အခန်း ၁၆၈၇
Vol. 113 Ch. 1687
အခန်း (၁၆၈၇) ဒူးထောက်ပြီး စကားပြောပါ။
ထိုအခိုက်တန့်မှာ တာအိုမြူနှင်း၏ မျက်လုံးတွေက လုံးဝကို ကျဉ်းမြောင်းသွားခဲ့ပါပြီ။
အတိတ်က သူလျှောက်သွားခဲ့ဖူးသည့် နေရာတိုင်းမှာ သူကို လေးလေးစားစား မဆက်ဆံဖူး သည့် နေရာမျိုး မရှိခဲ့ပေ။ အခုဆို တစ်စုံတစ်ယောက်က သူကို ယခုလို လေသံမျိုးဖြင့် ပြောရဲလာသည်။ ယင်းကြောင့် သူ့စိတ်ထဲတွင် ပြင်းထန်သော အမျက်ဒေါသ ဖြစ်ပေါ်လာခဲ့ သည်။ သို့သော်, သူသည် တိုက်ရိုက် မပေါက်ကွဲခဲ့ပေ။
"မင်းအနေနဲ့ အုပ်စိုးရှင်မဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်ကို လွှဲပေးတာနဲ့ မင်းမိန်းမကို ငါလွှတ်ပေးမယ်။" လျှိုထန်းရှင်းသည် ချင်ယွင်၏ ကြီးစိုးမူကို မကျေနပ်သံဖြင့် အေးစက်စွာ ပြောလိုက်သည်။
လျှိုထန်းရှင်း၏ စကားကို ချင်ယွင် ကြားသောအခါ သူက အေးစက်စွာ ပြောသည် “ကျုပ်က လူသေတွေနဲ့ ဘယ်တော့မှ မညှိနှိုင်းဘူး"
ထိုစကားများ ပြောပြီးသည်နှင့် လျှိုထန်းရှင်းသည် လုံးဝ ဒေါသထွက်သွားခဲ့သည်။ သူ့ မျက်လုံးတစ်စုံက ကောင်းကင်ယံရှိ ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်လျက် သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာသည်။
"ဟား…၊ ဟား… ငါ နောက်ကျသွားပြီ"
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ် လာခဲ့သည်။
ပုံရိပ်သုံးခုသည် အဝေးမှ ဖြတ်သန်း၍ ကောင်းကင်ယံ၌ ပေါ်လာသည်။
ရောက်ရှိလာသူ သုံးဦးသည် လင်းဘ၊ လုံချန်နှင့် ဟုန်ရန်မှလွဲ၍ အခြားလူများ မဟုတ်ပေ။
လင်းဘကို မည်သူမျှ မသိကြသော်လည်း လုံချန်နှင့် ဟုန်ရန်တို့သည် မဟာနတ်ဆိုး နတ် ဘုရားအကျဉ်းထောင်၏ ထင်ရှားကျော်ကြားသူများ ဖြစ်သောကြောင့် သူတို့နှစ်ဦး၏ ထွက်ပေါ်လာမူက ချက်ချင်းဆိုသလို အပြင်းအထန် ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်လာစေသည်။
လျှိုထန်းရှင်းနှင့် တာအိုမြူနှင်းတို့သည် အကြည့်ချင်း ဖလှယ်ကြပြီး၊ အချင်းချင်း၏ မျက်လုံးထဲတွင် လေးနက်မှု အရိပ်အယောင်များကို တွေ့လိုက်ရသည်။
သူတို့သည် လုံချန်ကို ရင်ဆိုင်ရန်အတွက် အတူလက်တွဲ လုပ်ဆောင်ရန် သဘောတူထား ပြီးဖြစ်သော်လည်း ယခုအခါ လုံချန်နှင့် ဟုန်ရန်တို့သည် အမှန်တကယ် ရောက်ရှိလာမည် ဟု မမျှော်လင့်ထားကြပေ။
သို့သော် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဤချင်ယွင်ကို ဖယ်ရှားပြီး အုပ်စိုးရှင်မဟာ နတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို လွှဲပြောင်းပေးအပ်ရန် တွန်းအားပေးနိုင်ဖို့ ဖြစ်သည်။ လုံချန်နှင့် အခြားသူများ ဝင်ရောက်စွက်ဖက်မည်ကို သူ ကြောက်မိသည်။
"လုံချန်, ဟုန်ရန်၊ မင်းတို့က ဝင်စွက်ဖက်ချင်တာလား" လျှိုထန်းရှင်းက သူတို့နှစ်ယောက် ကို ကြည့်ပြီး မေးသည်။ သိသာသည်မှာ၊ သူသည် လုံချန်နှင့် အခြားသူများကို ချင်ယွင်၏ အရေးကိစ္စတွင် ဝင်ရောက်မစွက်ဖက်ရန် အတင်းအကျပ် ဖိအားပေးနေသည်မှာ ထင်ရှား သည်။
လုံချန်နှင့် ဟုန်ရန်တို့သည် ထိုစကားကိုကြားသောအခါ တပြိုင်နက် ရယ်မောကြသည်။ လုံချန်က ပိုမိုကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည် "လျှိုထန်းရှင်း၊ မင်း စိတ်မပူနဲ့၊ ငါတို့က ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ငါက ဒီကို ပွဲကြည့်ဖို့သက်သက် ရောက်လာတာ ဖြစ်တဲ့အပြင်, မင်းတို့ စော်ကားဖို့ မတတ်နိုင်တဲ့လူတွေ ရှိသေးတယ်လို့ ငါ မင်းတို့ကို သတိပေးချင်လို့လဲ ဖြစ်တယ်”။
လျှိုထန်းရှင်းသည် လုံချန်၏ ဆိုလိုရင်းကို နားမလည်ဘဲ ချက်ချင်း မျက်မှောင်ကြုတ်လိုက် သည်။
သူပြောခဲ့သည့် သူတို့ မပြစ်မှားနိုင်သည့်လူက ချင်ယွင်များ ဖြစ်နေမလား။
ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။
ဤချင်ယွင်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာပင် ရှိမနေခဲ့ပေ။ သူက မည်သို့ မပြစ်မှားနိုင်သူ ဖြစ်ရမည်နည်း။
ဤလုံချန်က ခြောက်လှန့်နေခြင်း ဖြစ်ရမည်။
လျှိုထန်းရှင်းသည် ထိုအကြောင်းကို တွေးလိုက်ချိန်မှာ လုံချန်သည် ချင်ယွင်နှင့်အတူ ချောက်ထဲကို ဝင်သွားသည့်အကြောင်းကို သူ ချက်ခြင်း သဘောပေါက်သွားပါသည်။ လုံချန်သည် ချင်ယွင်ထံမှ အုပ်စိုးရှင် မဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို သူ့ကို မယူစေလိုသောကြောင့် တမင်တကာ ခြောက်လှန့်ခြင်း ဖြစ်ရမည်။
"မင်းတို့ မလှုပ်ရှားသရွေ့, ငါတို့က မင်းတို့ကို မစော်ကားဘူး" လျှိုထန်းရှင်းက ရယ်မောလိုက်သည်။
ထိုစကားကိုကြားတော့ လုံချန်နှင့် ဟုန်ရန်တို့သည် ခေါင်းကို ခါယမ်းလိုက်ကြသည်။ လျှိုထန်းရှင်းသည် ချင်ယွင်၏ ကြောက်မက်ဖွယ် စွမ်းအားကို တစ်ခါမျှ မမြင်ဖူးသော ကြောင့် သူတို့၏ အကြံဉာဏ်ကို နားမထောင်ခြင်းက ဖြစ်သင့်ပါသည်။
"အစ်ကိုကြီး၊ မင်းကိုယ်စား သူတို့ကို သင်ခန်းစာပေးဖို့ လိုသေးလား" လင်းဘသည် ချင်ယွင်၏ အနားသို့ ရောက်လာပြီး မေးလိုက်သည်။
"မလိုဘူး၊ ပုစွန်သေးသေး နှစ်ကောင်ပဲကို။ အကိုကြီးကိုယ်တိုင် ကိုယ်တွင်နိုင်တယ်။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။
လင်းဘသည် ထိုစကားကိုကြားသောအခါ အခြားဘာမျှ မပြောတော့ပေ။ သူသည် ချင်ယွင်၏ စကားကို ယုံကြည်သည်။ ထို့ကြောင့် ဘေးတဘက်ကို တိုက်ရိုက် ဆုတ်သွား သည်။ ချင်ယွင်ကိုယ်တိုင်က ပုဇွန်လို့ ပြောမှတော့ ပုဇွန်တွေဘဲ ဖြစ်ပါလိမ့်မည်။
သို့သော် ဤစကားသည် လူတိုင်း၏နားထဲသို့ ရောက်သွားသောအခါတွင်၊ ထိုစကားသည် ကောင်းကင်တုန်ခါလောက်သည့် လျှပ်စီးကြောင်း မဟုတ်ကြောင်း သံသယဖြစ်ဖွယ် မရှိသ ဖြင့် လူတိုင်းကို အလွန်မင်း ထိတ်လန့်သွားစေသည်။
တာအိုမြူနှင်းနှင့် လျှိုထန်းရှင်းတို့သည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သူတို့ ရှေ့က ဤလူငယ်သည် အလွန်မောက်မာလွန်းသည်ဟု ခံစားမိကြသည်။
"ဂိုဏ်းခေါင်းဆောင် လျှို၊ ဒီလူကို ငါ့တာဝန် ထားလိုက်ပါ။ အုပ်စိုးရှင် မဟာနတ်ဆိုး နတ်ဘုရားရဲ့ အမွေနှစ်ကို သူ့ပါးစပ်က ထုတ်ပြောလာအောင် ငါ ကူညီပေးမယ်။" တာအိုမြူနှင်းက လျှိုထန်းရှင်းဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ ဒါဆို ငါ မင်းကို ဒုက္ခပေးရတော့မယ်" လျှိုထန်းရှင်းက ပြန်ဖြေသည်။
လျှိုထန်းရှင်း သဘောတူသည်ကို မြင်တော့ တာအိုမြူနှင်းသည် ချင်ယွင်ကို တိုက်ရိုက် လှည့်ကြည့်လိုက်သည်။ သူ့လက်ထဲက အေးစက်နေသည့်ဓားက လေထဲတွင် ဓားတစ်ချောင်းအဖြစ် ပိုင်းဖြတ်သွားခဲ့သည်။
၎င်းဓားချက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် မည်သည့်ဓားစွမ်းအင်မှ မပါဝင်သလို ဆန်းပြားသည့် မည်သည့်ဓားအလင်းမှလည်း မရှိပေ။
သို့သော်လည်း လေဟာနယ်တစ်ခုလုံး ကွဲအက်သွားပုံရပြီး ကြီးမားသော လေဟာနယ် အကွဲအပြဲကြီးတစ်ခု ကောင်းကင်ယံ၌ ရုတ်တရက် ပေါ်လာသည်။
ဓားကျဆင်းမူကလည်း ပုံမှန်ထက် ဘာမှမပိုချေ။
ဤအဆင့်တွင်၊ ပေါ့ပေါ့ပါးပါး ဓားကွက်များကပင် အပြင်းထန်ဆုံးသော ဓားကွက်များ ဖြစ်လာနိုင်ပါသည်။
တာအိုမြူနှင်းသည် ဤဓားချက်ကို ခုတ်ပိုင်းလိုက်သောအခါ၊ ချင်ယွင်၏ ပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူသည် နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ တာအိုမြူနှင်း၏ ရှေ့တွင် ရောက်ရှိနေခဲ့ ပြီ။ လေထဲတွင် လွင့်မျောနေသည့် ပုံရိပ်၏အဝတ်စားများသည် တာအိုမြူနှင်းနှင့် တစ်မီတာခန့်သာ ဝေးတော့သည်။
တာအိုမြူနှင်းသည် သိသိသာသာ ထိတ်လန့်သွားသည်။ ချင်ယွင်၏ အရှိန်ဟုန်က ဤမျှ မြန်ဆန်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူ့လက်ထဲက အေးစက်နေသည့် ဓားဖြင့် ချင်ယွင်ဆီ ချက်ချင်း ဖြတ်ပိုင်းလိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ရှောင်တိမ်းခြင်းမရှိဘဲ ဓားကို ဖမ်းဆုပ်ရန် လက်နှစ်ချောင်းကို တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
ချင်ယွင်၏နောက်တွင် ပေတစ်သောင်းရှည်လျားသည့် လေဟာနယ် လျှိုမြောင်တစ်ခု ဆန့်ထွက်လာခဲ့သည်။ သို့သော် ထိုကြောက်မက်ဖွယ် ဓားသည် ချင်ယွင်၏လက်ထဲတွင် အလွယ်တကူ ဖမ်းဆုပ်ခံလိုက်ရသည်။
"ဘယ်လို... သူ ဘယ်လိုလုပ်လိုက်တာလဲ" ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်သည်နှင့် အသက်ရှူသံတွေ ရုတ်တရက် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ဤအခိုက်တွင်၊ တာအိုမြူနှင်းသည် ရုတ်တရက် အားနည်းသွားသည်ဟု သူတို့ ခံစားလိုက်ရသည်။ တကယ်တော့ တာအိုမြူနှင်းက အားနည်းသွားခြင်း မဟုတ်ဘဲ ချင်ယွင် ကိုယ်တိုင်က အရမ်းကို သန်မာလွန်း၍ ဖြစ်သည်။
တာအိုမြူနှင်းလည်း အလွန်မင်း တုန်လှုပ်သွားသည်။ သူ့ဓားစွမ်းအားကို လက်နှစ်ချောင်း ဖြင့် တစ်စုံတစ်ယောက်က ခုခံရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါချေ။
အခြားတဖက်တွင်မူ, လျှိုထန်းရှင်းသည် သူ့ဘေးနားရှိ လျှိုချန်းရှန်ကို စိုက်ကြည့်နေရင်းမှ သူ့မျက်ခုံးများက တွန့်သွားသည်။
လျှိုချန်းရှန်လည်း ကြောက်ရွံ့သွားသည်။ ချင်ယွင်သည် ရန်မိုနှင့် တူညီသည့် စွမ်းအားသာ ရှိကြောင်း သူ့အဖေအား ယခင်က သူ ပြောခဲ့ဖူးသော်လည်း ယခုအချိန်တွင် ချင်ယွင်၏ တိုက်ခိုက်ရေး စွမ်းအားသည် တာအိုမြူနှင်းထက်တွင် ရှိနေသည်မှာ ထင်ရှားသည်။
တာအိုမြူနှင်းသည် ချင်ယွင်၏ ခွန်အားကို သိရှိသွားပြီး၊ သူ့ပြိုင်ဘက် မဟုတ်သည်ကို သိသွားသောကြောင့် သူသည် နောက်ဆုတ်ရန် ကြံရွယ်လိုက်သည်။
သို့သော် ထိုအခိုက်တွင် ချင်ယွင်၏ပါးစပ်ထောင့်က ထူးဆန်းစွာ တွန့်ကွေးသွားသည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်။
"မကောင်းတော့ဘူး"
တာအိုမြူနှင်းသည် သူ အခြေအနေ မကောင်းကြောင်း ချက်ချင်း သဘောပေါက်သော် လည်း, သူ့အတွက် တုံ့ပြန်နိုင်ရန် စောင့်ဆိုင်းခွင့် မရှိတော့ပေ။
နောက်အခိုက်အတန့်တွင် လက်သီးတစ်ချက်က သူ့ရင်ဘတ်ပေါ်သို့ ကျရောက်လာနေပြီ ဖြစ်သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တာအိုမြူနှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤလက်သီးအောက်တွင် လုံးဝ ပေါက်ကွဲသွားခဲ့သည်။ နေရာတိုင်းတွင် သွေးများ လွင့်စင် သွားပြီး သူ့အလောင်းပင် လုံးဝ မကျန်ခဲ့တော့ပေ။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည်ပင် ဤလက်သီးချက်၏ စွမ်းအားအောက်တွင် လုံးလုံးလျားလျား ပျောက်ဆုံးသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း လုံးဝ ဆွံ့အသွားကြပြီး သူတို့၏ မေးရိုးများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လူတိုင်းသည် ၎င်းတို့၏ခံစားချက်များကို ဖော်ပြရန် မည်သည့်စကားကို အသုံးပြုရမည်ကို မသိကြတော့ပေ။
ယင်းက မည်သည့်အဆင့် ပညာရှင်လဲ။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးသည် လက်သီး တစ်ချက်ဖြင့် ပေါက်ကွဲပြီး သေဆုံးသွားခြင်းက အမှန်တကယ်ပင် သောက်ရမ်း ကြောက်စရာကောင်းလွန်းသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လျှိုချန်းရှန်သည် လုံးဝကို ထိတ်လန့်သွားပါသည်။
ဤအခိုက်အတန့်ရောက်မှသာ သူသည် မည်သည့် တည်ရှိမှုမျိုးကို ရန်စမိခဲ့ကြောင်း သိရှိသွားခဲ့သည်။
လျှိုထန်းရှင်းလည်း အလွန်မင်း တုန်လှုပ်သွားသည်။ သူပင်လျှင် တာအိုမြူနှင်းကို လက်သီးတစ်ချက်ဖြင့် မသတ်ဖြတ်နိုင်ပါဘူး။
ဤအခိုက်အတန့်တွင် လုံချန်သည် သူ့အား ထိုစကားကို အဘယ့်ကြောင့် ပြောပြခဲ့သည်ကို နောက်ဆုံး နားလည်သွားသည်။ ထင်ရှားသည်မှာ၊ ချင်ယွင်ကို မနှိုးဆော်ရန် သူ့ကို သတိပေးနေခြင်း ဖြစ်သည်။
သို့သော် အလွန် နောက်ကျသွားခဲ့ပြီ။ အဘယ့်ကြောင့်ဆိုသော်, ချင်ယွင်က သူ့ကို စိုက်ကြည့်နေပြီ ဖြစ်သောကြောင့်ပင်။
လျှိုထန်းရှင်းသည် ချင်ယွင်၏ အေးစက်သော မျက်လုံးများကို ကြည့်လိုက်သည်။ ဤအရာက သူ့ဘဝမှာ ပထမဆုံး အကြိမ် ကြောက်ရွံ့ခြင်းပင် ဖြစ်သည်။ အကြောင်း တစ်ခုခုကြောင့် သူသည် လူငယ်တစ်ဦးနှင့် ရင်ဆိုင်နေရခြင်း မဟုတ်တော့ဘဲ၊ ပြိုင်ဘက်ကင်း မဟာနတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း ခံစားရသည်။
'"ချင်ယွင်, မင်းရဲ့ခွန်အားက ဒီလောက်အစွမ်းထက်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ငါ မင်းကို လျှော့တွက်ခဲ့မိတယ်။ ဒါပေမယ့် ငါလျှိုထန်းရှင်းက အနိုင်ကျင့်ဖို့ လွယ်ကူသူ မဟုတ်ဘူး။ ငါတို့ ဘာလို့ ဒီနေရာမှာ ရပ်လိုက်ပြီး ရန်သူအဖြစ်ကနေ မိတ်ဆွေအဖြစ် မပြောင်းလဲရတာလဲ။ ဒါကို မင်း ဘယ်လိုထင်လဲ။" လျှိုထန်းရှင်းက မျက်လုံးများကို လှည့်ပတ်ကစားရင်း ပြောလိုက်သည်။
ယခုအချိန်မှာ အရှုံးကို ဝန်ခံရခြင်းက သူ့အတွက် အနည်းငယ် ရှက်စရာကောင်းသော် လည်း၊ ယခုအချိန်တွင် ချင်ယွင်နှင့် ရန်သူဖြစ်ရန် ရွေးချယ်မှုသည် ပညာမဲ့သော ရွေးချယ်မှု တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း အံ့သြသွားကြသည်။ လျှိုထန်းရှင်းသည် အရှုံးကို အမှန်တကယ် ဝန်ခံလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"ဟုတ်ပါပြီ။ ဒူးထောက်ပြီး စကားပြောပါ" သို့သော် ချင်ယွင်က လူတိုင်းကို ထိတ်လန့်စေ မည့် တစ်စုံတစ်ခုကို ပြောလိုက်သည်။