အခန်း ၁၆၉၁
Vol. 113 Ch. 1691
အခန်း (၁၆၉၁) အင်မော်တယ်တောင်သို့ ဝင်ရောက်ခြင်း
"အဲဒါက ဘာလဲ?" လုံချန်နှင့် တခြားသူတွေက မေးမြန်းကြသည်။
"အဲဒီအရာကို အသက်ပိုးကောင်လို့ ခေါ်တယ်။ ဒီလိုပိုးကောင်မျိုးကို အဆက်မပြတ် စားနေမှပဲ ကိုယ့်အသက်ကို ထိန်းထားနိုင်လိမ့်မယ်။ ဒါကြောင့် အင်မော်တယ်တောင်မှာ ရှင်သန်ဖို့အတွက် သတ်ဖြတ်ခြင်းတွေနဲ့ ပြည့်နှက်နေတယ်။ လူတစ်ယောက်ဟာ လုံလောက်တဲ့ ခွန်အားမရှိဘူးဆိုရင် သေဆုံးရလိမ့်မယ်။" နိုင်းရန်ရန်က ပြန်ဖြေသည်။
ချင်ယွင်နှင့် အခြားလူများသည် ထိုစကားကိုကြားသောအခါ အလွန်မင်း ထိတန်လန့်သွား ကြသည်။
မူလက သူတို့သည် အင်မော်တယ်တောင်၏ အန္တရာယ်များသည် အင်မော်တယ်တောင်မှ ရောက်လာခြင်းဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း, အသက်ရှင်သန်ဖို့အတွက် ဝင်ရောက် လာသူများသည် အချင်းချင်း သတ်ဖြတ်ရမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
"အခု မင်းတို့ အင်မော်တယ်တောင်ကို သွားဝံ့သေးလား" နိုင်းရန်ရန်က မေးခွန်းတစ်ခုကို ပစ်လွှတ်လိုက်ပါသည်။
အနီးနားရှိ လူတိုင်း တုံ့ဆိုင်းသွားကြသည်။ နိုင်းရန်ရန် ပြောခဲ့သည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့လျှင် ဤအင်မော်တယ်တောင်သည် အလွန်အန္တရာယ်များပေလိမ့်မည်။ ဝင်ပြီးရင် သူတို့ ဘယ်တော့မှ ပြန်ထွက်နိုင်ခြင်း မရှိတော့မှာ အမှန်ပင် ဖြစ်နိုင်သည်။
"ချင်ယွင်, ရှင် သွားဉီးမှာလား။ တကယ်လို့, ရှင်မသွားဘူးဆိုရင်, ကျွန်မတို့နှစ်ယောက် ဒီမှာပဲ တစ်သက်လုံးနေကြမယ်လေ။ ကျွန်မလည်း ဒီလိုပဲ လုပ်ချင်တယ်" ယွမ်ရှီရှီက ချင်ယွင်ဘက် လှည့်ပြီး မေးသည်။
ချက်ချင်းပင် အားလုံးက ချင်ယွင်ကို ကြည့်ကြသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "သွားမယ်၊ ငါ သေချာပေါက် သွားရမယ်။ ဒီအင်မော်တယ် တောင်က ဒီထက်ပိုပြီး ဆယ်ဆ အန္တရာယ်များနေရင်တောင် ငါသွားရမှာပဲ။ ဘာလို့ဆို, ငါ့မှာ သွားကိုသွားရမယ့် အကြောင်းပြချက်တစ်ခု ရှိနေလို့ပဲ"
သူသည် ပြင်ပကမ္ဘာတွင် မပြည့်စုံသေးသည့် ဆန္ဒများစွာ ရှိနေပါသေးသည်။ သူသည် မဟာ နတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲတွင် သူဘဝတစ်သက်လုံး မည်သို့ နေနိုင်မည်နည်း။ ထို့အပြင်၊ သူသည် ဧရာမနတ်ဆိုးကျောက်ရုပ်ထုကြီးနှင့် စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သည်။ တစ်နှစ်အတွင်း ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဉပဒေသ နားမလည်နိုင်ရင် သူ့အသက် လုံးဝ ဆုံးရှုံးသွားလိမ့်မည်။ သူ့ဘဝတစ်သက်တာလုံး မည်သည့်နေရာက ရရှိနိုင်မည်နည်း။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ သူသည် ဤအင်မော်တယ်တောင်သို့ သွားကိုသွားရ မည်။
"ကောင်းပြီ ဒါဆိုလည်း ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်။ ရှင်သေရင်, ကျွန်မလည်း ရှင်နဲ့အတူ သေမယ်။" ယွမ်ရှီရှီက ပြတ်ပြတ်သားသား ပြောလိုက်ပါသည်။
"စိတ်မပူပါနဲ့၊ ငါသေရင်တောင် ငါ မင်းကို သေခွင့်မပြုဘူး" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်သည်။
လူတိုင်း ချင်ယွင်၏စကားကို ကြားသောအခါတွင် အားလုံးက ၎င်းတို့၏ ရပ်တည်ချက်ကို အခိုင်အမာ ဖော်ပြကြသည်။ ထို့ကြောင့် ခုနစ်ယောက်တွင် တစ်ယောက်မျှ မသွားမည့်သူ မရှိပေ။
သူတို့ ဆုံးဖြတ်ပြီးပြီးနောက်, သူတို့သည် အင်မော်တယ်တောင်ဆီသို့ ခရီးနှင်ရန် တိုက်ရိုက် ခြေချခဲ့ကြသည်။
သုံးရက်ကြာ ခရီးထွက်ပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် အင်မော်တယ်တောင်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။
"ဒါက အင်မော်တယ်တောင် ဝင်ပေါက်လား။" ချင်ယွင်သည် သူ့ရှေ့ရှိ တွင်းနက်ကြီးတစ်ခု ကဲ့သို့ ကြီးမားသော လေဟာနယ် ဝဲဂယက်ကြီးကို ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်ပါ သည်။
ဤဧရာမတွင်းနက်ကြီးသည် သူ့ကနဦးစကြဝဠာ၏ ဝင်ပေါက်နှင့် လုံးဝနီးပါး တူနေသည်။ တွင်းနက်ကြီးမှ ထွက်ပေါ်လာသော အငွေ့အသက်သည်ပင်လျှင် အလွန်ဆင်တူသည်။
ဤအရာအားလုံးကို ခံစားလိုက်ရပြီးနောက် ချင်ယွင်သည် အရင်က လျှိုဘို ပြောခဲ့သည့် စကားတွေက ပိုသေချာသွားပါသည်။ ဤပန်ဂုမဟာနတ်ဆိုးနတ်ဘုရားသည် ကနဦး စကြဝဠာကို ဖန်တီးနိုင်ရန် အမှန်တကယ်ပင် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သို့သော် နောက်ဆုံးတွင် သူသည် ခြေတစ်လှမ်း မှားသွားခဲ့သည်။ မဟုတ်ပါက၊ သူသည် ဤကောင်းကင်ဘုံ၏တန်ခိုး စွမ်းအားအောက်တွင် ပထမဆုံး စကြဝဠာနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်သည်။
"မှန်တယ်။ ဒါက အင်မော်တယ်တောင်ရဲ့ ဝင်ပေါက်ပဲ။ ဒါက ဖရိုဖရဲဖြစ်နေတဲ့ လေဟာနယ် ကမ္ဘာတစ်ခုလို့ ပြောလို့ရတယ်။ ဝင်ရောက်သွားတဲ့အခါ, ပကတိမျက်စိနဲ့မြင်နိုင်တဲ့ အစစ်မှန် အဓိပ္ပာယ်ရဲ့ ဉပဒေသကွင်းဆက်တွေဟာ နတ်ဘုရားကမ္ဘာမှာရှိတဲ့ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်နဲ့ အလွန်ဆင်တူတယ်ဆိုတာ မင်းတို့ တွေ့မြင်ရလိမ့်မယ်။ ဒါပေမယ့်, အဲဒီဉပဒေသကွင်းဆက်တွေက နတ်ဘုရားကမ္ဘာက တန်ခိုးကြီးတဲ့ ကောင်းကင်တောင်လို တန်ခိုးကြီးမားခြင်း မရှိဘူး။" နိုင်းရန်ရန်က ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။
၎င်းသည် တန်ခိုးကြီးသော ကောင်းကင်တောင်တန်းနှင့် အလွန်ဆင်တူသည်။ စကြဝဠာကို ဖန်ဆင်းရာမှာ ထိုပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ကျင့်ကြံမူသည် သူ့ထက် မြင့်မားနေပါ သည်။
သူသည် ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်မှာသာ ရှိနေပါသေးသည်။ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိမှသာ တန်ခိုးကြီးသော ကောင်းကင်တောင်တန်းကို ဖန်တီးနိုင် မည် ဖြစ်သည်။ တန်ခိုးကြီးသော ကောင်းကင်တောင်ကို တည်ထောင်ပြီးသည်နှင့် စကြဝဠာတစ်ခုလုံး၏ ဉပဒေသများ အားလုံး ပြီးပြည့်စုံပြီး စကြာဝဠာကြီးတစ်ခုလုံး ပြီးမြောက်မည်ဟု သူ တွေးထားသည်။
ယခု၊ ဤပန်ဂုမဟာနတ်ဆိုးနတ်ဘုရားသည် သူ့ကိုယ်ပိုင် တန်ခိုးကြီးသည့် ကောင်းကင် တောင်တန်းကို အမှန်တကယ် သိပ်သည်းနိုင်ခဲ့သည်။ ဤတန်ခိုးကြီးသည့် ကောင်းကင် တောင်သည် မှားသော်လည်း အနည်းဆုံး ပန်ဂုသည် သူလမ်းထက် ပိုပြီးဝေးသည့်လမ်းကို လျှောက်လှမ်းနိုင်ခဲ့သည်။
ဤအရာက ချင်ယွင်ကို ပို၍ပင် သိချင်စိတ်ပြင်းပြလာစေသည်။
အကယ်၍ သူသည် ပန်ဂု၏ ဉပဒေသများကို အမှန်တကယ် နားလည်နိုင်ပါက၊ သူ၏ ကနဦးစကြာဝဠာသည် ပိုမိုကြီးမားသည့် အဆင့်ဖြတ်ကျော်မှုများကို ရရှိနိုင်မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ခွန်အားများ တိုးမြင့်လာရုံသာမက ကနဦးစကြဝဠာသည်လည်း လျင်မြန်စွာ ကြီးထွားလာမည် ဖြစ်သည်။ သေချာသည်မှာ, ယင်းက ကျောက်ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ကို ပစ်သတ်သည့်အတိုင်းပင်။
"သွားကြစို့။ ငါတို့ တံခါးနား ရောက်နေပြီ၊ ဝင်ကြည့်ရအောင်" လုံချန်က စိုးရိမ်တကြီး ပြောသည်။
ထိုသို့ပြောပြီးနောက် သူသည် ဦးဆောင်ကာ တွင်းနက်ကြီးဆီသို့ ပျံသန်းသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်လည်း ပြုံးပြီး တွင်းနက်ဆီသို့ ပျံသန်းသွားရင်း ယွမ်ရှီရှီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
အားလုံး နောက်ကနေ အနီးကပ်လိုက်လာကြပြီး တွင်းနက်ကြီးထဲကို ဝင်သွားကြသည်။
သူတို့ တွင်းနက်ကြီးထဲကို ဝင်လိုက်သည်နှင့် အားလုံးသည် သူတို့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
နိုင်းရန်ရန် အရင်က ပြောခဲ့သလိုပင်။ ဤနေရာသည် ရှုပ်ထွေးနေပြီး ဘာမှမရှိသည့် ကမ္ဘာကြီးတစ်ခုပင်။ သို့သော် လုံးဝ မရှိခြင်းတော့ မဟုတ်ပေ။
ဤလေဟာနယ်ကမ္ဘာ၏ အလယ်တွင် ဧရာမတောင်ကြီးတစ်ခု ရှိနေခဲ့သည်။
ဤတောင်ကြီးသည် ပေပေါင်းသန်းပေါင်းများစွာ မြင့်မားပြီး ၎င်းနှင့်ချိတ်ဆက်ထားသည့် မရေမတွက်နိုင်သော ဥပဒေသကွင်းဆက်များ ရှိနေခဲ့သည်။ ဤဥပဒေသ ကွင်းဆက်များ အားလုံးသည် ဖြောင့်တန်းစွာ ဆွဲထုတ်ပြီး ကြက်ခြေသဖွယ် ဖြတ်ကျော်ကာ အဆုံးမရှိဘဲ လေဟာနယ်၏နက်ရှိုင်းဆုံးအရပ်သို့ ဆန့်တန်းသွားခဲ့သည်။
ဤဧရာမတောင်ကြီး၏ရှေ့တွင် သူတို့အားလုံးသည် ဖုန်မှုန့်အမှုန်အမွှားများကဲ့သို့ ဖြစ်နေ ကြပြီး လူများက မျှော်ကြည့်နေကြရသည်။
“ဒါ…ဒါက အင်မော်တယ်တောင်လား” လုံချန်နှင့် အခြားသူများသည် အံ့သြသွားကြသည်။
သူ့ရှေ့က ဤမြင်ကွင်းက တကယ်ကို ထိတ်လန့်စရာကောင်းလွန်းသည်။ အထူးသဖြင့် လေထဲမှာ လွင့်မျောနေသည့် ဧရာမတောင်ကြီး ဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံ တန်ခိုး တည်ရှိရာ နတ်ဘုရားခန်းမတစ်ခုလို ဖြစ်နေပြီး မြင်ရသည့်လူတိုင်းကို ထိတ်လန့် သွားစေသည်။
ချင်ယွင်လည်း အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ ‘အင်မော်တယ်တောင်’ဟု ခေါ်သည့် ဤတောင်ကြီးသည် အလွန်မင်း ထိတ်လန့်စရာကောင်းလိမ့်မည်ဟု သူ ဟိုးအရင်ကတည်း က မျှော်လင့်ထားခဲ့သော်လည်း ထိုတောင်ကြီးကို မြင်ပြီးနောက် သူ တုန်လှုပ်နေရဆဲပင်။
"ပန်ဂုရဲ့ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်က ဒီပုံစံအတိုင်းလား။ နတ်ဘုရားကမ္ဘာရဲ့ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်တန်းက ဘယ်လိုပုံစံဖြစ်မလဲ ငါသိချင်မိတယ်။" ချင်ယွင် က သူ့ကိုယ်သူ တွေးနေသည်။
ဤအခိုက်အတန့်တွင်၊ သူသည် သူ့ကိုယ်ပိုင် စကြာဝဠာအတွင်း၌ သူတို့ရှိနေသည့် စကြာဝဠာထက်ပင် ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့် ဤမျှကြီးကျယ်ခမ်းနား သော မြင်ကွင်းတစ်ခုကို ဖန်တီးနိုင်မည့်နေ့ကို စောင့်မျှော်နေမိပါသည်။
"အား…, ငါ့လက်, ငါ့မျက်နှာ…."
ထိုအချိန်မှာ သူ့ဘေးမှာ ရပ်နေသည့် ဟုန်ရန်သည် အထိတ်တလန့်အသံဖြင့် အော်ဟစ် လိုက်ပါသည်။
လူတိုင်းသည် ဟုန်ရန်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရာ သူမ၏ လက်များနှင့် မျက်နှာ များ အရေတွန့်လာသည်ကို တွေ့လိုက်ရသည်။ သူမ၏ အသားအရေသည် မြင်နိုင်သည့် အမြန်နှုန်းဖြင့်ပင် အသက်ကြီးလာခဲ့သည်။ ထိုမျှသာမကသေးပေ၊ သူတို့သည် သူတို့ နတ်ဘုရားခန္ဓာကိုယ်အတွင်းမှ အသားအသွေးအနှစ်သာရများ ဖြည်းဖြည်းချင်း အဝေးသို့ စီးဆင်သွားနေသည်ကို သူတို့ ခံစားနိုင်ကြသည်။
"ဒါက ငါပြောခဲ့တဲ့အရာပဲ။ အင်မော်တယ်တောင်ရဲ့ ကြောက်စရာကောင်းတဲ့ အချက်က မင်းတို့ကျင့်ကြံမှု ဘယ်လိုပဲဖြစ်နေပါစေ, မင်းတို့အနေနဲ့ အလွန်မင်း မြန်ဆန်တဲ့ အမြန်နှုန်း နဲ့ အသက်ကြီးလာလိမ့်မယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုက ပိုပြီးအားကောင်းလေ အသက်ကြီးမူ က ပိုပြီး မြန်ဆန်လေပဲ။ တစ်နှစ်အောက် လျော့နည်းသွားတာနဲ့ မင်းတို့လည်း အသက်ကြီး ပြီး သေဆုံးသွားလိမ့်မယ်။ တကယ်လို့ မင်းတို့ အသက်ရှင်ချင်တယ်ဆိုရင်တော့ အသက် ပိုးကောင်တွေကို ဖမ်းရလိမ့်မယ်။" နိုင်းရန်ရန်က ပြန်ဖြေသည်။
"ဒါဆို အဲဒီအသက်ပိုးကောင်တွေက ဘယ်မှာလဲ" ဟုန်ရန်က ကမန်းကတန်း မေးလိုက် သည်။
အမျိုးသမီးတစ်ယောက် အကြောက်ဆုံးအရာက အသက်ကြီးလာသည်နှင့်အမျှ ရုပ်ဆိုးလာ ခြင်း ဖြစ်သည်။ ထို့ကြောင့်, သူမသည် အသက်စတင်ကြီးနေစဉ် သူမမျက်နှာကို မြင်လိုက်ရ ချိန်မှာ, အသက်ကြီးလာသည်နှင့်အမျှ ဘဝကို ဖြတ်သန်းရာမှာ မည်မျှထိ ကြောက်စရာ ကောင်းသည်ကို အမှန်တကယ် နားလည်လာခဲ့သည်။
"အသက်ပိုးကောင်တွေက အင်မော်တယ်တောင်ပေါ်မှာ ရှိတယ်။ ဒါ့အပြင်, အဲဒီဥပဒေသ ကွင်းဆက်တွေတစ်လျှောက် တွားသွားသွားနေတဲ့ အသက်ပိုးကောင်တွေလည်း ရှိနေ တယ်" မင်းတို့အနေနဲ့ သူတို့ကို ဖမ်းနိုင်၊ မဖမ်းနိုင်ဆိုတာက မင်းရဲ့အစွမ်းအစနဲ့ ကံတရား ပေါ်မှာ မူတည်တယ်။ ဒါ့အပြင်, အဲဒီအသက်ပိုးတွေက ဒီလောက် မရိုးရှင်းဘူးဆိုတဲ့ အကြောင့် ငါ မင်းတို့ သတိပေးပါရစေ။ အဲဒီပိုးကောင်တွေကို ဉပဒေသကွင်းဆက်တွေနဲ့ ကျွေးမွေးထားတာကြောင့် သူတို့ကလည်း ထူးထူးခြားခြား အစွမ်းထက်ကြတယ်။ အချို့ အစွမ်းထက်တဲ့ အသက်ပိုးကောင်တွေဆို အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတွေကို တောင် သတ်ပစ်နိုင်တယ်။ ဒါ့အပြင်, အသက်ပိုးကောင်တွေက ပိုသန်မာလေ, သူတို့ ထိန်းသိမ်းထားတဲ့သက်တမ်းကလည်း ပိုရှည်လေပဲ။" နိုင်းရန်ရန်က ပြောသည်။
ထိုသတင်းကို ကြားလိုက်ရတော့ လူတိုင်းက ပို၍ပင် တုန်လှုပ်သွားကြပါသည်။
ဉပဒေသကွင်းဆက်တွေပေါ်မှာ အစာကျွေးထားတဲ့ သတ္တဝါတွေတောင် ရှိနေမည်ဟု သူတို့ မယုံနိုင်ကြပေ။ ပိုးကောင်တစ်ကောင်က ကောင်းကင်နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦး ကို အမှန်တကယ် သတ်ပစ်နိုင်သည်။ အတိတ်တုန်းကဆို, သူတို့သည် ဤအကြောင်းကို စိတ်ပင်မကူးရဲပေ။