← Chapters

အခန်း ၁၆၇၃

Vol. 112 Ch. 1673

အခန်း ၁၆၇၃

Vol. 112 Ch. 1673

အခန်း (၁၆၇၃) ကောင်းကင်တန်ခိုးရှင်ဓား

ဟုန်ရန်နှင့် လုံချန်တို့သည် ချင်ယွင်ကို ကြည့်ရန် ခေါင်းကို မော့လိုက်ကြသည်။

"ဒါက ဘယ်လိုဓားဆန္ဒမျိုးလဲ။ ဒါက ဘယ်လောက်ထိ အစွမ်းထက်နိုင်မှာလဲ" လုံချန်က ဝေတွေမိန်းမောရင်း မေးလိုက်သည်။

"မသိဘူး၊ ဒီဓားဆန္ဒက အရမ်းသန်မာလွန်းတယ်။ ငါတောင် ဒူးထောက်ချင်သလို ခံစားရ တယ်။" ဟုန်ရန်က ကြောင်တက်တက် အမူအရာဖြင့် ပြန်ဖြေသည်။

ဤအခိုက်အတန့်တွင် ချင်ယွင် ထုတ်ဖော်ပြသခဲ့သော ဓားဆန္ဒသည် ကောင်းကင် နတ်ဘုရားအဆင့်သတ်မှတ်ချက်ရှိ ကျွမ်းကျင်သူနှစ်ဦးကို ဒူးထောက်စေရန်ပင် တွန်းအား ပေးနေခဲ့သည်။ သူတို့ မည်သို့ မတုန်လှုပ်ဘဲနေမည်နည်း။

ထိုအချိန်တွင် ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို ဆုပ်ကိုင်ထားပြီး သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓား၏ ဓားဆန္ဒက ကောင်းကင်ယံသို့တိုင် ပျံတက်သွားခဲ့သည်။

စကြဝဠာ၏စွမ်းအားသည် ကြည်လင်ကောင်းကင်ဓားကို ဖုံးအုပ်ထားသည်။ ဓားစွမ်းအင် သည် ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်ယံသည် အက်ကွဲသွားတော့မည့်ပုံ ပေါ်နေသည်။ လေဟာနယ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ကောင်းကင်ဘုံတန်ခိုးရှင်ဓား။

ဤဓားချက်သည် ချင်ယွင် လျှို့ဝှက်ထားသည့် အစွမ်းထက်ဆုံး လှုပ်ရှားမှုဖြစ်သည်။

သို့သော် သူသည် ယခင်က ၎င်းကို အသုံးပြုရန် အခွင့်အရေး မရှိခဲ့သလို ၎င်းကိုလည်း အသုံးမပြုဝံ့ခဲ့ပေ။ ၎င်းကို ပြင်ပကမ္ဘာတွင် အသုံးပြုပြီးသည်နှင့် သူသည် ကောင်းကင်ဘုံ တန်ခိုးအစွမ်းကို သေချာပေါက် ဆွဲဆောင်နိုင်မည် ဖြစ်သည်။

ယခု ဤကမ္ဘာကြီးတွင် သူသည် ၎င်းကို ရူးရူးမိုက်မိုက် အသုံးချရဲသည်။

သေချာသည်မှာ၊ ဤဓားချက်သည် ပေါ့ပေါ့တန်တန် အသက်သွင်းလို့ရသည့် အရာ မဟုတ်ပါဘူး။ ၎င်းကို အသက်သွင်းပြီးသည်နှင့် ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်ရန် ရည်မှန်းထားသည်။

ဓားဆန္ဒက ကျယ်ပြောပြီး၊ အစီအရင်ဝင်္ကပါ နေရာတစ်ခုလုံးကို တုန်ခါသွားသည်။

ထိုအချိန်တွင် ချင်ယွင်သည် ကမ္ဘာကြီးကို ငုံ့ကြည့်နေသည့် ကမ္ဘာကြီးထိပ်ဆုံတွင် ရပ်တည်နေသော အုပ်စိုးရှင်တစ်ဦးနှင့် တူသည်။

"အား..."

မိုရှာရုပ်သေးက ဟိန်းဟောက်သည်။ ထို့နောက် ၎င်းသည် မြေကြီးကို ဆောင့်နင်းလိုက် သည်။ မြေပြင်သည် ပေါက်ကွဲသွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ချင်ယွင်ဆီသို့ ပျံသန်း သွားခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အန္တရာယ်အငွေ့အသက်သည် ပြိုင်ဘက်ကင်း နတ်ဆိုးနတ်ဘုရားတစ်ပါး ထွက်ပေါ်လာသကဲ့သို့ တည်ရှိနေသည်။

သူ့နောက်တွင်၊ နတ်ဆိုးနတ်ဘုရား၏ အနှိုင်းမဲ့ကြီးမားသည့် နတ်ဆိုးနတ်ဘုရားတစ်ပါး၏ အသွင်အပြင်တစ်ခု ရှိနေပုံရသည်။ နတ်ဆိုးနတ်ဘုရား၏ ထိုသဏ္ဍာန်သည် အုပ်စိုးရှင် နတ်ဆိုးနတ်ဘုရား၏ အသွင်ပြင်ဖြစ်ပြီး၊ လူတိုင်း၏စိတ်နှလုံးကို ကြောက်ရွှံ့မူဖြင့် တုန်လှုပ်စေသည်။

သို့သော်လည်း ချင်ယွင်၏မျက်လုံးများက သူ့ထံသို့ ပျံသန်းလာနေသော မိုရှာရုပ်သေးရုပ် ကို မထူးခြားဟန်ဖြင့် ကြည့်နေရင်း၊ သူ့မျက်လုံးများတွင် မည်သည့် တုန်လှုပ်ခြောက်ခြား မူမှ မရှိပေ။

"အတွေးတစ်ချက်က ကောင်းကင်နဲ့မြေကြီးကို ဖျက်ဆီးနိုင်ပြီး၊ အတွေးတစ်ချက်က သက်ရှိ သတ္တဝါအားလုံးကို ရှင်းလင်းသုတ်သင်နိုင်တယ်။ မင်းလက်ထဲမှာ ကောင်းကင်ဘုံ တန်ခိုးရှင်ဓားကို ကိုင်ဆောင်ထားတာနဲ့ မင်းက သောင်းနဲ့ချီတဲ့ နတ်ဘုရားတွေကို ဖျက်ဆီး ပစ်နိုင်တယ်။ သေလိုက်တော့..."

ချင်ယွင်က သူ့လက်ထဲက ကြည်လင်ကောင်းကင်ဓားကို ခုတ်ပိုင်းချရင်း အသံတိုးတိုးဖြင့် ဟစ်ကြွေးလိုက်သည်။

တစ်ခဏချင်းမှာပင် ကမ္ဘာကြီးသည် ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။ ကမ္ဘာကြီးတစ်ခု လုံးသည် အလင်းရောင် လုံးဝ ဆုံးရှုံးသွားပြီး ချင်ယွင် ဖန်တီးခဲ့သော ဓားအလင်းသည် တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းသော အလင်းရောင် ဖြစ်လာခဲ့သည်။

ဓားအလင်းက ကောင်းကင်ယံကို ထိုးဖောက်ဝင်ရောက်ပြီး အချိန်နှင့်လေဟာနယ်သည် အေးခဲသွားပုံရသည်။

ဟုန်ရန်နှင့် လုံချန်တို့သည် သူတို့၏ စိတ်ဝိညာဉ်များ ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုတခဏအတွင်းမှာ သူတို့အသက်ရှုသံတွေ ရပ်သွားခဲသည်။ ဤအခိုက်အတန့်တွင် သေခြင်းတရားက သူတို့နှင့် လက်တစ်ကမ်းသာ ဝေးတော့သည်ဟု ခံစားမိကြသည်။

ဘန်း…။

ဓားအလင်း ဖြတ်သွားသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီးလည်း အက်ကွဲသွားခဲ့သည်။

မိုရှာရုပ်သေးလည်း ထိုဓားချက်ကြောင့် ရိုက်ခတ်ပြီး နှစ်ပိုင်းကွဲသွားသည်။

ရှည်လျားသော ဓားအမှတ်အသားသည် အဆုံးမရှိ ပြန့်ကျဲနေသည်။

"ငါ လုပ်နိုင်ခဲ့ပြီ။ ဓားတစ်ချက်တည်း၊ ဓားတစ်ချက်တည်းပဲ" လုံချန်သည် အနည်းငယ် ကမောက်ကမဖြစ်နေသည်။ သူသည် ရှည်လျားသည့် ဓားအမှတ်အသားကို ကြည့်နေရင်း သူ့ရင်ထဲက တုန်လှုပ်ခြောက်ခြားမှုကို ဖော်ပြရန် မည်သည့်စကားလုံးမျိုး အသုံးပြုရမှန်း မသိတော့ပါဘူး။

ဟုန်ရန်၏ မျက်နှာလည်း မှုန်မှိုင်းနေသည်။ ချင်ယွင်၏ထိုဓားချက်ကြောင့် သူမ၏ တုန်လှုပ်ခြောက်ခြားမူက တကယ်ကို ကြီးမားလှသည်။ အကယ်၍, ထိုဓားချက်သာ သူမအပေါ် ထိမှန်သွားခဲ့လျှင်, သူမသည် မည်သည့်ပုံစံဖြစ်မလဲဆိုသည်ကို စိတ်ကူးကြည့် ရန်ပင် ခက်ခဲပါသည်။

ချင်ယွင်သည် အဝေးမှ သူဓားချက်ကြောင့် ကြေမွသွားသော မိုရှာရုပ်သေးရုပ်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တစ်ကိုယ်လုံး ချက်ခြင်း ပျော့ခွေသွားသည်။

ဤတိုက်ပွဲသည် သူ့အတွက် စွမ်းအင်အလွန်အကျွံ သုံးစွဲခဲ့ရပြီး၊ အထူးသဖြင့် သူ အစောပိုင်း က အသုံးပြုခဲ့ဖူးသော ဓားချက်ဖြစ်ပြီး၊ သူ့ကနဦးစကြာဝဠာ၏ စွမ်းအား တစ်ဝက်နီးပါးကို စုပ်ယူသွားခဲ့သည်။

အကယ်၍, သူသာ ထိုဓားချက်ကို နောက်တစ်ကြိမ် အသုံးပြုလျှင်, သူ့ ကနဦး စကြာဝဠာတောင် ပြိုလဲသွားနိုင်ပါသည်။

စကြဝဠာ၏ စွမ်းအားကို လိုချင်သလောက် အသုံးမချနိုင်သေးပါ။ အကယ်၍, အလွန်အကျွံ အသုံးပြုပါက စကြဝဠာ၏ ဟန်ချက်ညီမှုကို ပျက်ပြားစေပြီး စကြာဝဠာကြီး ပြိုလဲသွားမည် ဖြစ်သည်။

စကြဝဠာကြီး ပြိုကျသွားသည်နှင့် ချင်ယွင်လည်း သေဆုံးသွားလိမ့်မည်။ ထို့ကြောင့်, ခွန်အားကို အလွန်အကျွံ အသုံးပြုခြင်းက သတ်သေခြင်းနှင့် ထူးမခြားနားပေ။

"နောက်ဆုံးတော့ ပြေလည်သွားခဲ့ပြီ။ လုံချန်ပြောတဲ့ သွေးအနှစ်သာရ ရှိမရှိ မသိသေးဘူး။" ချင်ယွင်သည် လေထဲတွင် လွင့်မျောနေသော အလောင်းကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

လုံးဝ သက်မဲ့နေသည့် အလောင်းတစ်လောင်းသည် လေထဲမှာ ပျံနေနိုင်သေးသည်။ ဆိုလိုသည်မှာ ထိုအလောင်းတွင်ပါရှိသည့် စွမ်းအားများသည် တုနှိုင်းမရအောင်ပင် အစွမ်းထက်လွန်းသည်။

"မီးလျှံနဲ့ လောင်ကျွမ်းပစ်ရမယ်။ မီးလျှံနဲ့ လောင်ကျွမ်းမှပဲ အဲဒီအသားနဲ့သွေးတွေထဲက အနှစ်သာရသွေးတစ်စက်ကို ထုတ်ယူနိုင်မယ်" လုံချန်က အဝေးမှ လမ်းလျှောက်သွားပြီး သတိပေးသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးနဂါးတစ်ကောင် ပျံထွက်သွားပြီး အလောင်းအပိုင်းစတွေကို ရစ်ပတ်သွားသည်။

ချင်ယွင်တွင် သူ့ခန္ဓာကိုယ်ထဲတွင် မီးနဂါး၏သွေးမျိုးဆက် ရှိနေသည်။ မီးနဂါးသည် မီးဖြစ်သောကြောင့် သဘာဝအတိုင်း ချင်ယွင်သည်လည်း မီးစွမ်းအားကို အသုံးပြုနိုင်သည်။

သို့သော် ချင်ယွင်တွင် မီးစွမ်းအင်များစွာ မရရှိခဲ့သောကြောင့် သာမန်တိုက်ပွဲများတွင် ရန်သူများကို မီးဖြင့်အသုံးပြုပြီး မတိုက်ခိုက်နိုင်ပေ။ သို့သော်၊ မီးနဂါးသည် မိုရှာရုပ်သေးရုပ် အလောင်းအား သူ၏မွေးရာပါမီးလျှံဖြင့် သန့်စင်ရာမှာ ပြဿနာ မဟုတ်ပေ။

ဘန်း…။

မီးတောက်များ ဆက်လက်လောင်ကျွမ်းလာသည်နှင့်အမျှ မိုရှာရုပ်သေးအလောင်းသည် သွေးစွန်းနေသော အခိုးအငွေ့က တဖြည်းဖြည်း မြင့်တက်လာသည်။

သွေးအမှုန်အမွှားသည် အလွန်ကောင်းမွန်ပြီး ၎င်းတွင် အနှိုင်းမဲ့စွမ်းအင် ပမာဏများစွာ ပါရှိသည်။

ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများက တောက်ပလာသည်။

"ဒါက အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ သွေးအနှစ်သာရပဲ။ ဒါက တကယ့်ကို အစွမ်းထက်လွန်းတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

မြင့်တက်နေသော သွေးအခိုးအငွေ့များတွင်ပါရှိသော စွမ်းအားသည် ထိုအချိန်က ချင်ယွင် အသုံးပြုခဲ့သော ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ သွေးအနှစ်သာရနှင့် မတူပေ။ ၎င်းတို့ အားလုံးသည် အနှိုင်းမဲ့တန်ခိုးကြီးသော မဟာနတ်ဆိုးနတ်ဘုရားများ ဖြစ်ကြသည်။

ဘန်း..။

နောက်ဆုံးတွင် အလောင်းများသည် ပြာအဖြစ် လောင်ကျွမ်းသွားပြီး သွေးမြူမှုန်များက စုစည်းသွားကာ နောက်ဆုံးတွင် လက်မအရွယ် သွေးတစ်စက်အဖြစ် ပေါင်းစပ်သွားခဲ့သည်။

သို့သော်၊ သွေးစက်များမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းများသည် အနှိုင်းမဲ့ အစွမ်းထက် ပြီး ပြင်းထန်ကြမ်းတမ်းသော အငွေ့အသက်ကိုပင် သယ်ဆောင်လာခဲ့သည်။

ထိုသွေးတစ်စက်ကို ကြည့်လိုက်ရင်း လုံချန်၏ စိတ်နှလုံးလည်း တုန်ယင်နေပါသည်။

ရိုးရိုးသားသားပြောရလျှင်, ဤအုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ သွေးအနှစ်သာရက သူ့အတွက် အလွန်အသုံးဝင်ပါသည်။ သူသည် ဤသွေးအနှစ်သာရကို ရရှိသည်နှင့်, သူ့ခန္ဓာကိုယ်ကို ပိုမိုမြင့်မားသည့်အဆင့်တစ်ခုအထိ မြှင့်တင်ပေးနိုင်မည်မှာ သေချာပါ သည်။ ဤနည်းအားဖြင့်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၁၀၀ သို့မဟုတ် ထိပ်တန်း ၉၀ သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

သို့သော် ချင်ယွင်သည် ဤသွေးအနှစ်သာရကိုရရှိရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသော ကြောင့် သူမည်မျှပင် သွေးဆောင်ခံရပါစေ၊ ၎င်းကိုတောင်းယူရန် ရှက်ရွံ့နေဆဲ ဖြစ်သည်။

"အစ်ကိုကြီး၊ ဒီသွေးအနှစ်သာရကို ငါ မင်းကို ပေးမယ်။"

သို့သော်၊ လုံချန်သည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ သွေးအနှစ်သာရအတွက် သူ့ဆန္ဒကို စွန့်လွှတ်လိုက်ချိန်မှာ ချင်ယွင်သည် လုံချန်ထံသို့ ရုတ်တရက် လှည့်လာပြီး ပြောလိုက်သည်။

"ငါ့ကိုပေးမှာလား။ ဒီသွေးအနှစ်သာရကို မင်း မလိုချင်ဘူးလို့ မပြောနဲ့နော်" လုံချန်သည် သူ့နားကို မယုံဝံ့ဘဲ အံ့သြစွာ မေးလိုက်သည်။

ချင်ယွင်သည် ဤမျှအဖိုးတန်သော ပစ္စည်းကို ပေးဆောင်ရန် ဆန္ဒရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်က ပြုံးပြီး ပြောသည် "ငါ့နတ်ဆိုးနတ်ဘုရားအမြုတေက ကွဲအက်သွားပြီ။ နတ်ဆိုး နတ်ဘုရားအမြုတေကို ပြုပြင်ရန် နည်းလမ်းရှာဖို့ ဒီနေရာကို ငါလာတာ။ ဒီသွေးအနှစ်သာရက အစွမ်းထက်ပေမယ့် နတ်ဆိုးနတ်ဘုရားအမြုတေကို မပြုပြင်နိုင်ဘူး။ ထုံးစံအတိုင်း၊ ငါ့အတွက် အသုံးမဝင်ဘူး။ ဒီလိုလုပ်တာထက် မင်းကို ငါပေးလိုက်တာက ပိုကောင်းပါတယ်"

"ဒါပေမယ့်" လုံချန်က တစ်ခုခုပြောချင်ပုံပေါ်သော်လည်း, သူ့ဘေးမှာရပ်နေသည့် ချင်ယွင် က ပြုံးပြီး သူ့ရှေ့မှာ သွေးအနှစ်သာရတစ်စက်ကို ပစ်ချလိုက်ပေးလိုက်သည်။

လုံချန်သည် သူ့ရှေ့တွင် လွင့်မျောနေသော သွေးအနှစ်သာရကို ကြည့်ရင်း တခဏမျှ တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် သူက ခေါင်းညိတ်ပြီး ပြောသည် "ကောင်းပြီ၊ ငါ ဒီသွေးအနှစ်သာရကို လက်ခံလိုက်မယ်။ အခုကစပြီး မင်းက ငါ့ညီကောင်းတစ်ယောက် ဖြစ်သွားပြီ။ နောင်မှာ မင်းချင်ယွင်ရဲ့ကိစ္စက ငါ့လုံချန်ရဲ့ ကိစ္စပဲ။ မင်းကို ဒုက္ခပေးချင်သူ မှန်သမျှ ငါလုံချန်ရဲ့ စမ်းသပ်မှုကို အရင်ဆုံး ကျော်ဖြတ်ရမယ်။"

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ပြုံးကာ တခြားဘာမှ မပြောတော့ပေ။

သူ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ သွေးအနှစ်သာရကို ခေတ္တလက်မခံရခြင်း၏ အကြောင်းရင်းမှာ လျှိုဘိုပြောသည့် စကားကြောင့် ဖြစ်သည်။

ယခုလေးတင်၊ လျှိဘိုက သူသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ သွေးအနှစ်သာရ၏ စွမ်းအားကို အမှန်တကယ် အသုံးပြုခဲ့သည်ဆိုပါက ၎င်းသည် သူ့နတ်ဆိုးနတ်ဘုရား အမြုတေကို ပြန်လည် ပြုပြင်ရန်၊ ရေပုံးထဲက ရေတစ်စက်မျှသာ ရှိဦးမည်ဟု ဆိုခဲ့သည်။ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် စွမ်းအားကသာ သူ၏ နတ်ဆိုးနတ်ဘုရား အမြုတေကို ပြုပြင်နိုင်သည်။

၎င်းသည် သူ့နတ်ဆိုးနတ်ဘုရားအမြုတေကို ပြုပြင်ရန် မလုံလောက်သောကြောင့် ၎င်းကို ထိန်းသိမ်းထားရန်မှာ သူ့အတွက် သဘာဝအတိုင်း အသုံးမဝင်ပေ။ ယင်းအစား၊ လုံချန်ကို ပေးပြီး မျက်နှာသာပေးလိုက်ခြင်းက ပိုကောင်းပါသည်။

သူသည် လုံချန်အကြောင်းကို နားလည်သဘောပေါက်သဖြင့် လုံချန်သည် တံတားကို ဖြိုဖျက်မည့်သူ မဟုတ်ဟု သူ ယုံကြည်ထားသည်။

All Chapters