← Chapters

အခန်း ၁၆၇၇

Vol. 112 Ch. 1677

အခန်း ၁၆၇၇

Vol. 112 Ch. 1677

အခန်း (၁၆၇၇) ရှေးဟောင်းဖရိုဖရဲသူတော်စင်ပစ္စည်း။

အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ လူပြန်ဝင်စားသူကို သူညီအဖြစ် လက်ခံပြီးနောက် ချင်ယွင်သည် တုနှိုင်းမဲ့ ပေါ့ပါးလွတ်လပ်မူ ခံစားလိုက်ရသည်။

သို့သော်လည်း သူ ဤနေရာကိုလာခဲ့ရသည့် သူတို့၏ အဓိကရည်ရွယ်ချက်ကို မြန်မြန် သတိရသွားသည့်အတွက် လင်းဘကို အမြန်မေးလိုက်သည်။

"လင်းဘ၊ မင်းက ဒီမှာနေတာ ကြာပြီ။ ဒီအလောင်းကြီးကလွဲလို့ ဒီနေရာမှာ တခြား ဘာများ ရှာတွေ့သေးလဲ" ချင်ယွင်က မေးသည်။

လင်းဘက လည်ပင်းကို စောင်းငဲ့ပြီး ခဏလောက် စဉ်းစားသည့်။ "ဒီနေရာမှာတော့ အလောင်းတစ်ဝိုက်မှာ လွင့်မျောနေတဲ့ အရာနှစ်ခုကလွဲလို့ ဘာမှမရှိဘူး။ ဒါပေမယ့် အဲဒီ ပစ္စည်းနှစ်ခု ပတ်လည်မှာ အလင်းအတားအဆီးတစ်ခု ရှိနေတယ်။ ဒီပစ္စည်းတွေကို လက်နဲ့ ထိရင် တွန်းထုတ်ခံရလိမ့်မယ်။ လုံးဝ ယူလို့မရဘူး။"

ထိုစကားကို ကြားတော့ ဟုန်ရန်, လုံချန်နှင့် ချင်ယွင်တို့သည် လွင့်မျောနေသော လက်စွပ်နှင့် ကျောက်တုံးဆီကို လှမ်းကြည့်လိုက်သည်။

"ငါမမှားဘူးဆိုရင် အဲဒါက မရဏဘုရင်ရဲ့ နတ်ဘုရားလက်စွပ်နဲ့ နတ်ဘုရားကျောက်တုံး ဖြစ်သင့်တယ်။" ချင်ယွင်နှင့် တခြားသူများသည် ထိုပစ္စည်းနှစ်ခုနှင့် ပတ်သက်ပြီး မှန်းဆနေချိန်မှာ ဟုန်ရန်က ရုတ်တရက် ပြောလိုက်ပါသည်။

"မရဏဘုရင်ရဲ့ နတ်ဘုရားလက်စွပ်နဲ့ နတ်ဘုရားကျောက်တုံးက ဘာလဲ။" ချင်ယွင်က မေးသည်။

လုံချန်လည်း ဟုန်ရန်ကို ကြည့်သည်။ ဤအမည်နှစ်ခုကို သူ ပထမဆုံးကြားရခြင်း ဖြစ်သည်။

"မရဏဘုရင်ရဲ့နတ်ဘုရားလက်စွပ်နဲ့ နတ်ဘုရားကျောက်တုံးဆိုတာက ဒီကောင်းကင်နဲ့ မြေကြီးရဲ့ အပြင်ဘက်က ရတနာတွေပဲ။ ရှေးခေတ်ကာလက ကျိုးပြတ်နေတဲ့ လက်မောင်း တစ်ဖက်က ကောင်းကင်ပေါ်ကနေ ကျဆင်းလာခဲ့တယ်။ အဲဒီလက်မောင်းပြတ်က ရှေးခေတ်နတ်ဘုရားကမ္ဘာမှ ပထမတန်းစား ဂိုဏ်းတစ်ခုထဲသို့ ပြုတ်ကျသွားခဲ့တယ်။ အဲဒီလက်မောင်းပြတ်မှာ အဆုံးမဲ့စွမ်းအင်တွေ ပါရှိနေတယ်။ အဲဒီလက်မောင်းပြတ် ရိုက်ခတ်သွားတာနဲ့ ဂိုဏ်းကြီးတစ်ခုလုံး လုံးဝ ပျက်သုဉ်းသွားခဲ့ရတယ်။ လက်မောင်းပြတ် ပြုတ်ကျလာတာကို တားဆီးဖို့အတွက် ပထမတန်းစား ဂိုဏ်းကြီးဟာ ဘိုးဘေးနတ်ဘုရား လေးပါးနှင့် မဟာနတ်ဆိုးနတ်ဘုရား သုံးပါးကို စေလွှတ်ခဲ့သည်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့လည်း အဲဒီလက်မောင်းပြတ်ကို ခုခံကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး။ ဘိုးဘေးနတ်ဘုရားပညာရှင် ခုနစ်ယောက် အပါအဝင် ပထမတန်းစားဂိုဏ်းကြီးမှ ကျွမ်းကျင်ပညာရှင်တွေဟာ လက်မောင်းပြတ်တဖက်ရဲ့ စွမ်းအင်ကြောင့် သေဆုံးသွားခဲ့ရ ပြီး ကမ္ဘာကြီးကနေ ပျောက်ကွယ်သွားခဲ့ရတယ်။" ဟုန်ရန်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

ချင်ယွင်နှင့် လုံချန်တို့ နှစ်ယောက်စလုံးသည် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်ရင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။

လက်မောင်းပြတ်တစ်ဖက်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး "ပထမတန်းစား နတ်ဘုရားဂိုဏ်းကြီးတစ်ခုလုံးကို သုတ်သင်လိုက်ခြင်း" ထိုထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းက အမှန်ပင် သူတို့ စိတ်မကူးနိုင်တော့ပေ။

“ဒါဆို, နောက်ပိုင်း ဘာဖြစ်သွားလဲ” လုံချန်က အလျင်စလိုမေးလိုက်သည်

"နောက်ပိုင်း, အဲဒီလက်မောင်းပြတ်က အဲဒီပထမတန်းစားဂိုဏ်းကို ဖျက်ဆီးပြီးတာနဲ့ ရုတ်တရက် ပျောက်သွားခဲ့တယ်။ ဒါပေမယ့်, တစ်စုံတစ်ယောက်က အဲဒီလက်မောင်းပြတ် ပျောက်ကွယ်သွားတဲ့နေရာမှာ အရာနှစ်ခုကို တွေ့ရှိခဲ့တယ်။ တစ်ခုက လက်စွပ်ဖြစ်ပြီး နောက်တစ်ခုက ကျောက်တုံးပဲ။ အဲဒီပစ္စည်းနှစ်ခုစလုံးတွင် 'မရဏဘုရင်' ဆိုတဲ့ စာလုံး ရှိတယ်" ဟုန်ရန်က ပြန်ဖြေသည်။

ချင်ယွင်နှင့် လုံချန်တို့သည် ကျောက်တုံးနှင့် လက်စွပ်ကို အမှတ်တမဲ့ ကြည့်လိုက်ကြ သည်။ သေချာသည်မှာ ကျောက်တုံးနှင့် လက်စွပ်ပေါ်တွင် စာလုံးသေးသေးလေး နှစ်လုံးပါ နေသည်ကို တွေ့လိုက်ရသည်။ ထိုစာလုံးများတွင် ရေးထားသော စာလုံးများမှာလည်း မရဏဘုရင် ဖြစ်နေသည်။

"ဒါဆို ဒီမရဏဘုရင်ရဲ့ နတ်ဘုရားလက်စွပ်နဲ့ နတ်ဘုရားကျောက်တုံးက အသုံးဝင်လဲ။" ချင်ယွင်သည် မမေးမြန်းဘဲ မနေနိုင်တော့။

"ဟုတ်တယ်၊ ဒီလိုကျွမ်းကျင်ပညာရှင်တစ်ယောက် ကျန်ရစ်ခဲ့တဲ့ ရတနာတွေက ထူးထူး ခြားခြား ဖြစ်ရမယ်" လုံချန်က ပြောသည်။

သို့သော် ဟုန်ရန်က ခေါင်းခါပြီး ပြောသည် "မသိဘူး၊ ဒီရတနာနှစ်ခုကို ရရှိတဲ့ဘယ်သူမဆို, ရူးရင်ရူး, မဟုတ်ရင် ပေါက်ကွဲသွားတယ်။ ငါသိသလောက်ဆို, ဒီမရဏဘုရင်ရဲ့ နတ်ဘုရား လက်စွပ်မှာ စွမ်းအင်ပမာဏ အများကြီး ပါဝင်နေတယ်။ ဆုပ်ကိုင်လိုက်တာနဲ့ စွမ်းအားတွေ ရဲ့ သွန်းလောင်းခံရလိမ့်မယ်။ သာမာန်လူတွေက အဲဒီစွမ်းအားကို ခံနိုင်ရည်မရှိကြဘူး။ ဒါကြောင့် အဲဒီလူတွေက တိုက်ရိုက်ပေါက်ကွဲပြီး သေဆုံးသွားကြတယ်။ ဒီမရဏဘုရင် နတ်ဘုရားကျောက်တုံးမှာတော့ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအား အများအပြား ပါရှိနေ တယ်။ ကျောက်တုံးကို ဆုပ်ကိုင်လိုက်တာနဲ့ အဲဒီမရဏဘုရင်ရဲ့ နတ်ဘုရား ကျောက်တုံး ပေါ်က နတ်ဘုရားစိတ်ဝိညာဉ် တန်ခိုးကြောင့် ထိတ်လန့်ပြီး အရူးတစ်ယောက် ဖြစ်သွား လိမ့်မယ်။ ဘိုးဘေးနတ်ဘုရားတွေတောင်မှ ခြွင်းချက် မရှိဘူး။”

ထိုစကားကို ကြားတော့ လုံချန်သည် တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး သူ့ရင်ထဲက ဆန္ဒတွေ ချက်ချင်း ငြိမ်းသတ်လိုက်ပါသည်။

ချင်ယွင်လည်း အလွန်မင်း တုန်လှုပ်သွားသည်။ ဤပစ္စည်းနှစ်ခုက အရမ်းကြောက်ဖို့ ကောင်းနေမည်ဟု သူ မမျှော်လင့်ထားပါဘူး။

"ဘိုးဘေးနတ်ဘုရားရဲ့ ကျင့်ကြံမှုအခြေခံကို အားကိုပြီး ရှေးဟောင်းဖရိုဖရဲသူတော်စင် ပစ္စည်းကို အသုံးပြုဖို့လား။ မင်းတို့အနေ့ ဒါကမှ သေခြင်းတရားတောင်းခံခြင်းမဟုတ်ရင် ဘာဖြစ်မလဲ။"

ထိုခဏမှာပင်, ချင်ယွင်၏စိတ်ထဲမှာ လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလှောင်ပြောင်သံ ပိုင်ရှင်ကတော့ လျှိုဘို ဖြစ်ပါသည်။

"ရှေးဟောင်းဖရိုဖရဲသူတော်စင်ပစ္စည်းလား။ အဲဒါက ဘာလဲ။” ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

“ကောင်စုတ်လေး၊ ရှေးဟောင်းဖရိုဖရဲသူတော်စင်ပစ္စည်းဆိုတာက မင်းတို့ပြောနေခဲ့တဲ့ ဘိုးဘေးနတ်ဘုရားပစ္စည်းတွေထက် သာလွန်တဲ့ ရတနာတစ်ခုပဲ။ အစကတည်းကနေ ရှေးဟောင်းဖရိုဖရဲရတနာတစ်ခုကနေ သန့်စင်ရတာ။ အဲဒီရတနာရဲ့ စွမ်းအားက အကန့်အသတ် မရှိဘူး။ ထုံးစံအတိုင်း၊ ဘိုးဘေးနတ်ဘုရားပစ္စည်းတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။" လျှိုဘို’အသံက ထွက်ပေါ်လာသည်။

"ဘိုးဘေးနတ်ဘုရားအဆင့် ပစ္စည်းတွေရဲ့ အထက်မှာလား" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။

"အင်း မှန်တယ်၊ နဂါးနတ်ဘုရားကျောက်စည်းတံဆိပ်၊ ကြည်လင်ကောင်းကင်ဓားနဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲက ပန်ဂုပုဆိန်တွေဟာ အစကတည်းက ရှေးဟောင်းဖရိုဖရဲ ရတနာတွေပဲ။ ဒါပေမယ့် ဒီအထဲက တစ်ခုကိုမှ မသန့်စင်ရသေးဘူး။ ဒီပစ္စည်းတွေကို ရှေးဟောင်း ဖရိုဖရဲ သူတော်စင်ပစ္စည်းရဲ့ သန္ဓေသားလောင်းတွေအဖြစ်ပဲ ယူဆနိုင်တယ်။ ဒါကြောင့် ဒီပစ္စည်းတွေမှာ ရှေးဟောင်းဖရိုဖရဲသူတော်စင်ပစ္စည်းရဲ့ စွမ်းအား မရှိသေးဘူး။ နောင်အနာဂတ်မှာ မင်းရဲ့ကနဦးစကြဝဠာ ပြီးပြည့်စုံသွားတဲ့အခါ မင်းကိုယ်တိုင် သန့်စင်ပြီး အသုံးချလို့ ရတယ်။" လျှိုဘိုက ဆက်ပြောသည်။

ချင်ယွင်သည် နားထောင်လေလေ၊ သူပို၍ အံ့သြရလေလေ ဖြစ်သည်။ သူ၏ ကနဦး စကြဝဠာရှိ ရတနာသုံးပါးသည် လက်စွပ်နှင့် ကျောက်တုံးကဲ့သို့ အဆင့်တူ သူတော်စင် ပစ္စည်း ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပေ။ "

ဒါဆို ဒီပစ္စည်းနှစ်ခုကို ဘယ်လို ရယူနိုင်မလဲ။

“ကောင်စုတ်လေး၊ မင်း ဒီပစ္စည်းနှစ်ခုအကြောင်း မတွေးတာ ကောင်းလိမ့်မယ်။ မင်းရဲ့ လက်ရှိအင်အားနဲ့ ဒီပစ္စည်းနှစ်ခုကိုထိရင် မင်း သေချာပေါက် သေလိမ့်မယ်။ ဒါပေမယ့် မင်း ကြေးဝါအပိုင်းအစသုံးခုထဲက တစ်ခုကို ရှာတွေ့နိုင်ခဲ့ရင် ဒီပစ္စည်းနှစ်ခုကို ဖိနှိပ်နိုင်လိမ့် မယ်" လျှိုဘိုက ပြန်ဖြေသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်း တောက်ပလာသည်။

မှန်ပါသည်။ သူ၏ကြည်လင်ကောင်းကင်ဓား၊ နဂါးနတ်ဘုရားကျောက်စိမ်းတံဆိပ်နှင့် ပန်ဂုပုဆိန်တို့သည် ထိုကြေးဝါအပိုင်းအစနှစ်ခုဖြင့် ဖိနှိပ်ခံထားရသည်။ အကယ်၍, သူသာ တတိယမြောက် ကြေးဝါအပိုင်းအစကို ရှာတွေ့နိုင်လျှင် ဤရတနာနှစ်ခုကို အမှန်တကယ် ဖိနှိပ်နိုင်ပေမည်။

သို့သော် ဤရတနာနှစ်ခုနှင့် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ရုပ်ခန္ဓာကိုယ်မှလွဲ၍ ဤကုလားထိုင်တစ်လုံးသာ ကျန်တော့သည်။ တခြားဘာမှ မရှိပေ။ တတိယမြောက် ကြေးဝါအပိုင်းအစကို သူ မည်သည့်နေရာမှာ ရှာဖွေနိုင်မည်နည်း။

သို့သော် ယခင်က ချောက်ကြီးအောက်တွင် တတိယမြောက် ကြေးဝါအပိုင်းအစတစ်ခု ရှိနေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားရသည်။ ထိုခံစားချက်က အဘယ့်ကြောင့် ပြန်ပျောက်သွားရသနည်း။

"လင်းဘ၊ နောက်တစ်ကြိမ် ပြန်စဉ်းစားကြည့်ပါဦး။ လွင့်မျောနေတဲ့ ဒီပစ္စည်းနှစ်ခုကလွဲရင် ဒီမှာ တခြား ဘာရှိသေးလဲ" ချင်ယွင်က လင်းဘကို ကြည့်ကာ မေးသည်။

လင်းဘသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူသည် ခဏမျှ စဉ်းစားပြီး တစ်ခုခုကို တွေးနေပုံရသည်။ သူက ပြောသည် "အိုး၊ ငါမှတ်မိပြီ။ ဒီထိုင်ခုံနောက်ကွယ်မှာ စာလုံးအချို့ ရှိသေးတယ်"

"စာလုံးတွေလား" ချင်ယွင်၊ ဟုန်ရန်နှင့် လုံချန်တို့ အားလုံး တခဏမျှ မှင်သက်သွားကြပြီး၊ ထိုင်ခုံနောက်ဘက်သို့ အမြန်ပြေးသွားကြသည်။

ကုလားထိုင်နောက်ဘက်သို့ ရောက်သွားသောအခါ ကုလားထိုင်၏နောက်ကျောတွင် ရေးထားသော စကားလုံးအချို့ကို ချက်ချင်း တွေ့လိုက်ကြရသည် "ငါ့ဘဝတလျှောက်လုံး ပြိုင်ဘက်ကင်း ဖြစ်ခဲ့ပေမယ့်၊ ပန်ဂုရဲ့လက်ထဲမှာ သိုင်းကွက်တဝက်နဲ့ ရှုံးနိမ့်ခဲ့ရတယ်။ ယနေ့, အမွေနှစ်တစ်ခုကို ချန်ထားရစ်ခဲ့ပြီး၊ အနာဂတ်တွင် ရရှိဖို့ကံကြမ္မာပါတဲ့ ဘယ်သူမဆို ငါအုပ်စိုးရှင်ရဲ့တန်ခိုးတော်ကို ပြသနိုင်လိမ့်မယ်"။

"ဘာမှမဟုတ်ပါလား" လုံချန်သည် စာကြောင်းကိုဖတ်ပြီး ချင်ယွင်ကဲ့သို့ ပြောလိုက်သည်။

အမွေနှစ်ကို ချန်ထားခဲ့တယ်။ အဲဒီအမွေနှစ်နေရာက အတိအကျ ဘယ်မှာလဲ။

ရှင်းရှင်းလင်းလင်း ရှင်းပြမထားရင် ဘယ်လို ရှာရမှာလဲ။

ချင်ယွင်လည်း ပြောစရာစကားမဲ့သွားသည်။ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နောက်တွင် ချန်ရစ်ခဲ့သော စာလုံးများသည် အဓိပ္ပာယ်မရှိသလို အသုံးဝင်သည့် အချက်အလက် တစ်စုံတစ်ရာ မရှိဟုလည်း သူ ခံစားခဲ့ရသည်။

"မဟုတ်ဘူး၊ ကြည့်စမ်း..၊ ဒီစကားလုံးတွေက ရွေ့ရှားသွားပုံရတယ်"

သို့သော်လည်း ချင်ယွင်နှင့် လုံချန်တို့သည် စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချနေကြစဉ်တွင် ၎င်းတို့ဘေးတွင်ရှိသော ဟုန်ရန်က သတိပေးသံဖြင့် အော်ဟစ်လိုက်သည်။

ချင်ယွင်နှင့် အခြားလူများသည် ကုလားထိုင် နောက်ဘက်ရှိ စာလုံးများကို ချက်ချင်း ကြည့်ကြသည်။ ကုလားထိုင်နောက်ဘက်ရှိ စာလုံးများသည် ကုလားထိုင် နောက်ဘက်မှ အမှန်တကယ် ထွက်ပြေးသွားပြီး အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်အနှံ့ ပျံဝဲလာသည်ကို သူတို့ မြင်လိုက်ရသည်။

ချင်ယွင်နှင့် လုံချန်တို့ နှစ်ယောက်စလုံး တုန်လှုပ်ခြောက်ခြားသွားကြပြီး အဖြစ်အပျက်ကို နားမလည်ခဲ့ကြပေ။

သို့သော်, သူတို့ အဖြေရှာမရခင်မှာ သူတို့ခြေထောက်အောက်က မြေပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

All Chapters