အခန်း ၁၆၆၉
Vol. 112 Ch. 1669
အခန်း (၁၆၆၉) စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်
ချင်ယွင်သည် လှည့်ပတ်ကြည့်လိုက်သည်။ ယခုအချိန်၌ သူတို့သည် ချောက်အလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကြက်ခြေခတ်သဖွယ် နွယ်ပင်များသည် အထက်ကောင်းကင်ယံ ၌ ဖုံးလွှမ်းထားသည်။
ဤနွယ်ပင်များသည် မည်သည့်ထူးခြားမှုမှ ရှိပုံမပေါက်သော်လည်း အကြောင်းတစ်ခုခု ကြောင့် ချင်ယွင်သည် အလွန်အန္တရာယ်များသော ခံစားချက်ကို ခံစားခဲ့ရသည်။
“အား…”
ဤအခိုက်အတန့်တွင် မနီးမဝေးမှ သနားစရာကောင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ် လာသည်။
ချင်ယွင်နှင့် အခြားသူများသည် ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကာ ကြောက်မက်ဖွယ် ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
နွယ်ပင်တစ်ပင်သည် နတ်ဘုရားတစ်ပါးကို ခိုင်မြဲစွာ ချည်နှောင်ထားသည်။ နွယ်ပင်၏ အဆုံးတစ်ဖက်သည် ထိုနတ်ဘုရား၏ဦးခေါင်းထဲသို့ တိုက်ရိုက် ထိုးဖောက်ထားပြီး ထိုနတ်ဘုရား၏ စိတ်ဝိညာဉ်ကို ထုတ်ယူကာ ချောမွေ့စွာ စုပ်ယူလိုက်သည်။
"မကောင်းတော့ဘူး၊ အဲဒါက စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်ပဲ"
တစ်စုံတစ်ယောက်သည် နွယ်ပင်၏ အစစ်မှန် အသွင်အပြင်ကို မှတ်မိသွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်ပါသည်။ သို့သော် သူအော်ဟစ်လိုက်သည့်အချိန်မှာပင်, နွယ်ပင်တစ်ပင် သည် သူ့ခေါင်းကို ထိုးဖောက်ကာ သူ့စိတ်ဝိညာဉ်ကို ချက်ခြင်း ဝါးမျိုသွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဟုန်ရန်နှင့် လုံချန်တို့၏ အမူအရာတွေက ချက်ချင်း လေးနက်လာခဲ့သည်။ ထောင်ချောက်ထဲက ပြန်ထွက်လာသည့် ပျော်ရွှင်မှုပင် ချက်ချင်း ဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော သက်ရှိတစ်မျိုး ဖြစ်သည်။ နတ်ဘုရားစိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် မည်သည့်အရာ မဆို ၎င်းတို့ရှေ့မှာ အာဟာရ ဖြစ်သွားလိမ့်မည်။ နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားများကို ဝါးမျိုလေ၊ စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်များသည် ပို၍ အားကောင်းလေ ဖြစ်သည်။
“အား..၊ အား...၊ အား...အား…”
သနားစရာကောင်းသော အော်ဟစ်သံများ ထပ်ခါထပ်ခါ ထွက်ပေါ်လာသည်။ ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်များ၏ ခံတွင်းဝမှ လွတ်မြောက်လာကြသော နတ်ဘုရားများ သည် အချိန်တိုလေးအတွင်း စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်၏ အာဟာရများ ဖြစ်လာကြသည်။
"ချွင်..၊ ချွင်…”
တန်ပြန်တိုက်ခိုက်လိုသော နတ်ဘုရားအချို့ ရှိသော်လည်း ၎င်းတို့၏ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများသည် အမှန်တကယ်ပင် သံမဏိကဲ့သို့ ကျယ်လောင်သောအသံဖြင့် ဤနွယ်ပင်များကို ခုတ်ပိုင်း တိုက်ခိုက်နေကြသော်လည်း ၎င်းတို့သည် ထိုနွယ်ပင်များကို လုံးဝ မရပ်တန့်နိုင်ကြပေ။
ထိုမြင်ကွင်မြင်တော့ လုံချန်နှင့် တခြားသူများသည် မျက်ခုံးပင့်သွားကြသည်။
ချင်ယွင်သည်လည်း မျက်ခုံးပင့်လိုက်ပြီး၊ ဤနတ်ဆိုးနွယ်ပင်များသည် ရှေးခေတ် နတ်ဘုရားသတ် ပုရွက်ဆိတ်များထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟု ယူဆရပါ သည်။
ဘန်း…။
ချင်ယွင်၏စိတ်ထဲတွင် တွေးနေစဉ်တုန်းမှာ နွယ်ပင်တစ်ပင်က သူ့ဆီ ပေါက်ကွဲထွက်လာခဲ့ သည်။ ကြောက်မက်ဖွယ်ကောင်းသော နွယ်ပင်သည် ချင်ယွင်၏ နဖူးဆီသို့ လှံရှည် တစ်ချောင်းကဲ့သို့ တည့်တည့် ပစ်မှတ်ထားလာသည်။
ချင်ယွင်သည် လျစ်လျူမရှုဝံ့ဘဲ ကြည်လင်ကောင်းကင်ဓားက သူ့လက်ထဲတွင် ချက်ချင်း ပေါ်လာသည်။
ချွမ်…။
ချင်ယွင်၏ ကြည်လင်ကောင်းကင်ဓားသည် စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်နှင့် အချင်းချင်း အပြင်းအထန် တိုက်မိသွားပြီး သန့်စင်သော သံမဏိအချင်းချင်း၏ ထိပ်တိုက် တွေ့ဆုံမိသည့်အသံများ ကျယ်လောင်စွာ ဖြစ်ပေါ်လာကာ၊ နောက်ပိုင်းတွင် မည်သည့် သဲလွန်စတစ်ခုမျှ မကျန်ရစ်ခဲ့ပေ။
ကံကောင်းထောက်မစွာ၊ စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်သည် ချင်ယွင်၏ လက်ထဲ မှ ကြည်လင်ကောင်းကင်ဓားကြောင့် တွန်းထုတ်သွားခဲ့သည်။ ထို့သို့မဟုတ်ပါက, ၎င်းသည် ချင်ယွင်၏မျက်ခုံးနှစ်ခုကြားရှိ နေရာသို့ ထိုးဖောက်သွားမည် ဖြစ်သည်။
သို့သော်လည်း စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်သည် လက်မလျော့သေးပေ။ ၎င်းသည် ချင်ယွင်ကို အမှန်တကယ် တိုက်ခိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ချင်ယွင်၏ ခေါင်းကို တိုက်ရိုက် မတိုက်ခိုက်တော့ပေ။ ယင်းအစား ချင်ယွင်ကို အရင် ချည်နှောင်ချင်နေ ခဲ့သည်။
ချင်ယွင်သည် ၎င်း၏ဆန္ဒအတိုင်း မည်သို့ လုပ်ဆောင်ခွင့် ပြုနိုင်မည်နည်း။ သူ့လက်ထဲက ကြည်လင်ကောင်းကင်ဓားက ချက်ချင်း ဝှေ့ယမ်းသွားပြီး ဝူဝမ်ဓားသိုင်းကို အသုံးပြုလိုက် သည်။ အဆုံးမရှိသော ဓားလှိုင်းများက တဟုန်ထိုး လှိမ့်တက်လာခဲ့ပြီး တိုက်ခိုက်နေသော နွယ်ပင်ကို အထပ်ထပ်ခါခါ တွန်းထုတ်သည်။
သို့သော်လည်း ချင်ယွင်ကို တိုက်ခိုက်နေစဉ်မှာ နွယ်ပင်သည် ကိုင်တွယ်ရ ခက်ခဲသထက် ခက်ခဲလာသည်ကို ချင်ယွင်တွေ့ရှိခဲ့ရပြီး၊ အခြားနွယ်ပင်တစ်ပင်သည်လည်း ချင်ယွင်ကို တိုက်ခိုက်လာခဲ့သည်။
ချင်ယွင်သည် ဘေးနားရှိ ဟုန်ရန်နှင့် လုံချန်ကို ကြည့်လိုက်သည်။ သေချာသည်မှာ သူတို့သည်လည်း တိုက်ပွဲတစ်ခုတွင် ပိတ်မိနေခဲ့သည်။
"ငါတို့ ဘာလုပ်ရမလဲ၊ ဒီအတိုင်း ဆက်သွားလို့မရဘူး။" ချင်ယွင်က စိုးရိမ်တကြီး ပြောလိုက် ပါသည်။
ယခုအချိန်တွင် နွယ်ပင်နှစ်ပင်သာရှိသေးသော်လည်း ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလှသည်။ တစ်ခဏအတွင်း နွယ်ပင် ဆယ်ပင် သို့မဟုတ် အပင်တရာရှိလာခဲ့လျှင် ခုခံနိုင်မည် မဟုတ်တော့ပေ။
"ထင်းက မီးကို ကြောက်တယ်လို့ ပြောကြတယ်။ မီးက မင်းတို့ကို လောင်ကျွမ်းနိုင်မလား ကြည့်ရအောင်။" သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓားက ပျောက်သွားခဲ့ပြီး ပန်ဂုပုဆိန် နှင့် အစားထိုးလိုက်ရင်း ချင်ယွင်၏ မျက်လုံးတွေက ကျဉ်းသွားခဲ့သည်။
ပန်ဂု၏ ပုဆိန်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ အပူချိန်သည် အလွန်မင်း မြင့်မားလာသည်။
ပန်ဂုပုဆိန်တစ်ခုလုံးသည် တောက်လောင်နေသော မီးတောက်ကဲ့သို့ လောင်ကျွမ်းသွားပြီး၊ ၎င်းပေါ်ရှိ မှော်သင်္ကတေများသည် စီးဆင်းနေသော ချော်ရည်များကဲ့သို့ ပူပြင်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။
ချင်ယွင်သည် သူ၏ပန်ဂုပုဆိန်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းပင်၊ သူသည် အနှိုင်းမဲ့ မာကျောသော နွယ်ပင်ကို တိုက်ခိုက်လိုက်စဉ် ကောင်းကင်ယံတွင် မီးတောက်များဖြင့် ပြည့်လျှံသွားခဲ့သည်။
သို့သော် ထိုနွယ်ပင်များသည် မီးတောက်ကို လုံးဝ မကြောက်ခဲ့ပေ။ ပန်ဂုပုဆိန်ပေါ်က နှိုင်းဆမရအောင် ပူပြင်းသည့် မီးတောက်များသည် စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင် ကို နည်းနည်းလေးမှ မလှုပ်ခါနိုင်ခဲ့ပါဘူး။
"လခွမ်း..၊ ဓားနဲ့ ခုတ်ပိုင်းလို့ မရသလို မီးနဲ့လည်း မလောင်ကျွမ်းနိုင်ဘူး။ ဒီနွယ်ပင်က ပြိုင်ဘက်ကင်း ဖြစ်နေပြီး မဟုတ်ဘူးလား။ ချင်ယွင်က သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။
စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်သည် မီးနှင့်ရေကို ခုခံနိုင်စွမ်းရှိသလို ဓားနှင့်လှံ တို့ကိုလည်း ခုခံနိုင်စွမ်း ရှိနေခဲ့သည်။ ယင်းက လုံးဝ အကူအညီမဲ့ ဖြစ်ရသည်။ အကယ်၍, ဤအတိုင်းသာ ဆက်သွားနေပါက, အနှေးနှင့်အမြန်ဆိုသလို ဖြေရှင်းလို့ရမည့်အရာ မရှိနိုင်တော့ဘူး မဟုတ်လား။
ရုတ်တရက် ချင်ယွင်က တစ်ခုခုကို တွေးမိသွားပုံရပြီး ရှေးခေတ်နတ်ဆိုးနတ်ဘုရား ကမ္ဗည်းပြားဆီသို့ အလျင်အမြန် အသံလွှင့်ကာ "လျှိုဘို၊ လျှိုဘို၊ မြန်မြန်ထွက်လာစမ်းပါ"
"ကောင်စုတ်၊ မင်း အခက်အခဲရှိရင် ငါ့ကိုရှာဖို့ပဲ သတိရနေတယ်။ မင်းဦးနှောက်ကို မသုံးတတ်တော့ဘူးလား။ ဒီလို ရိုးရှင်းတဲ့ပြဿနာလေးကိုတောင် မင်း မဖြေရှင်းနိုင်ဘူး လား။" လျှိုဘိုက အော်ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ လျှိုဘို၏ ပြောစကားအရဆို, သူသည် စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်ကို မည်သို့ကိုင်တွယ်ရ မည်ကို သိထားပြီး ဖြစ်သည်ကို ဆိုလိုသည်။
"စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ မြန်မြန် ပြောပြစမ်းပါ။" ချင်ယွင်သည် စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်များ၏ တိုက်ခိုက်မှု တွေကို ကိုင်တွယ်ဖြေရှင်းရင်း အသံလွှင့်ကာ မေးမြန်းလိုက်သည်။
"ငါ မင်းကိုတော့ တကယ် လေးစားသွားပြီ။ ကောင်းပြီ မင်းကို နောက်ဆုံးတစ်ခေါက် ငါ ကူညီပေးမယ်။ ဒါပြီးရင် ငါ့အိပ်တာကို မနှောင့်ယှက်နဲ့တော့။" လျှိုဘိုက ကူကယ်ရာမဲ့ ပြောသည်။
ချင်ယွင်က သဘောတူကြောင်း ထုတ်ဖော်ပြောဆိုဆိုရင်း အကြိမ်ကြိမ် ခေါင်းညိတ်သည်။
လျှိုဘိုသည် စကားမပြောနိုင် ဖြစ်သွားရသည်။ သို့သော် သူက ပြောပြပါသေးသည် " စိတ်ဝိညာဉ်ဝါးမျိုးခြင်းနတ်ဆိုးနွယ်ပင်ကို ကိုင်တွယ်ဖို့က တကယ်ပဲ အရမ်းရိုးရှင်းပါတယ်။ မင်းက တကယ်တကာ စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်ရဲ့ ချည်နှောင်ခံလိုက်ပြီး၊ မင်းရဲ့ကနဦးစကြာဝဠာ စွမ်းအားကို အသုံးပြုကာ မင်းရဲ့ စတင်ခြင်းမျက်လုံးကို ဖွင့်ထား လိုက်တာနဲ့ စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်ထဲက စိတ်ဝိညာဉ်စွမ်းအားကို ပြန်ဆွဲ ထုတ်နိုင်လိမ့်မယ်။ ဒါဆို စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုးနွယ်ပင်လည်း သူ့ရဲ့စိတ်ဝိညာဉ် စွမ်းအား ကုန်ဆုံးသွားပြီး သဘာဝအတိုင်း ချောက်သွေ့သွားလိမ့်မယ်။"
ထိုစကားကို ကြားတော့ ချင်ယွင်၏မျက်လုံးတွေက ချက်ချင်း တောက်ပလာခဲ့သည်။
မှန်ပေသည်။ စတင်ခြင်းမျက်လုံး၊ သူ ၎င်းကို အဘယ့်ကြောင့် မေ့နေရသနည်း။
၎င်းသည် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းအတွက် အထူးပြုသော ရတနာတစ်ခု ဖြစ်သည်။ ကနဦးစကြဝဠာ၏ စွမ်းအားဖြင့် ၎င်းကို အသက်သွင်းခဲ့မည်ဆိုလျှင်၊ ၎င်းသည် တုနှိုင်းမရ အောင် အားကောင်းလာမည် ဖြစ်သည်။ ထိုအချိန်တွင်၊ စိတ်ဝိညာဉ်ဝါးမျိုးခြင်း နတ်ဆိုး နွယ်ပင်ကို ကိုင်တွယ်ဖို့က အလွန်လွယ်ကူသွားပါမည်။
ထိုအကြောင်းကို တွေးပြီး ချင်ယွင်သည် ချက်ချင်းပင် ခုခံမူကို စွန့်လွှတ်လိုက်ကာ၊ နွယ်ပင်များ၏ ရစ်ပတ်ဖမ်းဆီးမူကို ခံယူရန် လက်ကို ဆန့်လိုက်ပါသည်။
အခြားမိတ်ဖက်နွယ်ပင်များသည်လည်း ချင်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ခြင်း ချည်နှောင်ကြသည်။ သို့သော် ချင်ယွင်က ဂရုမစိုက်ဘဲ သူ့ပါးစပ်ထောင့်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုကို ခိုတွဲထားသည်။
"ညီငယ်ချင်၊
ချင်ယွင်သည် နွယ်ပင်များအတွင်း ပိတ်မိနေသည်ကို တွေ့လိုက်ရသောအခါ လုံချန်သည် ချက်ချင်းဆိုသလို ကူညီရန် ခြေလှမ်းစလိုက်ချင်သည့်အလား ချက်ခြင်း အော်ဟစ်လိုက် သည်။
"မလာနဲ့၊ ငါ တမင်တကာ လုပ်ခဲ့တာ" ချင်ယွင်က အမြန် တားဆီးလိုက်သည်။
"ဒါကို တမင်တကာ လုပ်ခဲ့တာလား?" လုံချန် အံ့သြသွားသည်။ သေခြင်းတရားကို တမင်တကာ တောင်းဆိုနေသည့် တခြားလူတစ်ယောက် ရှိနေသေးတာလား။
ဘေးမှာရှိနေသည့် ဟုန်ရန်ကလည်း အံ့သြသည့် အမူအရာကို ဖော်ပြနေသည်။ ချင်ယွင်သည် မည်သည့်အရာလုပ်ဆောင်ရန် ကြိုးစားနေလဲဆိုသည်ကို သူမ နားမလည် နိုင်ပါဘူး။
ချင်ယွင်သည် ပတ်ဝန်းကျင်လူများ၏ အံ့အားသင့်သော အကြည့်များကို လျစ်လျူရှုကာ ရုန်းကန်နေသော နွယ်ပင်များကို ဖမ်းဆုပ်လိုက်သည်။ သူ့ပါးစပ်ထောင့်က အပြုံးက ပို၍ ပီပြင်လာသည်။
"မင်းက နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ဝါးမျိုရတာ မကြိုက်ဘူးလား။ ဒီနေ့၊ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအား ဝါးမျိုရတဲ့အရသာကို မင်းကို ငါ မြည်းစမ်းခွင့် ပေးမယ်။" ချင်ယွင်က ရယ်မောလိုက်ပြီး၊ သူ့ကနဦးစကြာဝဠာ စွမ်းအားကို အသုံးပြုပြီး သူ့ညာလက်ထဲသို့ သွန်းလောင်းလိုက်ပါသည်။
သူ့ညာလက်ထဲရှိ စတင်ခြင်းမျက်လုံးသည် ချက်ချင်း ပွင့်လာပြီး အနှိုင်းမဲ့ လင်းလက် တောက်ပသော အလင်းရောင်ကို ထုတ်ပေးသည်။ ထို့နောက်တွင်၊ စတင်ခြင်းမျက်လုံးမှ ပြင်းထန်သော စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဤစုပ်ယူမှုစွမ်းအား ထွက်ပေါ်လာသည်နှင့်အမျှ၊ အနှိုင်းမဲ့ကြီးမားသော နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအား ပမာဏသည် ချင်ယွင်၏ စတင်ခြင်းမျက်လုံးများထဲသို့ ချက်ချင်း သွန်းလောင်းသွားသည်။
နွယ်ပင်များသည် သရဲတစ္ဆေမြင်လိုက်ရသည့်အလား ချင်ယွင်၏လက်ဖဝါး ချုပ်နှောင်မှုမှ လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်စ ပြုလာသည်။
သို့သော် ချင်ယွင်သည် ၎င်းတို့ဆန္ဒအတိုင်း ထွက်ခွာခွင့်မပြုဘဲ နွယ်ပင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
နွယ်ပင်များ၏ နက်ရှိုင်းရာအရပ်ကနေ တုနှိုင်းမရအောင် အေးစိမ့်သည့် ရှိုက်ကြီးတငင် အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး၊ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်ဟုန်ဖြင့် နွယ်ပင်များသည် ညှိုးနွမ်းသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံး အံ့သြသွားကြသည်။