← Chapters

အခန်း ၁၆၈၄

Vol. 113 Ch. 1684

အခန်း ၁၆၈၄

Vol. 113 Ch. 1684

အခန်း (၁၆၈၄) ကြေးဝါ အပိုင်းအစ

မှန်ပါသည်။ ချင်ယွင်၏အကြံမှာ ဟောင်ထျန်းသံမဏိကြိုးများကို ဖွင့်လှစ်နိုင်ရန်အတွက် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံး၏ စွမ်းအားကို ချေးငှားရန် ဖြစ်ပါသည်။

သူ့ကိုယ်ပိုင် ခွန်အားသည် ဟောင်ထျန်းသံမဏိကြိုးကို မဖွင့်နိုင်သောကြောင့်, သူသည် ပြင်ပကမ္ဘာ၏ စွမ်းအားကို ချေးငှားရုံသာ တတ်နိုင်ပါသည်။ အခုချိန်မှာ သူ့ကို ကူညီပေးနိုင် သည့် တစ်ခုတည်းသောအရာကတော့ မရဏဘုရင်၏ နတ်ဘုရားကျောက်တုံး ဖြစ်ပါ သည်။

သို့သော်၊ သူသည် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးကို အသုံးပြုသည်နှင့် တစ်ပြိုင်နက်၊ ချင်ယွင်သည် ဟောင်ထျန်းသံမဏိကြိုးကို ဖြတ်တောက်ရန် ထိုစွမ်းအားကို အသုံးမပြုနိုင်ခင်မှာ၊ သူသည် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံး၏ စွမ်းအားဖြင့် သုတ်သင်ခံရဖွယ်လည်း ရှိနေပါသည်။

ဤအရာက လျှိုဘို သူ့ကို အရူးဟု ပြောရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။ တကယ်တော့၊ ချင်ယွင်၏ လက်ရှိအင်အားက မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးကို ထိန်းချုပ်ရန် မလုံလောက်ပါဘူး။

"ဟောင်ထျန်းသံမဏိကြိုးတွေကို မချိုးဖြတ်ဘဲ နတ်ဘုရားခန်းမကို တိုက်ရိုက် ဖြိုခွဲခြင်းက ပိုလွယ်လိမ့်မယ်" ချင်ယွင် ရုတ်တရက် တစ်ခုခုကို တွေးပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရား၏ ရင်ဘတ်ပေါ်တွင် ထိုင်နေသော ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ အစာပြွန်မှတဆင့် ချက်ခြင်း ထွက်သွားလေသည်။

အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ အမြုတေစွမ်းအားသည်လည်း လုံးဝ စုပ်ယူပြီးသွား ပြီ။ အစိမ်းရောင်ဝတ် အမျိုးသမီးသည်လည်း ပြဿနာမရှာတော့သောကြောင့် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ခန္ဓာကိုယ်သည် လေထဲတွင် မလှုပ်မယှက် ရပ်တန့်နေပြီ ဖြစ်သည်။

"အစ်ကိုကြီး မင်း ထွက်လာပြီလား" ချင်ယွင်သည် အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ ခန္ဓာကိုယ်ထဲမှ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လင်းဘက ချက်ချင်း ပြုံးပြကာ နှုတ်ဆက် လိုက်သည်။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်ကာ အဝေးမှာ လွင့်မျောနေသည့် မရဏဘုရင်၏ နတ်ဘုရား ကျောက်တုံးကို လှည့်ကြည့်လိုက်ပါသည်။

ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးဆီသို့ တိုက်ရိုက် ပျံသန်းသွားခဲ့သည်။

"သူ ဘာလုပ်နေတာလဲ၊ ဒီမရဏဘုရင်ရဲ့ နတ်ဘုရားကျောက်တုံးကို ယူချင်နေတာများ ဖြစ်နိုင်မလား" လုံချန်က ထိတ်လန့်စွာ ပြောသည်။

"ဖြစ်နိုင်တယ်။" ဟုန်ရန် အံ့သြစွာ ခေါင်းညိတ်လိုက်သည်။

သူတို့အားလုံးသည် ဤရတနာနှစ်ပါးကို ရယူလိုကြသော်လည်း သူတို့၏ ခွန်အားဖြင့် ၎င်းတို့ကို မထိဝံ့ကြသောကြောင့် သဘာဝအတိုင်း ၎င်းတို့ကို မမျှော်လင့်ဝံ့ကြပေ။

အကယ်၍ ချင်ယွင်သည် ဤရတနာနှစ်ပါးကို သိမ်းယူရန် သူ့ကိုယ်ပိုင်ခွန်အားကို အားကိုး နိုင်ခဲ့ပါက၊ သူတို့သည် အနည်းငယ်မျှ စောဒကတက်စရာ မလိုတော့ပေ။

သို့သော် ချင်ယွင်တွင် ဤရတနာနှစ်ပါးကို လှုပ်ခါနိုင်စွမ်းရှိသည်ဟု သူတို့ မယုံကြည်ခဲ့ကြ ပေ။

ဘန်း…။

ချင်ယွင်၏ရုပ်အသွင်သည် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံး၏ ရှေ့တွင် ပေါ်လာ သည်။ မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးသည် မထင်မရှား အလင်းအကာကွယ်ဖြင့် ဖုံးအုပ်ထားသော်လည်း ချင်ယွင်သည် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးမှ ထွက်ပေါ် လာသော ကြီးမားသည့် စိတ်ဝိညာဉ် အပြောင်းအလဲများကို ခံစားနိုင်ဆဲ ဖြစ်သည်။

"ကောင်စုတ်လေး၊ မင်း ဒီကိစ္စကို တကယ်ကို စဉ်းစားရမယ်နော်။ ဒီမရဏဘုရင်ရဲ့ နတ်ဘုရားကျောက်တုံးကို မင်း ထိတွေ့လိုက်တာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားတွေက မင်းခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာလိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့ကနဦးစကြာဝဠာဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ မရဏဘုရင်ရဲ့ နတ်ဘုရားကျောက်တုံးရဲ့ သက်ရောက်မှုအောက်မှာ လုံးဝ ပြိုကျသွားနိုင်တယ်။ ငါ မင်းကို မကူညီနိုင်ဘူး" လျှိုဘို၏အသံက ချင်ယွင်၏စိတ်ထဲမှာ ထွက်ပေါ်လာသည်။

"အင်း" ချင်ယွင်က စိတ်ထဲကနေ ပြန်ဖြေသည်။

လျှိုဘို၏စကားကို သူ စဉ်းစားထားပြီးသား ဖြစ်သော်လည်း သူ အလောင်းစား လုပ်ကြည့် လိုသေးသည်။

ချင်ယွင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးကို ကြည့်ရင်း သူ့လက်ကို ဆန့်တန်းလိုက်သည်။

မျက်နှာပြင်ပေါ်ရှိ အလင်းအကာကွယ်သည် အနည်းငယ်မျှပင် အတားအဆီး မရှိပေ။ ချင်ယွင်၏လက်သည် အလင်းအကာအကွယ်မှတဆင့် အလွယ်တကူ ထိုးဖောက် ဝင်ရောက်သွားသည်။

ချင်ယွင်၏လက်သည် မရဏဘုရင်၏ နတ်ဘုရားကျောက်တုံးကို ထိလိုက်သည့်အခိုက် တွင် တန်ခိုးကြီးသော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားသည် သူ့ဆီသို့ အရူးအမူး တိုးဝင်လာ သည်။

"ဘုန်း"

ချင်ယွင်သည် ချက်ချင်းပင် ဆွံ့အသွားသည်။ သူ့စိတ်ဝိညာဉ်ကို ဧရာမသံတူကြီးဖြင့် ရိုက်လိုက်သလိုပင်။ သူ၏စိတ်ဝိညာဉ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပြိုကျသည့် အရိပ်အယောင်များပင် စတင်လာသည်။

ထိုမျှသာမကဘဲ၊ ချင်ယွင်၏စကြာဝဠာသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား ဝိညာဉ်စွမ်းအားများ တိုးဝင်လာသည်နှင့်အမျှ ပြင်းထန်သော ပြောင်းလဲမှုများ စတင်လာသည်။

စကြဝဠာတစ်ခုလုံးတွင် ကြီးမားသော ဧရာမစွမ်းအင်မုန်တိုင်းတစ်ခု လှိမ့်တက်လာခဲ့သည်။ အရာအားလုံးသည် တခဏအတွင်း ဟန်ချက်ပျက်သွားပုံရသည်။ စကြဝဠာမုန်တိုင်းသည် နောက်စက္ကန့်တွင် စကြဝဠာတစ်ခုလုံးကို ဖြိုခွဲတော့မည့်အတိုင်း ရူးသွပ်စွာ ကခုန်နေ သည်။

"ဟင်း…၊ ကောင်စုတ်လေး၊ မရဏဘုရင်ရဲ့ နတ်ဘုရားကျောက်တုံးကို မထိဖို့ မင်းကို ငါ ပြောခဲ့ပါတယ်။ အခု မင်း ဘယ်လိုအဆုံးသတ်မလဲဆိုတာပဲ ကြည့်ရတော့မယ်။" လျှိုဘိုက သက်ပြင်းချလိုက်သည်။

သို့သော်လည်း ချင်ယွင်သည် ယခုအချိန်တွင် လျှိုဘို၏အသံကို မကြားနိုင်တော့ပေ။ ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်သည် မှိန်းမောနေပါသည်။ စကြဝဠာ ထိခိုက်သွားသော ကြောင့် သဘာဝအတိုင်း သူ့စိတ်ဝိညာဉ်သည် နိုးကြားနေရန်မှာ မဖြစ်နိုင်တော့ပေ။

ဘန်း…။

သို့သော်၊ ချင်ယွင်၏ ကနဦးစကြာဝဠာကြီး ပြင်းထန်စွာ ပြိုကျလာသည်နှင့်အမျှ၊ သူ့ စကြဝဠာအလယ်ဗဟိုတွင် လွင့်မျောနေသော ကြေးဝါအပိုင်းအစများသည် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်လိုက်သည်။

အစိမ်းရောင်အလင်းတန်းတစ်ခုသည် လှိုင်းလုံးကြီးကဲ့သို့ ချက်ချင်း ပိတ်ဆို့သွားသည်။ မူလက ပြိုကျနေသော စကြာဝဠာသည် ထိုအခိုက်အတန့်တွင် ၎င်း၏ မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားကာ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအား၏ ပြင်းထန် သည့် အရှိန်ဟုန်သည်လည်း တခဏချင်း ရပ်တန့်သွားခဲ့သည်။

စကြာဝဠာကြီး ပြန်လည်တည်ငြိမ်သက်သွားပြီး၊ ချင်ယွင်၏ စိတ်သည် ချက်ချင်းပင် တည်ငြိမ်လာခဲ့သည်။

ကြေးဝါအပိုင်းအစမှ ထုတ်လွှတ်သော စွမ်းအားကို ခံစားလိုက်ရပြီး သူ့ပါးစပ်ထောင့်များက အပြုံးတစ်ခုဖြင့် တွန့်ကွေးသွားသည်။

သူမျှော်လင့်ထားသည့်အတိုင်းပင်၊ ဤကြေးဝါအပိုင်းအစများသည် သူ့အသက်ကို နောက်ဆုံး အခိုက်အတန့်တွင် ကယ်တင်ခဲ့သည်။

ယခုအခါတွင် ကနဦးစကြဝဠာသည် ၎င်း၏ငြိမ်သက်မှုကို ပြန်လည် ရရှိလာသောအခါ၊ အနှိုင်းမဲ့ တန်ခိုးကြီးသော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားသည် တည်ငြိမ်သွားပြီး ၎င်းကို အသုံးပြုရန် အချိန်တန်ပြီ ဖြစ်သည်။

“ဒီတန်ခိုးအစွမ်းနဲ့ဆို, ငါ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရားရဲ့ နတ်ဘုရားခန်းမကို ဖြိုခွဲနိုင် သင့်တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ဟောင်ထျန်းသံမဏိကြိုးသည် မာကြောသော်လည်း သူသည် အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရားရဲ့ နတ်ဘုရားခန်းမကို ဖြိုခွဲလိုက်သရွေ့ သူသည် အစိမ်းရောင်ဝတ် အမျိုးသမီး ကို နတ်ဘုရားခန်းမထဲမှ ကယ်တင်နိုင်ပါသေးသည်။

ဟောင်ထျန်းသံမဏိကြိုးများကို ဖြတ်တောက်ခြင်းထက် အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရား၏ နတ်ဘုရားခန်းမကို ဖြိုခွဲခြင်းက လွယ်ကူမည်မှာ ထင်ရှားပါသည်။

ဘန်း…။

ချင်ယွင်သည် နောက်တစ်ကြိမ် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းသွားပြန်သည်။ ထိုနေရာသည် အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရား ခန်းမ တည်ရှိရာနေရာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ နတ်ဘုရားခန်းမထဲတွင် နေခဲ့သော စိတ်ဝိညာဉ်ကိုယ်ပွားသည် ချက်ခြင်း မျက်လုံးပွင့်လာသည်။

"လာခဲ့စမ်း.."

ချင်ယွင်က ပြုံးပြီး စကားနှစ်ခွန်း ထုတ်ပြောလိုက်သည်။

ဘေးမှ အစိမ်းရောင်၀တ် အမျိုးသမီးသည် အံ့သြသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး၊ နောက်အခိုက်အတန့်မှာ သူမမျက်နှာလည်း လုံးဝ တုန်လှုပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားများ ပါဝင်နေသော လှံရှည်တစ်ချောင်းက နတ်ဘုရားခန်းမ အပြင်ဘက်မှ ပျံသန်းလာပြီး နတ်ဘုရားခန်းမ၏ ရုပ်ထုကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ခြင်းကို မြင်တွေ့ရသောကြောင့် ဖြစ်သည်။

ထိုလှံဖြင့် အပြင်းအထန် တိုက်ခိုက်ခြင်းကြောင့်, နတ်ဘုရားခန်းမတစ်ခုလုံး ချက်ချင်း ပြိုကျသွားပုံရပြီး အက်ကြောင်းများသည် ပင့်ကူမျှင်များကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ သည်။

ရုတ်​တရက်​ပင်​ ထိုအက်ကြောင်းများသည် နတ်ဘုရားခန်းမတစ်​ခုလုံး၏ ​ထောင့်​တိုင်းအထိ ထူထပ်စွာ လွှမ်းခြုံသွားခဲ့သည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြိုကျလာ သည်။ ဟောင်ထျန်းသံမဏိကြိုးကို ရစ်ပတ်ထားသည့် ကျောက်စာတိုင် ကိုးတိုင်သည် လည်း ထိုတခဏအတွင်းမှာ ပြိုကျသွားပါသည်။

ကျောက်စာတိုင်များ ပြိုကျမှုနှင့်အတူ၊ ဟောင်ထျန်းသံမဏိကြိုးသည် သဘာဝအတိုင်း အထောက်အပံ့ မရှိတော့သည့်အတွက် တစ်ချောင်းပြီးတစ်ချောင်း ပြုတ်ကျကုန်သည်။

ထို့ကြောင့် လွင့်မျောနေသည့် ရေခဲခေါင်းတလားသည်လည်း ချက်ချင်း လွတ်မြောက်သွား သည်။ ချင်ယွင်သည် ဤမြင်ကွင်းကို မြင်ရသဖြင့် ချက်ခြင်းပင် ဝမ်းသာသွားသည်။

အစိမ်းရောင်ဝတ် အမျိုးသမီးကလည်း အံ့သြတကြီး အမူအရာ ဖြစ်ပေါ်နေသည်။ သူမကို ကယ်တင်ရန် ချင်ယွင်သည် ဤနည်းလမ်းကို အသုံးပြုမည်ဟု သူမ မမျှော်လင့်ခဲ့သလို ချင်ယွင်ကလည်း တကယ်လုပ်ဆောင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဘန်း…။

မဆိုင်းမတွင်၊ ချင်ယွင်သည် လေဟာနယ်ထဲတွင် တွင်းနက်ကြီးတစ်ခုကို တိုက်ရိုက် ဖန်တီးခဲ့သည်။

ဤတွင်းနက်ကြီးသည် ချင်ယွင်၏ ကနဦးစကြာဝဠာဆီသို့ ဦးတည်ထားသည်။

"ငါ့စကြာဝဠာကို လိုက်ခဲ့ပါ။ မင်းကို ဒီကနေ ခေါ်ထုတ်သွားမယ်။" ချင်ယွင်သည် အစိမ်းရောင်ဝတ် အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်။

အစိမ်းရောင်ဝတ် အမျိုးသမီးသည် ထိုမြင်ကွင်းကို မြင်ပြီး ခေါင်းညိတ်ပြသည်။

ထိုမြင်ကွင်းကို မြင့်တော့ ချင်ယွင်က ပိုမိုကျယ်လောင်စွာ ရယ်လိုက်ပါသည်။ သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလား၊ ဟောင်ထျန်း သံမဏိကြိုးများနှင့်အတူ အစိမ်းရောင်ဝတ် အမျိုးသမီးတို့ကို ကနဦးစကြဝဠာထဲသို့ သယ်ဆောင်သွားသည်။

အစိမ်းရောင်ဝတ် အမျိုးသမီးသည် ပစ္စည်းဝိညာဉ်ဖြစ်သောကြောင့်၊ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား၏ ဥပဒေသများ၏ တန်ခိုးတော်ဖြင့် ချည်နှောင်ခံရမည် မဟုတ်ပေ။ လျှို့ဝှက် ဆန်းကြယ်ရေခဲခေါင်းတလားနှင့် ဟောင်ထျန်းသံမဏိကြိုးများအတွက်မူ၊ ထိုကဲ့သို့ သက်မဲ့ အရာဝတ္ထုများအပေါ် သက်ရောက်ခံရမည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ကြောင့်၊ ချင်ယွင်၏စိတ်ဝိညာဉ်ကိုယ်ပွားသည် အစိမ်းရောင်ဝတ် အမျိုးသမီးနှင့် လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလားတို့ကို ကနဦးစကြဝဠာထဲသို့ ခေါ်ဆောင်လာခဲ့ သည်။

ဘန်း…။

လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလားသည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်လာသည် နှင့် တပြိုင်နက်၊ ကြေးဝါအပိုင်းအစသည် အာရုံခံစားမိပုံရပြီး၊ လျှို့ဝှက်ဆန်းကြယ် ရေခဲခေါင်းတလားမှ ပျံထွက်သွားပြီး အခြားအပိုင်းအစနှစ်ခုဆီသို့ ပျံသန်းသွားသည်။

အစိမ်းရောင်ဝတ် အမျိုးသမီး၏ မူလခန္ဓာကိုယ်ကတော့ ချင်ယွင်၏ စကြဝဠာထဲမှာ လွင့်မျောနေပြီး၊ ချင်ယွင်သည် သူမကို ဂြိုလ်ကမ္ဘာတစ်ခုပေါ်မှာ တင်ထားခဲ့ပါသည်။ ပစ္စည်းဝိညာဉ်ဖြစ်သည့် အစိမ်းရောင်ဝတ် အမျိုးသမီးသည် သဘာဝအတိုင်း ကြေးဝါ အပိုင်းအစနောက်သို့ လိုက်ပါသွားခဲ့သည်။

All Chapters