အခန်း ၁၆၈၆
Vol. 113 Ch. 1686
အခန်း (၁၆၈၆) ရှင်သေသွားရင် ဘယ်လိုလုပ်မလဲ။
ကောင်းကင်လေဟုန်တောင်တန်း၏ နက်ရှိုင်းသော နေရာအတွင်းမှာ, ကောင်းကင် လေဟုန်တောင်တန်း၏ ချောက်ကမ်းပါးအစွန်းမှာ လူတွေအများကြီး စုရုံးနေကြသည်။
သို့သော် ကောင်းကင်နတ်ဆိုးသစ်ပင်အောက်တွင် လူလေးယောက်သာ ရပ်နေခဲ့သည်။ ကျန်သူများအားလုံးသည် အဝေးကြီးတွင် ရပ်နေကြပြီး၊ ၎င်းတို့အနီးသို့ မည်သူမျှ မချဉ်းကပ်ရဲကြပေ။
ကောင်းကင်နတ်ဆိုးသစ်သီးက ရင့်မှည့်တော့မည်။ သာမာန်အားဖြင့် လူတိုင်းသည် ကောင်းကင်နတ်ဆိုးသစ်သီးအတွက် တိုက်ပွဲဝင်ကြသော်လည်း ယခုအကြိမ်သည် ယခင်ကနှင့် မတူတော့ပေ။
အကြောင်းမှာ ဤလူလေးယောက်တွင် နှစ်ယောက်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ကျွမ်းကျင်သူများ ဖြစ်သောကြောင့် ဖြစ်သည်။ တစ်ယောက်မှာ တာအိုမြူနှင်းဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်ပါသည်။
အတိတ်တုန်းကဆို, ဤပညာရှင်နှစ်ယောက်သည် ကိုယ်ဘာသာ ရပ်တည်ကြသည့် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း အခုတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက်သည် လက်တွဲရန် ရွေးချယ်ခဲ့ပါသည်။
သို့သော် အခြားသော ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ လေးဦးက ထွက်မလာခဲ့ပါ။ တခဏတွင်းမှာ, သူတို့နှစ်ယောက်၏ ရက်စက်မှုကို ဘယ်သူမှ မခုခံနိုင်ခဲ့ပါဘူး။ သူတို့သည် တစ်ယောက်ပြီး တစ်ယောက် အဝေးသို့ ဆုတ်ခွာရန် ရွေးချယ်ခဲ့ကြသည်။
ယခင်က သေခြင်းတရားကို မကြောက်ကြဘဲ အနှောင့်ယှက်ဖြစ်စေရန် ရည်ရွယ်ပြီး၊ အတူတကွ တွန်းလှန်ရန် အားလုံးကို ဦးဆောင်လိုသူအချို့ ရှိခဲ့ပါသေးသည်။
သို့သော် တာအိုမြူနှင်း၏ဓားချက်ဖြင့် သတ်ဖြတ်ခံရပြီးနောက်တွင် ဂုဏ်ကျက်သရေရှိ သော ငှက်တစ်ကောင်အဖြစ် မည်သူမျှ မလုပ်ဆောင်ဝံ့သောကြောင့် ကောင်းကင်နတ်ဆိုး သစ်ပင်တစ်ခုလုံးကို ကောင်းကင်နတ်ဆိုးဂိုဏ်းမှ သိမ်းပိုက်သွားခဲ့သည်။
သေချာသည်မှာ, ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်သည့် လျှိုထန်းရှင်းနှင့် တာအိုမြူနှင်းတို့အပြင် ကျန်သည့်သူတွေကတော့ လျှိုချန်းရှန်နှင့် ယွမ်ရှီရှီတို့ ဖြစ်ပါသည်။
ယခုအချိန်တွင် ယွမ်ရှီရှီ၏ နတ်ဘုရားခန္ဓာကိုယ်သည် ချုပ်နှောင်ခံနေရပြီး၊ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
"ယွမ်ရှီရှီ၊ မင်းရဲ့ချစ်သူလေး မင်းကိုလာကယ် မင်း စောင့်နေချင်တာ မဟုတ်ဘူးလား။ မင်းရဲ့အိပ်မက်တွေ ရပ်တန်ဖို့ ငါ ပြောဖူးပါတယ်။ သူက ချောက်နက်ကြီးအောက်မှာသေသွားပြီ ဖြစ်နိုင်တယ်။ ငါ့စကားနားထောင်ပြီး နာခံဖို့ ငါ အကြံပြုတယ်။" လျှိုချန်းရှန်က ယွမ်ရှီရှီကိုကြည့်ရင်း တက်မက်ခြင်းကြီးစွာ ပြောသည်။
ယွမ်ရှီရှီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အကန့်အသတ်မဲ့ ညို့ငင်ခြင်းစွမ်းအားကို ထုတ်လွှတ် နေခြင်းက သူ့နှလုံးသားကို နာကျင်စေသည်။
အကယ်၍, သူ့အဖေက လောလောဆယ် သူ့ကို မထိဖို့ မပြောခဲ့ဘူးဆိုရင်၊ ချင်ယွင်ကို အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏အမွေနှစ်ကို လွှဲပြောင်းပေးရန်အတွက် သူမကို အသုံးပြုပြီး အကြပ်ကိုင်ဖို့ မဟုတ်ခဲ့ရင်, သူသည် ယွမ်ရှီရှီကို အဆုံးသတ်ပြီးသား ဖြစ်လိမ့်မည်။ အခုအချိန်အထိ သူ မည်သို့ စောင့်နေနိုင်မည်နည်း။
"ချင်ယွင် မသေဘူးလို့ ငါ ယုံကြည်တယ်။ သူ ထွက်ပေါ်လာရင် မင်းတို့ သေရမယ့်အချိန်ပဲ" ယွမ်ရှီရှီသည် လျှိုချန်းရှန်ကို စက်ဆုပ်ရွံရှာသော မျက်လုံးများဖြင့် ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။
ယွမ်ရှီရှီ၏ မျက်လုံးများမှ စက်ဆုပ်ရွံရှာဖွယ် အမူအရာကို မြင်လိုက်ရတော့ လျှိုချန်းရှန်၏ နှလုံးသားတွင် အမျက်ဒေါသက ချက်ချင်းဆိုသလို ပေါက်ကွဲသွားသည်။
"ဟမ့်, ချင်ယွင် ပေါ်လာတော့ရော ဘာဖြစ်မှာလဲ၊ အဲဒီအချိန်မှာ, သူက ငါအဖေ့လက်ထဲမှာ သေရလိမ့်မယ်။ ရန်မိုကို အနိုင်ယူနိုင်တာနဲ့ သူက ငါ့အဖေရဲ့ပြိုင်ဘက် ဖြစ်ပြီလို့ မထင်နဲ့။ သူရောက်လာရင်, မင်းအဖေကို မင်းရှေ့မှာပဲ သူ့ကို သုံးစားမရဖြစ်အောင် လုပ်ခိုင်းမယ်။ အဲဒီအချိန်ရောက်ရင် မင်းဘာပြောမလဲ ငါ မြင်ချင်သေးတယ်" လျှိုချန်းရှန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးတွေက တပ်မက်မှုများဖြင့် ပြည့်နေခဲ့သည်။
သူသည် ယွမ်ရှီရှီကို အချိန်အတော်ကြာကတည်းက မက်မောနေခဲ့သော်လည်း ယွမ်ရှီရှီ သည် ထိုသောက်ကောင် ချင်ယွင်ကို အထူးစိတ်ဝင်စားခဲ့ပြီး၊ ယင်းက သူ့စိတ်ထဲတွင် ထိုမွန်းကြပ်မူကို မျိုမချနိုင်ခဲ့ပေ။
သူသည် ချင်ယွင်နှင့် မယှဉ်နိုင်မှန်း သိသော်လည်း သူ့မှာ သြဇာကြီးမားသည့် ဖခင် တစ်ယောက် ရှိနေဆဲပင်။ သူ့အဖေက ဒီအယုတ်တမာ ချင်ယွင်ကို မသတ်နိုင်ဘူးဟု သူ မယုံပေ။
"အနံ့ဆိုးတဲ့မိန်းမ၊ အချိန်တန်ရင် မင်းကို အဲဒီအမှိုက်ကောင် ချင်ယွင် ရှေ့မှာ ငါ ကိုင်တွယ်ပြမယ်။ သူ့မိန်းမက ငါ့စွမ်းအားအောက်မှာ အရူးအမူး အော်ဟစ်နေတာကို သူ့မျက်စိနဲ့ ကိုယ်တိုင် မြင်စေချင်တယ်။" လျှိုချန်းရှန်သည် သူ့စိတ်ထဲမှာ အေးစက်စွာ ကြုံးဝါးလိုက်ပြီး သူ့မျက်နှာက စဉ်းလဲကောက်ကျစ်သည့် အပြုံးများဖြင့် ပြည့်နေသည်။
"ဘုန်း"
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လူတစ်ဦး သည် အဝေးမှ ပျံသန်းလာခဲ့သည်။
သို့သော် ထိုလူသည် လက်ဗလာသက်သက်ဖြင့် လာခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား၊ သူသည် လက်တစ်ဖက်တည်းဖြင့် အနှိုင်းမဲ့ကြီးမားသော နတ်တောင်ကြီးတစ်ခုကို ကိုင်မြှောက်ကာ တုနှိုင်းမရသော ပုံစံဖြင့် ကောင်းကင်ယံကို ဖြတ်ကျော်လာခြင်း ဖြစ်သည်။
“ဒီ… ဒီလူက ဘယ်သူလဲ၊ သူက ဧရာမတောင်ကြီးကို ဒီနေရာကို ယူဆောင်လာတဲ့ ပုံစံအရ အလွန် လွှမ်းမိုးနိုင်စွမ်းရှိသူ ဖြစ်တယ်။ ဖြစ်နိုင်တာက သူက ဒီဧရိယာကို ဖြိုခွင်းပစ်ဖို့ ရောက်လာတာများလား”။
ချက်ချင်းပင် လူအုပ်ထဲမှ သတိပေးအော်ဟစ်သံများ ထွက်ပေါ်လာပြီး ချင်ယွင်ကို မသိကြသည့် လူအချို့သည် အံ့ဩသည့် အမူအရာများကို ဖော်ပြလာခဲ့ကြသည်။
ဟုတ်သည်။ တောင်ကြီးကို မြှောက်ထားတဲ့လူက ရန်လိုတတ်တဲ့ ချင်ယွင်ဆိုတာ အတိအကျပဲ။
သူ့လက်ထဲမှ နတ်တောင်တန်းကိုလည်း လမ်းတစ်ဝက်မှာ သူ ကြားဖြတ်ယူခဲ့ခြင်း ဖြစ်သည်။ ဤနတ်တောင်သည် ပေတစ်သောင်းမြင့်ပြီး၊ အထွက်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်ကို ထုနှက်လိုက်သည်နှင့် ထိုအထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်ပညာရှင် ဖြိုခွင်းရန် လုံလောက်ပေလိမ့်မည်။
ယခုလို ထိတ်လန့်စရာကောင်းသည့် မထိတ်လန့်သူ မည်သူရှိမည်နည်း။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ယွမ်ရှီရှီ၏ ချစ်စဖွယ် မျက်နှာလေးက ချက်ချင်းဆိုသလို ရွှင်မြူးသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင် သေချာပေါက် မသေသေးဟု သူမ ပြောခဲ့သည်။ ယခု၊ ဤလွှမ်းမိုးကြီးစိုးမှုနှင့် သူရဲကောင်းဆန်သော အပြုအမူသည် သူမယွမ်ရှီရှီ၏ လူဖြစ်နေသည်။
"ဟမ့်၊ ချင်ယွင်၊ မင်းက ဒီဧရာမတောင်ကြီးနဲ့ ဘယ်သူကို ကြောက်လှန့်ဖို့ ကြိုးစားနေတာ လဲ။ မင်းက ငါတို့ကို ဒီလိုပုံစံမျိုးနဲ့ ထိခိုက်အောင် လုပ်နိုင်တယ်လို့ မင်း ထင်နေတာလား။" ချင်ယွင်၏ ရုပ်အသွင်ကို မြင်လိုက်ရသောအခါတွင် လျှိုချန်းရှန်၏ စိတ်နှလုံးသည် ချက်ချင်းဆိုသလို ဒေါသထန်ပြင်း ထွက်ပေါ်လာပြီး အေးစက်စွာ အော်ပြောလိုက်သည်။
တစ်ဖက်တွင်မူ၊ လျှိုထန်းရှင်းနှင့် တာအိုမြူနှင်းတို့သည် မကြာသေးခင်ကမှ ချင်ယွင်၏ အကြောင်းကို ကြားသိဖူးခြင်းဖြစ်ပြီး၊ သိလိုစိတ်ပြင်းပြဟန်ဖြင့် ချင်ယွင်ကို ကြည့်နေကြ သည်။
ချင်ယွင်သည် တောင်ထိပ်ပေါ်တွင် ရပ်နေကာ အေးစက်သော မျက်လုံးတစ်စုံဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။
ယွမ်ရှီရှီ ချုပ်နှောင်ခံထားရသည်ကို သူ မြင်လိုက်ရသည့်အခါ ပြင်းထန်သော အေးစက်မှုက လူတွေကို သတ်ဖြတ်နိုင်သည့် ဖီးနစ်တကောင်၏ မျက်လုံးထဲကနေ ချက်ချင်း ထွက်ပေါ် လာသည့်အလား သူ့အကြည့်တွေ စကားပြောနေသည့် လျှိုချန်းရှန်ထံသို့ ကျရောက် သွားခဲ့သည်။
လျှိုချန်းရှန်သည် ချင်ယွင်၏ အကြည့်ကြောင့် ထိတ်လန့်သွားသည်။ အကြောင်းတစ်ခုခု ကြောင့် ချင်ယွင် သူ့ကို ကြည့်လိုက်သည့်အခိုက်မှာ သူ့ရင်ထဲ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
အကြည့်လေးတစ်ချက်က သူ့ကို ထိတ်လန့်သွားစေသည်။ ချင်ယွင်သည် မည်သို့ ဤမျှ သန်မာနိုင်ရသနည်း။
ဤမျှအတိုင်းအတာအထိ သူ့အဖေတောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူက ငါ့အဖေရဲ့ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ" လျှိုချန်းရှန်က ဆောလျင်စွာ ခေါင်းခါလိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူ့ဦးခေါင်းထက်မှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ခမ်းနားထည်ဝါမူကို ခံစားရပြီး၊ ယင်းက သူ့ဦးရေပြား ထုံကျင်သွားစေသည်။
သူသည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လျှင် ချင်ယွင်သည် သူမြှောက်ထားသည့် တောင်ကြီးကို အပြင်းအထန် ဝှေ့ယမ်းလိုက်သည်ကို တွေ့လိုက်ရပြီး၊ ပေတစ်သောင်းမြင့် သည့် ထိုတောင်ကြီးသည် လျှိုချန်းရှန်ဆီကို အပြင်းအထန် ရိုက်ခတ်သွားပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံး တိုက်ပွဲကြား ကြားညပ်သွားမည်ကို ကြောက်ရွံ့ကြပြီး၊ ကြောက်လန့်တကြား ဆုတ်ခွာသွားကြပါသည်။
သူတို့အနေဖြင့်ဆို၊ သူတို့ရှေ့က တိုက်ပွဲသည် အင်မော်တယ်တွေကြားက တိုက်ပွဲတစ်ခု ဖြစ်ပြီး သူတို့သည် ကိုယ်ကိုယ်ကို သေမျိုးအဖြစ်သာ ယူဆနိုင်ပါသည်။ အင်မော်တယ်တွေ ကြားမှ တိုက်ပွဲတစ်ခုသည် အကယ်၍, သူတို့သာ သတိမပြုမိပါက သူတို့သည် သေမျိုးများ ကဲ့သို့ သေဆုံးသွားပေလိမ့်မည်။
"မင်း ဘယ်လိုလုပ် အတင့်ရဲဝံ့တာလဲ"
လျှိုချန်းရှန်သည် တောင်ကြီး ရုတ်ချည်း ရောက်ရှိလာခြင်းကြောင့် ထိတ်လန့်သွားစဉ်မှာ, တာအိုမြူနှင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
အေးစက်သော ဓားတစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာသည်။
ဓားအလင်းသည် လေထဲသို့ အလျင်မြန် ဖြတ်သန်းသွားကာ ချင်ယွင် ပစ်ချလိုက်သော ဧရာမတောင်ကြီးသည် ဓားအလင်းအောက်တွင် နှစ်ခြမ်း ကွဲသွားခဲ့သည်။
တောင်ကြီးကို ပိုင်းဖြတ်ပြီးသည့်အခါ ၎င်းဓားအလင်းသည် အဝေးက တောင်တန်းကြီး တစ်ခုထဲကို တိုက်ရိုက် ကျရောက်သွားခဲ့သည်။ လူတိုင်း အော်ဟစ်သံများ ဆူညံသွားကြ သည်။
သို့သော် တောင်ကြီးပေါ်ရှိ ပိုင်းဖြတ်ထားသော ဖြတ်ပိုင်းမူသည် မှန်ကဲ့သို့ သပ်ရပ်ကြောင်း တွေ့ရှိသောကြောင့် လူတိုင်း အံ့ဩသွားကြသည်။
တောင်ကြီးကို ဖြတ်ပိုင်းခြင်းက မခက်ခဲသော်လည်း တောင်ကြီးကို ဓားတစ်ချက်တည်းဖြင့် မှန်သဖွယ် ညီညာအောင် ဖြတ်ပိုင်းခြင်းက ဓားပညာထက်မြက်ဖို့ လိုအပ်ပါသည်။
ဤတာအိုမြူနှင်းသည် ထိုပေါ့ပေါ့ပါးပါး ဓားချက်ဖြင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိခဲ့သည်။ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ရန် အမှန်တကယ် ထိုက်တန်သူ ဖြစ်သည်။
သို့သော် ချင်ယွင်၏မျက်နှာက အနည်းငယ်မျှ အပြောင်းအလဲ မရှိပေ။ သူသည် လေဟာနယ်ထဲတွင် ရပ်နေခဲ့ပြီး၊ သူ၏၀တ်ရုံများက တဖျပ်ဖျပ် ခတ်နေကာ အေးစက်စွာ ငုံ့ကြည့်နေသည်။ သူက အေးစက်စွာ ပြောလိုက်သည် "ငါ့မိန်းမကို လွှတ်လိုက်ပါ။ မဟုတ်ရင်, မင်းတို့အားလုံး သေရလိမ့်မယ်"
ထိုစကားများ ပြောပြီးသည့်အခိုက်တွင် ကောင်းကင်လေဟုန်တောင်တန်း ချောက်ကမ်းပါး တစ်ခုလုံး ပေါက်ကွဲသွားပုံရသည်။
ဤစကားက လွှမ်းမိုးနိုင်လွန်းသည် မဟုတ်ပါလား။ ဤစကားအရ, သူသည် တာအိုမြူနှင်း နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို သူ့မျက်လုံးထဲမှာ ထည့်ထားခြင်း မရှိဟု ဆိုလိုရာရောက်ပေသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် တာအိုမြူနှင်းတို့သည် သူတို့၏ မျက်လုံးများကို မှေးကျဉ်းလိုက်ကြသည်။ သို့သော် ကျွမ်းကျင်သူများအနေနှင့် သူတို့သည် အလွယ်တကူ ဒေါသမထွက်ခဲ့ကြသော်လည်း ၎င်းတို့၏ဂုဏ်သိက္ခာကို လုံးဝ အနင်းမခံနိုင် ကြပေ။
ထိုအချိန်တွင် ယွမ်ရှီရှီသည် အလွန်မင်း လှုပ်ရှားသွားကာ သူမ၏မျက်လုံးများက စိုစွတ်လာ သည်။
ဒီအသက်နှင့်သက်ဆိုင်သည့် စကားကြောင့် ရှင်သေသွားရင် ဘယ်လိုလုပ်မလဲ။