အခန်း ၁၆၉၂
Vol. 113 Ch. 1692
အခန်း (၁၆၉၂) အသက်ကိုဝါးမျိုခြင်း။
ဝှီး....။
ချင်ယွင်နှင့် အခြားသူများသည် အင်မော်တယ်တောင်တန်းအတွင်း ကမ္ဘာထဲမှာ, သူတို့ စိတ်နှလုံးထဲမှ သက်ပြင်းကိုယ်စီ ချနေကြစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဝေးမှ ပျံသန်းလာခဲ့သည်။
ဤလူလတ်ပိုင်းအရွယ် အမျိုးသား၏ ကျင့်ကြံမှုမှာ နိမ့်ပါးခြင်း မရှိသည့်အပြင် သူသည် ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်။ သူထုတ်လွှတ်သော အငွေ့အသက်မှတဆင့် သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး သေချာပေါက် ဖြစ်နိုင်သည်။
"မင်းတို့ အင်မော်တယ်တောင်ထဲ အခုလေးတင် ဝင်ရောက်လာခဲ့တာ မဟုတ်လား" လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်နှင့် အခြားလူများကို စိုက်ကြည့်ကာ ပြုံးပြ သည်။
"ခင်ဗျား ဘယ်လို မြင်နိုင်တာလဲ" ချင်ယွင်က မေးသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောသည် "မင်းတို့ကောင်တွေက အရမ်းကို ငယ်ရွယ်ကြသေးတယ်လေ။ မင်းတို့က သဘာဝအတိုင်း အခုမှ အပြင်လောကက လာတာ ဖြစ်ရမယ်။ ငါတို့ထဲမှာ ဘယ်သူကရော လူလတ်ပိုင်းအရွယ် ဒါမှမဟုတ် ဒီဲထက် ပိုအသက်ကြီးတဲ့လူ မရှိလို့လဲ"
ချင်ယွင်နှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါတွင် ပျံသန်းလာနေသော လူများကို ကြည့်လိုက်ရာ၊ သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဆံပင်ဖြူများ ဖြစ်နေကြပြီး မည်သူမျှ ငယ်ရွယ်သည့်ပုံ မပေါ်ကြတော့ပေ။
ဟုန်ရန်၊ ယွမ်ရှီရှီနှင့် တခြားသူများသည် ထိုမြင်ကွင်းကို မြင်တော့ မျက်မှောင် ကြုတ်သွား ကြသည်။ သူမတို့လို အမျိုးသမီးတွေအတွက်တော့ အသက်ကြီးလာခြင်းက ချို့ယွင်းချက် တစ်ခုပင်။
"အယ်" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် ညင်သာစွာ သက်ပြင်းချကာ သူ့အကြည့်တွေက လင်းဘအပေါ် ကျရောက်သွားခဲ့သည်။
အားလုံးက လူလတ်ပိုင်းအရွယ် အမျိုးသားနောက်ကို လိုက်ပါကြရင်း သူ့ဦးတည်ရာဆီကို လှမ်းကြည့်ကြသည်။ ထိုအကြည့်တွင်, သူတို့သည် ချက်ချင်းပင် အံ့အားသင့်သွားသော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။
အင်မော်တယ်တောင်တန်း၏ ထူးဆန်းသော စွမ်းအားက လင်းဘအပေါ် သက်ရောက်မူ မရှိကြောင့် သူတို့ တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ အချိန်ကြာလာ သည်နှင့်အမျှ သူ့နဖူးရှိ ဥပဒေသကွင်းဆက်များသည် တဖြည်းဖြည်း ကြီးထွားလာသည်။
"ဘယ်လောက်တောင် ထူးဆန်းတဲ့ ကောင်လေးလဲ။ ဘာလို့ သူ့အသက်က မဆုံးရှုံးရတာ လဲ" လူလတ်ပိုင်းအရွယ် အမျိုးသားက ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ အတွေးရထားကို ချက်ချင်း ရပ်တန့်ပစ်လိုက်သည်။ သူက ပြုံးပြီး ပြောသည် "စီနီယာ၊ စီနီယာ ကျွန်တော် တို့ကို ရှာတာ တစ်ခုခုရှိလား"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏စကားကို ကြားတော့ သူက ချင်ယွင်ကို ကြည့်ပြီး ပြောသည် "မှန်တယ်၊ မင်းတို့ကို ရှာရတဲ့ ရည်ရွယ်ချက် ငါ့မှာ ရှိနေတယ်။ အင်မော်တယ်တောင်ကို ပထမဆုံးအကြိမ် ဝင်ရောက်လာတဲ့ ဘယ်သူမဆို ကိုယ်ရဲ့ ကိုယ်ရေးအချက်လက်ကို စာရင်းသွင်းဖို့ အင်မော်တယ်မြို့ကို သွားရမယ်။ မဟုတ်ရင် မင်းတို့ရဲ့ အသက်စွမ်းအားကို တခြားသူတွေက ဝါးမြိုသွားလိမ့်မယ်။"
"အသက်စွမ်းအားကို ဝါးမျိုတာလား" လုံချန်က အံ့သြသည့် အမူအရာကို ဖော်ပြလိုက် သည်။
“ဟုတ်တယ်၊ အင်မော်တယ်တောင်မှာ အချိန်အကြာကြီး နေထိုင်နိုင်ဖို့အတွက်ပေါ့။ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ပြောသည် “အသက်ရှင်ဖို့အတွက် ငါတို့ တတ်နိုင် သမျှ အရာအားလုံး လုပ်ကြရလိမ့်မယ်။ အသက်ပိုးကောင်တွေအပြင် အခြားသူတွေရဲ့ အသက်စွမ်းအားကို ဝါးမြိုဖို့က ပိုမိုလွယ်ကူတယ်။ ဒါ့ကြောင့်၊ အင်မော်တယ်တောင်ထဲ အသစ်ရောက်ရှိလာတဲ့ လူတိုင်းက ငါတို့ရဲ့ ပထမဆုံးပစ်မှတ်ပဲ။ တကယ်လို့, မင်းတို့သာ အင်မော်တယ်မြို့ထဲ ဝင်လိုက်ရင် မင်းတို့က အင်မော်တယ်မြို့ရဲ့ အကာအကွယ်ကို ရသွား လိမ့်မယ်။ ဒါမှ မင်းတို့လည်း အဲဒီလူဆိုးတွေရဲ့ ခြိမ်းခြောက်မှုကို ခံရတော့မှာ မဟုတ်ဘူး”။
လူတိုင်း ထိုစကားကို ကြားလိုက်ရသည့်အခါ သူတို့အားလုံး နားလည် သဘောပေါက်သည့် အရိပ်အယောင်တွေကို ဖော်ပြလိုက်ကြသည်။
ဤအင်မော်တယ်တောင်သည် သူတို့ထင်ထားတာထက် ပိုအန္တရာယ်များသည်။
"ဒါဆို ဒီအင်မော်တယ်မြို့က ဘာလဲ" ဟုန်ရန်က မေးသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး "ငါတို့ လမ်းလျှောက်ရင်း ဘာလို့ စကား မပြောတာလဲ။"
"ကောင်းပြီ" လုံချန်နှင့် အခြားသူများ သဘောတူခဲ့ကြသည်။
"ငါတို့ မသွားခင် ရှင်းအောင်ပြောပြပါ" ထိုအချိန်တွင် ချင်ယွင်က ရုတ်တရက် ပြောလိုက်သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း မှင်သက်သွားကြသည်။ သူတို့သည် ချင်ယွင်ကို ကြည့်ရင်း၊ ချင်ယွင်သည် လူလတ်ပိုင်းအရွယ် အမျိုးသား၏တောင်းဆိုမှုကို ငြင်းဆန်ရသည့် အကြောင်းရင်းကို သူတို့ လုံးဝ စိတ်ရှုပ်ထွေးသွားကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားသည်။ သို့သော် သူသည် အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။ သူက ပြုံးပြီး ပြောသည် "တကယ်တော့ ဒီ အင်မော်တယ်မြို့က အရမ်းရိုးရှင်းပါတယ်။ အဲဒါက အင်မော်တယ်တောင်ပေါ်က မြို့တစ်မြို့ပါ။ ကျွမ်းကျင်ပညာရှင်တွေ တည်ဆောက်ထားတဲ့မြို့ပေါ့။ အဲဒီမြို့က ဉပဒေသ ကွင်းဆက်တွေကို နာလည်ဆင်ခြင်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ရုံတင်မကဘူး အကာအကွယ်တွေလည်း ရရှိနိုင်တယ်။ သူတို့ကို ပါဝင်ကူညီပေးတဲ့သူတွေကတော့ သူတို့ရဲ့အသက်တွေကို ထိန်းသိမ်းနိုင်ဖို့ အစွမ်းထက်တဲ့ ပိုးကောင်တွေကို ရရှိနိုင်လိမ့် မယ်..."
ထိုနေရာအရောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာက ရုတ်တရက် အေးစက်သွားသည်။ ထို့နောက် သူသည် ချင်ယွင်၏ရှေ့မှာ ချက်ချင်း ပေါ်လာပြီး ချင်ယွင်၏ ကောင်းကင်စိတ်ဝိညာဉ်လွှာဆီသို့ သူ့လက်ဖဝါးတစ်ဖက်ကို ရိုက်ချလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရုတ်တရက် တိုက်ခိုက်မှုသည် လျင်မြန်သည်။ ထို့အပြင်၊ သူသည် အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
သို့သော် လူလတ်ပိုင်းအရွယ် အမျိုးသားသည် အနည်းငယ် နှေးကွေးနေသေးသည်။ သူ့လက်ဖဝါးက ချင်ယွင်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို ထိမိခါနီးတွင်, ချင်ယွင် သည် သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရင်ဘတ်ကို တစ်ဆင့်ပြီးတစ်ဆင့် ထိုးလိုက်လေသည်။
"ဘန်း.."
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏ လက်သီးချက်ကြောင့် လွင့်ပျံသွားကာ အဝေးမှ ဥပဒေသကွင်းဆက်တစ်ခုပေါ်သို့ ပစ်ကျသွားခဲ့သည်။ သူ့ပါးစပ်မှ သွေးများ စီးကျ လာပြီး ဒဏ်ရာ အပြင်းအထန် ရသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ဘေးကလူတွေအားလုံး အံ့သြသွားကြပါသည်။
"မင်း ငါ့ကို ဘယ်လိုရှာတွေ့တာလဲ" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရင်ဘတ်ကို ဖုံးအုပ်ကာ သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ချင်ယွင်ကိုကြည့်ရင်း အေးစက်စွာ မေးသည်။
"လူဆိုးတွေက အသက်ကို ဝါးမျိုတယ်လို့ ခင်ဗျားကိုယ်တိုင် ပြောလာမှတော့, ကျုပ်က ခင်ဗျားကို သံသယရှိခဲ့တယ်။ တခြားသူတွေရဲ့ဆံပင်တွေက မီးခိုးရောင်သမ်းနေပြီး၊ သူတို့ မျက်နှာတွေက ရှုံ့တွနေပေမယ့် ခင်ဗျားရဲ့ ဆံပင်တွေက မည်းနက်နေတယ်။ ဆိုတော့, ခင်ဗျားက အသက်အများပြားကို ဝါးမျိုထားသူလို့ ကျုပ် ပြောနိုင်တယ်" ချင်ယွင်က လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ပြောသည်။
"ဟား…၊ ဟား…၊ ကြည့်ရတာ, ငါ မင်းကို လျှော့တွက်ထားပုံရတယ်။ ဒါပေမယ့် ဒီလောက် ဆူဖြိုးတဲ့ သိုးတစ်ကောင်ကို မတွေ့ရတာ ကြာလှပြီ။ မင်းနဲ့ ဒီအရုပ်သေးသေးလေးရဲ့ အသက်စွမ်းအားက အရမ်းကို သန်မာလွန်းတယ်။ တကယ်လို့, ငါတို့သာ မင်းတို့ကို ဝါးမျိုနိုင်ရင် ငါတို့သက်တမ်းက အနည်းဆုံး အနှစ်တစ်ရာလောက် ရှိလာလိမ့်မယ်။" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ချင်းပင် ရယ်မောကာ သူ့အစွယ်များကို ထုတ်ဖော်ပြလိုက်သည်။
လုံချန်နှင့် အခြားသူများသည် အံ့အားသင့်သွားကြသည်။ ယခုလေးတင်, သူတို့သည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ထောင်ချောက်ထဲသို့ ကျရောက်လုနီးပါး ဖြစ်ခဲ့သည်ဟု သူတို့ မမျှော်လင့်ထားပေ။
လူလတ်ပိုင်းလူရွယ် အမျိုးသားသည် သူတို့ကို ခေါ်ဆောင်သွားမည့် နေရာတွင် ကြိုတင်ပြီး ထောင်ချောက်တစ်ခု ချထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူတို့ဝင်သွားမိသည်နှင့်, သေခြင်းတရားက သူတို့ကို အမှန်တကယ် စောင့်နေလိမ့်မည်။
“ညီအစ်ကိုတို့၊ ထွက်လာပြီး ဒီဆူဖြိုးတဲ့ သိုးခုနစ်ကောင်ကို သတ်ကြတော့။ ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် လူလေးဆယ်ထက်မနည်း ပါတ်ဝန်းကျင်မှ လျှောက်ထွက်လာကြသည်။ ဤလူများအားလုံးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေကြ ပြီး အချို့ဆို ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်သို့ တက်လှမ်းရန် နီးကပ်နေပြီး ရန်မို၏အဆင့်နှင့်ပင် ယှဉ်နိုင်သည်။
"လူတွေ အများကြီးပါလား" နိုင်းရန်ရန်က အံ့သြသည့်အမူအရာဖြင့် ပြောဆိုရင်း, သူမ၏ အမူအရာက လေးနက်လာသည်။
လုံချန်နှင့် အခြားသူများလည်း လေးနက်သော အမူအရာများ ရှိနေသည်။ သူတို့ခွန်အား သည် ဤလူများထက်သာလွန်သော်လည်း၊ အတူတကွ တိုက်ခိုက်လာမည့် ဤအထွတ် အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်ပညာရှင်များကို ရင်ဆိုင်ဖို့က အလွန်မင်း ခက်ခဲနေသေးသည်။
သို့သော် ချင်ယွင်၏ ပါးစပ်ထောင့်မှ အပြုံးမပျက် ပေါ်လာသည်။ သူသည် လူလတ်ပိုင်း အရွယ် အမျိုးသားနှင့် အခြားလူများကို အေးစက်သော အပြုံးဖြင့် ကြည့်ကာ ပြောသည် "မင်းတို့ပဲ အသက်တွေကို ဝါးမျိုနိုင်တယ်လို့ မပြောနဲ့။ ဒါ့အပြင် ငါလည်း မေ့သွားခဲ့တယ်။ မင်းတို့ကိုယ်တိုင်က ငါ့ဆီ အပ်ပေးလိုက်ပြီဆိုမှတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ် မတင်နဲ့"
ထိုစကားကို ပြောပြီးနောက် ချင်ယွင်၏ တစ်ကိုယ်လုံးသည် ချက်ချင်းပင် ဖျတ်ခနဲ့ လှုပ်ရှား သွားသည်။
သူ့တစ်ကိုယ်လုံးသည် ထိုထူးဆန်းသော လေး အထွက်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ လေးဆယ်ကျော်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည့် လှံရှည်တစ်ချောင်းအလား ထင်မှတ်ရသည်။
ထိုမြင်ကွင်းကိုမြင်တော့ လုံချန်နှင့် တခြားသူများလည်း လှုပ်ရှားရန် ကြံရွယ်လိုက်သော် လည်း ချင်ယွင်၏အသံက သူတို့စိတ်ထဲ ထွက်ပေါ်လာကာ မလှုပ်ရှားရန် ပြောလိုက်သည်။
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ချင်ယွင် ဖြတ်လျှောက်သွား တဲ့ နေရာတိုင်း၊ ထိုအထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင် ပညာရှင် များ၏ အသက်စွမ်းအားများသည် ပို၍ပင် ကြောက်စရာကောင်းသော အရှိန်ဟုန်ဖြင့် အဝေးကို စီးဆင်းသွားပြီး ချင်ယွင်၏ ရုပ်ရည်သည် တဖြည်းဖြည်း နုပျိုလာသည်။
"အား..... သူက ငါတို့ရဲ့ အသက်စွမ်းအားကို ဝါးမြိုနေတာပဲ"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ငါတို့ရဲ့ အသက်စွမ်းအားကို သိပ်သည်းတဲ့ လေထုထဲ ကနေ ဘယ်လိုလုပ် ဝါးမျိုနိုင်မှာလဲ"
ထိုအထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် ၎င်းတို့၏ အသက်စွမ်းအား ပြင်းထန်စွာ စီးဆင်းသွားသည်ကို ခံစားနိုင်သည်။ သူတို့အားလုံး သနားစဖွယ် အော်ဟစ်သံများဖြင့် အော်ဟစ်ကြရင်း ဆက်တိုက် ထွက်ပြေးကြသည်။
သို့သော် အချို့သူများသည် ချင်ယွင်၏နယ်မြေအတွင်းမှ မလွတ်မြောက်နိုင်ခင် ၎င်းတို့၏ ဘဝတစ်ခုလုံးသည် သေဆုံးခြင်းဆီသို့ ဦးတည်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ လုံချန်နှင့် တခြားသူများသည် မယုံနိုင်စွာ မျက်လုံးများ ပြူးသွားကြသည်။
အခြားလူများသည် အသက်စွမ်းအားကို ဝါးမျိုနိုင်ရန် လူများကို သတ်ပစ်ပြီး၊ ၎င်းတို့၏ အသက်အနှစ်သာရကို ဖယ်ထုတ်ရမည်။ ထို့အပြင်, တစ်စုံတစ်ယောက်သည် ချင်ယွင်ကဲ့သို့ ကြီးမားသော အတိုင်းအတာဖြင့် အသက်စွမ်းအားကို ဝါးမျိုရန်မှာ မဖြစ်နိုင်ပေ။
"ဖြစ်နိုင်တာက, သူက အသက်ရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ထားခြင်းများလား" လူတိုင်း သူတို့စိတ်နှလုံးထဲမှာ မှန်းဆနေကြသည်။