← Chapters

အခန်း ၁၆၇၂

Vol. 112 Ch. 1672

အခန်း ၁၆၇၂

Vol. 112 Ch. 1672

အခန်း (၁၆၇၂) ပြိုင်ဘက်ကင်း တိုက်ပွဲတစ်ပွဲ။

"ဒါက တကယ်ကို သောက်ရမ်း နာကျင်ရတယ်"

လုံချန်သည် ဧရာမတွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး အော်ဆဲလိုက်သည်။ ယခုအချိန် မှာ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး၊ ဤအရာအားလုံးက မိုရှာရုပ်သေးကြောင့် ဖြစ်သည်။

သို့သော်, ထိုအချိန်မှာပင် ဥက္ကာပျံတစ်စင်း မြေပြင်ပေါ်သို့ လျင်မြန်စွာ ကျဆင်းလာသည့် အလား သူ့မျက်လုံးရှေ့တွင် အနက်ရောင် အစက်ပြောက်တစ်ခုက လျင်မြန်စွာ ကျယ်ပြန့် လာသည်ကို သူ တွေ့ရှိလိုက်ရသည်။

"လခွမ်း..၊ ပြန်လာပြန်ပြီ" လုံချန်က ချက်ချင်း အော်ဆဲလိုက်သည်။

ယခုအချိန်မှာ သူသည် တိုက်ခိုက်ချင်စိတ် မရှိတော့ပါဘူး။ တိုက်ခိုက်ရခြင်းက ပျော်ရွှင်စရာ မကောင်းတော့ပေ။ ဤအရာက အမှန်တကယ် ရိုက်နှက်ခံနေရခြင်း ဖြစ်သည်။

"ဘုန်း..."

မိုရှာရုပ်သေးသည် လုံချန်၏ခန္ဓာကိုယ်ကို ချေမွပစ်တော့မည့် အခိုက်မှာ, မိုရှာရုပ်သေး သည် အပြင်းအထန် ထုရိုက်ခံလိုက်ရပုံရပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း လွင့်ထွက်သွားခဲ့သည်။

"အယ်…" လုံချန် မှင်သက်သွားသည်။ သူသည် ပြင်းထန်သော ထိုးနှက်ချက်အတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော် ဤအကြပ်အတည်းကာလတွင် တစ်စုံတစ်ဦးမှ သူ့ကို အမှန်တကယ် ကူညီလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ဘယ်လိုလဲ၊ လုံလောက်ပြီလား" ချင်ယွင်သည် တွင်းနက်ထဲရှိ လုံချန်ကို ကြည့်ကာ ရယ်မောလိုက်သည်။

လုံချန်က အပြုံးနှင့်အတူ ခေါင်းခါလိုက်ပြီး သူ့မျက်နှာက ကူရာမဲ့ခြင်းများဖြင့် ပြည့်နေခဲ့ သည်။

သို့သော်၊ လုံချန်သည် မိုရှာရုပ်သေးကို ချင်ယွင်နှင့်အတူ လက်တွဲ တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်ချိန်မှာ, ချင်ယွင်က သူ့အား မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ဖြစ်စေသည့် တစ်စုံတစ်ခုအား ပြောလိုက်ပါသည်။

"မင်းတိုက်ခိုက်တာ လုံလောက်ပြီဆိုရင်လည်း အနားယူလိုက်တော့။ ငါ လုပ်လိုက်မယ်။" ချင်ယွင်သည် ထိုစကားများကို ပြောပြီးနောက် ခြေလှမ်းပြီးဖြစ်နေပြီ။

၎င်းသည် ဆယ်လီအကွာအဝေး ဖြစ်ပြီး ခြေလှမ်းတစ်ခုစီသည် အခြားလူများထက် ပိုကျယ် သည်။

လုံချန်သည် ဆွံ့အကျန်ခဲ့ပြီး၊ ချင်ယွင် မည်သို့ လုပ်ဆောင်မည်ကို သူ နားမလည်ခဲ့ပေ။

ဟုန်ရန်သည်လည်း လုံချန်အနားသို့ ရောက်လာခဲ့သည်။ ရှေ့သို့ ခြေတစ်လှမ်းချင်း တိုးသွားသည့် ချင်ယွင်ကို ကြည့်လိုက်ရင်း သူမက ပြောသည် "ချင်ယွင်ကို ငါတို့ လျှော့တွက်ခဲ့ပုံရတယ်။ သူ့ခွန်အားက ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုသန်မာ တယ်။ သူက သေချာပေါက် ငါတို့အထက်မှာ ရှိတယ်"။

"မှန်တယ်။ ငါလည်း သူ့ကို လျှော့တွက်ခဲ့မိတယ်။ သူဘယ်လောက် သန်မာလဲဆိုတာ ဒီအခွင့်အရေးကို အသုံးချပြီး ကြည့်ရအောင်။" လုံချန်သည်လည်း ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ မြင့်တက်သွားပြီး သူ့မျက်လုံးများက အဝေးသို့ ထွက်ခွာသွားနေသော ချင်ယွင်ကို ကြည့်နေသည်။

မိုရှာရုပ်သေးရုပ်သည် အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် နောက်သို့ လွင့်ပျံနေဆဲဖြစ်ပြီး ချင်ယွင်၏ရုပ်အသွင်သည် အမှန်တကယ်ပင် နောက်မှ အလိုက်သင့် လိုက်ပါနေခဲ့သည်။

ဤတစ်ကြိမ်တွင် ချင်ယွင်သည် သူ့ခွန်အားကို အပြည့်အ၀ အသုံးပြုကာ တိုက်ခိုက်ရန် စီစဉ်ထားသည်။ သူသည် သူ၏ ကနဦး စကြာဝဠာ စွမ်းအားအားလုံးကို ပေါက်ကွဲခွင့်ရပြီး နောက် သူ မည်မျှ အားကောင်းသည်ကို သူကိုယ်တိုင် သိချင်နေသည်။

ဘန်း…။

ချင်ယွင်၏လက်သီးချက်သည် ကြယ်ရောင်ကဲ့သို့ စကြာဝဠာ၏ စွမ်းအားနှင့်အတူ တဟုန်ထိုး ပစ်လွှတ်သွားခဲ့ပြီး ရင်တုန်လောက်သည့် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။

"ဘုန်း..."

လက်သီးတစ်ချက် ပစ်လွှတ်လိုက်ကာ ဝင်းလက်စွာ တောက်ပနေသည်။

ချင်ယွင်၏လက်သီးသည် မိုရှာရုပ်သေး၏ ဝမ်းဗိုက်ကို ထိမှန်သွားကာ မိုရှာရုပ်သေးသည် ပုစွန်တစ်ကောင်အလား ချက်ချင်း ကွေးညွှတ်သွားခဲ့သည်။

ဤလက်သီးချက်သည် မိုရှာရုပ်သေးအား ပျက်စီးသွားစေရန် လုံလောက်အောင် အစွမ်းထက်သည်။

ချင်ယွင်သည် လှုပ်ရှားပြီးနောက် သူ မရပ်တန့်ခဲ့ပေ။ သူ့လက်ထဲက လက်သီးချက်တွေက အနှိုင်းမဲ့ အစွမ်းထက်သည့် အလင်းရောင်နှင့်အတူ မိုရှာရုပ်သေးရုပ်ကို အဆက်မပြတ် တိုက်ခိုက်နေသည်။

ချက်ချင်းပင် မရေတွက်နိုင်သော ချင်ယွင်များသည် လေဟာနယ်ထဲတွင် ပေါ်လာသည်။ ၎င်းတို့သည် မိုရှာရုပ်သေး၏ကိုယ်ထည်ကို သားရေဘောလုံးကဲ့သို့ ရိုက်နှက်နေခဲ့သည်။

“ဒါ…”

လုံချန်နှင့် ဟုန်ရန်တို့သည် ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်ရသောအခါ ဆွံအသွားကြ သည်။ အထူးသဖြင့် လုံချန်ဖြစ်သည်။ သူသည် မိုရှာရုပ်သေးက သူ့ကို မည်သို့မည်ပုံ ရိုက်နှက်ခဲ့အကြောင်းကို ပြန်တွေးကြည့်ပြီး၊ ယခုအခါ ချင်ယွင်က မိုရှာရုပ်သေးကို သားရေ ဘောလုံးအဖြစ် အသုံးပြုနေသည်ကို တွေ့လိုက်ရချိန်မှာ, ဧရာမသားရဲကြီး အကောင် တစ်သောင်းက သူ့နှလုံးသားထဲမှာ ပြေးလွှားခုန်ပေါက်နေသည့်အတိုင်း ခံစားလိုက်ရပါ သည်။ သူ မည်သည့်အရာ တွေးနေမှန်း သူကိုယ်တိုင်လည်း မသိတော့ပေ။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်သည် မိုရှာရုပ်သေးကို မြေပြင်ပေါ်သို့ တိုက်ရိုက် ထိုးနှက်လိုက်ရာ ကောင်းကင်ကြီးပင် တုန်ခါပေါက်ကွဲသွားလေသည်။

ချင်ယွင်သည် လေထဲတွင် ဂုဏ်ယူစွာ ရပ်နေသည်။ ဤအဆင့်တိုက်ခိုက်မှုသည် မိုရှာရုပ်သေးအား ပျက်စီးစေနိုင်သော်လည်း မိုရှာရုပ်သေးကို အမှန်တကယ် အနိုင်ယူနိုင် မည် မဟုတ်ကြောင်း သူသိသည်။

နောက်ဆုံးအခိုက်အတန့်တွင်၊ မိုရှာရုပ်သေးထံမှ ပေါက်ကွဲထွက်ပေါ်လာသည့် အလွန်မင်း ပြင်းထန်သည့် ရန်လိုမှုအငွေ့အသက်ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

အကယ်၍, သူသာ မိုရှာရုပ်သေးကို မပစ်လွှတ်ပါက, နောက်အခိုက်အတန့်တွင် ၎င်းသည် ပေါက်ကွဲသွားနိုင်ဖွယ်ရှိသည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားသည်။ အနက်ရောင် ပုံရိပ်တစ်ခုသည် အောက်မှပစ်ဝင်လာခဲ့ပြီး ဟိန်းဟောက်သံနှင့်အတူ ချင်ယွင်အား တိုက်ခိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အန္တရာယ် အငွေ့အသက်သည် ယခင်ကထက်ပင် ပို၍ ထူထပ်လာသည်။

"ဟမ့်၊ ဒါက စိတ်ဝင်စားစရာပဲ။"

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက တွန့်သွားခဲ့ပြီး၊ သူ့လက်ထဲတွင် ရေဝဲတစ်ခုကဲ့သို့ တွင်းနက်တစ်ခု ပေါ်လာပြီး၊ မိုရှာရုပ်သေး၏ လက်သီးချက်ကို တိုက်ရိုက် ရင်ဆိုင်လိုက် သည်။

ကောင်းကင်တုန်ခါသည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်များသည် ချက်ခြင်း ပေါက်ကွဲပြီး ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်အတွင်းမှ မြက်ပင်များသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများ သည်လည်း ချက်ချင်းပင် မြေပြန့်အဖြစ် ပြန့်ကျဲသွားသည်။

ချင်ယွင်နှင့် မိုရှာရုပ်သေးတို့သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကြောင့် ပျံသန်း သွားကြသည်။ သူတို့နှစ်ယောက်စလုံး မရပ်တန့်နိုင်ခင် မိုင်တစ်ထောင်အထိ ဆုတ်ခွာသွား ကြသည်။

မကြုံစဖူး တိုက်ပွဲတစ်ပွဲ။

စကြဝဠာ၏ စွမ်းအားဖြင့် ချင်ယွင် သိပ်သည်းခဲ့သည့် တွင်းနက်သည် အလွန်မင်း အစွမ်းထက်သည်။ ၎င်းတွင်းနက်သည် ဤမိုရှာရုပ်သေးနှင့် သရေအဖြစ်သာ သတ်မှတ်နိုင် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အဝေးမှ ဟုန်ရန်နှင့် လုံချန်တို့လည်း ထိတ်လန့်သွားကြသည်။ အကယ်၍, သူတို့သာ အစောပိုင်းက ချင်ယွင်၏ တိုက်ခိုက်မှုကို မဖြေရှင်းနိုင်ခဲ့လျှင်, သူတို့ မသေလျှင်ပင်, ဒဏ်ရာအပြင်းအထန် ရလိမ့်မည်ဟု သူတို့ သေချာပြောနိုင်သည်။

"ညီငယ်ချင်ရဲ့ ခွန်အားက တကယ်ကို ပြင်းထန်လွန်းတယ်။ သူအသုံးပြုတဲ့ စွမ်းအင် အမျိုးစားက အတိအကျ ဘာလဲ။ ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်အောက်မှာတောင် မရှိဘူးလို့ ငါ ဘာကြောင့် ခံစားမိတာလဲ။" လုံချန်က အံ့သြစွာ မေးလိုက်သည်။

"ငါလည်း မသိဘူး၊ ဒီလိုစွမ်းအားမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် ချင်ယွင် အသုံးပြုတဲ့ စွမ်းအားက ဘိုးဘေးနတ်ဘုရားရဲ့ တန်ခိုးတော်ထက်တောင် ပိုမြင့်တယ်လို့ ခံစားရတယ်။ ဒီမိုရှာရုပ်သေးကို တွန်းလှန်နိုင်ခဲ့တဲ့ အကြောင်းရင်းကလည်း ဒီထူးဆန်းတဲ့ စွမ်းအား ကြောင့်ပဲ။" ဟုန်ရန်က ပြောသည်။

လုံချန်က ခေါင်းညိတ်လိုက်သည်။ သူ့မှာလည်း ထိုကဲ့သို့ ခံစားချက်မျိုး ရှိနေခဲ့သည်။ သို့သော် ချင်ယွင်သည် ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ထက် သာလွန်သော စွမ်းအား ကို မည်သို့ပိုင်ဆိုင်နိုင်လဲဆိုသည်ကို သူ မခန့်မှန့်နိုင်သေးပေ။

ယခုအချိန်တွင် ချင်ယွင်သည် အာရုံပြောင်းရန် အချိန်မရှိပေ။ ဤအချိန်တွင် သူသည် မိုရှာရုပ်သေးနှင့် အဆုံးမဲ့တိုက်ပွဲကြားတွင် လုံးဝ ပိတ်မိနေခဲ့သည်။

ဘန်း..။

ယခုအချိန်တွင် ချင်ယွင်သည် နဂါးတစ်ပိုင်းအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စကြဝဠာစွမ်းအား၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ သူ့အကြေးခွံများသည် စိန်များကဲ့သို့ တောက်ပနေပြီး ၎င်းတို့၏ မာကျောမှုသည် တုနှိုင်းမရလောက်အောင် ကြောက်စရာ ကောင်းသည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ချင်ယွင်၏ နဂါးလက်သည်းများသည် မိုရှာရုပ်သေး၏ လက်သီးများနှင့် အဆက်မပြတ် တိုက်မိနေသည်။

သုံးစက္ကန့်အတွင်း ကီလိုမီတာ ၁၀၀၀၀၀ အချင်းဝက်သည် သူတို့ကြောင့် လုံးလုံး ပျက်ဆီးသွားခဲ့ပြီး သူတို့နှစ်ယောက်ကြား တိုက်ပွဲက အလွန်တောက်ပသည့် အခြေအနေ သို့ ရောက်ရှိသွားခဲ့သည်။

"ဘုန်း.."

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ချင်ယွင်နှင့် မိုရှာ ရုပ်သေးတို့သည် တစ်ယောက်၏ရင်ဘတ်ကို တစ်ယောက်၏ လက်သီးများဖြင့် ထိုးလိုက် ကြပြီး နှစ်ယောက်စလုံး နောက်ပြန် ဆုတ်သွားကြသည်။

ချင်ယွင်သည် ကီလိုမီတာ တစ်သောင်း ဆက်တိုက် ပျံသန်းသွားခဲ့ပြီး၊ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ မိုရှာရုပ်သေးသည် ပိုမိုကောင်းမွန်ခြင်း မရှိပေ။ ၎င်း၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားသော ချောက်ကြီးတစ်ခုအဖြစ် ဆွဲထုတ်သွားခဲ့သည်။

"အရမကေို စိတ်‌ကျေနပ်စရာကောင်းတဘ်။ ဒါပေမယ့် အဆုံးသတ်ဖို့ အချိန်တန်ပြီ" ချင်ယွင်က သူ့ပါးစပ်ထောင့်စွန်းက သွေးတွေကို သုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"အား..."

မိုရှာရုပ်သေးသည်လည်း ကောင်းကင်ကို တုန်လှုပ်စေပြီး ကောင်းကင်ဘုံကိုးပါးအနှံ့ ပဲ့တင်ထပ်လောက်သည့် မကျေမနပ် ဟစ်အော်သံကို ထုတ်ဖော်လိုက်ပါသည်။

"နောက်ဆုံးတိုက်ပွဲ ဖြစ်တော့မှာလား"

ဟုန်ရန်နှင့် လုံချန်တို့သည် ဤမြင်ကွင်းကို အဝေးမှ ကြည့်နေခဲ့ကြသည်။ နှစ်ယောက်စလုံး အသက်ရှုကြပ်သွားကြသည်။ ချင်ယွင်သည် ဤမိုရှာရုပ်သေးကို အနိုင်ယူနိုင်စွမ်း ရှိမရှိ သူတို့ တကယ် သိချင်နေကြသည်။

နောက်ဆုံးတွင်၊ ချင်ယွင်သည် ၎င်းတို့အား အံ့အားသင့်ဖွယ် အများစွာ ယူဆောင်လာခဲ့ပြီး ဖြစ်သည်။ ချင်ယွင်သည် အံ့ဖွယ်တစ်ခုကို ထပ်မံဖန်တီးနိုင်မလားဆိုသည်ကို သူတို့ တကယ် သိချင်နေကြပါသည်။

ဘန်း…။

ဓားအော်သံများက ကောင်းကင်ယံသို့ ပျံ့လွင့်သွားပြီးနောက်တွင် တုနှိုင်းမရအောင် အစွမ်းထက်သော ဓားဆန္ဒက လိုက်ပါလာခဲ့သည်။

တခဏအတွင်းမှာပင်၊ ထိုဓားဆန္ဒကြောင့် ဤကမ္ဘာပေါ်ရှိ လေထုနှင့် တိမ်တိုက်များ အားလုံး လှုပ်ခတ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ဟုန်ရန်နှင့် လုံချန်တို့သည် သူတို့၏စိတ်နှလုံးများ တုန်လှုပ်သွား သည်ကို ခံစားလိုက်ရပြီး သူတို့ကို လုံးဝ ထိတ်လန့်သွားစေသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရပါသည်။

All Chapters