← Chapters

အခန်း ၁၆၈၉

Vol. 113 Ch. 1689

အခန်း ၁၆၈၉

Vol. 113 Ch. 1689

အခန်း (၁၆၈၉) နှလုံးသားနှင့်စိတ်ဝိညာဉ်ကို စမ်းသပ်ခြင်း။

ထိုကဲ့သို့ပင်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူနှစ်ဦးသည် ချင်ယွင်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး၊ ပတ်ဝန်းကျင်ရှိလူများသည် အဆုံးမရှိ သက်ပြင်းချနေ ကြသည်။

ချင်ယွင်ကို ငေးကြည့်ရင်း သူတို၏အကြည့်များမှာလည်း လေးစားမှု ရှိလာခဲ့သည်။

ဤကမ္ဘာကြီးသည် ပညာရှင်များကို လေးစားကြပြီး ချင်ယွင်၏ ခွန်အားသည် လူတိုင်း၏ လေးစားမှုကို ရရှိရန် လုံလောက်ပါသည်။

ကောင်းကင်နတ်ဆိုးသစ်ပင်ပေါ်ရှိ ကောင်းကင်နတ်ဆိုးသစ်သီးသည် တဖြည်းဖြည်း ရင့်မှည့်လာသော်လည်း ၎င်းအတွက် မည်သူမျှ မတိုက်ခိုက်ဝံ့ပေ။ သစ်သီးနှစ်လုံးသည် ချင်ယွင်၏လက်ထဲသို့ ကျရောက်သွားခဲ့သည်။

ချင်ယွင်သည် ယွမ်ရှီရှီအား တစ်လုံးပေးပြီး၊ နောက်တစ်လုံးကို သူ့ကိုယ်တိုင်အတွက် သိမ်းဆည်းထားသည်။

ဟွန်ထျန်း၏မစ်ရှင်မှာ ကောင်းကင်နတ်ဆိုးသစ်သီးကို ယူပြီး ပြန်လာရန်ဖြစ်ကာ အနည်း များ တောင်းဆိုခြင်း မဟုတ်ပေ။ ထို့ကြောင့် ချင်ယွင်သည် တစ်လုံးကို ထိန်းသိမ်းထား သရွေ့ ကျန်တစ်လုံးက သူ့ကိုယ်တိုင်အတွက် မလိုအပ်တော့ပေ။ ထိုကြောင့် သူမကိုယ်သူမ ကာကွယ်နိုင်ရန် ယွမ်ရှီရှီထံထားခြင်းက ပိုကောင်းသည်။

လက်ရှိတွင်၊ ဟွန်ထျန်းမှ ထုတ်ပြန်ခဲ့သော မစ်ရှင်သုံးခုအနက် နှစ်ခုမှာ ပြီးဆုံးသွားခဲ့ပြီး ချင်ယွင်သည် သူ၏အချိန်သုံးပုံတစ်ပုံပင် ကုန်ဆုံးခြင်း မရှိသေးပေ။

ကျန်ကိုးလအတွင်း ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်ကို သူ ဆင်ခြင် နားလည်နိုင်သရွေ့ ဤနေရာမှ ထွက်ခွာပြီး ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ရယူနိုင်မည် ဖြစ်သည်။

ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်သည် ကနဦးစကြဝဠာဉပဒေသများ နှင့် အနည်းငယ် ဆင်တူကြောင်း ချင်ယွင်သိသော်လည်း အတိအကျ တူညီခြင်း မရှိပေ။ ထို့ကြောင့် သူ လုံး၀ မသေချာသေးပါ။ ထို့ကြောင့် သူသည် အင်မော်တယ်တောင်သို့ သွားကြည့်ရန် လိုနေသေးသည်။

"ငါ အင်မော်တယ်တောင်ကို သွားချင်တယ်။ မင်း ငါနဲ့ လိုက်ချင်လား။ ဒါမှမဟုတ် နတ်ဘုရားမဂိုဏ်းကို ပြန်ချင်လား။" ချင်ယွင်က ယွမ်ရှီရှီကို ကြည့်ကာ မေးသည်။

"ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်" ယွမ်ရှီရှီက မဆိုင်းမတွ သဘောတူလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ပြုံးလိုက်မိသည်။

"ငါလည်း သွားချင်တယ်" ထိုအချိန်တွင် လင်းဘ၏အသံ ထွက်ပေါ်လာသည်။

ထို့နောက် လင်းဘသည် ချင်ယွင်၏ရှေ့သို့ ဖျတ်ခနဲ ရောက်လာသည်။

ချင်ယွင်က လင်းဘကို ခေါင်းညိတ်ပြလိုက်သည်။ မူလကတည်းက သူသည် လင်းဘကို ခေါ်ဆောင်ရန် စီစဉ်ထားခဲ့သည်။ အကယ်၍, သူ့ခန့်မှန်းချက်သာ မှန်ကန်ပါက, သူသည် ပန်ဂုလူပြန်ဝင်စား ပိန်ပိန်ကောင်လေးကို ပြန်တွေ့ရနိုင်သည်။

"ဟား…၊ ဟား…၊ ငါတို့မပါဘဲ အင်မော်တယ်တောင်ကို ဘယ်လိုလုပ် သွားနိုင်ရတာလဲ" ကောင်းကင်ယံမှ နောက်ထပ် အူလှိုက်သည်းလှိုက် ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် အသံ၏ဦးတည်ရာကို ကြည့်လိုက်ရာ လုံချန်နှင့် ဟုန်ရန်တို့သည် သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။

"မင်းတို့ရော အင်မော်တယ်တောင်ကို သွားမှာလား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

အင်မော်တယ်တောင်သည် ဒဏ္ဍာရီလာနေရာတစ်ခု ဖြစ်ပြီး၊ ဖြစ်နိုင်တာက လုံချန်နှင့် ဟုန်ရန်တို့သည် သူတို့ ပြန်လာနိုင်ခြင်းမရှိမည်ကို မစိုးရိမ်ကြဘူးလား။

"ဒီကမ္ဘာထဲမှာ ရန်သူတွေ မရှိဘူး။ ဒါက တကယ်ကို ပျင်းစရာကောင်းတယ်။ ငါတို့က ဘာလို့ အင်မော်တယ်တောင်ကို မသွားရမှာလဲ။ အဲဒီနှစ်ယောက်အပြင် အင်မော်တယ် တောင်မှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့ တခြားကျွမ်းကျင်သူတွေ ရှိတယ်ဆိုတာ ငါ ကြားဖူးတယ်။ အဲဒီကိုသွားရတာ ပိုစိတ်ဝင်စားစရာ မကောင်းဘူးလား။" လုံချန်က ပြုံးပြုံးလေး ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ချက်ချင်း ရယ်လိုက်သည်။

အမှန်ပင်၊ အင်မော်တယ်တောင်တွင် သိပ်မကြာခင်က ဝင်ရောက်သွားသူ လူနှစ်ဦးရှိသည့် အပြင် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် အခြားကျွမ်းကျင်သူများလည်း ရှိနေရမည်။ ထိုလူများသည် အင်မော်တယ်တောင်တန်းတွင် အထီးကျန်စွာ နေထိုင်ခဲ့သည် မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး၊ ၎င်းတို့အကြောင်းကို ပြင်ပကမ္ဘာက မသိသောကြောင့် ၎င်းတို့၏ဖြစ်တည်မှု အကြောင်းကို မည်သူမျှ မသိကြတော့ပေ။

အင်မော်တယ်တောင်သည် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်၏ အစစ်မှန် ပုန်းခိုရာ နေရာဟု ဆိုနိုင်သည်။

"ကောင်းပြီ, ဒါဆို မင်းတို့နှစ်ယောက်လည်း ငါနဲ့လိုက်ခဲ့ပေါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

လုံချန်နှင့် ဟုန်ရန်တို့သည် ထိုစကားကိုကြားသောအခါ အပြုံးဖြင့် ခေါင်းညိတ်ကြသည်။

ရွှဲ့ခိုင်လည်း အဝေးကနေ ပျံသန်းလာသည်။ သူသည် ချင်ယွင်၏နောက်ကို စိတ်လိုလက်ရ လိုက်ခဲ့သူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူသည် ချင်ယွင်သွားလေရာ နေရာတိုင်း လိုက်ပါသူ ဖြစ်သည်။

သို့သော် ချင်ယွင်သည် နောက်ထပ် လူတစ်ဦး ထွက်ပေါ်လာခြင်းကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။

အလင်းတန်းတစ်ခုသည် လေထုကို ဖြတ်သန်းကာ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီးနောက် အသက်လတ်ပိုင်းအရွယ် လှပသောအမျိုးသမီးတစ်ဦးသည် လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့ သည်။

ဤလူလတ်ပိုင်းအရွယ် လှပသော အမျိုးသမီးသည် ထူးထူးခြားခြား လှပသည်။ သူမသည် ယွမ်ရှီရှီထက် အနည်းငယ် ပိုအသက်ကြီးပုံပေါက်သော်လည်း သူမ၏ခန္ဓာကိုယ်သည် ရင်းနှီးဖော်ရွှေသော အငွေ့အသက်ကို ထုတ်လွှတ်သည်။ ယွမ်ရှီရှီနှင့် ယှဉ်လျှင် သူမသည် ပို၍ ဆွဲဆောင်မှု ရှိသည်။ ဟုတ်ပါသည်။ ညှို့ငင်မူအရဆို, သူမသည် ယွမ်ရှီရှီထက် အားနည်းပါသည်။ ယွမ်ရှီရှီ၏ မွေးရာပါ ညှို့ငင်ခြင်း ခန္ဓာကိုယ်သည် တုနှိုင်း၍ မရနိုင်ပေ။

"ဆရာကြီး"

ယွမ်ရှီရှီသည် ရုတ်​တရက် ထွက်​​ပေါ်လာ​သော လှပ​သောအမျိုးသမီးကို ​တွေ့လိုက်​ရ​သော အခါ အံ့အားသင့်​စွာ အော်ခေါ်လိုက်​သည်​။

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ဤအမျိုးသမီးသည် နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်, ယွမ်ရှီရှီ၏ဆရာသခင် ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"အို၊ တော်ဝင်အလှပိုင်ရှင်ကြီးလည်း ဒီကို ရောက်လာတာပဲ။ ဘာလဲ ထိုင်မစောင့်နိုင်တော့ ဘူးလား။ မင်းရဲ့ချစ်ဟောင်းကြီးကို ရှာဖို့ ငါတို့နဲ့အတူ အင်မော်တယ်တောင်ကို လိုက်ချင်လို့ လား" လုံချန်သည် နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် သိသိသာသာ ရင်းနှီးသော ကြောင့် သူက ပြုံးပြီး နောက်ပြောင်လိုက်သည်။

"လုံချန်၊ မင်း ယားယံနေလား။ အမှန်ဆိုရင် ငါတို့ အင်မော်တယ်တောင်ကို မသွားခင်, မင်းရဲ့ကြွက်သားတွေနဲ့ အရိုးတွေကို လျှော့ပေးရမယ်ဆိုရင်လည်း ငါ စိတ်ထဲထားမှာ မဟုတ်ဘူး"

ထိုစကားကိုကြားတော့ လုံချန်၏အမူအရာက မည်းမှောင်သွားသည်။

သူ့ရှေ့က ချောမောလှပသည့် ထိုအမျိုးသမီးသည် သိပ်ပြီး အစွမ်းမထက်သော်လည်း, သူမ၏ ချစ်သူဟောင်းကြီးက အရမ်းကို အစွမ်းထက်သည့် လူတစ်ဦးဖြစ်သည်။

ထိုလူ အင်မော်တယ်တောင်သို့ မသွားခင်မှာ လုံချန်သည် များစွာ ခံစားခဲ့ရသည်။

သို့သော် ယင်းအတွက် အကြောင်းပြချက်တစ်ခု ရှိခဲ့သည်။ နောက်ဆုံးတွင်၊ လုံချန်သည် ယခင်က နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ကို လိုက်ခဲ့ဖူးသည်။ သို့သော် သူသည် ရန်ချန်းဖန်နှင့် မယှဉ်နိုင်သောကြောင့် လက်လျှော့လိုက်ရသည်။ သို့သော်လည်း သူသည် နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်နှင့် တွေ့ဆုံသည့်အခါတိုင်း သူမကို ကျီစားနေဆဲ ပင်။

နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် နိုင်းရန်ရန်သည် လုံချန်ကို လျစ်လျူရှုပြီး၊ ချင်ယွင် ကို ကြည့်လိုက်ပါသည်။

နတ်ဘုရားမဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က သူ့ကိုကြည့်နေသည်ကို မြင်သောအခါ ချင်ယွင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသည်။ ထို့ကြောင့်, သူသည် ခြောက်ကပ်စွာ ရယ်မောပြီး စကားပြောရုံသာ တတ်နိုင်ပါသည် "ဂျူနီယာ ချင်ယွင်က စီနီယာကို နှုတ်ဆက်ပါတယ်"

နိုင်းရန်ရန်က ချင်ယွင်၏စကားကိုကြားတော့ သူမအကြည့်ကို ပြန်ရုတ်လိုက်ပြီး ပြောသည် "ချင်ယွင်, ဟုတ်လား။ မင်း ယွမ်ရှီရှီနဲ့လက်တွဲဖို့ ဆုံးဖြတ်ပြီးကတည်းက ငါတို့ဂိုဏ်းရဲ့ စမ်းသပ်မှုကို ခံယူရလိမ့်မယ်။ နတ်ဘုရားမဂိုဏ်းထဲက အမျိုးသမီးတစ်ယောက်က သူမ ကြိုက်တဲ့လူကို ရှာတွေ့ပြီးတာနဲ့ စမ်းသပ်မူကို ခံယူရတယ်။ စမ်းသပ်မူ အောင်ပြီးမှပဲ သူမကို ခေါ်သွားနိုင်မယ်။"

"ဘာစမ်းသပ်မူလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ယွမ်ရှီရှီ၏ မျက်နှာပေါ်ရှိ အမူအရာသည် ချင်ယွင်အတွက် အသနားခံလိုသည့်အတိုင်း အနည်းငယ် လေးနက်နေလေသည်။

သို့သော် နိုင်းရန်ရန်၏ အကြည့်များက သူမအား အမိန့်နာခံရန် တွန်းအားပေးနေခဲ့သည်။

"ဒီစမ်းသပ်မှုက နှလုံးသားနဲ့ စိတ်ဝိညာဉ်စမ်းသပ်မှု တစ်ခုပဲ။ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးရဲ့စမ်းသပ်မှုကို မင်း ခံယူနိုင်သရွေ့ ယွမ်ရှီရှီနဲ့ အတူနေနိုင်မှာပါ။ ဒါပေမယ့်, ငါ မင်းကို သတိပေးထားရဦးမယ်။ မင်း မအောင်မြင်ရင်တော့ မင်းရဲ့စိတ်ဝိညာဉ်က ဖျက်ဆီးခံရလိမ့်မယ်။ မင်း လက်ခံရဲလား, " နိုင်းရန်ရန်က ပြောသည်။

"ဘာလို့ မခံယူရဲရမှာလဲ" ချင်ယွင်က မဆိုင်းမတွ ပြန်ဖြေသည်။

ဤစိတ်ဝိညာဉ် စမ်းသပ်မှုသည် မည်သည့်အရာ ဖြစ်သည်, နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးက မည်သည့်အရာအတွက် အသုံးပြုသည်ကို သူ မသိသော်လည်း၊ သူသည် ယွမ်ရှီရှီနှင့် အတူရှိရန် ရွေးချယ်ထားသောကြောင့် စမ်းသပ်မူကို လက်ခံရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိခဲ့ပေ။

"ကောင်းပြီ၊ ဒါဆို ဒီနှလုံးသားစိတ်ဝိညာဉ်ကျောက်တုံးကို မင်းရဲ့မျက်ခုံးကြားမှာ ကပ်ထား လိုက်ပါ။ နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံး လင်းလက်လာတာနဲ့ မင်းက စမ်းသပ်မှု အောင်မြင်သွားပြီလို့ ဆိုလိုတယ်။ တကယ်လို့, မင်း မအောင်မြင်ခဲ့ရင် မင်းရဲ့စိတ်ဝိညာဉ်ကို နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံးက ဖျက်ဆီးပစ်လိုက်လိမ့်မယ်။" နိုင်းရန်ရန်က ပြောသည်။

ထိုစကားကို ပြောပြီးသည်နှင့် နိုင်းရန်ရန်သည် အပြာရောင်သလင်းကျောက်ကို ချင်ယွင်ထံ သို့ ပစ်ချပေးလိုက်ပါသည်။

ယွမ်ရှီရှီသည် ဤမြင်ကွင်းကို မြင်ပြီး ချင်ယွင်အတွက် ချက်ချင်းပင် စိုးရိမ်တကြီး ကြည့်လိုက်သည်။ ချင်ယွင်က ပြုံးပြပြီး စိတ်မပူရန် အချက်ပြသည်။

ထို့နောက် ချင်ယွင်သည် နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံးကို လှည့်ပတ်ကြည့်ပြီးနောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ချင်ယွင်သည် နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံးကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် သူ၏ စိတ်ဝိညာဉ်ကို ဧရာမလက်ကြီးဖြင့် ဖိနှိပ်သွားသည့်အလား ခံစားလိုက်ရသည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အနည်းငယ် ကွေးညွှတ်သွားကာ မျက်ခုံးနှစ်ခုကြား နေရာသို့ နှလုံးသားစိတ်ဝိညာဉ်ကျောက်တုံးကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။

လူတိုင်းက နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံးကို ကြည့်နေကြသည်။ ချင်ယွင်သည် နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံး၏ စမ်းသပ်မှုကို အမှန်တကယ် ဖြတ်ကျော်နိုင်ခြင်း မရှိမရှိ သိရှိလိုကြသည်။

နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံး စမ်းသပ်မူကို အောင်မြင်သူများသာ ဤကမ္ဘာပေါ်တွင် စစ်မှန်သည့် စိတ်သဘောထားကို ပိုင်ဆိုင်သူများ ဖြစ်ကြပြီး၊ ထိုကဲ့သို့လူများသာလျှင် အကဲဖြတ်ခံ အမျိုးသမီးတစ်ဦး၏ဘဝနှင့် ထိုက်တန်သည်ဟု ဒဏ္ဍာရီတွင် ဖော်ပြထား သည်။

ယွမ်ရှီရှီသည်လည်း ချင်ယွင်ကို ကြည့်နေသည်။ ထို့အပြင်, သူမ၏ စိတ်နှလုံးသည် ချင်ယွင် အပေါ် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။ သူမစိတ်ကူးယဉ်ဖူးသော လူသည် သေချာပေါက် အမှားယွင်း မဖြစ်နိုင်ပေ။

All Chapters