အခန်း ၁၆၈၁
Vol. 113 Ch. 1681
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၃)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၆၈၁) အတင်းအကြပ်ဖက်နမ်းခြင်း။
အံ့ဖွယ်နတ်ဘုရားခန်းမ၏ အနေထားအထိ ရောက်ရှိနိုင်သည့် နီဝမ်နန်းတော်၏ စွမ်းရည် သည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ နှစ်ဘီလီယံပေါင်းများစွာ ကြာသည့် တိုင် မပြိုပျက်ခဲ့သည့် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားခန်းမ၏ စွမ်းရည် မှာ ပို၍ပင် ကြောက်စရာကောင်းပါသည်။
ကံကောင်းထောက်မစွာ၊ ဤကြီးကျယ်ခမ်းနားသော နတ်ဘုရားခန်းမ နီဝမ်နန်းတော်တွင် သခင်မရှိတော့ပေ။ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏စိတ်ဝိညာဉ်သည် ထိုအချိန်က တိုက်ပွဲနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဘန်း…။
ချင်ယွင်သည် ကနဦးစကြဝဠာ အလယ်ဗဟိုမှ ထွက်ပေါ်လာသော တုန်လှုပ်ခြောက်ခြားမူ ကို ခံစားနိုင်ပြီး၊ ဧရာမ ရုပ်တုကြီး၏ထိပ်ရှိ ခန်းမအား အမှတ်တမဲ့ ကြည့်ရှုလိုက်လေသည်။
"တကယ်လို့, ငါမမှားဘူးဆိုရင် ကြေးဝါအပိုင်းအစက အဲဒီနတ်ဘုရားခန်းမထဲမှာ ရှိသင့် တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထိုစကားကိုပြောပြီးသည်နှင့် သူသည် နတ်ဘုရားခန်းမရှိရာသို့ ပြေးသွားလေ၏။
သို့သော် အလွန်လျင်မြန်စွာပင်၊ ချင်ယွင်သည် တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရ သည်။ သူ့စိတ်နှလုံးထဲမှာ တစ်ခုခုဖြစ်တော့မည်ဟု သူ ခံစားနေရသည်။
ဘန်း…။
သေချာပါသည်။ ချင်ယွင်သည် နတ်ဘုရားခန်းမထဲကို လျှောက်လှမ်းခါနီးမှာ ခန်းမ၏ နက်ရှိုင်းရာအရပ်မှ တုနှိုင်းမရအောင် ပြင်းထန်သည့် အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပါသည်။
ထိုကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းကို ရှောင်ရှားရင်း ချင်ယွင်၏ အမူအရာ က သိသိသာသာ ပြောင်းလဲသွားသည်။
ဤအစိမ်းရောင်အလင်းတန်းသည် အလွန်မင်း အစွမ်းထက်သည်။ အကယ်၍ သူသာ ဤအစိမ်းရောင်အလင်းတန်းဖြင့် ထိမှန်ခံရပါက၊ သူ့စိတ်ဝိညာဉ် ကိုယ်ပွားသည် ချက်ခြင်း ပျောက်ကွယ်သွားမည်ဟု ချင်ယွင် သေချာပေါက် ပြောနိုင်သည်။
သူ့စိတ်ဝိညာဉ်ကိုယ်ပွား၏ သေဆုံးမှုသည် သူ့ကို အမှန်တကယ် သေစေမည် မဟုတ်သော် လည်း ၎င်းသည် သူ့စိတ်ဝိညာဉ်ကိုယ်ပွားကို ကြီးမားသည့် ပျက်စီးမှုကို ဖြစ်ပေါ်စေဆဲ ဖြစ်သည်။
"ဘုန်း…"
ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ၊ ချင်ယွင်၏နောက်ကွယ်ရှိ နတ်ဘုရားခန်းမ ကျွန်းတစ်ခုသည် ဤတန်ခိုးကြီးသော စွမ်းအားကြောင့် ချက်ချင်း ပြိုကျသွားပါသည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ဤနတ်ဘုရားခန်းမ ကျွန်းများအားလုံးသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အနှိုင်းမဲ့ တန်ခိုးကြီးသော နတ်ဆိုးနတ်ဘုရား စိတ်ဝိညာဉ်ဖြင့် သိပ်သည်းထားခြင်း ဖြစ်သည်။ သာမန် တိုက်ခိုက်မှုများသည် ၎င်းတို့ကို ပျက်စီးရန် အလွန်ခက်ခဲမည်။ ချင်ယွင် ကိုယ်တိုင် သူ၏ လက်ရှိနတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်မည်ဆိုလျှင်ပင်၊ သူသည် နတ်ဘုရားခန်းမကျွန်းတစ်ခုကို ထက်ခြမ်းခွဲနိုင်မည် မဟုတ်ပေ။
သို့သော် ထိုအစိမ်းရောင်အလင်းတန်းသည် ကျွန်းကို ဖြိုခွဲပစ်နိုင်ခဲ့သည်။ ထိုအစိမ်းရောင် အလင်းတန်း၏ စွမ်းအားသည် မည်မျှထိတ်လန့်စရာကောင်းသည်ကို တွေးကြည့်နိုင်သည်။
"ရှပ်…၊ ရှပ်…ရှပ်…"
ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်နေစည်မှာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား သည့် အမျိုးသမီးတစ်ဦးသည် နတ်ဘုရားခန်းမထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက် လာခဲ့ပါသည်။
ထိုအမျိုးသမီး၏ အသွင်အပြင်မှာ ထူးထူးခြားခြား လှပလွန်းသည်။ သူမနောက်တွင် မိုးပြာရောင် ပိုးချည်မျှင်ပေါင်း သုံးထောင်က ပြန့်ကျဲနေသည်။ သူမ၏ နှာတံသည် ကွေးညွှတ်နေပြီး သူမ၏ ချစ်စရာကောင်းသော မျက်လုံးများက ပိုးသားကဲ့သို့ပင်။ သူမ၏ ပုံသဏ္ဍာန်မှာ ထူးထူးခြားခြား ချောမောပြီး သေးသွယ်သော ပေါင်တံများက ကျောက်စိမ်း ကဲ့သို့ ဖြူဖွေးနေပါသည်။
သို့သော်၊ မြင်ကွင်းက ထိုအဖျက်စွမ်းအားကြီးမားသော လက်သည် ကြက်ပေါင် တစ်ချောင်းကို ဆုပ်ကိုင်ထားပြီး ရံဖန်ရံခါ ကိုက်စားနေသည့် မြင်ကွင်းမျိုး ဖြစ်သည်။
"ဒီ... ဘာဖြစ်နေတာလဲ" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။
ဤအုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နီဝမ်နန်းတော် နတ်ဘုရားခန်းမတွင် အမျိုးသမီး တစ်ဦး မည်သို့ရှိနိုင်မည်နည်း။ ထို့အပြင် ဤအမျိုးသမီးသည် ကြက်ပေါင်ကို စားနေသေး သည်။
ချင်ယွင်က ဘာမှမပြောနိုင်ပေ။ သူသည် ထိုအမျိုးသမီးကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။
အစိမ်းရောင်ဝတ် အမျိုးသမီးသည် မည်သည့်စကားမှ မပြောဘဲ ကြက်ပေါင်ကို ကိုက်ဝါးပြီးနောက် ချင်ယွင်ကို ကြည့်လိုက်သည်။
"သွားပြီ။ မင်းတော့ ပြဿနာအကြီးကြီးတက်ပြီ ကောင်စုတ်လေး"
သို့သော် ထိုအချိန်တွင် လျှိုဘို၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘာမှားလို့လဲ။ ဘာဖြစ်တာလဲ၊ ဘာလို့ ပြဿနာအကြီးကြီး တက်ရမှာလဲ" ချင်ယွင်က အံသြသော အမူအရာဖြင့် မေးလိုက်သည်။
"ကောင်စုတ်လေး၊ မင်း ကြေးဝါအပိုင်းအစကို ရှာနေတာ မဟုတ်ဘူးလား။ အခု ကြေးဝါ အပိုင်းအစက မင်းရှေ့မှာ ရပ်နေပြီလေ။" လျှိုဘိုက ပြန်ပြောသည်။
"အယ်" ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် ခြောက်ခြားမူနှင့်အတူ အစိမ်းရောင်ဝတ် အမျိုးသမီးကို လှမ်းကြည့်လိုက်ရင်း အော်မိလုနီးပါးပင်။
ဒါက သောက်ကျိုးနဲ ကြေးဝါအပိုင်းအစလား။ မင်း ငါ့ကို လိမ်နေတာလား။
ချင်ယွင်သည် သူ၏ကမ္ဘာကြီးအပေါ် အမြင်သည် အထွတ်အထိပ် ရောက်နေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
ယခုလေးတင်, သူသည် ထိုအမျိုးသမီး၏ ကိုယ်ရေးအချက်လက်ကို သံသယရှိနေတုန်း ပင်။ သို့သော်, ထိုအမျိုးသမီးသည် သူရှာနေသည့် ကြေးဝါအပိုင်းအစတစ်ခု ဖြစ်နေမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။
"ဒီကြေးဝါအပိုင်းအစက ဘယ်လိုလုပ် မိန်းမဖြစ်သွားတာလဲ။" ချင်ယွင်သည် ဤမေးခွန်း ကို နားမလည်နိုင်ဘဲ လျှိုဘိုကိုသာ မေးမြန်းနိုင်ပါသည်။
"ဒါက ရတနာ ပြိုကွဲသွားချိန်မှာ ဒီကြေးဝါအပိုင်းအစထဲမှာ ရှေးဟောင်း ပစ္စည်းဝိညာဉ် တစွန်းတစ ကျန်ခဲ့တာဖြစ်လိမ့်မယ်။ ဒီကြေးဝါအပိုင်းအစက အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရားရဲ့ နတ်ဘုရားခန်းမထဲမှာ အချိန်အတော်ကြာအောင် နေထိုင်ခဲ့ပြီး သူ့ရဲ့ နတ်ဆိုး နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အဆက်မပြတ် စုပ်ယူနေလိမ့်မယ်။ အချိန်ကြာလာ တာနဲ့အမျှ၊ ၎င်းကကနေ ပစ္စည်းဝိညာဉ်အသစ်တစ်ခု ဖြစ်ပေါ်လာတာ ဖြစ်ရမယ်" လျှိုဘိုက ကောက်ချက်ချသည်။
"ဒီလိုလည်း အဆင်ပြေတယ်တာပဲလား?" ချင်ယွင်သည် ချက်ချင်းဆိုသလို ပြောစရာ စကား မဲ့သွားရသည်။
ကြေးဝါအပိုင်းအစကို သူရှာချင်သော်လည်း ယခုအခါတွင် ကြေးဝါအပိုင်းအစသည် ရင်သပ် ရှုမောဖွယ် မိန်းမလှတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် ထိုမိန်းမပျိုကို ယူဆောင်သွားဖို့က ဖြစ်နိုင်ပါ့မလား။
သူမက ဘာလို့ ကြက်ပေါင် စားနေတာလဲ။ ကြက်ပေါင်ကို ဘယ်က ရခဲ့တာလဲ။
ချင်ယွင်သည် ထိုကြက်ပေါင် မည်သည့်နေရာက ရောက်လာသလဲဆိုသည့် အမေးကို တွေးတောနေစဉ်မှာ အစိမ်းရောင်ဝတ် အမျိုးသမီးသည် သူမလက်ထဲက ကြက်ရိုးကို ဘေးဘက်ကို ပစ်ချလိုက်ပြီး လေဟာနယ်ထဲ ဆုပ်ကိုင်လိုက်ပါသည်။
ထိုဖမ်းဆုပ်လိုက်သည်နှင့် ကြီးမားသည့် ဝက်ပေါင်ကင်တစ်ချောင်း သူမလက်ထဲတွင် ပေါ်လာသည်။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် အဖြစ်ပျက်ကို ချက်ခြင်း နားလည်သွားသည်။ ဤအမျိုးသမီးသည် လေဟာနယ်စွမ်းအားကို အမှန်တကယ် သိရှိထားပြီး ကမ္ဘာကြီး၏ အတားအဆီးများကို ဖွင့်ကာ သေမျိုးကမ္ဘာ၏ ပစ္စည်းများကို တိုက်ရိုက် ကောက်ယူခဲ့ခြင်း ဖြစ်ပုံရသည်။
သို့သော် ဤနတ်ဘုရားစွမ်းရည်သည် ချင်ယွင်ကို အဆုံးမရှိ ထိတ်လန့်စေခဲ့သည်။ တခြားလူတွေကို မဆိုထားနှင့်၊ သူ့ဆရာဖြစ်သည့် လေဟာနယ်ဘိုးဘေးနတ်ဘုရားတောင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း မရှိပါချေ။
"ကောင်စုတ်လေး၊ အခု ငါ မင်းကို မကူညီနိုင်ဘူး၊ မင်း ဒီကြေးဝါအပိုင်းအစကို ရနိုင်မရနိုင် မင်းရဲ့ကံကြမ္မာပေါ်မှာပဲ မူတည်တယ်" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာပါသည်။
ချင်ယွင်သည် ချက်ချင်း မျက်လုံးပြူးသွားသည်။ အကြောင်းတစ်ခုခုကြောင့် လျှိုဘိုသည် သူ့ရှေ့မှ ဤအမျိုးသမီးကို ကြောက်နေသည်ဟု သူ ခံစားမိသည်။
ထို့အပြင် ဤကြေးဝါအပိုင်းအစ၏ အစစ်အမှန် ကိုယ်ထည်က အဘယ်နည်း။ သေးငယ် သော အပိုင်းအစလေးသည် ဤမျှလောက် အစွမ်းထက်နိုင်မည်လား။
ဘန်း…။
ချင်ယွင်သည် လျှိုဘိုနှင့် စိတ်ထဲတွင် ဆွေးနွေးနေချိန်မှာ အစိမ်းရောင်ဝတ် အမျိုးသမီး သည် ဝက်ပေါင်ကို ကိုင်တွယ်ပြီးသွားပြီး၊ ဝက်ရိုးကို ဘေးသို့ပစ်ချကာ ချင်ယွင်ကို ပကတိ မျက်စိဖြင့် ကြည့်လိုက်သည်။
ချင်ယွင်က သူ့ကို အစားအစာအဖြစ် ပစ်မှတ်ထားခံနေရသလို ခံစားရပါသည်။
သို့သော်လည်း သူ မတုံ့ပြန်နိုင်ခင်မှာ အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်၏ ရှေ့တွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။ လှသောလက်တစ်စုံက ချက်ချင်း ဆန့်ထုတ်လာ ပြီး ချင်ယွင်၏လည်ပင်းကို တိုက်ရိုက် ဖမ်းကိုင်လိုက်ပါသည်။
ချင်ယွင်သည် သူ့စိတ်ဝိညာဉ် ခန္ဓာကိုယ်သည် လုံး၀ အကျဉ်းချခံလိုက်သည့်အတိုင်း ချက်ချင်းပင် မလှုပ်ရှားနိုင်တော့ကြောင်း ခံစားလိုက်ရသည်။
"ဒီလူသားစိတ်ဝိညာဉ်က စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းမှာ တကယ်ကို ကောင်းကင်ဘုံ ရဲ့ အလိုဆန္ဒတစ်မျိုး ရှိနေတာပဲ" အစိမ်းရောင်ဝတ် အမျိုးသမီးသည် သူမလက်ထဲက ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွားကို ကြည့်ပြီး ပြုံးလိုက်ပါသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် တံတွေးတစ်လုတ် မျိုချလိုက်ပြီး သူ့မျက်လုံးတွေက ထိတ်လန့်တုန်လှုပ်သွားပါသည်။
သူ့ရှေ့မှ အစိမ်းရောင်၀တ်စုံနှင့် အမျိုးသမီးသည် သူ့ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားကြောင်း မြင်တွေ့နိုင်သည်။ ဘယ်လို.. ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
အစိမ်းရောင်ဝတ် အမျိုးသမီးသည် လျှာကိုထုတ်ပြီး သူမ၏အနီရောင်နှုတ်ခမ်းတစ်စုံကို သပ်လိုက်ပါသည်။ မူလက ဆွဲဆောင်မှုရှိသော ထိုအပြုအမူသည် ချင်ယွင်၏ မျက်လုံးထဲသို့ ရောက်ရှိသွားချိန်မှာ အလွန်မင်း ရက်စက်ကြမ်းကြုတ်သွားသည်။
"စီနီယာ... စီနီယာ၊ စီနီယာ ကျွန်တော့် မစားချင်ဘူး မဟုတ်လား" ချင်ယွင်က ခြောက်ကပ်ကပ် အပြုံးဖြင့် မေးသည်။
"ဟုတ်တယ်၊ ကောင်းကင်ဘုံအလိုဆန္ဒကို ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစိတ်ဝိညာဉ်က အံ့သြစရာ အကောင်းဆုံးပဲ။ အပြည့်အဝ မရင့်ကျက်သေးပေမယ့် ဒီဝေးလံခေါင်သီတဲ့ အရပ်မှာ ဒီလိုအရသာရှိတဲ့ အစားအစာကို ရှာဖွေတွေ့ရှိနိုင်တာကလည်း မဆိုးသေးပါဘူး။" အစိမ်းရောင်ဝတ် အမျိုးသမီးက ပြုံးသည်။ သူမသည် ချစ်စဖွယ်နှင့် ဆွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်ခြင်း ဖြစ်သည်။
ချင်ယွင်၏ဆံပင်များသည် အဆုံးထိ ထောင်သွားခဲ့သည်။
အစိမ်းရောင်ဝတ် အမျိုးသမီး၏ စကားကို သူသည် အခြေခံအားဖြင့် နားလည်နိုင်သော် လည်း ဤဝေးလံခေါင်သီသော နေရာဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။
အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်အား ရှင်းပြလိုသည့်ပုံ မပေါ်ပေ။ သူမသည် အသက်ပြင်းပြင်း ရှူပြီးနောက် ချင်ယွင်၏ပါးစပ်ကို သူမ၏အနီရောင်နှုတ်ခမ်းများဖြင့် နမ်းလိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။
ဤအရာက အတင်းအကြပ် နမ်းခြင်းမဟုတ်ဘူးလား။
အစိမ်းရောင်ဝတ် အမျိုးသမီး၏ နှုတ်ခမ်းများသည် ချင်ယွင်၏ ပါးစပ်ကို လျင်မြန်စွာ ထိမိသွားသည်။ အေးစက်ပြီး နူးညံ့ပျော့ပျောင်းနေသဖြင့် ချင်ယွင်ပင် အနည်းငယ် ယစ်မူးသွားလေသည်။
သို့သော် အလွန်လျင်မြန်စွာပင် ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
အစိမ်းရောင်ဝတ် အမျိုးသမီး၏ ပါးစပ်မှ တုနှိုင်းမရနိုင်အောင် အားပြင်းသော စုပ်ယူခြင်း စွမ်းအားကို ခံစားလိုက်ရပြီး၊ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအားသည် လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။