← Chapters

အခန်း ၁၆၇၈

Vol. 112 Ch. 1678

အခန်း ၁၆၇၈

Vol. 112 Ch. 1678

အခန်း (၁၆၇၈) သင့်ပါးစပ်ကို ဖွင့်ပါ။

မြေပြင်သည် တုန်ခါနေပြီး လေဟာနယ်သည် ပြင်းထန်စွာ တုန်ခါနေသည်။ လေဟာနယ် တစ်ခုလုံး လုံးလုံး ပြိုကွဲသွားပုံရသည်။

ကံကောင်းထောက်မစွာ၊ ထိုတုန်ခါမှုသည် အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်သွားခဲ့ သည်။

ချင်ယွင်နှင့် အခြားသူများသည် သက်ပြင်းချကြသည်။ အကယ်၍ ဤနေရာသာ ပြိုကျပါက သူတို့ မသေနိုင်သော်လည်း၊ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ရတနာ နှစ်ခုသည် လေဟာနယ်မုန်တိုင်းကြားသို့ စုပ်ယူသွားမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင်, သူတို့အနေဖြင့် ရယူရန် ပိုခက်လိမ့်မည်။

ဘန်း…။

ချင်ယွင်နှင့် အခြားသူများသည် စိတ်သက်သာရပြီး သက်ပြင်းချနေကြစဉ်မှာ, ထိုစာလုံ အလင်းတန်းများသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားသို့ ရုတ်တရက် ဝင်ရောက်သွားခဲ့သည်။ ထို့နောက်တွင်၊ အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား သည် အသက်ဝင်လာပုံရပြီး၊ ရုတ်တရက် ထိုင်ခုံမှထကာ ချင်ယွင်နှင့် အခြားသူများကို လှည့်ကြည့်လာသည်။

လခွမ်း....။

ဘာဖြစ်တာလဲ?

လုံချန်၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။ ယခုတစ်ကြိမ်မှာတော့ သူသည် အမှန်တကယ် အလောင်း၏ လိမ်လည်လှည့်ဖျားခြင်း ခံလိုက်ရပြီ။

ချင်ယွင်လည်း ထိတ်လန့်သွားပြီး အလွန်မင်း ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ယခုလိုမြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်ဟု သူ မမျှော်လင့်ထားပါဘူး။

"ကောင်စုတ်လေး၊ အခု မင်းတို့တွေ ပျော်လို့ရပြီ။ မင်းရှာနေတဲ့ ကြေးဝါအပိုင်းအစက အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ မျက်ခုံးကြားမှာ တကယ်ရှိနေတယ်။ အဲဒီအလင်း စာလုံးတွေက ကြေးဝါအပိုင်းအစရဲ့ စွမ်းအားကို အသက်သွင်းဖို့ အသုံးပြုတာ။ အခုအချိန် မှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ကြေးဝါအပိုင်းအစက လွှမ်းမိုးနေခဲ့ ပြီ။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် တခဏတာ အံ့အားသင့်သွားသည်။ သူသည် အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားရှိ နေရာကို ကြည့်လိုက်သည်။ သေချာပါသည်, အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားတွင် စိမ်းပြာရောင် အလင်းအစက် ကို သူ တွေ့ရှိခဲ့သည်။

“ဒါဆို ဒီကြေးဝါအပိုင်းအစကို ဘယ်လို ထုတ်ယူရမလဲ” ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ကြည့်ရတာ, ဒီအုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားကို အနိုင်ယူဖို့က မင်းတို့အနေနဲ့ သူ့သွေးသားခန္ဓာကိုယ်ကို အနိုင်ယူရမယ့်ပုံပဲ။ ဒါဆို ဒီကြေးဝါအပိုင်းအစက အလို အလျောက် ထွက်လာလိမ့်မယ်။" လျှိုဘိုက ပြန်ပြောသည်။

"အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အလောင်းကို အနိုင်ယူဖို့လား။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက အထွတ်အထိပ်မှာ ရှိနေတဲ့ မဟာနတ်ဆိုးနတ်ဘုရားတစ်ပါးလေ" ချင်ယွင် ချက်ချင်း ခေါင်းခါလိုက်သည်။

"ကောင်စုတ်လေး၊ စိတ်မပူပါနဲ့။ အခု ဒီခန္ဓာကိုယ်မှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ ခွန်အား တစ်သန်းပုံ တစ်ပုံလောက်ပဲ ရှိတယ်။ အများဆုံးမှ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၅၀ လောက်ပဲ ရှိလိမ့်မယ်။ မင်းတို့ အတူတူ တိုက်ခိုက်ရင် မင်းတို့အနေနဲ့ သူ့ကို အနိုင်ယူနိုင်ပါတယ်။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။

အကယ်၍, အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းအားအားလုံး အမှန်တကယ် ရှိနေခဲ့ မည်ဆိုလျှင်, သူတို့အနေဖြင့် တိုက်ခိုက်ရန် လုံးဝ မလိုအပ်တော့ပါ။ သူတို့အားလုံးကို လက်ချောင်းလေးတစ်ချောင်းတည်းဖြင့်ပင် ကြေမွသွားနိုင်သည်။

ဘန်း..။

ချင်ယွင်နှင့်လျှိုဘိုတို့ စကားစမြည် ပြောနေကြစဉ်မှာ အုပ်စိုးရှင်မဟာနတ်ဆိုး နတ်ဘုရား ၏ခန္ဓာကိုယ်သည် စတင်လှုပ်ရှားလာပြီး ကြီးမားသော ခြေဖဝါးကြီးများကို မြှောက်ကာ ချင်ယွင်နှင့် အခြားသူများဆီသို့ လှမ်းလာခဲ့သည်။

ကြီးမားသော ခြေဖဝါးကြီးများသည် ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းနေသည့် နတ်တောင်ကြီးများကဲ့သို့ပင်။

ချင်ယွင်နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့၏မျက်လုံးများသည် ချက်ချင်းပင် နိုးကြားလာခဲ့သည်။

"ငါတို့ ဘာလုပ်သင့်လဲ" ဟုန်ရန်နှင့် လုံချန်တို့သည် ချင်ယွင်ကို ကြည့်ကြသည်။ အခု၊ ချင်ယွင်သည် သူတို့၏ ကျောရိုးဖြစ်လာခဲ့သည်။

"တိုက်.." ချင်ယွင်သည် အဓိပ္ပာယ်မဲ့ အချိန်ဖြုန်းမနေတော့။ စကားတစ်ခွန်း ပြောပြီး အမြန် ပြေးထွက်သွားခဲ့သည်။

အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို အနိုင်ယူပြီးမှ သူတို့သည် ကြေးဝါ အပိုင်းအစကို ရယူနိုင်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့ရှေ့တွင် လမ်းကြောင်းတစ်ခုသာ ရှိပြီး၊ အခြားရွေးချယ်စရာ မရှိပေ။

ချင်ယွင်၏ စကားကိုကြားတော့ ဟုန်ရန်နှင့် လုံချန်တို့သည် တုံ့ဆိုင်းမနေတော့ဘဲ ၎င်းတို့၏ ရုပ်ပုံများသည် ချက်ခြင်း ပျံထွက်သွားသည်။

လုံချန်၏ ခန္ဓာကိုယ်သည် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားဖြင့် တဟုန်ထိုး ပေါက်ကွဲ ထွက်လာပြီး ကောင်းကင်တုန်ခါလောက်သည့် သူ့လက်သီးချက်တွေက အုပ်စိုးရှင် မဟာ နတ်ဆိုးနတ်ဘုရားဆီသို့ အရူးအမူး ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

ဟုန်ရန်လည်း သူမ၏နတ်ဘုရားဓားကို ဆွဲထုတ်လိုက်သည်။ ဓားသည် ရေလွှမ်းမိုးသွား အတိုင်း ခြောက်ခြားဖွယ်ကောင်းကာ ဓားအလင်းသည် ကီလိုမီတာထောင်ပေါင်းများစွာကို ထိုးဖောက်ဝင်ရောက်ပြီး အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို မပြတ်တမ်း ဖြတ်တောက်ပစ်လိုက်သည်။

ထုံးစံအတိုင်း ချင်ယွင်သည်လည်း ယဉ်ကျေးနေခြင်း မရှိပေ။ သူ့ခန္ဓာကိုယ်အတွင်းမှ ကနဦး စကြာဝဠာစွမ်းအင်သည် တဟုန်ထိုး ပျံ့နှံ့တက်လာပြီး စကြဝဠာစွမ်းအင် ဓားတစ်ချောင်း ကို သိပ်သည်းလိုက်သည်။ ဓားဆန္ဒက တဟုန်ထိုး ပျံ့နှံ့သွားပြီး၊ အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ ခန္ဓာကိုယ်ဆီသို့ ခုတ်ပိုင်းသွားသည်။

အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားသည် တိုက်ခိုက်ပြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာ သည်။ သို့သော်၊ သူ့ခန္ဓာကိုယ်သည် ပြိုင်ဘက်ကင်း ဘိုးဘေးနတ်ဘုရားပစ္စည်းတစ်ခုကဲ့သို့ ပင်။ တိုက်ခိုက်မှုအားလုံးက သူ့ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေခြင်းမျိုး မရှိခဲ့ပါဘူး။

"ဒါ...ဒါ...၊ လခွမ်း ငါတို့ ဘယ်လို တိုက်ခိုက်ရမှာလဲ" ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင် သည် အသံကျယ်ကျယ်ဖြင့် မကျိန်ဆဲမနေနိုင်တော့။

အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ခွန်အားသည် ၎င်း၏ မူလခွန်အား၏ တစ်သန်းပုံ တစ်ပုံမျှသာ ရှိသော်လည်း ၎င်း၏ခန္ဓာကိုယ်သည် ယခင်အတိုင်းပင် ရှိနေသေးသည်။ ချင်ယွင်နှင့် အခြားသူများ၏ ကျင့်ကြံမူအခြေခံဖြင့် ဤခန္ဓာကိုယ်ကို လှုပ်ခါနိုင်ခြင်း မရှိပေ။ ဤနည်းဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုများသည် လုံးဝ အကျိုးသက်ရောက်မှု ရှိမည် မဟုတ် ပေ။ ဤအတိုင်းသာ ဆက်သွားနေလျှင် သူတို့သည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားကို မည်သို့ အနိုင်ယူနိုင်မည်နည်း။

ဘန်း…။

ချင်ယွင်သည် ပြောစရာစကားမဲ့နေချိန်မှာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ် သည် ဒေါသထွက်သွားပုံရသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လုံချန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ချပြီး လွင့်ပျံသွားစေခဲ့သည်။

ချင်ယွင်နှင့် ဟုန်ရန်တို့သည် ထိုမြင်ကွင်းကို မြင်သောအခါ နှစ်ယောက်လုံး ထိတ်လန့်သွား ကြသည်။

ဘန်း…။

အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဖဝါးသည် လုံချန်ကို ရိုက်နှက်ပြီး ရပ်တန့်သွား ခြင်း မရှိပေ။ ၎င်း၏ကြီးမားလှသော လက်ဖဝါးကြီးသည် ချင်ယွင်နှင့် အခြားလူများဆီသို့ ဆက်တိုက် ရိုက်ချလာသည်။ ၎င်း၏လှုပ်ရှားမှုများသည် အလွန်မင်း လျင်မြန်ပြီး ၎င်း၏ လက်ဖဝါးရိုက်ခတ်မှုသည် ထူးထူးခြားခြား ပြင်းထန်လွန်းသည်။

ချင်ယွင်သည် လျစ်လျူမရှုဝံ့ပေ။ သူ့ခန္ဓာကိုယ်အတွင်းရှိ စကြဝဠာစွမ်းအင်သည် အဆက်မပြတ် ပျံ့နှံ့တက်လာပြီး သူ့လက်သီးမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထိုးထွက်လာသည်။

"ဘုန်း"

ချင်ယွင်သည် လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ကြောက်စရာကောင်းသော စွမ်းအားသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဖဝါးနှင့် အပြင်းအထန် ထိမိသွားသည်။ တစ်စက္ကန့်အတွင်းမှာပင် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဖဝါး သည် ချင်ယွင်ဆီသို့ ဆက်လက် ထိုးကျသွားသည်။

"မကောင်းတော့ဘူး"

ချင်ယွင် ချက်ချင်း သက်ပြင်းချလိုက်သည်။ ယခင်က သူသည် လေဟာနယ် လမ်းကြောင်း ကို ဖွင့်ကာ ကောင်းကင်ဘုံတန်ခိုးရှင်ဓားကို အသုံးပြုရန် ကနဦးစကြာဝဠာစွမ်းအား အများအပြားကို အသုံးပြုခဲ့သည်။ ယခုအချိန်တွင် ကနဦးစကြာဝဠာစွမ်းအားသည် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုကို အမှန်ပင် မတားဆီးနိုင်ခဲ့ပေ။

"ဘုန်း"

သို့သော် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ လက်ဖဝါးသည် ချင်ယွင်ကို ထိတော့မည့် အခိုက်တွင် ပုံရိပ်တစ်ခုသည် မြေပြင်မှ ရုတ်တရက် မြင့်တက်လာပြီး အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို ရိုက်ပစ်လိုက်သည်။

ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံနှင့်အတူ၊ ပြိုင်ဘက်ကင်း အုပ်စိုးရှင် မဟာ နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်သည် ဤတိုက်ခိုက်မှုအောက်တွင် အမှန်တကယ်ပင် နောက်ပြန် လဲကျသွားသည်။

"ဘုန်း"

အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး၊ လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားသည်။

"ကောင်းလိုက်တာ... အစွမ်းထက်လွန်းတယ်"

အဝေးက ပြေးလွှားလာကြသည့် ချင်ယွင်နှင့် လုံချန်တို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရ သည့်အခါ ထိတ်လန့်စွာ အော်ဟစ်လိုက်ကြပါသည်။

ဤအုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ပစ်လဲကျစေရန် မည်မျှ ခွန်အားရှိရမည်နည်း။

ချင်ယွင်သည် လေထဲတွင် ရပ်နေသော ခပ်ပုပုပုံရိပ်ကို မြင်လိုက်သောအခါတွင် သူ့နှလုံးသားသည် ရောထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

ဟုတ်ပါသည်။ အခုလေးတင် တိုက်ခိုက်ခဲ့သည့်လူက လင်းဘ ဖြစ်ပါသည်။

အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ လူပြန်ဝင်စားသူ လင်းဘ၏ စွမ်းအားသည် သဘာဝ အတိုင်း တိုင်းတာ၍ မရသော်လည်း သူ့ခွန်အားသည် ချင်ယွင်နှင့် လောင်းချန်တို့ပင် မယှဉ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဟု ပြောနိုင်လောက်အောင်ပင်။

"အစ်ကိုကြီး အဆင်ပြေရဲ့လား" လင်းဘသည် ရုတ်တရက် လှည့်ကြည့်ကာ ပြုံးလိုက် သည်။

"အဆင်ပြေပါတယ်။ လင်းဘ မင်း ဒီဘီလူးကြီးကို အနိုင်ယူနိုင်မလား" ချင်ယွင်က မေးသည်။

"သူ့အစွမ်းက ငါ့ထက် နိမ့်ကျပေမယ့် သူ့အရေပြားက အရမ်းထူတယ်။ ငါမလှုပ်ရှားဘူး။ ဒါပေမယ့် သူက ငါ့ကို မထိခိုက်စေနိုင်သလို ငါလကည်း သူ့ကို မထိခိုက်စေဘူး။" လင်းဘ က ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။

ချင်ယွင်သည် စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေသော်လည်း ဤစကားကို ကြားသောအခါ တုန်လှုပ်သွားဆဲ ဖြစ်သည်။

လင်းဘ၏ လက်ရှိခွန်အားဖြင့်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ၃၀ စာရင်းတွင် ပါဝင်နေပြီ ဖြစ်သည်။

သူ၏သေးငယ်သော ခန္ဓာကိုယ်သည် ဤမျှ ကြီးမားသည့် စွမ်းအင်တွေကို မည်သို့ ရယူနိုင်ခဲ့သည်ကို အမှန်တကယ် မသိသော်လည်း၊ ဤစကားက ချင်ယွင်နှင့် တခြားသူများ အတွက် သတင်းကောင်းဖြစ်သည်။

ထို့ကြောင့် ချင်ယွင်က လင်းဘကို ပြောလိုက်သည် "ကောင်းပြီ၊ လင်းဘ မင်းက သူ့ထက် ပိုသန်မာမှတော့ မင်း ငါ့အတွက် တစ်ခုခုလုပ်ပေးတဲ့နေနဲ့ သူ့ပါးစပ်ကို ပွင့်အောင် လုပ်ပေး ပါ။ ဒါကို မင်း လုပ်နိုင်ပါ့မလား"

ဟုန်ရန်နှင့် လုံချန်တို့သည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြ သည်။

လခွမ်း..၊ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ ပါးစပ်ကိုဖွင့်ဖို့၊ ဒါက နည်းနည်း အတင့်ရင့်လွန်းမနေဘူးလား။

"ဒါက ကိစ္စသေးသေးလေးပါ။ ငါ့တာဝန် ထားလိုက်" သို့သော် လင်းဘက အပြုံးဖြင့် ပြန်ဖြေ သည်။ ထိုသို့ပြောပြီးနောက် သူသည် လေဟာနယ်ထဲသို့ လှမ်းဝင်ကာ ပြန်ထနေပြီ ဖြစ်သော အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားဆီသို့ ပြေးသွားခဲ့သည်။

ထိုမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူ့မျက်နှာမှာ ရက်စက်သည် အရိပ်အယောင်တွေ ပေါ်လာသည်။ သူလုပ်ချင်နေသည့်အရာ တစ်ခုရှိသည်။ ထိုအရာကတော့ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားရန် ဖြစ်သည်။ ဤနည်းဖြင့်သာ သူသည် ကြေးဝါအပိုင်းအစများကို ထုတ်ယူနိုင်လိမ့်မည်။

All Chapters