အခန်း ၁၆၉၀
Vol. 113 Ch. 1690
အခန်း (၁၆၉၀ နှလုံးသားစိတ်ဝိညာဉ်ကျောက်တုံး အစိတ်စိတ်မွှာမွှာ ကြေမွခြင်း။
ချင်ယွင်သည် သူ၏မျက်ခုံးကြားသို့ နှလုံးသားစိတ်ဝိညာဉ်ကျောက်တုံးကို ဖိနှိပ်လိုက်ချိန် မှာ, ၎င်းသည် ချက်ချင်းပင် သူ့စိတ်ဝိညာဉ်ကို ဆွဲထုတ်သွားသလို ခံစားလိုက်ရသည်။
ထို့နောက် ချင်ယွင်သည် ပန်းပင်လယ်ပြင်ကြီးထဲမှာ ရှိနေသည်ဟု ခံစားလိုက်ရသည်။ ထိုပန်းပင်လယ်ပြင်ကြီးထဲမှာ အလွန်မင်း ပါးလျာသည့် အဝတ်အစားတွေကို ၀တ်ဆင်ထား သည့် လှပသော အမျိုးသမီးတချို့လည်း ရှိနေခဲ့ပါသည်။
ဤမိန်းမလှများ အားလုံးသည် လူတစ်ဦး၏ ကိုယ်ဟန်အနေအထားဟု ယူဆနိုင်ပြီး၊ သူမတို့၏ ချစ်စဖွယ်မျက်လုံးများဖြင့် ချင်ယွင်ကို ပစ်ပြရင်း သူမတို့၏ မျက်နှာများသည် ညှို့ငင်သည့် အမူအရာများ ပေါ်လွင်နေသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ သူ့ရှေ့မှာ ယခုလိုလှည့်ကွက်မျိုးက တကယ်ကို နိမ့်ကျလွန်းသည်။ ရင်သပ်ရှုမောဖွယ် မိန်းမလှများ အားလုံးသည် အဝတ်အစား များ ဝတ်စားထားသည်ကို မဆိုထားနှင့်၊ ကိုယ်လုံးတီးချွတ်ကာ သူ့ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေလျှင်ပင် သူ့စိတ်နှလုံး ခိုင်မြဲနေသမျှ သူသည် အနည်းငယ်မျှပင် ယိမ်းယိုင် မည် မဟုတ်ပေ။
"ပြိုကွဲလိုက်စမ်း"
ချင်ယွင်က ဟစ်အော်လိုက်သည်နှင့် သူ့ရှေ့က ပန်းပင်လယ်ပြင်ကြီးသည် ချက်ချင်း လှိမ့်တက်လာပြီး ထိုနေရာတစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားသည်။
သို့သော်, နောက်အခိုက်အတန့်တွင် ချင်ယွင်ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုအခိုက်တန့်တွင် သူ့ရှေ့မှာ လူနှစ်ယောက် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိလာခဲ့သည်။ ၎င်းတို့အနက် အမျိုးသမီးမှာ ယွမ်ရှီရှီဖြစ်ပြီး အမျိုးသားကတော့ ချင်ယွင် မဟုတ်ပေ။ ထိုအချိန်တွင် ယွမ်ရှီရှီသည် ထိုလူကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
ချင်ယွင်သည် ဤအရာက ပုံရိပ်ယောင်များဖြစ်သည်ကို မြင်နိုင်ပြီး၊ ဤအရာက စိတ်ဝိညာဉ်စမ်းသပ်မှုဟု ခေါ်ကြောင်း သိပါသည်။
သို့သော် ပြင်းထန်သော အမျက်ဒေါသက သူ့စိတ်နှလုံးထဲ တဟုန်ထိုး တိုးဝင်လာဆဲပင်။ သူ ဒေါသထွက်နေသည့် အရာမှာ ယွမ်ရှီရှီကို မဟုတ်ဘဲ နှလုံးသားစိတ်ဝိညာဉ် စမ်းသပ်မူဟု ခေါ်သည့်အရာကို ဖြစ်သည်။
"ဘာစိတ်ဝိညာဉ် စမ်းသပ်မူလဲ။ ငါ့အတွက် ဖြိုခွဲပစ်လိုက်စမ်း"
ချင်ယွင်က ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး မြေပြင်ပေါ် ဆောင့်နင်းချလိုက်သည်။
သူ ခြေဆောင့်နင်းလိုက်စဉ်, ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအား ပမာဏသည် သူ့ခြေဖဝါးအောက်မှ ချက်ချင်း ထွက်ပေါ်လာသည်။ မြေပြင်တစ်ခုလုံး ချက်ခြင်း ကွဲအက်သွားပြီး ပုံရိပ်ယောင်နေရာတစ်ခုလုံး အက်ကြောင်းများဖြင့် ချက်ချင်း ဖုံးလွှမ်းသွား သည်။
ပြင်ပကမ္ဘာတွင် လူတိုင်းသည် နှလုံးသားစိတ်ဝိညာဉ်ကျောက်တုံး စမ်းသပ်မှုခံယူနေသော ချင်ယွင်ကို ကြည့်နေကြသည်။ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးစမ်းသပ်မှုကို ဖယ်ရှား နိုင်ရန် ချင်ယွင်အတွက် အချိန်မည်မျှကြာမည်ကို သူတို့ အမှန်တကယ် သိချင်ကြသည်။
"ဖျစ်…၊ ဖျစ်…"
သို့သော် ထိုအချိန်တွင် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။
အသံက အကျယ်ကြီး မဟုတ်သော်လည်း ရောက်ရှိနေသည့် သူတိုင်း ရှင်းလင်း ပြတ်သား စွာ ကြားနိုင်ပါသည်။
လူတိုင်း၏အကြည့်များသည် ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားရှိ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးပေါ်သို့ ကျရောက်သွားပြီး၊ နိုင်းရန်ရန်၏ မျက်လုံးများသည်လည်း မယုံနိုင်စွာ ပြူးကျယ်သွားကြသည်။
"ပြီးသွားပြီ။ မင်းရဲ့နှလုံးသား စိတ်ဝိညာဉ်ကျောက်တုံးတော့ ဖျက်ဆီးခံရတော့မယ်။" ထိုမြင်ကွင်းကို မြင်တော့ လုံချန်က ပြုံးပြီး နိုင်းရန်ရန်ကို နောက်ပြောင်လိုက်ပါသည်။
နိုင်းရန်ရန်သည် လုံချန်ကို အပြင်းအထန် စိုက်ကြည့်သော်လည်း သူမသည် ပြန်လည် ချေပခြင်း မရှိပေ။ ယင်းအစား၊ သူမသည် ချင်ယွင်၏လက်ထဲမှ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးကို စိုက်ကြည့်ရင်း သူမ၏စိတ်နှလုံးက မုန်တိုင်းတစ်ခု လှုပ်ခတ်သွားသလိုပင်။
သူမတင်မကပေ, ဟုန်ရန်အပါအဝင် နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံး၏ ဇာစ်မြစ်ကို သိထားကြသည့်လူတိုင်း အံ့အားသင့်သော အမူအရာများကို ဖော်ပြလာကြသည်။
နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကျောက်ဖြစ် သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးမှ မွေးဖွားလာခြင်း ဖြစ်သည်။ ၎င်းတွင် လူတိုင်း၏ စိတ်နှလုံးကို စမ်းသပ်နိုင်သည့် လုပ်ဆောင်ချက် ပါဝင်သည်။ ရှေးခေတ်မှ ယခုအချိန်အထိ နှစ်ဘီလီယံပေါင်း မရေမတွက်နိုင်အောင် ပျံ့နှံ့နေခဲ့သည်။ သာမာန်အားဖြင့် စမ်းသပ်မှု ခံယူသူများသည် ရလာဒ်နှစ်ခုသာ ရရှိမည် ဖြစ်သည်။ တစ်ခုက နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးကို လင်းလက်စေရန် ဖြစ်ပြီး နောက်တစ်ခုကတော့ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံး၏ ဝါးမြိုခြင်းခံရဖို့ ဖြစ်သည်။ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးကို ဖျက်ဆီး ပစ်နိုင်သည့် လူတစ်ယောက်ကို မည်သူမှ မတွေ့ဖူးပါဘူး။
သို့သော် အခုအခါ ထိုလူမျိုး ပေါ်လာခဲ့ပြီ။
ချင်ယွင်သည် နှလုံးသားစိတ်ဝိညာဉ်ကျောက်တုံး၏ ပုံရိပ်ယောင် အကြောင်းအရာများကို မကျေနပ်သောကြောင့် ဒေါသအကြီးအကျယ် ထွက်ကာ၊ သူသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို အသုံးပြုပြီး၊ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးထဲသို့ အပြင်းအထန် ထည့်သွင်းခဲ့သည်။
နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးသည် မည်မျှပင် မာကြေစေကာမူ ကောင်းကင်ဘုံ အလိုဆန္ဒ၏ သက်ရောက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ရလာဒ်အနေဖြင့် နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံး၏ ပုံရိပ်ယောင်နေရာတစ်ခုလုံး ပြိုကျသွားပြီး အတွင်းမှ စိတ်ဝိညာဉ်စွမ်းအား ကို ချင်ယွင်က ဝါးမြိုသွားခဲ့သည်။
ထို့ကြောင့် နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးသည် လုံးဝ ပြိုဆင်းသွားခဲ့သည်။
"မင်းက ဒီအဖေ့ရဲ့မိန်းမကို ဘယ်လိုလုပ် မမှန်မကန် ပြုလုပ်နိုင်ရတာလဲ"
မူလက ငြိမ်သက်စွာ ရပ်နေသော ချင်ယွင်သည် ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။ သူ့လက်ထဲက နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးလည်း ချက်ချင်းပင် အမှုန့်အဖြစ် ကြေမွသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ဆွံ့အသွားကြသည်။
နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးသည် ကြေမွသွားပါပြီ။
ဒါက သောက်ကျိုးနည်း စမ်းသပ်မှုတစ်ခုလား။ ဒါမှမဟုတ် ကျရှုံးသွားတဲ့ စမ်းသပ်မူတစ်ခု လား။
နိုင်းရန်ရန်လည်း အလွန်ထိတ်လန့်သွားပြီး စကားမပြောနိုင်ခဲ့ပေ။ သူမခံစားချက်တွေကို မည်သို့ ဖော်ပြရမှန်း မသိတော့ပါဘူး။
ဂိုဏ်း၏အဖိုးတန်ရတနာတစ်ခုသည် ထိုကဲ့သို့ပင် ကြေမွသွားခဲ့သည်။ မူလက သူမသည် နှလုံးနာကျင်ရသည့်အထိ ခံစားခဲ့ရသင့်သော်လည်း ယခုအချိန်တွင် သူမစိတ်နှလုံးထဲမှာ တုန်လှုပ်ခြင်းအပြင် ထိတ်လန့်ခြင်းပါ ကြီးစိုးနေခဲ့သည်။
ယွမ်ရှီရှီက သိပ်ပြီး မစဉ်းစားပေ။ ချင်ယွင်၏ စကားကိုကြားတော့ သူမစိတ်တွေက လှုပ်ရှား သွားပြီး ချင်ယွင်ကို ပွေ့ဖက်ရန် ကမန်းကတန်း ပြေးထွက်သွားသည်။
နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက်၊ ချင်ယွင်၏ နှလုံးသားထဲမှ အမျက်ဒေါသများ ပြေလျော့ကျသွားသည်။ သူက နိုင်းရန်ရန်ကို ကြည့်ရန် ခေါင်းမော့လိုက်ပြီး ပြောသည် "စီနီယာ၊ စိတ်မကောင်းပါဘူး၊ စီနီယာတို့ဂိုဏ်းရဲ့ ရတနာကို ကျွန်တော် မတတ်တာဘဲ ဖျက်ဆီးမိသွားတယ်။ ကျွန်တော် စမ်းသပ်မူ အောင်မြင်ခြင်း ရှိမရှိ သိချင်ပါတယ်။"
နိုင်းရန်ရန်၏ ပါးစပ်က ရှုံ့မဲ့သွားပြီး မည်သို့ဖြေရမှန်းမသိ ဖြစ်နေသည်။
နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးကွဲသွားရခြင်းသည် အဓိပ္ပါယ် တစ်ခုသာ ရှိနိုင်ပါသည်။ ၎င်းမှာ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးပင် ဤလူငယ်ကို စစ်ဆေးရန် ထိုက်တန်ခြင်း မရှိ၍ ဖြစ်လိမ့်မည်။
နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးသည် ကောင်းကင်ဘုံကို ကိုယ်စားပြုသည်။ သူမမှာ ကောင်းကင်ဘုံကို ထိန်းချုပ်နိုင်သည့် အရည်အချင်းတောင် မရှိသည့်အတွက် ချင်ယွင်နှင့် ယွမ်ရှီရှီတို့ကို ထိန်းချုပ်ရန် မည်သို့ အရည်အချင်း ရှိမည်နည်း။
"အောင်တာ မအောင်တာတွေက ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။ ငါတို့ရဲ့ နတ်ဘုရားမဂိုဏ်း က မင်းရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ မင်း ရှီရှီနဲ့နေချင်ရင် ငါ မင်းကို မတားဘူး။ ဒါပေမယ့် မင်း ရှီရှီကို ရိုးရိုးသားသား ဆက်ဆံနိုင်မယ်လို့ ငါမျှော်လင့်တယ်။" နိုင်းရန်ရန်က ချင်ယွင်ကို ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ ပါးစပ်ထောင့်က ပြုံးပြီး ပြောသည် "စီနီယာ၊ စိတ်မပူပါ နဲ့။ ကျွန်တော်ချင်ယွင် သေရင်တောင်မှ၊ ရှီရှီကို နာကျင်မူကို နည်းနည်းလေးမှ ခံစားခွင့် မပေးပါဘူး”
နိုင်းရန်ရန်သည် ထိုစကားကိုကြားသောအခါ သူမသည် ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ ပေ။
ယွမ်ရှီရှီသည် နိုင်းရန်ရန်ကို လျှာထုတ်ပြလိုက်ပြီး၊ နောက်ပြောင်သည့် အမူအရာကို ဖော်ပြလိုက်သည်။
ထိုမှသာ နိုင်းရန်ရန်က ပြုံးပြပြီး ကူကယ်ရာမဲ့ ခေါင်းကို ခါယမ်းလိုက်သည်။ သို့သော် သူမ နှလုံးသားထဲတွင် ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
"စီနီယာ၊ ကျွန်တော်တို့ အင်မော်တယ်တောင်ကို သွားမလို့။ စီနီယာရော ကျွန်တော်တို့နဲ့ လိုက်ချင်လား" ချင်ယွင်က နိုင်းရန်ရန်ကို ထပ်မေးသည်။
"ငါ ဒီကိုလာတာက ရှီရှီအတွက်တင် မဟုတ်ဘူး။ အင်မော်တယ်တောင်အတွက်လည်း ပါတယ်။ ဒါပေမယ့် အင်မော်တယ်တောင်ကို မသွားခင်မှာ မင်းတို့ အင်မော်တယ်တောင်ထဲ ဝင်ရောက်သွားချိန်မှာ, မင်းတို့အသက်တွေ အလွယ်တကူ ဆုံးရှုံးသွားနိုင်တဲ့အကြောင်း ငါ သတိပေးသင့်တယ်လို့ ငါထင်တယ်" နိုင်းရန်ရန်က ပြောသည်။
ထိုစကားကို ကြားသောအခါ လူတိုင်းက လေးနက်သော အမူအရာများကို ထုတ်ဖော်လာ ကြသည်။
သူတို့သည် အင်မော်တယ်တောင်အကြောင်း ဘာမှ မသိခဲ့ကြပေ။ ဝင်ရောက်သူတိုင်း နောက်တဖန် ဘယ်တော့မှ ပြန်ထွက်လာခြင်း မရှိတော့ကြောင်းလောက်သာ သူတို့ သိထားကြသည်။
ယခု နိုင်းရန်ရန်၏ စကားများကို ကြားလိုက်ရသောအခါ သဘာဝအတိုင်း အလေးအနက် ထားလိုက်ကြသည်။
ချင်ယွင်လည်း သိချင်လာမိသည်။ ယုတ္တိကျကျပြောရလျှင်, မဟူရာကမ္ဘာသည် သူ၏ အမှောင်နတ်ဆိုးကိုယ်ပွားကို သိမ်းပိုက်ထားပြီး၊ သူ အင်မော်တယ်တောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အင်မော်တယ်တောင်၏ အခြေအနေကို သိရှိနိုင်ဆဲ ဖြစ်သင့်သည်။ သို့သော် အမှောင်နတ်ဆိုးကိုယ်ပွားသည် အင်မော်တယ်တောင်သို့ ဝင်ရောက်ပြီးနောက် သူနှင့် အဆက်အသွယ် ဖြတ်တောက်သွားခဲ့သည်။
ချင်ယွင်သည် သူ၏စိတ်ဝိညာဉ် အစိတ်အပိုင်းကို ဝါးမျိုခြင်းမခံရခဲ့ကြောင်း သေချာသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် တည်ရှိနေသေးသော်လည်း ၎င်းနှင့် သူ၏ အစစ်အမှန် ခန္ဓာကိုယ် အကြား ဆက်နွှယ်မှုမှာ လုံးဝ ပြတ်တောက်သွားခဲ့သည်။
"စီနီယာ ဘာပြောချင်ပါလဲ" ချင်ယွင်က နိုင်းရန်ရန်ကိုကြည့်ကာ မေးသည်။
နိုင်းရန်ရန်သည် လူတိုင်း၏အကြည့်တွေက သူမအပေါ် ကျရောက်နေသည်ကို မြင်လိုက်ရ သဖြင့် အသက်ပြင်းပြင်း ရှူကာ တည်ငြိမ်စွာ ပြောလိုက်သည် "အင်မော်တယ်တောင်ကို ဘာလို့ အင်မော်တယ်တောင်လို့ခေါ်လဲဆိုတာ သိကြလား?"
"ဘာလို့လဲ?" လူတိုင်း မသိစိတ်အရ မေးမြန်းလိုက်မိသည်။
"အင်မော်တယ်တောင်ထဲ ငါတို့ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် လူတိုင်းရဲ့သက်တမ်းက ရူးချင်စရာကောင်းအောင် စတင်စီးဆင်းသွားလို့ပဲ။ အထဲကို ဝင်ရောက်တဲ့ ဘယ်သူမဆို တစ်နှစ်အောက်သာ သက်တမ်းကျန်လိမ့်မည်" နိုင်းရန်ရန်က ပြောသည်။
"တစ်နှစ်လား" အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကာ အားလုံးက ထိတ်လန့် တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်လာကြသည်။ ထိုအထဲသို့ ဝင်ရောက်ခြင်းသည် သေဆုံးခြင်းကို သွားရောက်တောင်းခံခြင်းနှင့် ညီမျှသည်ဟု ဆိုလိုရာမရောက်ပေဘူးလား။
သို့သော် ချင်ယွင်က မည်သည့်စကားမှ မပြောပေ။ နင်ရန်ရန်တွင် အခြားပြောစရာ စကားများ ရှိနေဦးမည်ကို သူ သိသောကြောင့် ဖြစ်သည်။
သေချာပါသည်။ နိုင်းရန်ရန်က ပြောပြပါသည် "ဒါပေမယ့် ဒီတစ်နှစ်က လုံးဝ အတိအကျကြီး မဟုတ်ပါဘူး။ မင်းတို့အနေနဲ့ အထဲမှာ ပိုပြီးကြာကြာနေချင်ရင်, တစ်ခုခု ရှိထားရမယ်။”