအရာ ချက်ခြင်း ထွက်ပေါ်လာသည်။
ဤအစီအရင်ဝင်္ကပါ၏ မျက်လုံးကို သူ ရှာတွေ့ပြီးပြီ။ ဤအစီအရင်ဝင်္ကပါ ပိုင်ရှင်သည် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်၏ ဦးခေါင်းပေါ်တွင် ဤအစီအရင်ဝင်္ကပါ မျက်လုံးကို အမှန်တကယ် ထားရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။
ရှေးခေတ်သွေးဖီးနစ်ကျောက်တုံးသည် နတ်ဘုရား အစီအရင်ဝင်္ကပါများကို တပ်ဆင်ရန် အသုံးပြုသည့် တန်ခိုးကြီးသော နတ်ဘုရားအာရုံတစ်ခု ဖြစ်သည်။ ဤအရာမပါဘဲ ကြောက်မက်ဖွယ်ကောင်းသော တားမြစ် နတ်ဘုရားအစီအရင်ဝင်္ကပါအချို့ကို တပ်ဆင်၍ မရနိုင်ပေ။
"ကောင်စုတ်လေး, အခု မင်း အစီအရင်ဝင်္ကပါကို ဘယ်လိုဖျက်ရမယ်ဆိုတာ သိပြီ မဟုတ်လား" လျှိုဘိုက ရယ်မောလိုက်သည်။
"ဟုတ်တယ်" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ရယ်မောဟန်ဖြင့် ကွေးသွားခဲ့ပြီး၊ သူ့မျက်လုံးများက ပြတ်သားလာသည်။
ချင်ယွင်၏ အမူအရာ ပြောင်းလဲသွားမှုသည် ဟုန်ရန်နှင့် လုံချန်၏အာရုံကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။
"ညီငယ်ချင်၊ မင်း အစီအရင်ဝင်္ကပါကို ဖျက်ဆီးဖို့ စဉ်းစားမိပြီလား" လုံချန်က ကမန်းကတန်း မေးလိုက်သည်။
ဟုန်ရန်သည် ချင်ယွင်ကို မျှော်တလင့်တကြီး ကြည့်နေသည်။
"ဟုတ်တယ်၊ ကျွန်တော် အစီအရင်ဝင်္ကပါကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ သိသွားပြီ။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။
ဟုန်ရန်နှင့် လုံချန်တို့သည် ဤစကားကို ကြားသောအခါ အလွန်ဝမ်းသာသွားကြသည်။
"ဒါဆို ဒီအစီအရင်ဝင်္ကပါကို ဘယ်လို ချိုးဖျက်ရမလဲ" ဟုန်ရန်က ဆက်မေးသည်။
"လိုက်.." ချင်ယွင်က ပြုံးပြီး စကားတစ်ခွန်း ပြောလိုက်သည်။
"ဘာကို လိုက်ရမှာလဲ။" ဟုန်ရန်နှင့် လုံချန်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"သေချာပေါက်, ငါတို့က ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေနောက်ကို လိုက်ရမှာပေါ့" ချင်ယွင်က ပြောသည်။
"အိုက်" ဟုန်ရန်နှင့် လုံချန်တို့သည် ထိတ်လန့်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့သည် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေလက်မှ လွတ်မြောက်ခဲ့ပြီး၊ ယခုအခါတွင် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေနောက်သို့ ပြန်လိုက်ရမည်။ ဤအရာက သူတို့သည် သေချင်းတရားကို သွားပြီး တောင်းခံနေခြင်းများ ဖြစ်နိုင်မလား။
ချင်ယွင်လည်း သူတို့၏ သံသယတွေကို မြင်နေပုံရသည်။ သူက ပြုံးပြီး ရှင်းပြသည် "ဒီအစီအရင်ဝင်္ကပါရဲ့ အဓိကအချက်က ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်အုပ်စုထဲ မှာ ရှိနေတယ်။ အဲဒီရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ကို ငါတို့ သတ်နိုင်သရွေ့ ဒီနေရာကနေ ထွက်သွားနိုင်မှာပါ"
"ဒါပေမယ့်..."
ချင်ယွင် ရှင်းပြပြီးနောက်၊ ဟုန်ရန်နှင့် လုံချန်သည် အနည်းငယ်မျှပင် စိတ်သက်သာရာ ရမသွားရုံသာမက စကားလည်း ပို၍ပင် မပြောနိုင်တော့ပေ။
မင်းက ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်ကို သတ်ချင်တာလား။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
"စိတ်မပူပါနဲ့ ကျွန်တော် ဒီမှာ ရှိပါတယ်" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ သူပြောပြီး သည်နှင့် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့တစ်ကိုယ်လုံး နဂါးတစ်ပိုင်း အခြေနေသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် သူသည် ခြေချောင်းများကို ဖိလိုက်ရင်း လျှပ်စီးလက်သကဲ့သို့ ပစ်လွှတ်လိုက် သည်။
ဟုန်ရန်နှင့် လုံချန်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး အံကြိတ်ကာ လိုက်သွားကြသည်။
ချင်ယွင်၏ အရှိန်ဟုန်သည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး သူ့နောက်မှ နဂါးအတောင်ပံ များလည်း ဖြန့်ကျက်သွားခဲ့သည်။ တောက်လောင်နေသော မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသော အတောင်ပံများသည် ပတ်ဝန်းကျင်ကို အနှိုင်းမဲ့ တောက်ပစွာ လင်းလက်တောက်ပစေသည်။
ဟုန်ရန်နှင့် လုံချန်တို့သည် ချင်ယွင်၏ နောက်သို့ အနီးကပ် လိုက်ပါလာကြပြီး၊ သူတို့ နောက်သို့ လိုက်ပါလာလေ ပို၍ကြောက်လန့်လာလေ ဖြစ်လာရသည်။
သူတို့၏ ကျင့်ကြံမှုဖြင့်, သူတို့သည် ချင်ယွင်၏ အမြန်နှုန်းကို လိုက်မမီနိုင်ဘဲ သူနှင့် နောက်ကျကျန်နေသည့် အရိပ်အယောင်ပင် ပြသနေကြောင်း တွေ့ရှိခဲ့ရသည်။
အရေးကြီးဆုံးမှာ ချင်ယွင်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အသုံးပြုမထား ကြောင်း တွေ့ရှိခဲ့သည်။ တစ်နည်းဆိုရသော် ချင်ယွင်သည် ထိုကဲ့သို့သော အမြန်နှုန်းကို ထုတ်ပြသရန် သူ့ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
"ဝှီး...၊ ဝှီး..."
ချင်ယွင်နှင့် အခြားနှစ်ဦးတို့သည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် မြူခိုးများကို ဖြတ်ကျော်ကာ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များ ပျံသန်းရာ လမ်းကြောင်းဆီသို့ ဦးတည်သွားကြသည်။
ဟိုးအဝေးက ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေကနေ လွတ်မြောက်လာကြသည့် နတ်ဘုရားတချို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံသြသွားကြသည်။
လခွမ်း..၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတွေကတော့ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတွေပါပဲလေ။ သူတို့က ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်တွေကိုတောင် နောက်ကနေ လိုက်နိုင်ကြသည်။
အကယ်၍, ဟုန်ရန်နှင့် လုံချန်တို့သည် ဤလူများ တွေးနေကြသည့်အရာကို သိလျှင် သူတို့ မည်သို့ ခံစားရမည်ကို မသိနိုင်ပေ။
အလွန်လျင်မြန်စွာ၊ ချင်ယွင်နှင့် အခြားသူများသည် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်အုပ်စုထံ ရောက်ရှိသွားကြသည်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ် အုပ်စုသည် အနည်းငယ် ဒေါသထွက်နေပုံရသည်။ သူတို့သည် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်၏ ကွပ်ကဲမှုအောက်တွင် လမ်းကြောင်းပြောင်းကာ တန်ပြန် တိုက်ခိုက် ရန် ကြံစည်ပုံရသည့် ချင်ယွင်နှင့် အခြားသူများ ရှေ့သို့ ပျံဝဲလာခဲ့ကြသည်။
ဟုန်ရန်နှင့် လုံချန်တို့ နှစ်ယောက်စလုံးသည် တိုက်ပွဲဝင်ရမည့်အနေထားမျိုး ဖြစ်နေ ကြောင်း တွေ့လိုက်ရသည်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် ဟာသတစ်ခု မဟုတ်ပေ။ ၎င်းတို့ နပ်မြုပ်သွားသည်နှင့် တပြိုင်နက် သူတို့သည် သေခြင်းတရားဖြင့် အဆုံးသတ်သွားရမည်။
"အစ်မကြီး ဟုန်ရန်၊ အစ်ကိုကြီး လုံချန်၊ မင်းတို့ လုပ်စရာရှိတာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ။ ကျန်တာ ကျွန်တော့်ဆီမှာ စိတ်အေးလက်အေး ထားခဲ့လိုက်ပါ။" ချင်ယွင်က ဟုန်ရန်နှင့် လုံချန်တို့ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် နောက်ကွယ်မှ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်နယ်မြေဆီသို့ ပျံသန်းသွားရင်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင် ပြေးထွက်သွားစဉ် ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်အုပ်စုထဲရှိ ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်ထံမှ ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်ဘုရင်က တိုက်ခိုက်ရန် အမိန့်ထုတ်လိုက်ပုံရသည်။
ဤဟစ်ကြွေးသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ထူထပ်စွာ ထုပ်ပိုးထားသော ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် ဟုန်ရန်နှင့် လုံချန်တို့ကို တိုက်ခိုက်ခဲ့ကြ သည်။
ထိုမြင်ကွင်းမြင်တော့ ဟုန်ရန်နှင့် လုံချန်တို့၏ ဦးရေပြားတွေ ထုံကျင်သွားပြီး ပိတ်ဆို့ရန် အကာကွယ် အလင်းဒိုင်းများကို အသက်သွင်းဖို့ အလျင်စလို ပူးပေါင်းလိုက်ကြသည်။
သို့သော်၊ အကာကွယ်အလင်းဒိုင်းကို ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များက လျင်မြန်စွာ သန့်ရှင်းပြီး ဝါးမျိုးသွားကြသည်။ သူတို့သည် သူတို့၏ကိုယ်ပိုင်စွမ်းအားဖြင့် တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သို့သော်၊ ရှေးခေတ်နတ်ဘုရားသတ် ပုရွက်ဆိတ်များသည် အလွန်များသည်။ သူတို့သည် အများအပြားကို သတ်ဖြတ်ခဲ့ကြပြီး ဒဏ်ရာအသီးသီး ရရှိလာချိန်မှာတောင် ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်တွေက ကခုန်နေကြတုန်းပင်။
"လခွမ်း.., မင်း ငါတို့ကို မလိုအပ်ဘူးဆိုတာ ငါသိခဲ့ရင် ငါတို့က ဘာလို့ မင်းနောက် လိုက်ခဲ့မှာလဲ" သူ့နှလုံးသားထဲ နတ်ဘုရားသားရဲတစ်သောင်းက ပြေးဝင်နေသည့်အလား လုံချန်သည် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။