အခန်း ၁၆၉၄
Vol. 113 Ch. 1694
အခန်း (၁၆၉၄)အင်မော်တယ်မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်း။
အင်မော်တယ်မြို့ဟုခေါ်သည့် ဤနေရာသည် အမှန်တကယ်တွင် ဧရာမမြို့ကြီးမဟုတ်ဘဲ ဧရာမသင်္ဘောကြီး ဖြစ်နေသည်။
သင်္ဘောကြီးကို အင်မော်တယ်တောင်၏ တောင်စောင်းတွင် ကျောက်ချ ရပ်နားထားသည်။ ၎င်းသည် မြို့ကြီးတစ်ခုလိုပင် ကြီးကျယ်ခမ်းနားသည်။ အတွင်းဘက်ရှိ အဆောက်အအုံ များသည် လူတစ်သန်းကျော် နေနိုင်လောက်အောင် ကျယ်ဝန်းသည်။
သို့သော်လည်း သင်္ဘောကြီးသည် ကြီးမားသော်လည်း အင်မော်တယ်တောင်ကြီး တစ်ခုလုံး နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှသာ ရှိသေးသည်။
ချင်ယွင်နှင့် အခြားလူများသည် ဧရာမသင်္ဘောကြီး၏ ကုန်းပတ်ပေါ်သို့ အမြန်ဆင်းသက်ခဲ့ ကြသည်။ ဤသည်မှာ ဧရာမမြို့ကြီး၏ ဝင်ပေါက်ဖြစ်သည်။
သို့သော် ဧရာမမြို့အဝင်ဝတွင် စစ်သားနှစ်ယောက် ရပ်နေ၏။ သူတို့နှစ်ဦးစလုံးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိကြသည်။
နှစ်သန်းပေါင်းများစွာကြာအောင်၊ အင်မော်တယ်တောင်တွင် အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူများ ဖြစ်ကြ သည်။ ကျန်သူများအားလုံးသည် ခေတ်ရေစီးကြောင်းတွင် သေဆုံးသွားကြသည်။
"ဒါက အင်မော်တယ်မြို့ပါ၊ လူတိုင်းဝင်လို့ မရဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ။" အစောင့် နှစ်ယောက်ထဲက တစ်ယောက်က ချင်ယွင်နှင့် တခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
ထင်ရှားသည်မှာ၊ အင်မော်တယ်မြို့သို့ ဝင်ရောက်ရန် အခြေအနေများ ရှိနေခဲ့ပြီး၊ လူတိုင်း မဝင်နိုင်ပေ။
"ငါ သိပါတယ်။ အင်မော်တယ်မြို့ထဲကို ဝင်ဖို့အတွက် အင်မော်တယ်တံဆိပ်ပြား တစ်ခု ရှိရမယ်။ ဒါပေမယ့် ငါတို့က အင်မော်တယ်မြို့နဲ့ ပူးပေါင်းချင်နေတဲ့ကြောင်း ကျေးဇူးပြုပြီး မင်းတို့ မြို့တော်သခင်ကို အကြောင်းကြားပါ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ယခင်ကတည်းက သူသည် အင်မော်တယ်မြို့ထဲကို ဝင်နိုင်ဖို့အတွက် အင်မော်တယ် တံဆိပ်ပြားနှင့်၊ ထိုအင်မော်တယ်တံဆိပ်ပြားကို ပိုင်ဆိုင်မှသာ အင်မော်တယ်မြို့နှင့် ပူးပေါင်းနိုင်မည်ဆိုသည့် အချက်ကို လူလတ်ပိုင်းအရွယ် အမျိုးသား၏ မှတ်ဉာဏ်တွေက နေ လေ့လာထားပြီး ဖြစ်ပါသည်။
သေချာပါသည်။ အင်မော်တယ်မြို့နှင့် ပူးပေါင်းဖို့က ပေါ့ပေါ့တန်တန် လုပ်၍ရသည့် အရာတစ်ခု မဟုတ်ပါဘူး။ အခြေအနေတွေ ရှိနေခဲ့ပြီး အလွန်မင်း ကြမ်းတမ်းလွန်းသည်။ ထို့ကြောင့်၊ အင်မော်တယ်မြို့သည် အင်မော်တယ်တောင်ရှိ အထွက်ထိပ် အင်အားစုတစ်ခု နှင့်တူသည်။
အင်မော်တယ်မြို့နှင့် ပူးပေါင်းပါဝင်နိုင်သည့် မည်သူ့ကိုမဆို အင်မော်တယ်မြို့မှ ကာကွယ် ပေးမည် ဖြစ်သည်။ ထုံးစံအတိုင်း မြို့ထဲကို တစ်ယောက်တည်း ဝင်ရခြင်းက ပိုလွယ်ပါ သည်။
"အင်မော်တယ်မြို့နဲ့ ပူးပေါင်းဖို့လား။ အင်မော်တယ်မြို့နဲ့ ပူပေါင်းနိုင်ဖို့ အခြေအနေတွေကို မင်းတို့ သိရဲ့လား။" မြို့တံခါးများကို စောင့်ကြပ်နေသော ကောင်းကင်နတ်ဘုရားနှစ်ပါး သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ချင်ယွင် ဒေါသမထွက်ပါဘူး။ သူက ပြုံးပြီး ခေါင်းညိတ်ကာ ပြောသည် "သိပါတယ်။ အသက်ပိုးကောင်ဘုရင်တစ်ကောင်က အင်မော်တယ်တံဆိပ်ပြားတစ်ခုနဲ့ လဲလှယ်နိုင် တယ်။ အသက်ပိုးကောင်ဘုရင်ကို ဖမ်းနိုင်တဲ့လူတွေကပဲ အင်မော်တယ်တောင်နဲ့ ပူးပေါင်း နိုင်မှာပါ။"
"ဒါဆို မင်းတို့ ဘာလို့ ဒီမှာရှိနေတာလဲ။ မင်းတို့အနေနဲ့ အသက်ပိုးကောင် ဘုရင်ကို သွားမဖမ်းသင့်ဘူးလား" ထိုအစောင့်သည် တခဏတာ မှင်သက်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။ ချင်ယွင်တို့ လူအုပ်စု၏ ထူးကဲသော အသွင်အပြင်ကြောင့်သာ မဟုတ်ပါ က၊ သူသည် ၎င်းတို့ကို လွန်ခဲ့သည့် အချိန်ကြာမြင့်စွာကတည်းက တိုက်ရိုက် နှင်ထုတ် လိုက်ပြီ။
တစ်ဖက်တွင်မူ, ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေး၏။
သူသည် အသက်ပိုးကောင်ဘုရင်ကို သွားမဖမ်းချင်၍ မဟုတ်ပေ။ သို့သော်, အသက် ပိုးကောင်ဘုရင် ပေါ်လာပြီးကတည်းက အချိန်တော်ကြာနေပြီဆိုသည်ကို သူ သိထား သည်။
အသက်ပိုးကောင်ဘုရင်ကို ဖမ်းဆီးဖို့က မခက်ခဲပါဘူး။ ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်မှာ ရှိနေသရွေ့တော့ လုံလောက်ပါပြီ။ သို့သော်၊ အသက်ပိုးကောင်ဘုရင် သည် နောက်တစ်ကြိမ် ပေါ်မလာတော့ခြင်းကြောင့် အင်မော်တယ်တောင်၏ အဖွဲ့ခွဲတွင် ပါဝင်လိုသူများသည် ဆန်မပါဘဲ ထမင်းချက်ရန် ခက်ခဲသလို အခက်ခဲဖြစ်စေသည်။ ထို့ကြောင့် အင်မော်တယ်မြို့နှင့် ပူးပေါင်းထားကြသူများသည် လွန်ခဲ့သည့် နှစ်ထောင် ပေါင်းမျာစွာကတည်းက ရောက်ရှိနေသူများ ဖြစ်ကြသည်။
ဟုတ်ပါသည်။ ဤအရာက လုံးဝ အတိအကျကြီးတော့ မဟုတ်ပါဘူး။ ထိုလူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး၏ မှတ်ဉာဏ်များအရဆို, မကြာသေးမီက ခွန်အားဖြင့် အင်မော်တယ်မြို့’ တံခါးကို အပြင်းအထန် ဖွင့်ခဲ့ဖူးသူ တစ်ယောက် ရှိခဲ့ဖူးသည်။ ထို့အပြင်, ထိုလူသည် မဟူရာကမ္ဘာကလွဲ၍ တခြားသူ မဟုတ်ဘူး။
"ငါ့ပုံစံက ရင်းနှီးတယ်လို့ မထင်ဘူးလား?" ချင်ယွင်က အစောင့်နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းပုံစံကို ရင်းနှီးရင်တောင် ငါဂရုမစိုက်ဘူး" အစောင့်တစ်ယောက်က ကျိန်ဆဲလိုက်သော် လည်း မည်သူမှ သူ့ကို တားမြစ်ခြင်း မရှိပေ။
"မင်း တကယ်ကို ဘာမှ ပြောနေစရာ မလိုဘူး။ အဲ...၊ မင်းကြည့်ရတာ နည်းနည်း ရင်းနှီး နေသလိုပဲ" အစောင့်က တုံ့ဆိုင်းသွားသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "မင်းတို့ မဟူရာကမ္ဘာဆိုတာကို ကြားဖူးလား ငါ သိချင်တယ်"
"ကာကွယ်သူ မဟူရာကမ္ဘာလား" အစောင့်နှစ်ယောက်သည် ချက်ချင်း မျက်လုံးပြူးသွား သည်။ သူတို့သည် ချင်ယွင်၏ရုပ်အသွင်အပြင်ကို ပြန်ကြည့်လိုက်ချိန်မှာ သူတို့ လက်ခြေ များ တုန်ရီလာသည်။
ချင်ယွင်က ပြုံးလိုက်သည်။ သူ့ရှေ့က အစောင့်နှစ်ယောက်သည် အဘယ့်ကြောင့် အရမ်းကို ထိတ်လန့်သွားရလဲဆိုသည်ကို သူ သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့က မဟူရာ ကမ္ဘာသည် ဤနေရာသို့ ရောက်ရှိလာသည့်အခါ အင်မော်တယ်မြို့မှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ဖူးသည်။
အကယ်၍, အဆုံးတွင် အင်မော်တယ်မြို့၏ မြို့တော်သခင်ကိုယ်တိုင် ထွက်ပေါ်မလာခဲ့ပါ က, သင်္ဘောကြီးတစ်ခုလုံး ဖြိုချခံရပေလိမ့်မည်။
သူတို့ရှေ့က အစောင့်နှစ်ယောက်သည် တိုက်ပွဲမှာ တိုက်ရိုက် မပါဝင်ခဲ့သော်လည်း၊ အစောင့်များသည် ကာကွယ်သူ မဟူရာကမ္ဘာ၏ ရိုက်နှက်ခံခဲ့ရကြောင်း နောက်ပိုင်းမှာ သေချာပေါက် ပြန်ကြားသိရလိမ့်မည်။ ထို့ကြောင့် မဟူရာကမ္ဘာဟူသော စကားလုံးကို ကြားလိုက်ရသောအခါတွင် သူတို့ကျောရိုးများ တုန်ခါသွားသလို ခံစားလိုက်ရသည်။
ထို့အပြင် ချင်ယွင်၏ သတိပေးချက်အပြီးတွင်၊ သူတို့ရှေ့ရှိ ဤလူငယ်သည် ထိုကြောက်စရာကောင်းသော ကာကွယ်သူ မဟူရာကမ္ဘာနှင့် ဆင်တူနေကြောင်း သူတို့လည်လည်း တွေ့ရှိသွားခဲ့သည်။
ချင်ယွင်က ဤနေရာကို လာခဲ့ရသည့် အကြောင်းရင်းကတော့ သဘာဝအတိုင်း မဟူရာ ကမ္ဘာသည် အင်မော်တယ်မြို့တံခါးကို လက်သီးဖြင့် အတင်းကြပ် ဖွင့်လှစ်ခဲ့သည့် အကြောင်းကို သိရှိထား၍ ဖြစ်သည်။
သူ အင်မော်တယ်မြို့နှင့် ပူပေါင်းရောက်ရန် တောင်းဆိုရသည့်အကြောင်းနှင့် ပတ်သက်၍မူ လျှို့ဝှက်ချက်များစွာ ရှိနေပါသည်။ သေချာသည်မှာ။ သူသည် သူ့အဖွဲ့ကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ လျှို့ဝှက်ချက်များ အားလုံးသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်နှင့် ဆက်စပ်နေသည်။
တစ်နည်းဆိုရသော်, သူသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည် ဆင်ခြင်လိုပါက အင်မော်တယ်မြို့သို့ ဝင်ရောက်ခြင်းသည် သူ လုပ်ဆောင်ရမည့် ပထမဆုံး ခြေလှမ်း ဖြစ်သည်။
"ဒီမှာ ဘယ်သူက ဒုက္ခပေးနေတာလဲ"
ထိုအချိန်တွင် လူငယ်တစ်ယောက်သည် အင်မော်တယ်မြို့ထဲမှ ထွက်လာခဲ့သည်။ သူ့မျက်လုံးတွေက ထက်မြက်ပြီး ရုပ်ရည် ချောမောသည်။ သူသည် ချင်ယွင်နှင့် တခြား သူတွေ ယခင်က တွေ့ကြုံခဲ့ဖူးသည့် အသက်စွမ်းအားကို ဝါးမြိုချင်ကြသော ကောင်းကင် နတ်ဘုရားတွေနှင့် လုံးဝ မတူပေ။ သူ့တွင် ဖော်မပြနိုင်သော နတ်ဘုရားသိုင်းပညာနှင့် ရုပ်ရည်ခန့်ညားသည်။
သို့သော် လူငယ်၏ လေသံမှာ အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း, သူ ယွမ်ရှီရှီကို ကြည့်လိုက်စဉ်မှာ အံ့သြမှုနှင့် လိုချင်မက်မောသည့် အမူအရာကို ဖော်ပြလိုက်ဆဲ ဖြစ်သည်။
"ဗိုလ်ချုပ်ရှန်ဝူ, ဗိုလ်ချုပ်ပါလား။ ဒီလူကို ကာကွယ်သူ မဟူရာကမ္ဘာလို့ ဗိုလ်ချုပ်ထင်လား" အစောင့်တစ်ဦးသည် လူငယ်ကို မြင်သောအခါတွင် သူ့အမူအရာသည် ချက်ချင်းပင် လေးစားလာသည်။
ထိုလူငယ်သည် ထိုစကားကို ကြားသောအခါမှပင် ချင်ယွင်ထံသို့ လှည့်ကြည့်လိုက်သည်။ ချင်ယွင်၏အသွင်အပြင်ကို မြင်သောအခါ သူလည်း ထိတ်လန့်သွားသည်။ သို့သော် သူသည် လျင်မြန်စွာ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။ သူက ချင်ယွင်ကိုကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောသည် "ဟမ့် ကာကွယ်သူ မဟူရာကမ္ဘာက အခု လောလောဆယ် သူ့အစစ်မှန် အဓိပ္ပာယ်ကို ဆင်ခြင်ဖို့ မြို့ထဲမှာ ကျင့်ကြံနေတယ်။ သူက ဘယ်လိုလုပ် ဒီနေရာမှာ ပေါ်လာနိုင်မှာလဲ။ ရှင်းရှင်းပြောရရင်, သူက သူ့အသွင်အပြင် ပြောင်းထားရုံပဲ။ မင်းတို့နှစ်ယောက်၊ ဒီယောင်ဆောင်သူကို သတ်ပြီး၊ သူတို့ကို နှင်ထုတ် လိုက်။"
"ဟုတ်ကဲ့" အစောင့်နှစ်ယောက်သည် လူငယ်၏စကားကြားသောအခါတွင် ၎င်းတို့သည် သဘာဝအတိုင်းပင် ယုံကြည်မှုရှိ ကြသည်။ သူတို့ကို လှည့်ဖြားခဲ့သော ချင်ယွင်ကို သူတို့၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များဖြင့် ကြည့်နေရင်း, သူတို့၏အကြည့်များက ချက်ချင်းပင် ဖော်ရွေခြင်း မရှိတော့ပေ။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က ချက်ချင်း ရယ်မောလိုက်ပါသည်။
အခုလေးတင်ပဲ၊ ဤအခွင့်အရေးကို သူ အသုံးမချနိုင်တော့မည်ကို စိုးရိမ်နေသော်လည်း အခု ကံကောင်းစွာ ဤဗိုလ်ချုပ်ရှန်ဝူဟုခေါ်သည့်လူ ထွက်ပေါ်လာခြင်းက သူ့ကို တိုက်ရိုက် အခွင့်အရေးတစ်ခု ပေးခဲ့သည်။
ထို့အပြင်၊ ဤအကောင်သည် ယွမ်ရှီရှီအတွက် သူ့ကို သိသာထင်ရှားစွာ သတ်ပစ်ချင်နေ သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင် ဖြစ်ခဲ့ရသည်။
"လင်းဘ၊ မင်းသွားလိုက်" ချင်ယွင်က တိုက်ရိုက် မတိုက်ခိုက်ဘဲ သူ့နောက်ကနေ လင်းဘကို ပြောလိုက်သည်။
"ဟီး…၊ ဟီး…၊ နောက်ဆုံးတော့ လှုပ်ရှားဖို့ အခွင့်အရေးရပြီ" လင်းဘသည် ရယ်မောကာ ချင်ယွင် နောက်ကနေ ထွက်သွားသည်။
အစောင့်နှစ်ယောက်သည် လင်းဘက အမှန်တကယ် ကောင်စုတ်လေးတစ်ယောက် ဖြစ်နေသည်ကို မြင်သောအခါ, သူတို့သည် ချက်ချင်းဆိုသလို မတူသလိုဆက်ဆံခံရသည် ဟု ခံစားရပြီး လင်းဘကို သတ်ပစ်ချင်ကြသည်။
သို့သော် လင်းဘသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အစောင့်နှစ်ယောက်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။
အစောင့်နှစ်ယောက်သည် ချက်ခြင်း လွင်ထွက်သွားပြီး သူတို့နောက်က မြို့တံခါးကို ဝင်တိုက်ကာ တိုက်ခိုက်ရေးစွမ်းအား ဆုံးရှုံးသွားခဲ့သည်။
ချင်ယွင်က လင်းဘကို သတ်ခွင့်မပေးခဲ့ပါဘူး။ နောက်ဆုံးတွင်, ထိုအစောင့်နှစ်ယောက်က ဒေါသကြီးပုံမပေါ်ပေ။
ထိုမြင်ကွင်းကို မြင်တော့ ဗိုလ်ချုပ်ရှန်ဝူက မထီမဲ့မြင်ပြုသည့် အပြုံးကို ထုတ်ဖော်လိုက်ပါ သည်။ သူက ချင်ယွင်နှင့် တခြားသူတွေကို စိုက်ကြည့်ရင်း "ဟမ့်၊ အင်မော်တယ်မြို့ကို ပြဿနာလာရှာတာပေါ့။၊ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလို့ ငါ ထင်တယ်။ အားလုံးကို ဖမ်းလိုက်ပါ"
ထိုသို့ပြောပြီးနောက်တွင် လူအများအပြားသည် မြို့ပြင်သို့ ပြေးထွက်လာကြပြီး ချင်ယွင်နှင့် အခြားလူများကို ဝိုင်းထားကြသည်။ သူရဲကောင်းဆန်သော အသွင်အပြင်ဖြင့် လူငယ်၏လက်ထဲတွင် လှံတစ်ချောင်းပေါ်လာသည်။