← Chapters

အခန်း ၁၆၇၆

Vol. 112 Ch. 1676

အခန်း ၁၆၇၆

Vol. 112 Ch. 1676

အခန်း (၁၆၇၆) ညီငယ်တစ်ဦး လက်ခံခြင်း။

ဟုန်ရန်နှင့် လုံချန်တို့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် စောစောက ဖက်တီးပြသခဲ့သော အမြန်နှုန်းသည် သူတို့ထက်ပင် ပိုမိုမြန်ဆန်ကြောင်းကို တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

"ဒါဆို အခုနက မင်း အသံပြုနေတာလား" လုံချန်သည် ဖက်တီးကို ကြည့်ကာ မေးလိုက် သည်။

"မှန်တယ်။ မင်းတို့ ဝင်လာတာကြားတော့ ငါနိုးလာပြီး မင်းတို့ကို ကြောက်လှန့်ချင်လို့။ ဟား...၊ ဟား...၊ မင်း အရမ်းကြောက်နေဖို့ ငါ မမျှော်လင့်ထားဘူး။ မင်း တကယ် ကြောက်နေတာပဲ" ဆယ်ကျော်သက်အရွယ် ဖက်တီးသည် လုံချန်ကို လက်ညှိုးထိုးပြီး ရွှတ်နောက်နောက် ပြုံးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်များကို ပျော့ခွေသွားဟန်ပင် ဟန်ဆောင်လိုက်သေးသည်။

လုံချန်သည် ချက်ချင်းပင် ဒေါသတကြီး ထွက်ကာ တိုက်ခိုက်ရန် စိတ်အားထက်သန်နေ သည်။

သို့သော်လည်း ဖက်တီးလူငယ်သည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး လုံချန်၏ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။

လုံချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေးညှို့မှပစ်လွှတ်သော မြှားကဲ့သို့ အနောက်သို့ ချက်ခြင်း လွင့်ပျံသွားကာ အဆုံးကို မမြင်နိုင်လောက်အောင်ပင် ပျံသန်းသွားခဲ့သည်။

ဟုန်ရန်သည် နောက်သို့ လွင့်ပျံသွားသော လုံချန်ကို ကြည့်လိုက်ပြီးနောက် ထိုနေရာတွင် ရပ်နေသော ဖက်တီးလူငယ်ကို ကြည့်လိုက်သည်။ သူမသည် အရမ်းကို တုန်လှုပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားရသည်။

ချင်ယွင်လည်း ထိတ်လန့်သွားသည်။ သူ မမြင်နိုင်တော့သည့် လုံချန်လွင့်ပျံသွားရာဆီသို့ ကြည့်လိုက်ပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။

လုံချန်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းကျွမ်းကျင်သူ ၁၀၀ ထဲမှ တစ်ဦးဖြစ်သည်။ သူ့ကို အနိုင်ယူနိုင်သည့်လူသည် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် တစ်ခုလုံးမှာပင် လူ သုံးယောက်ထက် မပိုပေ။ ယခုတော့ သူသည် ဖက်တီး လူငယ်၏ လက်သီးချက်ကြောင့် လွင့်ပျံသွားခဲ့သည်။ ထို့အပြင် ဤလူငယ်၏ လက်သီးချက် သည် အလွန်ပေါ့ပေါ့ပါးပါး ဖြစ်နေပုံရသည်။

ကျန်ရစ်ခဲ့သည့် ချင်ယွင်နှင့် ဟုန်ရန်တို့သည် စကားမပြောနိုင်ဘဲ ဖြစ်နေကြချိန်မှာ, ဖက်တီးလူငယ်သည် လုံချန်ကို လက်သီးဖြင့် ထိုးပြီးနောက် တီးတိုးပြောလိုက်သည် "ဘယ်လောက်အားနည်းလိုက်လဲ"

ချင်ယွင်သည် သူ့နှလုံးသားထဲတွင် အလွန်မင်း စိတ်လှုပ်ရှားမူကို ခံစားလိုက်ရသည်။ ဆယ်ကျော်သက်အရွယ် ဖက်တီးလူငယ်၏ အသွင်အပြင်သည် ယခင်ကထက် အနည်းငယ် ပိုကြီးလာရုံသာမက သူ့ခွန်အားမှာလည်း ယခင်ကထက် ပိုမိုအားကောင်းလာသည်ကို သူတွေ့ရှိခဲ့သည်။

"ဘာဖြစ်တာလဲ၊ သူ ဘာကြောင့် ဒီမှာ ပေါ်လာတာလဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေ သည်။

ရုတ်​တရက်​ သူသည် တခုခုကို ​တွေး​နေပုံရသည်​။ ဖက်တီးလူငယ်၏ မျက်ခုံးကြားမှ ဥပဒေသ ကွင်းဆက်များကို သူ ကြည့်လိုက်သည်။ ဥပဒေသကွင်းဆက်များသည် ယခင်က ထက် များစွာ ရှည်လျားနေကြောင်း သူ တွေ့ရှိခဲ့သည်။

"သူတို့ ကြီးပြင်းလာတာနဲ့အမျှ သူတို့မျက်ခုံးကြားက ဥပဒေသကွင်းဆက်တွေကလည်း ကြီးထွားလာတာများလား။" ချင်ယွင်က သူ့စိတ်ထဲမှာ မှန်းဆလိုက်သည်။

"ကောင်စုတ်၊ ငါ မင်းကို သတ်မယ်" သို့သော်၊ ချင်ယွင်သည် ဤဖက်တီးလူငယ်၏ ခန္ဓာကိုယ်တွင် မည်သည့်လျှို့ဝှက်ချက်များ ဖုံးကွယ်ထားသည်ကို မှန်းဆနေချိန်တွင် အဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာသည်။

လွင့်ထွက်သွားခဲ့သော လုံချန်သည် ရူးသွပ်သွားပုံရပြီး၊ သူ့အရှက်တရားကြောင့် စဉ်းစား ဆင်ခြင်ခြင်းမပြုနိုင်တော့ဘဲ ဖက်တီးလူငယ်ဆီသို့ ဒေါသတကြီး တဟုန်ထိုး ပြေးသွားခဲ့ သည်။

သို့သော်လည်း ဖက်တီးလူငယ်၏ ပါးစပ်ထောင့်စွန်းတွင် အထင်အမြင်သေးသည့် အရိပ်အယောင် ပေါ်လာသည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လေဟာနယ်ဆီသို့ လက်ဖဝါးကို ရိုက်လိုက်သည်။

ထိုလက်ဖဝါးရိုက်ချက်နှင့်အတူ၊ မူလကတည်းက ဒေါသပေါက်ကွဲနေသော လုံချန်သည် မြေပြင်ပေါ်သို့ တိုက်ရိုက် ရိုက်ခံရပြီး မလှုပ်ရှားနိုင်တော့ဘဲ မှိန်းမောသွားလေသည်။

သူ့ဘေးနားရှိ ဟုန်ရန်နှင့် ချင်ယွင်တို့သည် လုံးဝ အသိမဲ့သွားကြသည်။ သူတို့သည် လုံချန်ကို ကိုယ်ချင်းစာရုံသာ တတ်နိုင်ပါသည်။

"ဘယ်လိုလဲ၊ မင်း ကစားချင်တုန်းလား" ဖက်တီးလူငယ်သည် ခွေးကောင်တစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံချန်ကို ကြည့်ကာ ရွှတ်နောက်နောက် ပြုံးလိုက် သည်။

ဖက်တီးလူငယ်၏ အမူအရာကို မြင်သောအခါ လုံချန်သည် သွေးအမှုန်အမွှားများ ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။

လခွမ်း၊ ဆက်ကစားရဦးမှာလား။ ဆက်ကစားနေရင် သူ့အအသက်ပင် ဆုံးရှုံးသွားနိုင်သည်။

"ကောင်းပြီ၊ ရပ်လိုက်ရအောင်။" ချင်ယွင်က တားဆီးလိုက်သည်။

ချင်ယွင်၏ စကားကိုကြားတော့ ဆယ်ကျော်သက် ဖက်တီးလူငယ်သည် ရှုပ်နေသည်ကို ရပ်လိုက်ပါသည်။ သို့သော်၊ သူသည် လုံချန်ကို သရဲမျက်နှာကဲ့သို့ လုပ်ပြသွားသေးသည်။ လုံချန်သည် မြေပြင်ပေါ်ကနေ ထလာရုံရှိသေး ကြောက်လန့်တကြား ဖြစ်ကာ မြေပြင်ပေါ် ပြန်လဲကျသွားပြီးနောက်၊ ကျယ်လောင်သည့် ရယ်မောသံက ပေါက်ကွဲထွက်ပေါ်လာသည်။

ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်သည်။ ဤလူငယ်လေးသည် အများကြီး ကြီးပြင်းလာရုံ သာမက အရင်ကထက်လည်း ပိုပြီး ဉာဏ်ကောင်းလာခဲ့ပါသည်။

"ဟုတ်တယ်၊ ငါ မင်းနာမည်ကို မသိရသေးဘူး။" ချင်ယွင်က ဖက်တီးလူငယ်ကို ကြည့်ကာ မေးသည်။

"ငါ့နာမည် လင်းဘ" လူငယ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ သူ ဘာမှ မခံစားရသော်လည်း လုံချန်၏ မျက်လုံးများ က ပြူးကျယ်သွားပြီး မှင်သက်နေခဲ့သည်။

"ဘာမှားလို့လဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဟုန်ရန်လည်း လုံချန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း ရုတ်တရက် သူဘာကြောင့် အရမ်း တုန်လှုပ်သွားသည်ကို နားမလည်နိုင်ပါ။

"အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့နာမည်ကို လင်းဘလို့ ခေါ်တယ်လို့ ငါပြောလိုက်ရင် မင်းတို့ ဘယ်လိုထင်မလဲ။" လုံချန်က ပြောသည်။

ဟုန်ရန်နှင့် ချင်ယွင်တို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။

"လင်းဘ၊ မင်းက ဒီနာမည်ကို ကိုယ့်ဘာသာ ပေးထားတာလား။ ဒါမှမဟုတ် တစ်ခုခုလား" ချင်ယွင်က မေးသည်။ ယခင်က ဤမေးခွန်းကို မေးခဲ့မိပုံရသည်ကို သူ သတိရမိသော်လည်း ထိုအချိန်တုန်းက လင်းဘနှင့် ပိန်ပိန်လူငယ် နှစ်ယောက်စလုံး ခေါင်းယမ်းခဲ့ကြသည်။ (အရင်တုန်းက ကလေးနှစ်ယောက်၏ နာမည်ကို မေးခဲ့ဖူးသည်။ သို့သော် သူတို့ နှစ်ယောက်စလုံး ကိုယ့်နာမည်ကို မသိကြဟု ဆိုလိုပါသည်။)

ယခုတော့ ဖက်တီးလူငယ်သည် သူ့နာမည် လင်းဘဟု အမှန်တကယ် ပြောနေခဲ့သည်။ ထို့ကြောင့် ချင်ယွင်သည် သူ့ကို အခုဖြစ်ပေါ်လာသူဟုပင် သံသယဖြစ်မိသည်။

"မဟုတ်ဘူး၊ ငါနိုးလာတဲ့အချိန် ငါ့စိတ်ထဲမှာ ဒီနာမည် ပေါ်လာတာပဲ။ ဒါက ငါ့နာမည် အရင်းပဲ" လင်းဘက ကမန်းကတန်း ရှင်းပြသည်။

ချင်ယွင်၊ ဟုန်ရန်နှင့် အခြားလူများသည် ထိုစကားကို ကြားသောအခါ တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ အချင်းချင်း၏ မျက်လုံးတွေမှတဆင့် သူတို့ အံ့သြနေကြ သည်ဟု ပြောနိုင်ပါသည်။

"ဒါဆို ဒီလင်းဘ နာမည်ကလွဲလို့ မင်းမှာ အမှတ်တရတွေ ရှိသေးလား" ချင်ယွင်က ထပ်မေးသည်။

'"ဟုတ်တယ် ငါ့စိတ်ထဲမှာ မှတ်ဥာဏ်အသစ်တစ်ခု ရှိတယ်။ ဒီမှတ်ဉာဏ်က တိုက်ပွဲတစ်ခု ပဲ။ ကြည့်ရတာ, ငါ ဟိုလူပိန်ကောင်နဲ့ တိုက်ခိုက်နေပုံရတယ်။ အဲဒီအရူးက ငါ့ကိုတောင် တစ်ချက်တည်းနဲ့ ရိုက်နှက်ခဲ့တယ်။ ဟမ့်၊ နောက်တစ်ခါ ငါ သူနဲ့ထပ်တွေ့ရင် သူ ရင်ဆိုင်နိုင်ဦးမလား ကြည့်ရမ။" လင်းဘက ပြန်ပြောသည်။

ဟုန်ရန်နှင့် လုံချန်တို့သည် ဖက်တီးလူငယ် ပြောနေသည့် အကြောင်းအရာကြောင့် စိတ်ရှုပ်သွားကြသည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်၏စိတ်နှလုံးသည် ရုတ်တရက် မုန်တိုင်းတစ်ခု လှုပ်ခတ် သွားလေသည်။ သူ့စိတ်နှလုံးထဲမှာ အလွန်ရဲရင့်သည့် အကြံတစ်ခု ရှိနေသည်။

အကယ်၍, ဤအကြံတိုင်းသာ မှန်ကန်နေပါက, အလွန်ထိတ်လန့်ဖို့ ကောင်းလိမ့်မည်။

သူ့ရှေ့က ဖက်တီးလူငယ်သည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ လူပြန်ဝင်စားခြင်း ဖြစ်မည်ဟု သူ ယူဆခဲ့သည်။ ထိုသို့မဟုတ်လျှင် လင်းဘဆိုသည့် နာမည်က သူ့စိတ်ထဲမှာ ဘယ်တော့မှ ပေါ်လာမည် မဟုတ်ပေ။

သစ်သားချောက်သဖွယ် ပိန်ပိန်ပါးပါး ကလေးနှင့် ပတ်သက်၍မူ, ၎င်းသည် ပန်ဂု၏ လူဝင်စားခြင်းဖြစ်မည်ဟု သူ သံသယရှိသည်။ လင်ဘပြောခဲ့သည့် စကားအရဆို, သူသည် ပိန်ပိန်ကလေးနှင့် တိုက်ခိုက်ခဲ့ပြီး၊ ပိန်ပိန်ကလေးက သူ့ကို တစ်ချက်တည်း အနိုင်ယူလိုက် ခြင်းဖြစ်သည်။ ဤသည်မှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားနှင့် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားတို့ကြားမှ တိုက်ပွဲမြင်ကွင်း အတိအကျ ဖြစ်သည်။

ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ၊ ဤရှင်းပြချက်သည် ကျိုးကြောင်းဆီလျော် သည်ဟု ပိုခံစားရလေ ဖြစ်သည်။ ထိုသို့မဟုတ်ရင် ထိုထူးဆန်းသည့် ကလေးနှစ်ယောက်က မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲမှာ ဘာကြောင့် ပေါ်လာမည်နည်း။ သူတို့သည် အမှန်တရား ဉပဒေသကွင်းဆက်များဖြင့် မွေးဖွားလာခဲ့ပြီး ထိုကဲ့သို့ ကြောက်မက်ဖွယ် အစွမ်းကို ပိုင်ဆိုင်ထားသည်။ ထိုသို့သော ရှင်းလင်းချက်သည်သာ ကျိုးကြောင်းဆီလျော် သည်ဟု ယူဆနိုင်သည်။

ချင်ယွင်က သူသည် လူဝင်စား မဟာနတ်ဆိုးနတ်ဘုရားနှစ်ပါးနှင့် မိတ်ဖွဲ့နိုင်ခဲ့သည်ဟု တွေးမိသောအခါ ဖော်ပြ၍မရသော ခံစားချက်ကို ခံစားခဲ့ရသည်။

"ချင်ယွင်၊ ငါ့ကို ဒီကနေ ခေါ်ထုတ်သွားစမ်းပါ။ လူပိန်လေးကိုရှာဖို့ ငါ့ကိုလည်း ခေါ်သွားဦး။ ငါတို့ မတွေ့တာ ကြာလှပြီ။ ငါ သူ့ကို နည်းနည်းတော့ လွမ်းမိသား။" လင်းဘသည် ချင်ယွင်၏ အဝတ်ထောင့်ကို ဆွဲကိုင်ကာ သနားကရုဏာသက်စွာ ပြောလိုက်သည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ လင်းဘနှင့် ပိန်ပိန်ကလေးတို့ကြားက ခံစားချက်ကို သူနားလည်သည်။ သူတို့သည် ငယ်စဉ်ကတည်းက အတူနေထိုင်ခဲ့ကြပြီး အချင်းချင်း၏ ကစားဖော်များ ဖြစ်သည်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီး ယခုအခါ လမ်းခွဲရန် အလွန် ဝန်လေးနေကြသည်မှာ သဘာဝပင်။

"ကြည့်ရတာ ဒါက မဟာနတ်ဆိုးနတ်ဘုရား နှစ်ပါးဖြစ်တဲ့ အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရားနဲ့ ပန်ဂုတို့ရဲ့ ကံကြမ္မာထင်ပါရဲ့။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သို့သော်၊ သူ့နှလုံးသားထဲတွင် အထူးရဲရင့်သော အကြံတစ်ခု ရှိနေပြီး၊ ၎င်းမှာ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားနှင့် ပန်ဂုတို့ကို သူ၏ ညီငယ်များအဖြစ် လက်ခံရန် ဖြစ်သည်။ သူတို့ ကြီးပြင်းလာတာနှင့်အမျှ သူတို့သည် သိပ်ကို အထင်ကြီးစရာ ကောင်းနေမှာ မဟုတ်ဘူးလား။

ထို့ကြောင့် သူက ပြုံးပြီး လင်းဘကို ပြောသည် "လင်းဘ၊ နောင်အနာဂတ်မှာ မင်းနဲ့ လူပိန်လေးတို့က ငါ့ညီငယ်တွေပဲ။ ငါက မင်းတို့ရဲ့ အစ်ကိုကြီးလုပ်မယ်။ အဆင်ပြေလား"

"မင်းက ဘာလို့ အကိုကြီး ဖြစ်ချင်တာလဲ။" လင်းဘက စူးစူးဝါးဝါး မေးသည်။

"ဒါမှ ငါက မင်းတို့အတွက် နေ့တိုင်း ငါးကင်လုပ်ပေးလို့ ရမှာလေ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ နောင်မှာ လူပိန်လေးနဲ့ ငါက မင်းကို အကိုကြီးလို့ ခေါ်ပြီး၊ မင်းနောက်ကို တစ်ချိန်လုံး လိုက်နေမယ်" လင်းဘက ကမန်းကတန်း ဝမ်းသာအားရ ပြောလိုက်သည်။

ဟုန်ရန်နှင့် လုံချန်တို့သည် ပြောစရာစကား မဲ့သွားရသည်။ ယခုလိုအစွမ်းထက်သည့် ပညာရှင်တစ်ယောက်ကို ငါးကင်နှင့် လှည့်စားနိုင်ခဲ့တာလား။

တကယ်တော့ လင်းဘ၏ အစစ်မှန် ကိုယ်ရေးအချက်လက်ကို သူတို့ မသိကြသေးပေ။ အကယ်၍, သူတို့များ သိသွားခဲ့လျှင်, လင်းဘကို ညီငယ်တစ်ယောက်အဖြစ် လက်ခံလာ အောင် သူနှင့် ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်နိုင်သည်။

All Chapters