← Chapters

အခန်း ၁၆၈၃

Vol. 113 Ch. 1683

အခန်း ၁၆၈၃

Vol. 113 Ch. 1683

အခန်း (၁၆၈၃) ချင်ယွင်၏နည်းလမ်း

ရေခဲခေါင်းထဲတွင် လဲလျောင်းနေသည့် အစိမ်းရောင်အဝတ်အစားနှင့် အမျိုးသမီးသည် အပြင်တွင် သူ မြင်တွေ့ခဲ့ရသည့် အစိမ်းရောင်၀တ် အမျိုးသမီးနှင့် အတူတူပင်. သူမ၏ အဝတ်အစားများကပင် အတိအကျ အတူတူပင်။

ချင်ယွင်၏စိတ်ထဲတွင် ချက်ချင်းပင် ရဲရင့်စွာ ခန့်မှန်းလိုက်ပါသည်။

"မင်းရဲ့ ခန့်မှန်းချက်က မှန်တယ်။ အဲဒါက ငါ့ရဲ့ မူလခန္ဓာကိုယ်ပဲ။ ငါက ဒီကြေးဝါ အပိုင်းအစရဲ့ ပစ္စည်းဝိညာဉ် မဟုတ်ဘူး" အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင် နောက်တွင် ရုတ်တရက် ပေါ်လာသည်။

ချင်ယွင် အံ့အားသင့်သွားသော်လည်း ရုတ်တရတ် ဖြစ်ပျက်ခဲ့သည်ကို နားလည်လိုက် သည်။

"အဲ့ဒါဆို, စီနီယာက အရင်ကတည်းက လူသားလား" ချင်ယွင်က မေးသည်။

"မှန်တယ်၊ ငါက တကယ်ကို လူသားတစ်ယောက်ပဲ။ ဒါပေမယ့်၊ ဒီကြေးဝါအပိုင်းအစက အရင်က ပစ္စည်းဝိညာဉ်တစ်ခု မွေးဖွားပေးခဲ့တယ်။ ဒီပစ္စည်းဝိညာဉ်က ထူးထူးဆန်းဆန်း အပြည့်စုံမဟုတ်ဘဲ သေးငယ်တဲ့ အစိတ်ပိုင်းတစ်ခုပဲ။ သူက ငါ့စိတ်ဝိညာဉ်ကို ဝါးမြိုဖို့ ကြိုးစားခဲ့ပေမယ့် ငါကပဲ ပြန်ပြီး ဝါးမြိုနိုင်ခဲ့တယ်။ ဒီလိုနဲ့ ငါလည်း နောက်ပိုင်းမှာ ဒီကြေးဝါအပိုင်းအစရဲ့ ပစ္စည်းဝိညာဉ် ဖြစ်လာခဲ့တာပဲ။" အစိမ်းရောင်ဝတ် အမျိုးသမီးက ပြောသည်။

မည်သည့် အချိန်ကတည်းကမှန်းမသိ သူမလက်ထဲမှာ နောက်ထပ် ကြက်ခြေထောက် တစ်ချောင်း ရှိနေသည်။ သူမသည် ကြက်ခြေထောက်ကို ကိုက်ရင်း ချင်ယွင်နှင့် စကားပြော နေခြင်းဖြစ်ရာ, ယင်းကြောင့် ပတ်ဝန်းကျင်လေထုသည် အလွန်မင်း ထူးဆန်းသည်ဟု ချင်ယွင်ကို ခံစားရစေသည်။

"ဒါဆို ဒီကြေးဝါအပိုင်းအစရဲ့ ဇာစ်မြစ်ကို စီနီယာ သိလား" ချင်ယွင်က သူအမြဲတမ်း စိုးရိမ်နေသည့် မေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။

မမျှော်လင့်ဘဲ အစိမ်းရောင်ဝတ် အမျိုးသမီးက ခေါင်းယမ်းပြသည်။

ချင်ယွင်သည် တခဏတာ ပြောစရာစကားမရှိ ဖြစ်သွားခဲ့သည်။ တခဏလောက် စဉ်းစားပြီးနောက်တွင် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ "ဒါဆို ကျွန်တော် ကောင်းကင်ဘုံအလိုဆန္ဒကို ပိုင်ဆိုင်ထားတယ်ဆိုတာ စီနီယာ ဘယ်လိုသိတာလဲ" အလျင်စလို မေးလိုက်သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်၏ အမေးကို ကြားသောအခါ၊ သူမ၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ "အဲဒါက ငါက ဒီစကြဝဠာထဲက လုံးဝ မဟုတ်လို့ပဲ။ ထုံးစံအတိုင်း၊ ငါက အကြောင်းတစ်ခုခုကြောင့် ဒီစကြာဝဠာထဲ ဖြတ်ကျော်ဝင်ရောက်လာခဲ့တာတော့ သိတယ်။ ဒါပေမယ့် ငါ့ရဲ့ မှတ်ဉာဏ် အများစုက ပျောက်ကွယ်သွားခဲ့ပြီ။"

"ဒါဆို စီနီယာ ဒီအုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ နတ်ဘုရားခန်းမထဲမှာ စီနီယာ ဘယ်အချိန်ကတည်းက နေခဲ့တာလဲ မှတ်မိသေးလား။" ချင်ယွင်က ဆက်မေးသည်။

အစိမ်းရောင်ဝတ် အမျိုးသမီးက မသိနားမလည်ကြောင်း ထုတ်ဖော်ပြောရင်း ခေါင်းယမ်း လိုက်သည်။

ချင်ယွင်က မေးခွန်းတွေ ဆက်မေးနေချိန်မှာပဲ အစိမ်းရောင်ဝတ် အမျိုးသမီးက သူ့ကို စကားလေးတစ်ခွန်းဖြင့် ပြစ်တင်လိုက်ပါသည်။

"မင်းမှာ ဘာလို့ မေးစရာတွေ ဒီလောက်များနေတာလဲ။ ငါ့ခန္ဓာကိုယ်နဲ့ ဒီကြေးဝါ အပိုင်းအစကို မလွှတ်ပေးနိုင်ရင် အခုချက်ချင်း မင်းကို သတ်ပစ်မယ်" အစိမ်းရောင်ဝတ် အမျိုးသမီးက ဒေါသတကြီး ပြောသည်။

ချင်ယွင်က အရမ်းကြောက်သွားပြီး မည်သည့်မေးခွန်းမှ ထပ်မမေးရဲတော့ပေ။ သူသည် သူ့ပတ်ဝန်းကျင်က သံမဏိကြိုးတွေကို ဂရုတစိုက် ကြည့်ရူလိုက်သည်။

သံမဏိကြိုးများအတွက် အသုံးပြုသော သတ္တုသည် ယခင်က သူမြင်ဖူးသည့် သတ္တုမဟုတ် ကြောင်း သူတွေ့ရှိခဲ့ပြီး၊ သံမဏိကြိုးများပေါ်ရှိ ပုံစံများသည်ပင် အလွန် ထူးဆန်းလှသည်။

ဤရေခဲခေါင်းတလားလည်း ထို့အတူပင်။ ၎င်းသည် ပုံမှန်မဟုတ်သော ရေခဲခေါင်းတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းမှ ထွက်ပေါ်နေသည့် အေးစက်စက် အငွေ့အသက်သည် အကယ်၍, သူထိလိုက်သည်နှင့် သူ့စိတ်ဝိညာဉ်တစ်ခုလုံး အေးခဲသွားလိမ့်မည်ဟု ခံစားရသည်။

ဘန်း…။

ချင်ယွင်က သူ့လက်ကို ဓားတစ်ချောင်းအသွင် ဖန်တီးပြီး သံမဏိကြိုးများကို ဓားအလင်း ဖြင့် တိုက်ခိုက်လိုက်သည်။

သို့သော်လည်း သူ၏တိုက်ခိုက်မှုများသည် သံမဏိကြိုးပေါ်တွင် မည်သည့်သဲလွန်မှ မကျန် ရစ်ခဲ့ဘဲ သံမဏိကြိုးများကို နည်းနည်းလေးပင် မလှုပ်ခါနိုင်ပေ။

ချင်ယွင်က အရှုံးမပေးခဲ့ပါဘူး။ သူသည် ရေခဲခေါင်းကို နောက်တစ်ကြိမ် စမ်းကြည့်တော့ မည့်အခိုက်မှာ သူ့နားထဲတွင် လှောင်ပြောင်သံကို ကြားလိုက်ရပါသည်။

"မင်း ငါ့ကို လွတ်မြောက်အောင် ကူညီပေးနိုင်တဲ့အကြောင်း ပြောခဲ့တဲ့အရာ ဒါလား။ မင်းရဲ့ တိုက်ခိုက်မှု သေးသေးလေးနဲ့ဆို လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလားကို မပြော နဲ့၊ ဟောင်ထျန်းသံမဏိကြိုးကိုတောင် မလှုပ်ခါနိုင်ဘူး" အစိမ်းရောင်ဝတ် အမျိုးသမီးက မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြောသည်။

ဟောင်ထျန်းသံမဏိကြိုးလား။

လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလားလား။

ချင်ယွင်သည် မည်သည့်နာမည်ကိုမျှ မကြားဖူးခဲ့ပေ။

သို့သော် ဤအရာနှစ်ခုသည် ဤစကြဝဠာမှ လာခဲ့ခြင်းမဟုတ်ကြောင်း သူ သေချာပေါက် သိသည်။

"လူသား၊ မင်း ငါ့ကို ဒီသံမဏိကြိုးတွေကို ဖွင့်ဖို့ မကူညီနိုင်ဘူးဆိုမှတော့ ငရဲကို သွားလိုက် တော့။ မင်းရဲ့စိတ်ဝိညာဉ်က ငါ့ရဲ့အာဟာရ ဖြစ်လာလိမ့်မယ်" အစိမ်းရောင်ဝတ် အမျိုးသမီးက ပြောလိုက်ပြီး သတ်ဖြတ်လိုစိတ်က သူမခန္ဓာကိုယ်ကနေ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

"နေပါဦး...ခဏနေပါဦး ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိပါသေးတယ်" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။

"ဘာနည်းလမ်းလဲ" ပြင်းထန်သော စွမ်းအားများပါရှိသော အစိမ်းရောင်ဝတ် အမျိုးသမီး၏ လက်ဖဝါးက လေထဲတွင် ရပ်သွားပြီး ရိုက်ချခြင်းမရှိတော့ပေ။

ချင်ယွင်သည် အစိမ်းရောင်ဝတ် အမျိုးသမီး ရပ်သွားသည်ကို မြင်သောအခါ သက်ပြင်း တစ်ချက်ချလိုက်ရင်း ပြောသည် "အတိအကျ လုပ်နိုင်ပါ့မလား၊ ကျွန်တော် မကြိုးစားမချင်း မသိရသေးဘူး။"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် အစိမ်းရောင်ဝတ် အမျိုးသမီး၏ ရေခဲတမျှ အေးစက် သော မျက်နှာကို လျစ်လျူရှုကာ လွင့်မျောနေသော ရေခဲခေါင်းတလားဆီသို့ လျှောက်သွား ခဲ့သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးက စကားမပြောတော့ပါဘူး။ သူမသည် နံဘေးတွင် ရပ်ကာ သူမ၏ ကြက်ပေါင်သားကို ဝါးရင်း နှစ်ဘီလီယံရာနှင့်ချီ၍ သူမကို ပိတ်လှောင်ထားသော ဤသံမဏိကြိုးများကို ချင်ယွင်က မည်ကဲ့သို့ ချိုးဖျက်နိုင်သည်ကို မြင်တွေ့လိုပုံရသည်။

ချင်ယွင်သည် ရေခဲခေါင်းကြီးဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ သူ ရှေ့ဆက် လျှောက်လှမ်းလေ သူ့စိတ်ဝိညာဉ်က တောင့်တင်းလာလေပင်။ နောက်အခိုက်အတန့်မှာ လုံးဝ အေးခဲသွားတော့မည့်အတိုင်း သူ့စိတ်ဝိညာဉ်တစ်ခုလုံး တုန်ခါနေသည်။

သို့သော်လည်း ချင်ယွင်သည် အတင်းအကြပ် ရှေ့သို့ လျှောက်လှမ်းနေဆဲ ဖြစ်သည်။ အခုအချိန်မှာတော့ သူ့ရှေ့မှာ လမ်းကြောင်းတစ်ခုသာ ရှိတော့ပြီး၊ သံမဏိကြိုးတွေနှင့် ချည်နှောင်ထားသည့် ရေခဲခေါင်းကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းတိုင်းကို သူ တွေးတောရ မည်။

အစိမ်းရောင်ဝတ် အမျိုးသမီးသည် ခပ်လှမ်းလှမ်းတွင် ရပ်နေကာ ခက်ခက်ခဲခဲ ရှေ့သို့ တိုးသွားနေသော ချင်ယွင်ကို ကြည့်နေသည်။ သူမ၏ ပါးစပ်ထောင့်က လှောင်ပြောင် ရယ်မောသံကို ထုတ်ဖော်လိုက်သည်။

လူတစ်ဦးသည် နတ်ဘုရားခန်းမထဲ၌ နှစ်ပေါင်းဘီလီယံရာနှင့်ချီ၍ နေထိုင်ခဲ့ရသည်။ ဤနေရာသို့ အခြားသက်ရှိသတ္တဝါများ ဝင်ရောက်လာခြင်းက မရှိသလောက်ပင်။ သူမသည် သူ့ကို မြန်မြန်သတ်ဖြတ်ရန် ဝန်လေးနေခဲ့သည်။ သူမ၏ယခင်လုပ်ရပ်များက ချင်ယွင်ကို ကြောက်လန့်စေရန်သာ ဖြစ်သည်။ သူမသည် ချင်ယွင်၏ စိတ်ဝိညာဉ်နှင့် ကစားပြီး၊ ငြီးငွေ့သွားမှသာ သူ့ကို ဝါးမျိုချရန် စိတ်ကူးရှိနေသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ရယ်မောဖွယ်ရာ အပြုအမူများက သူမကို အလွန်စိတ်ဝင် စားစရာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဤလူသားသည် မည်သို့သော လုပ်ရပ်မျိုး လုပ်ဆောင် မည်ကို သူမ အမှန်တကယ် မြင်ချင်မိသည်။ သူမကိုချည်နှောင်ထားသည့် သံမဏိကြိုများ ကို ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ သူမတွင် မျှော်လင့်ချက် အနည်းငယ်မျှ မထားပေ။

စကြာဝဠာနယ်ပယ်ကိုတောင် မရောက်သေးသည့် လူသားတစ်ယောက်သည် ဤဟောင်ထျန်း သံမဏိကြိုးများကို မည်သို့ ဖွင့်လှစ်နိုင်မည်နည်း။

ချင်ယွင်သည် အစိမ်းရောင်ဝတ် အမျိုးသမီး၏ အတွေးများကို မသိနိုင်ပေ။ ထိုအချိန်တွင် သူသည် လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလားဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းနေ သည်။

ပတ်ပတ်လည်ရှိ ဟောင်ထျန်းသံမဏိကြိုးများသည် ကန့်လန့်ဖြတ်ကာ ကြက်ခြေခတ် သဖွယ် ချည်နှောင်ထားပြီး ပြိုင်ဘက်ကင်း ခံစားချက်ကို ပေးစွမ်းသည်။

ချင်ယွင်သည် သံမဏိကြိုးများမှ ထွက်ပေါ်လာသော ရင်းနှီးသော အငွေ့အသက်ကို ခံစားနိုင်သည်။

ဘန်း…။

ချင်ယွင်က လက်တစ်ဖက်ကို ဆန့်လိုက်ပြီး သံမဏိကြိုးဆီသို့ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။

သို့သော်, သူ့လက်က သံမဏိကြိုးတွေကို ထိခါနီးမှာ လျှိုဘို၏အသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။

"ကောင်စုတ်လေး၊ မင်း သေချင်နေတာလား။ မင်း ဟောင်ထျန်းသံမဏိကြိုးတွေကိုတောင် ထိဝံ့သလား" လျှိုဘို၏အသံ ထွက်ပေါ်လာသည်။

ချင်ယွင်၏လက်သည် လေထဲတွင် ရပ်သွားခဲ့သည်။ လျှိုဘို၏အသံကိုကြားတော့ သူသည် ချက်ချင်း ဝမ်းသာသွားသည်။

"လျှိုဘို၊ မြန်မြန်ပြောစမ်းပါ၊ ဒီဟောင်ထျန်းသံမဏိကြိုးဆိုတာက ဘာလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ကောင်စုတ်လေး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ငါလုပ်နိုင်တာ တကယ်ကို ဘာမှမရှိဘူး" ဒီဟောင်ထျန်းသံမဏိကြိုးတွေက စိတ်ဝိညာဉ်အတွက် အထူးပြုထားတဲ့ အရာဝတ္ထုတစ်ခု ပဲ။ ဒီကြိုးတွေကို ဟောင်ထျန်းသံမဏိကျောက်ကနေ ပြုလုပ်ထားတာ။ ဒီလိုရတနာမျိုးက သဘာဝအတိုင်း စိတ်ဝိညာဉ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိတယ်။ နတ်ဘုရား စိတ်ဝိညာဉ် ဖြစ်နေသရွေ့၊ ချက်ချင်းပင် ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒီအထဲမှာ ပိတ်မိတာနဲ့ ပြန်ထွက်လာဖို့ မစဉ်းစားနဲ့တော့။ ဒါကြောင့် မင်းရဲ့စွမ်းအင်တွေကို ဖြုန်းတီးမနေနဲ့တော့ ကောင်စုတ်လေး။ မင်းအနေနဲ့ ဒီအမျိုးသမီးကို ကယ်တင်ဖို့က မဖြစ်နိုင်ဘူး" လျှိုဘိုက ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ပြသော်လည်း သူ့ပါးစပ်ထောင့်မှ မထင်မရှား အပြုံးတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။

"စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်တဲ့ ပစ္စည်းတစ်ခုလား။ တကယ်လို့, စိတ်ဝိညာဉ် မဟာတာအို က အတိုင်းအတာတစ်ခုအထိ အားကောင်းနေမယ်ဆိုရင်, အဲဒါက ထိန်းချုပ်နိုင်တဲ့ အကျိုး သက်ရောက်မှု ရှိပါဦးမလား" ချင်ယွင်သည် သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း သူ့စိတ်ထဲမှာ တဟားဟား ရယ်မောလိုက်ပါသည်။

သူသည် ရုတ်တရက် ရဲတင်းပြီး ရူးသွပ်ဖွယ် လှုပ်ရှားမှုတစ်ခုကို တွေးမိလိုက်ပါသည်။ အကယ်၍, ဤလှုပ်ရှားမှုသာ အောင်မြင်ခဲ့လျှင်, သူသည် လျှို့ဝှက်ဆန်းကြယ် ရေခဲ ခေါင်းတလားကို ဖွင့်ကောင်းဖွင့်နိုင်ပါလိမ့်မည်။

လျှိုဘိုသည် ချင်ယွင်၏အတွေးများကို ခန့်မှန်းမိပုံရပြီး၊ အံ့အားတသင့် မေးလိုက်ပါသည် “ကောင်စုတ်လေး, မင်း တွေးနေတာက…..”။

“အခုချိန်မှာ ဒါက စမ်းသပ်ကြည့်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ" ချင်ယွင်က ပြုံးပြီး ပြန်ပြောသည်

"အရူး။ အရူး။ ဒါက မင်း လုံးဝ ထိတွေ့နိုင်တဲ့အရာ မဟုတ်ဘူး။ အခု မင်း ထိလိုက်တာနဲ့ မင်းရဲ့ စကြဝဠာတစ်ခုလုံးတောင် ပြိုပျက်သွားနိုင်တယ်” လျှိုဘိုက ဆိုသည်။

သို့သော်, ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးမပျက် ပေါ်လာပြီး သူ့မျက်လုံးထဲမှာ ပြတ်သားသည့် ဆုံးဖြတ်ချက် အရိပ်အယောင်တွေ ဖြစ်ပေါ်လာပါသည်။

All Chapters