အခန်း ၁၆၈၀
Vol. 112 Ch. 1680
အခန်း (၁၆၈၀) စိတ်ဝိညာဉ်ကမ္ဘာလောက။
ချင်ယွင်သည် သူ့စိတ်ဝိညာဉ် ဆုတ်ဖြဲသွားသည့် ကြီးမားသော နာကျင်မှုကို ကြံ့ကြံ့ခံခဲ့ သည်။
ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် သူ့မျှော်လင့်ချက်အတိုင်း အသက်ရှင်ခဲ့သည်။ တုနှိုင်းမရအောင် ကြီးမားသော နာကျင်မှုကို တောင့်ခံပြီးနောက်၊ သူသည် နောက်ဆုံးတွင် သူ၏နတ်ဘုရားစိတ်ဝိညာဥ် အစိတ်အပိုင်းကို ကနဦးစကြဝဠာ၏ နတ်ဘုရား စိတ်ဝိညာဥ် အလိုဆန္ဒမှ ခွာထုတ်နိုင်ခဲ့ပြီး သူ၏ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေသော နတ်ဆိုးနတ်ဘုရားအမြုတေထဲသို့ ထိုးသွင်းလိုက်လေသည်။
ချင်ယွင်၏ စိတ်ဝိညာဉ်သည် နတ်ဆိုးနတ်ဘုရားအမြုတေသို့ ဝင်ရောက်လာသည်နှင့်အမျှ၊ သူသည် နတ်ဆိုးနတ်ဘုရားအမြုတေမှ ထွက်ပေါ်လာသော တက်ကြွမှုကို ချက်ချင်း ခံစားလိုက်ရသည်။
ဤအစွမ်းထက်သော တက်ကြွမှုသည် သူ့ခန္ဓာကိုယ်နှင့် ပဲ့တင်ထပ်နေကာ တုနှိုင်းမရ အောင် အစွမ်းထက်သည့် စွမ်းအားများ ပါရှိနေသည်။
"ဘယ်လောက် ကြီးမားတဲ့စွမ်းအားလဲ။ ဒီစွမ်းအားက ငါ့ရဲ့ နတ်ဆိုးနတ်ဘုရားအမြုတေ မပြိုကွဲခင်ထက်တောင် ပိုပြင်းထန်တယ်။" ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားအမြုတေ၏ တက်ကြွမှုကို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
ယခုအခါ သူသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ အမြုတေမှ တန်ခိုးတော်ကို စုပ်ယူ ခဲ့သည်။ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားအမြုတေသည် ပြန်လည်ကောင်းမွန်လာရုံသာမက သူ့နတ်ဆိုးနတ်ဘုရားကျင့်ကြံမူလည်း ကြီးမားစွာ တိုးမြင့်လာခဲ့သည်။
အလယ်လတ် ကောင်းကင်နတ်ဆိုးနတ်ဘုရား… နှောင်းပိုင်း ကောင်းကင်နတ်ဆိုး နတ်ဘုရား… အထွက်အထိပ် ကောင်းကင်နတ်ဆိုးနတ်ဘုရား။
ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုသည် အစောပိုင်း ကောင်းကင်နတ်ဆိုး နတ်ဘုရား အဆင့်မှ အထွက်အထိပ် ကောင်းကင်နတ်ဆိုးနတ်ဘုရားအဆင့်သို့ တိုက်ရိုက် မြင့်တက် သွားခဲ့သည်။
ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ နတ်ဆိုးနတ်ဘုရားအမြုတေ ကျင့်ကြံမူ မြင့်တက်လာသည်နှင့်အမျှ သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားမှာလည်း ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်ဖြင့် အသွင်ပြောင်းသွားခဲ့သည်။
သူ့ခန္ဓာကိုယ်သည် ပြောင်းလဲလာပြီး သန်မာလာသည်နှင့်အမျှ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ချက်ချင်းပင် အထွတ်အထိပ်သို့ မြင့်တက်လာခဲ့သည်။
"ဘယ်လောက် အလွန်ကြောက်စရာကောင်းတဲ့ ခွန်အားလဲ။ အခုအချိန်မှာ၊ ငါ့ရဲ့ခွန်အားက လုံချန်ရဲ့အောက်မှာ မရှိတော့ဘူး။ တကယ်လို့ ငါသာ နဂါးတဝက်အသွင်ပြောင်းခြင်း အခြေအနေထဲ ဝင်ရောက်လိုက်ရင် လုံချန်တောင် လက်သီးတစ်ချက်နဲ့ထိုးလောက်တဲ့ ငါ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်တော့ဘူး။" ချင်ယွင်က စိတ်အားတက်ကြွစွာ ပြောလိုက် သည်။
နတ်ဆိုးနတ်ဘုရားအမြုတေကို ပြန်လည်ရရှိပြီး ၎င်း၏ ခွန်အားများ တိုးမြင့်လာခဲ့သည်။
ယခု နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုသည် ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်သို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း၊ ၎င်းသည် လုံချန်၏အောက်တွင် မရှိတော့ပေ။ ဤအရာက အမှန်တကယ်ပင် အရည်သွေးတစ်ခုအနေဖြင့် ခုန်ပျံမြင့်တက်ခြင်း ဖြစ်သည်။
"ဟား...၊ ဟား..၊ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အား ပြန်ကောင်းလာတဲ့ ခံစားချက်က ခံစားလို့ ကောင်းလိုက်တာ" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဤအခိုက်အတန့်တွင်၊ သူ၏နတ်ဆိုးနတ်ဘုရားအမြုတေသည် ပြည့်လျှံသွားခဲ့ပြီး၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမြုတေ၏ စွမ်းအားကို စုပ်ယူနိုင်စွမ်း မရှိတော့ပါ။ သို့သော်လည်း နတ်ဆိုးနတ်ဘုရားကမ္ဗည်းပြားသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးနတ်ဘုရားအမြုတေစွမ်းအားကို စုပ်ယူခြင်းကို မရပ်တန့်ခဲ့ပေ။
နတ်ဆိုးနတ်ဘုရားကမ္ဗည်းပြားသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဆိုး နတ်ဘုရားအမြုတေမှ တန်ခိုးတော်ကို အရူးအမူး ဝါးမြိုနေသည့် ဧရာမ ဝေလငါးကြီး တစ်ကောင်အလား ထင်မှတ်ရသည်။
ခဏလေးအတွင်းမှာပင် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးနတ်ဘုရား အမြုတေသည် ချက်ချင်းဆိုသလို မှိန်သွားပြီး ပြိုလဲစပြုလာသည့် အရိပ်အယောင်တောင် ရှိလာခဲ့သည်။
"လခွမ်း၊ စွမ်းအားအများစုကို မင်းတစ်ယောက်တည်း မျိုချလိုက်ပုံရတယ်။" ချင်ယွင်သည် မကျိန်ဆဲဘဲမနေနိုင်တော့။
ဤအုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဆိုးနတ်ဘုရားအမြုတေတွင် အနှိုင်းမဲ့ စွမ်းအင်ပမာဏ များစွာ ပါရှိနေသည်။ ၎င်းသည် ယခင်တုန်းကထက် အဆတစ်ထောင် အောက်သာ ရှိသော်လည်း ၎င်း၏ စွမ်းအားသည် တုနှိုင်းမရအောင် ကြီးမားနေဆဲ ဖြစ်သည်။ နတ်ဆိုးနတ်ဘုရားကမ္ဗည်းပြားသည် ထိုပုံစံမျိုးဖြင့် အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ နတ်ဆိုးနတ်ဘုရားအမြုတေ စွမ်းအားကို စုပ်ယူနေသည်ကို မြင်လိုက်ရ သဖြင့် ချင်ယွင်၏ မျက်လုံးများပင် အနည်းငယ် မနာလို ဖြစ်နေမိသည်။
"ဟမ့်၊ မင်းက အရှက်မရှိတာ။ ငါ့မရှိရင် မင်းရဲ့ နတ်ဆိုးနတ်ဘုရားအမြုတေကို ပြုပြင်ပေး နိုင်မလား။ မင်း ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နိုင်မ လား၊ ငါ အကျိုးကျေးဇူး တစ်ခုခု ရယူတော့ရော ဘာဖြစ်သွားလဲ။ တကယ်လို့, ငါ မင်းကို ဒီစွမ်းအားတွေ ပေးရင်တောင် မင်း ခံနိုင်ရည် ရှိပါ့မလား" လျှိုဘို၏အော်ဟစ်သံနှင့် ကျိန်ဆဲသံများသည် အလွန်လျင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် စကားမပြောနိုင်တော့ပေ။
လျှိုဘိုပြောသည်မှာ မှန်ပါသည်။ ဤအခိုက်အတန့်တွင်၊ နတ်ဆိုးနတ်ဘုရားအမြုတေရှိ စွမ်းအားကို သူ အမှန်တကယ် စုပ်ယူရန် နည်းလမ်းမရှိပေ။ အကယ်၍ သူသည် ၎င်းအား ပြင်းပြင်းထန်ထန် စုပ်ယူလိုက်လျှင် သူသည် အရှင်လတ်လတ် ပေါက်ကွဲနိုင်သည်။
"ဒါဆို နောက်တစ်ခါ စုပ်ဖို့ ချန်ထားလို့ မရဘူးလား" ချင်ယွင်က အတွန့်တက်လိုက်သည်။
"ကောင်စုတ်၊ မင်း မကျေမနပ် ဖြစ်မနေနဲ့။ မင်း အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ရယူဖို့ကိစ္စကို မေ့ထားလိုက်တော့။ အများဆုံး, နောက်တစ်ကြိမ် ပန်ဂုရဲ့စွမ်းအားကို ရခဲ့ရင် မင်းအတွက် တစ်ချို့ကို ငါ သိမ်းထားပေး မယ်။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာသည်။
ချင်ယွင်သည် ပြောစရာစကားမဲ့သွားသည်။ သူသည် အမှန်ပင် ဘာပြန်ပြောရမှန်းကို မသိတော့ပါဘူး။
ဟုတ်ပါသည်၊ သူသည် စွမ်းအင်ကိစ္စနှင့်ပတ်သက်ပြီး လျှိုဘိုနှင့် တကယ် ယှဉ်ပြိုင်ချင်၍ မဟုတ်ဘဲ သူနှင့်ရန်ဖြစ်ရသည်ကို သဘောကျ၍ ဖြစ်သည်။
"ကောင်းပြီ၊ ငါ ဒီစွမ်းအားကို မလိုချင်တော့ဘူး။ အဲဒီ ကြေးဝါအပိုင်းအစကို ဘယ်လိုယူရ မလဲ မင်း ပြောပြပါ" ချင်ယွင်က ထပ်မေးသည်။
လျှိုဘိုသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ အလောင်းထဲသို့ ဝင်ရောက်ရန် အကြံအစည်ကို အစပြုခဲ့သူ ဖြစ်သည်။ သို့သော် သူဝင်ပြီးနောက်တွင် သူသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းတော်သို့ မ၀င်ရောက်နိုင်သည်ကို တွေ့ရှိခဲ့သည်။ အကယ်၍ သူသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းတော်ထဲသို့ မဝင်နိုင်ခဲ့ပါ က ကြေးဝါအပိုင်းအစများကို ရယူနိုင်လိမ့်မည် မဟုတ်ပေ။
"ကောင်စုတ်၊ ဘိုးဘေးနတ်ဘုရားတွေနှင့် မဟာနတ်ဆိုးနတ်ဘုရားတွေရဲ့ နီဝမ်နန်းတော် တွေဟာ လွတ်လပ်သော အမှီခိုကင်းတဲ့ စိတ်ဝိညာဉ်ကမ္ဘာလောကတစ်ခု ဖြစ်လာခဲ့ပြီ။ တကယ်လို့, မင်းအနေနဲ့ နီဝမ်နန်းတော်ထဲ ဝင်ရောက်ချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒါကတော့ မင်းရဲ့နတ်ဘုရား စိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ နီဝမ်နန်းတော် ဝင်ရောက်ဖို့ပဲ။ အဲလိုမှမဟုတ်ရင် မင်းရဲ့သေမျိုးခန္ဓာကိုယ်က နီဝမ်နန်းတော် ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။" လျှိုဘိုက ပြန်ပြောသည်။
"လခွမ်း, စောစောက မပြောဘူး" ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ပို၍ပင် အရောင်ဖျော့သွားခဲ့သည်။
အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်းသည် ကြေးဝါအပိုင်း အစကို ရှာဖွေရန် နည်းလမ်းမဟုတ်ဘဲ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဆိုး နတ်ဘုရားအမြုတေကို ရရှိရန် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ယခုမှသာ သူ နားလည်ခဲ့ သည်။ လျှိုဘိုက သူ့ကို ကလိမ်ကျနေသည်မှာ ထင်ရှားပါသည်။
ကံကောင်းထောက်မစွာ၊ သူ၏နတ်ဆိုးနတ်ဘုရားအမြုတေသည် ဤအရာကြောင့် ပြန်လည် ပြုပြင်ခဲ့သည်။ မဟုတ်ပါက သူသည် လျှိုဘိုကို အမှန်တကယ် ကြိမ်းမောင်းနေ ပေလိမ့်မည်။
ဘန်း…။
ချင်ယွင်သည် အလွန်အမင်း မစဉ်းစားဘဲ တင်ပျဉ်ခွေထိုင်ကာ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို စတင် စုဆည်းလိုက်ပါသည်။
သူ၏စိတ်ဝိညာဉ်သည် ခွဲထုတ်ခံထားရပြီး ယခုအချိန်တွင် အလွန်အားနည်းနေပြီဟု ဆိုနိုင်သည်။ သို့ရာတွင် ကြေးဝါအပိုင်းအစအတွက် အားနည်းနေလျှင်ပင်၊ သူ ဖြတ်ကျော်ရဦးမည်။
အတွေးတစ်ချက်ဖြင့်၊ သူ၏စိတ်ဝိညာဉ်ဖြင့် သိပ်သည်းထားသည့် ချင်ယွင်သည် ကနဦး စကြာဝဠာတွင် ပေါ်လာသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာနှင့် ချိတ်ဆက်ထားပြီး ဖြစ်သောကြောင့် သူ၏စိတ်ဝိညာဉ် ခန္ဓာကိုယ်ကို သိပ်သည်းရန် လွယ်ကူလှသည်။
ဘန်း….။
အခြားအတွေးတစ်ချက်ဖြင့်၊ ချင်ယွင်၏ စိတ်ဝိညာဉ် ကိုယ်ပွားသည် ကနဦးစကြဝဠာမှ ထွက်ခွာသွားပြီး အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ရင်ဘတ်နေရာမှ ထွက်ခွာကာ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းတော်ဆီသို့ ပျံသန်းသွားခဲ့သည်။
နတ်ဘုရားစိတ်ဝိညာဉ် ခန္ဓာကိုယ်သည် နီဝမ်နန်းတော်ဆီသို့ လုံးဝ အတားအဆီးမရှိဘဲ ဝင်သွားနိုင်ခဲ့သည်။
ချင်ယွင်သည် အလျင်အမြန်ပင် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းတော်ဆီသို့ ရောက်ရှိလာသည်။
အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းသည် အရောင်အသွေးစုံလင်သော သလင်းကျောက်နှင့်တူပြီး တလက်လက်တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ်နေသည်။
"အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားဟာ သူသေပြီးတာ ကြာပြီဖြစ်ပေမယ့် ဒီလို အစွမ်းထက်တဲ့ ဘုန်းတန်ခိုးကို ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်ယွင် ရိုးသားစွာ သက်ပြင်းချလိုက်သည်။
လူတစ်ဦး၏ နီဝမ်နန်းတော်သည် ထိုလူ၏စိတ်ဝိညာဉ် တည်ရှိရာနေရာ ဖြစ်သည်။ ထိုလူ၏စိတ်ဝိညာဉ်သည် ချုပ်ငြိမ်းသွားသောအခါ၊ နီဝမ်နန်းတော်သည်လည်း အချိန်ကြာ လာသည်နှင့်အမျှ မှေးမှိန်သွားလိမ့်မည်။ ခွန်အားကြီးလေလေ၊ နီဝမ်နန်းတော်သည် အချိန်ကြာမှ ချုပ်ငြိမ်းလေ ဖြစ်သည်။
အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား ကွယ်လွန်ခဲ့သည်မှာ နှစ်ဘီလီယံပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း နီဝမ်နန်းတော်သည် အလွန်တောက်ပပြီး တောက်ပနေဆဲ ဖြစ်သည်။ သူ အသက်ရှင်စဉ်က နီဝမ်နန်းတော်သည် မည်သို့မည်ပုံဖြစ်မည်ကို စိတ်ကူးရခက်သည်။
ထိုတန်ခိုးကြီးသော နတ်ဘုရားများသည် ၎င်းတို့၏တံဆိပ်များဖြင့် တောက်ပစေပြီး, ကမ္ဘာကြီးကို လင်းလက်စေသည်။ ထိုအရာက သူတို့၏ နီဝမ်နန်းတော်သည် တောက်ပနေ ရသည့် အကြောင်းရင်းဖြစ်သည်။
ဘိုးဘေးနတ်ဘုရားအချို့၏ နီဝမ်နန်းတော်များဆိုလျှင် နတ်ဘုရားခန်းမကဲ့သို့ အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။
ဘန်း….။
ချင်ယွင်သည် အလွန်အမင်းစဉ်းစားမနေဘဲ နီဝမ်နန်းတော်ရှိရာ အလင်းဖန်သားပြင်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ပြီး အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား နီဝမ်နန်းတော်ဆီ သို့ ဝင်ရောက်ခဲ့သည်။
သူသည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းတော်ဆီသို့ ဝင်ရောက်လာချိန်တွင် ချင်ယွင်သည် သူ့ဆီသို့ ကြီးမားသော ဖိအားတစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရပြီး ချင်ယွင်အား နီဝမ်နန်းတော်မှ တွန်းထုတ်လုနီးပါး ဖြစ်ခဲ့သည်။
ချင်ယွင်သည် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဆန္ဒကို တွန်းလှန်ရန် သူ၏ ကောင်းကင်ဘုံအလိုဆန္ဒကို အသုံးပြုရင်း နီဝမ်နန်းတော် ဆီသို့ မျှော်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေကို ဖမ်းစားလိုက်သည့် မြင်ကွင်းက သူ့ကို တုနှိုင်းမရအောင် ထိတ်လန့်စေခဲ့သည်။
သူ့ရှေ့မှာ ဧရာမရုပ်တုကြီးတစ်ခု ရပ်နေသည်။ ထိုရုပ်တုကြီးသည် အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရားကိုယ်တိုင်နှင့် တူသည်။ ရုပ်တု၏အထက်တွင် အနှိုင်းမဲ့ကြီးမားသည့် နန်းတော်ကြီးတစ်ခု ရှိနေသည်။
၎င်းတို့ပတ်ဝန်းကျင်တွင် အရွယ်အစား အမျိုးမျိုးရှိ ကျွန်းများ လွင်မျောနေပြီး၊ ထူးဆန်း သော ပန်းများနှင့် မြက်ပင်များ ဖုံးလွှမ်းထားသည်။
နတ်ဘုရားခန်းမ။
ဤစကားနှစ်ခွန်းသည် ချင်ယွင်၏ စိတ်ထဲတွင် ပေါ်လာသည်။ ဤသည်မှာ နတ်ဘုရား စိတ်ဝိညာဉ်သည် အလွန်မင်း မြင့်မားသောနယ်ပယ်သို့ ရောက်ရှိသွားသောအခါမှသာ ဖန်တီးနိုင်သည့် နတ်ဘုရားခန်းမ၏ မြင်ကွင်းတစ်ခု ဖြစ်ပါသည်။
စာစဉ် (၁၁၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။