← Chapters

အခန်း ၁၆၇၅

Vol. 112 Ch. 1675

အခန်း ၁၆၇၅

Vol. 112 Ch. 1675

အခန်း (၁၆၇၅) ချောက်၏အောက်ခြေ

ချင်ယွင်နှင့် လုံချန်တို့သည် ဟုန်ရန်၏ ပုံမှန်မဟုတ်သော အသွင်အပြင်ကို သတိပြုမိပြီး ဟုန်ရန်၏ အကြည့်နောက်သို့ လိုက်ပါသွားကြသည်။

သူတို့နှစ်ယောက် မျက်လုံးထဲသို့ ဝင်ရောက်လာသည့် မြင်ကွင်းက သူတို့နှစ်ယောက်ကို ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။

သူတို့ရှေ့တွင် ရေကန့်လန့်ကာတစ်ခုရှိပြီး ဤရေကန့်လန့်ကာ နောက်ကွယ်တွင် အလွန် ကျယ်ဝန်းသော နေရာတစ်ခုရှိနေကာ၊ ဤနေရာအတွင်း၌ တုနှိုင်းမရအောင် ကြီးမားသည့် ကုလားထိုင်တစ်လုံး ရှိနေသည်။

ထိုကုလားထိုင်သည် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားပြီး၊ ပေတစ်သောင်းမြင့် သည်ဟု ဆိုနိုင်သော်လည်း၊ ထိုထိုင်ခုံပေါ်တွင် လူတစ်ယောက်ထိုင်နေပါသည်။

"ဒါ...ဒါက အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား မဖြစ်နိုင်ဘူး မဟုတ်လား" လုံချန်က ကြောင်တက်တက်အသံဖြင့် မေးလိုက်သည်။

သူ့ရှေ့မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ အံ့ဩသွားခဲ့သည်။

ချင်ယွင်လည်း အံသြသွားသည်။ ချောက်အောက်က မြင်ကွင်းကို သူ အကြိမ်ကြိမ် စိတ်ကူး ကြည့်ဖူးသော်လည်း ချောက်အောက်မှာ ယခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ မထင်ခဲ့မိပါဘူး။

သူ၏အလောင်းကို ဤနေရာတွင် ထားနိုင်သည့် ဒုတိယလူတစ်ယောက် မည်သို့ ရှိနိုင်မည်နည်း။ ၎င်းသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။

“ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားနဲ့ တိုက်ပွဲမှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အလောင်းက ဖျက်ဆီးခံလိုက်ရတယ်လို့ မင်းမပြောခဲ့ဘူးလား။ အဲဒါက ဒီမှာ ဘယ်လိုလုပ် ပေါ်လာသေးတာလဲ။" ဟုန်ရန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ကောလဟာလတွေ အကုန်လုံးက လွဲမှားနေတာ ဖြစ်နိုင်တယ်။ အဲဒီတိုက်ပွဲမှာ မမျှော်လင့်ထားတဲ့ အရာတစ်ခုခု ဖြစ်ပျက်ခဲ့လိမ့်မယ်။" ချင်ယွင်သည် ကုလားထိုင် ပေါ်တွင် တည့်မတ်စွာ ထိုင်နေသော အရပ်မြင့်မြင့် လူကြီးကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

သူတို့ကို လေဟာနယ်တစ်ခုဖြင့် ခြားထားသော်လည်း၊ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား ထံမှ တုနှိုင်းမရနိုင်အောင် ခမ်းနားထည်ဝါသော အငွေ့အသက်ကို ခံစားနိုင်ဆဲ ဖြစ်သည်။

"ဝင်​ကြည့်​ရ​အောင်​" လုံချန်သည် စကားမပြောမီ စက္ကန့်အနည်းငယ်မျှ လေဟာနယ်ထဲကို စိုက်ကြည့်နေသည်။

ချင်ယွင်နှင့် ဟုန်ရန်တို့လည်း ခေါင်းညိတ်လိုက်သည်။ အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရား၏ အမွေနှစ်ကြောင့် သူတို့သည် ဤအဖြစ်ပျက် တွေ့ကြုံခဲ့ရသည် မဟုတ်ပါ လော။

အခု အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ အလောင်းသည် ဤနေရာမှာ ရှိနေခဲ့သည်။ သူ့အမွေနှစ်လည်း ဤနေရာတွင် ရှိနေရမည်။ ကျန်တာမပြောနှင့်ဦး။ ဤခန္ဓာကိုယ်ကပင် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်နေပြီ။

ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများသည် ရေကန့်လန့်ကာဆီသို့ လျှောက်သွားကြသည်။ သို့သော်၊ ချင်ယွင်သည် ရေကန့်လန့်ကာကို ထိခါနီးတွင် သူ့ကနဦးစကြာဝဠာမှ တုန်လှုပ် ခြောက်ခြားမှုကို ရုတ်တရက် ခံစားလိုက်ရသည်။

၎င်းကို သူ ခံစားကြည့်းတော့, ထိုတုန်လှုပ်မူသည် သူ့ကနဦးစကြဝဠာ၏ အလယ်ဗဟိုရှိ ကြေးဝါအပိုင်းအစထံမှ ဖြစ်ပြီး၊ ၎င်းသည် နောက်ထပ် ကြေးဝါအပိုင်းအစတစ်ခု ရှိနေသည် ကို သတိထားမိ၍ ဖြစ်သည်။

ချင်ယွင်သည် အသက်ပြင်းပြင်းရှူပြီး ကနဦးစကြဝဠာအတွင်းရှိ ကြေးဝါအပိုင်းအစ၏ မငြိမ်မသက်မှုကို ဖိနှိပ်ရန် ကနဦးစကြဝဠာ၏ စွမ်းအားကို စုစည်းလိုက်သည်။ ထို့နောက် သူ့လက်ကို ရေဖန်သားပြင်ပေါ်တွင် တင်ထားသည်။

ဘန်း…။

မည်သည့် စွမ်းအင်တုန့်ပြန်မှုမှ မရှိဟု သူ မမျှော်လင့်ခဲ့ပါ။ သူသည် ရေကန့်လန့်ကာကို တိုက်ရိုက် လွယ်ကူစွာ ဖြတ်သန်းသွားခဲ့သည်။

ချင်ယွင်သည် အံ့သြသွားသော်လည်း ရှေ့တစ်လှမ်းတိုးကာ ကျော်ဖြတ်နေဆဲ ဖြစ်သည်။

ရေကန့်လန့်ကာကို ဖြတ်သွားပြီးနောက် ချင်ယွင်နှင့် အခြားသူများအားလုံး လွတ်နေသော နေရာတစ်ခုတွင် ရှိနေကြသည်။ သူတို့၏ခြေရင်းအောက်ရှိ မြေပြင်မှလွဲ၍ လေဟာနယ် တစ်ခုလုံးသည် အရပ်မျက်နှာအားလုံး အကန့်အသတ်မရှိ ကျယ်ပြန့်သွားကာ အဆုံးမရှိပေ။

နေရာတစ်ခုလုံးတွင် ကုလားထိုင်တစ်လုံးနှင့် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကြီးသာ ရှိပါသည်။ နောက်ထပ် ကျန်ရှိနေသည့်အရာက လက်စွပ်တစ်ကွင်းနှင့် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ရှေ့မှာ လွင့်မျောနေသည့် အနီရောင် ကျောက်တုံး တစ်တုံး။

လက်စွပ်နှင့် ကျောက်တုံးတို့ကို အလင်းဖျော့ဖျော့ အတားအဆီးဖြင့် ဖုံးအုပ်ထားသည်။ ၎င်းတို့သည် လေထဲတွင် ပျံဝဲနေကာ ဆိတ်သုဉ်းခြင်း အငွေ့အသက်များ ရှိနေခဲ့သည်။ လက်စွပ်နှင့် ကျောက်တုံးနှင့်ပတ်သက်၍မူ မည်သည့်ထူးခြားချက်ကိုမှ မမြင်နိုင်ကြပေ။

သို့သော်လည်း ချင်ယွင်နှင့် အခြားသူများ၏ အကြည့်များသည် အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေဆဲ ဖြစ်သည်။ ဤအခိုက်တွင်၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားသည် ကုလားထိုင်ပေါ်တွင် ထိုင်နေကာ မျက်လုံး အနည်းငယ် မှိတ်ထားသော်လည်း သူ၏တစ်ကိုယ်လုံးမှာ အနှိုင်းမဲ့တန်ခိုးကြီးသော နတ်ဆိုးနတ်ဘုရား တန်ခိုးတော်ကို ထုတ်လွှတ်နေသည်။

ဤနတ်ဆိုးနတ်ဘုရားတန်ခိုးတော်သည် လေဟာနယ်တစ်ခုလုံးကို ပျံ့နှံ့သွားစေနိုင်ပြီး၊ လူတိုင်းကို တွန်းလှဲကာ အသက်ရှုမဝနိုင်အောင် ဖြစ်စေသည်။

ဤသည်မှာ ဤစကြာဝဠာကြီးကို လွှမ်းမိုးနိုင်သည် တည်ရှိမူဖြစ်ကာ၊ ကောင်းကင်ဘုံနှင့် သက်တမ်း တူညီစွာ ရှင်သန်နေထိုင်ခဲ့ပြီး နတ်ဆိုးနတ်ဘုရားများ၏ မျိုးဆက်တစ်ခု၏ အုပ်စိုးရှင်တစ်ပါး ဖြစ်သည်။

သူသည် တိုက်ပွဲတစ်ခုတွင် ရှုံးနိမ့်ခဲ့သောကြောင့် နောက်ဆုံး ဤနေရာတွင် သေဆုံးသွားခဲ့ သည်။

ဟုန်ရန်နှင့် လုံချန်တို့သည်လည်း အနှိုင်းမဲ့ ရိုသေလေးစားနေကြသည်။ သူတို့ရှေ့မှာ ထိုင်နေသည့်အရာ ခန္ဓာကိုယ်ကြီးတစ်ခု မဟုတ်ဘဲ၊ ကောင်းကင်ဘုံတန်ခိုးအစွမ်း ဖြစ်နေသည့်အလား သူတို့နှလုံးသားထဲမှာ ဒူးထောက်လိုစိတ်ကိုပင် ခံစားရစေသည်။

"နှစ်ပေါင်း ဘီလီယံ ၁၀၀ ကြာခဲ့ပြီ။ နောက်ဆုံးတော့ တစ်ယောက်ယောက် ရောက်လာပြီ ပေါ့"

သို့သော် ချင်ယွင်နှင့် အခြားသူတို့၏ သူတို့စိတ်နှလုံးထဲ ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာ, ကျယ်လောင်ပြီး အစစ်အမှန် အသံတစ်ခုက သူတို့ရောက်နေသည့် လေဟာနယ်ထဲမှ သူတို့စိတ်ထဲ ဝင်ရောက်လာခဲ့သည်။

ချင်ယွင်နှင့် အခြားသူများ၏ ခန္ဓာကိုယ်များသည် တုန်လှုပ်ချောက်ချားစွာ လှည့်ပတ် ကြည့်ရှုသော်လည်း မည်သည့်အသံရှင်ကိုမှ မတွေ့ခဲ့ရပေ။

"မင်း ဘယ်သူလဲ၊ ထွက်လာခဲ့စမ်း" လုံချန်က ချက်ချင်း အော်လိုက်သည်။

"ထွက်​လာ​လား။ ငါ မင်းတို့​ရှေ့ ​ရောက်​​နေပြီလေ​။" အသံသည် လေဟာနယ်ထဲတွင် တစ်ဖန် ထွက်ပေါ်လာပြန်သည်။

ဟုန်ရန်, လုံချန်နှင့် ချင်ယွင်တို့သည် ချက်ချင်းပင် အကြည့်ချင်း ဖလှယ်ကြပြီး သူတို့စိတ်နှလုံးသားများ တုန်လှုပ်သွားကြသည်။ ထို့နောက် သူတို့သည် သူတို့ရှေ့မှာ ထိုင်နေသော အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို လုံး၀ စိုက်ကြည့်နေကြ သည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်နှင့် တခြားသူများသည် ချက်ခြင်း ထိတ်လန့်သွားသည်။

မူလက မျက်စိမှိတ်ထားခဲ့သော အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားသည် ယခုအချိန်တွင် မျက်လုံးပွင့်လာသည်။ သူ့မျက်လုံးများ ကြည့်နေသည့် ဦးတည်ရာက ချင်ယွင်နှင့် အခြားလူများ အတိအကျဖြစ်ပြီး လှောင်ပြုံးတစ်ခု သူ့ပါးစပ်ထောင့်တွင် ခိုတွဲထားသည်။

"စီနီယာ...စီနီယာ၊ စီနီယာ မသေသေးဘူးလား" လုံချန်က စကားပြောနေစဉ် သူ့ပါးစပ် တုန်သွားသည်။

ချင်ယွင်လည်း အနည်းငယ် စိတ်ရှုပ်သွားသည်။

လခွမ်း..၊ ဒါက လိမ်လည်ထားတဲ့ အလောင်းတစ်ခုပဲ။

သို့သော်, သူသည် ဒဏ္ဍာရီလာ နတ်ဆိုးနတ်ဘုရားနယ်ပယ်မှာ ဒုတိယလူဖြစ်ခဲ့ပြီး သူ့ခွန်အားက အလွန်ကြီးမားသည်။ ထိုသို့သောလူမျိုးသည် အလောင်းဖြင့် လှည့်ဖျား၍ လူတွေကို သေသည်အထိ မခြောက်လှန့်လောက်ပေ။ နတ်ဘုရားများပင် သေသည်အထိ ကြောက်လန့်သွားနိုင်သည်။

"မဟုတ်ဘူး ငါသေပြီးပါပြီ။" သို့သော်၊ ချင်ယွင်နှင့် အခြားလူများသည် မြေကြီး ပြိုကွဲလောက်သည့် အဖြစ်ပျက်တစ်ခုခု ဖြစ်ပျက်တော့မည်ဟု ထင်နေချိန်မှာ လေဟာနယ်ထဲမှ အသံက ထပ်၍ ထွက်ပေါ်လာပြန်သည်။

ဤတစ်ကြိမ်တွင်၊ ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရား၏ ပါးစပ်က လှုပ်ရှားခြင်း မရှိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ အသံက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဒါဆို သူသေနေပြီပေါ့။" ဟုန်ရန်နှင့် လုံချန်တို့လည်း သက်ပြင်းချလိုက်ပါသည်။

အကယ်၍, အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားသာ မသေသေးဘူးဆိုလျှင်, သူတို့အသက် တွက် ပြောဖို့ ခက်ခဲလိမ့်မည်။ အကယ်၍, အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားသာ သူတို့ကို သတ်ချင်သည်ဆိုလျှင် မဖြစ်နိုင်ခြင်း မဟုတ်ပေ။

"အယ်၊ မင်းက ငါ့ကို တကယ်သေစေချင်တာလား" သို့သော် လုံချန်သည် သ့်ဒေါသကို မငြိမ်းသတ်နိုင်ခင် ကောင်းကင်ယံမှ အေးစက်စက် နှာချေသံတစ်ခု ထွက်ပေါ်လာသည်။

ဤအေးစက်စက် နှာခေါင်းရှုံ့သံသည် လုံချန်၏နှလုံးသားထဲသို့ မိုးခြိမ်းသံပေါင်း တစ်သိန်းနှင့် တူပြီး သူ့ခြေထောက်များကို ချက်ချင်း ပျော့ခွေသွားစေသည်။ သူက ဆောလျင်စွာ ပြုံးပြီး ပြောသည် "မဟုတ်ဘူး... မဟုတ်ဘူး စီနီယာ၊ ကျွန်တော် အဲလိုဆိုလို တာ မဟုတ်ဘူး"

လုံချန်က အရမ်းကို ကြောက်သွားပြီး ငိုလုမတတ်ပင်။ သူသည် ဤမဟာနတ်ဆိုး နတ်ဘုရားကို အမျက်ထွက်စေပါက, အကြောင်းပြချက်မရှိဘဲ ဤနေရာ၌ သူ သေသွားမည်ကို သူ တကယ် ကြောက်သွားခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်သည် အနည်းငယ် အံ့သြသွားသည်။ အကြောင်းတစ်ခုခုကြောင့်၊ ဤအသံသည် တမင်တကာ နောက်ပြောင်သည့် ခံစားချက်မျိုး ရှိနေသည်ဟု သူခံစားမိ သည်။

ရုတ်တရက် သူသည် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရပြီး အော်ပြောလိုက်သည် "ထွက်လာခဲ့ ပါ"

ဟုန်ရန်နှင့် လုံချန်တို့သည် အံ့အားသင့်သွားပြီး ဤစကားက မည်သည့်အရာကို ဆိုလိုသည် ကို နားမလည်ကြပေ။

သို့သော် ချင်ယွင်က ရှင်းပြခြင်း မရှိပေ။ ယင်းအစား အဝေးက အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရားကို စေ့စေ့ကြည့်နေခဲ့သည်။

"ဟဲ...၊ ဟဲ..၊ မင်း ဘယ်လိုတွေ့သွားတာလဲ" ဟုန်ရန်နှင့် လုံချန်တို့ ပဟေဠိဖြစ်နေတုန်းမှာ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နားပေါက်ထဲမှ ဝဖြိုးသည့် ဦးခေါင်းတစ်ခု ထွက်ပေါ်လာသည်။

ဟုန်ရန်နှင့် လုံချန်တို့သည် ထိုဦးခေါင်းကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားပြီး သရဲတစ္ဆေမြင်သလို ခံစားလိုက်ရသည်။

ချင်ယွင်လည်း ခဏလောက် ထိတ်လန့်သွားပြီး သူ၏ မူကလတင်းမာနေသည့် အမူအရာ ချက်ခြင်း ပျောက်ကွယ်သွားပြီး အံ့သြမှုအပြည့်ဖြင့် အစားထိုးလိုက်ပါသည်။

"အိုး၊ မင်းပါလား။ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ။" ချင်ယွင်က ဝဖြိုးသော ဦးခေါင်းကို ကြည့်ပြီး အံ့သြစွာ မေးလိုက်သည်။

ချင်ယွင်သည် ဤဝဖြိုးသော ဦးခေါင်းပိုင်ရှင်နှင့် အလွန်ရင်းနှီးသည်။ တားမြစ်နတ်ဘုရား တောအုပ်မှာ သူတွေ့ခဲ့သည့် ကလေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်သည့် ဝတုတ်လေး မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင် ဖက်တီးသည် အပြောင်းအလဲ အချို့ကို ကြုံတွေ့ခဲ့ရသည်။ သူက ချင်ယွင် မြင်ဖူးစဉ်ထက် နည်းနည်း အသက်ကြီးသွားသည်။ ကလေးဘဝမှ ဆယ်ကျော် သက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော် သူ့မျက်နှာက အရင်အတိုင်းပင်။ သူ့ပုံစံက အနည်းငယ် ဆူဖြိုးနေဆဲ။

"ဘာကြောင့်လဲတော့ မသိဘူး၊ ဒါပေမယ့် နောက်ဆုံး နဂါးနက်က ငါတို့ကို မျိုချလိုက်ပြီး မူးလဲသွားတယ်။ နိုးလာတဲ့အခါ ငါ ဒီမှာ ရှိနေတာပဲ။" ဖက်တီးက သူ့လက်တွေကို ဖြန့်ပြီး ပြန်ဖြေသည်။ သူသည် သူ့ခြေချောင်းများကို ထောက်လိုက်ပြီး အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ နားပေါက်မှ ပျံဝဲထွက်လာကာ ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။

သူ့အရှိန်က မြန်ဆန်လွန်းသည့်အတွက် မရေမတွက်နိုင်သည့် ပုံရိပ်များသာ ကျန်ရစ်ခဲ့ သည်။

All Chapters