အခန်း ၁၆၉၅
Vol. 113 Ch. 1695
အခန်း (၁၆၉၅) သတ်ဖြတ်ခြင်း။
ဗိုလ်ချုပ်ရှန်ဝူဟုခေါ်သော ဤလူငယ်သည် ချင်ယွင်နှင့် အခြားလူများကို သူ့မျက်နှာပေါ် တွင် လှောင်ပြောင်သော အမူအရာဖြင့် ကြည့်နေသည်။ သို့သော် ယွမ်ရှီရှီကို ကြည့်လိုက် သောအခါ သူ့မျက်လုံးများ၏ နက်ရှိုင်းဆုံးအရပ်မှ လောဘအရိပ်အယောင် ပေါ်လာသည်။
သေချာသည်မှာ၊ သူသည် ချင်ယွင်နှင့် အခြားလူများအားလုံးကို သတ်ဖြတ်ပြီးနောက် ယွမ်ရှီရှီကို သူ၏ကစားစရာ အိမ်မွေးတိရစ္ဆာန်အဖြစ် လုယူသွားချင်သည်။
နတ်ဘုရားများသည်လည်း လူသားများပင် ဖြစ်ပြီး ၎င်းတို့၏ကိုယ်ပိုင်ဆန္ဒများ ရှိကြပါသည်။
ဤအင်မော်တယ်တောင်တန်းတွင် အမျိုးသမီးများသည် ပို၍ပင် ရှားပါးပါသည်။ အမျိုးသမီးများသည် သူမတို့၏ ရုပ်ရည်အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်မှသာလျှင် လှပနိုင်ပါသည်။ သို့သော် မည်သူကမှ ၎င်းတို့၏ အသက်ပိုးကောင်များကို အမျိုးသမီးများ အား ထောက်ပံ့ရန် ဆန္ဒမရှိကြပေ။
သို့သော်လည်း ရှန်ဝူသည် ယွမ်ရှီရှီကို မြင်လိုက်သည့်အခိုက်တွင် သူစိတ်ထဲမှာ ဆုံးဖြတ်ချက်ချပြီး ဖြစ်သည်။ ယွမ်ရှီရှီကို ထောက်ပံ့ရန်အတွက် သာမန်ဘဝတစ်ခုကို စတေးရရင်တောင် သူဆန္ဒရှိမှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ရှိ ဤအမျိုးသမီးသည် ဆွဲဆောင်မှု လွန်ကဲလွန်းသောကြောင့် ဖြစ်သည်။
ချင်ယွင်သည် ဗိုလ်ချုပ်ရှန်ဝူ၏ အတွေးများကို သဘာဝအတိုင်း မြင်နိုင်ပြီး သူ့မျက်လုံးထဲ တွင် လှောင်ပြောင်မူနှင့်အတူ အေးစက်မူက ပေါ်လာပါသည်။
ယွမ်ရှီရှီသည် အင်မော်တယ်တောင်သို့ စတင်ဝင်ရောက်စဉ်က သူမ၏ အသက်ကုန်ဆုံးမှု ကြောင့် အနည်းငယ် အိုမင်းသွားခဲ့သည်။
သို့သော်၊ ချင်ယွင်သည် ယွမ်ရှီရှီ၏ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအားကို ထည့်သွင်းပေးပြီး နောက် ယွမ်ရှီရှီသည် သူမ၏ ယခင်အလှကို ပြန်လည်ရရှိလာခဲ့သည်။ ညှို့ငင်နိုင်စွမ်းရှိ သည့် ခန္ဓာကိုယ်အပြင်၊ သူမသည် သဘာဝအတိုင်း အမျိုးသားတွေကို အဆုံးမရှိ ဆွဲဆောင် နိုင်ပါသည်။
ယွမ်ရှီရှီကို မြင်လိုက်ရသဖြင့် ဤဗိုလ်ချုပ်ရှန်ဝူသည် သဘာဝအတိုင်း သွေးဆောင်ခံခဲ့ရ သည်။
သို့သော်လည်း ဤဗိုလ်ချုပ်ရှန်ဝူသည် ယွမ်ရှီရှီ၏အာရုံစိုက်ခံရအောင် ဘယ်သောအခါမှ မတိုက်ခိုက်ခဲ့ဘဲ အင်အားဖြင့် သိမ်းယူချင်နေခဲ့သည်။
သူချင်ယွင်သည် သူ့မိန်းမကို ကြည့်ရုံသက်သက်ဖြင့် သတ်ဖြတ်တတ်သည့် လူစားမျိုး မဟုတ်ပါဘူး။ သို့သော် ဤဗိုလ်ချုပ်ရှန်ဝူကဲ့သို့ အမှားတစ်ခုခုကို ကျူးလွန်လိုသူအား သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
"သွား၊ သူတို့ကို သတ်ပစ်လိုက်"
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် လုံးလုံး ဖွဲ့စည်းထား သည့် အစောင့်များသည် ချင်ယွင်နှင့် အခြားသူများဆီသို့ ပြေးသွားကြသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏ပါးစပ်ထောင့်တွင် ပေါ့ပါးသော အပြုံးတစ်ခုပေါ်လာသည်။
သူသည် ရုတ်တရက် ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ ထို့နောက် ပုံရိပ်တစ်ခု ဖြတ်သန်းသွားကာ ချင်ယွင်သည် ၎င်း၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြီ။ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ အားလုံးသည် လေထဲတွင် အေးခဲသွားကြသည်။
"ဒိုင်း" "ဒိုင်း" "ဒိုင်း"
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် လေထဲတွင် ရပ်တန့်နေရာမှ ပေါက်ကွဲကာ သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။
ဤမြင်ကွင်းကြောင့် မူလက လွင့်ထွက်သွားသော အစောင့်နှစ်ဦးသည် ၎င်းတို့၏ မျက်လုံးများက ချက်ခြင်း ပြူးကျယ်သွားကြကာ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာစေခဲ့သည်။
ဒါဇင်နှင့်ချီသည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားတွေကို ချက်ချင်း သတ်ပစ်လိုက် သည်။ ဤအရာက ဘယ်လိုခွန်အားမျိုးလဲ။
သူတို့ကို သတ်ဖြတ်ခြင်းက ကြက်သတ်သလို ရိုးရှင်းလွန်းသည်ဟု မဆိုလိုဘူးလား။
အစောင့်နှစ်ယောက်သည် ထိတ်လန့်သွားသော်လည်း, တစ်ချိန်တည်းတွင် အစောပိုင်းက တဖက်လူကို လွန်လွန်ကဲကဲ မစော်ကားခဲ့မိသည့်အတွက် သူတို့ ဝမ်းသာနေကြသည်။
ဤအခိုက်အတန့်တွင် ၎င်းတို့ရှေ့မှ ဤလူသည် သူတို့ကြောက်ရသော ကာကွယ်သူ မဟူရာကမ္ဘာ မဟုတ်သော်လည်း၊ သူ၏ခွန်အားသည် များစွာ အားနည်းလိမ့်မည် မဟုတ်ကြောင်း သူတို့ နားလည်ထားပြီး ဖြစ်သည်။
လှံကိုကိုင်ထားတဲ့ ဗိုလ်ချုပ်ရှန်ဝူလည်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့တွင် ထူးထူးခြားခြား အသွင်သဏ္ဍာန်ရှိသော ဤလူငယ်သည် အမှန်တကယ် အစွမ်းထက်လိမ့် မည်ဟု သူ မမျှော်လင့်ထားပေ။
အမှန်တော့၊ ချင်ယွင်၏ လက်ရှိအင်အားဖြင့်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ၈၀ စာရင်းတွင် သေချာပေါက် ရနိုင်သည်။ အကယ်၍ သူသည် ကနဦးစကြဝဠာ၏စွမ်းအားကို ထပ်မံအသုံးပြုပါက၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၅၀ ၏ တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်မည် ဖြစ်သည်။ သူ့အတွက် သာမန်အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူ အချို့နှင့် ရင်ဆိုင်ရခြင်းက လွယ်ကူလွန်းပါသည်။
သူ့ရှေ့ရှိ ဗိုလ်ချုပ်ရှန်ဝူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် သူသည် ၉၀ တွင် ဖြစ်သင့်သည်။ ချင်ယွင်၏ တိုက်ခိုက်မှုကို မြင်လိုက်ရသဖြင့် ယွမ်ရှီရှီကို ရယူရန် စိတ်ပိုင်းဖြတ်ထားသည့် သူသည် ချက်ချင်းပင် သူ့နှလုံးသားထဲမှာ ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။ သို့သော် သူ့နောက်ကွယ်မှ အင်မော်တယ်မြို့၏ ပံ့ပိုးကူညီမှုကို ပြန်တွေးလိုက်သောအခါတွင် သူ၏ ယုံကြည်မှုက ခိုင်မာလာပြန်သည်။
"ဟမ့်၊ မင်းက အင်မော်တယ်မြို့က အစောင့်တွေ အများကြီးကို သတ်ပစ်လိုက်တယ်။ မင်းက သေချင်နေတာပဲ" ဗိုလ်ချုပ်ရှန်ဝူက အေးစက်စွာ ဟစ်အော်လိုက်သည်။
အင်မော်တယ်မြို့မှ တန်ခိုးကြီးလူတွေအကြောင်း သူတွေးလိုက်သောအခါ၊ ချင်ယွင်နှင့် အခြားလူများကို ကြည့်နေသည့် သူ့အကြည့်တွေက ပို၍ပင် မောက်မာလာသည်။
ချင်ယွင်က ဗိုလ်ချုပ်ရှန်ဝူကို ကြည့်ရင်း အတောမသတတ် ရယ်မောကာ ပြောသည် "သေချင်နေတာ ဟုတ်လား။ ငါက သေချင်နေတယ်လို့ မင်း ထင်လား။"
"ဟမ့်၊ အင်မော်တယ်မြို့ကလူကို သတ်ဖြတ်ရဲတဲ့ဘယ်သူမဆို အင်မော်တယ်မြို့ရဲ့ လိုက်လံဖမ်းဆီးခြင်းကို သေချာပေါက် ခံရလိမ့်မယ်။ ဒါက နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့ တဲ့ စည်းမျဉ်းတစ်ခုပဲ။ မင်းမှာ အင်အားနည်းနည်းရှိလို့ အင်မော်တယ်မြို့ကို စိုးမိုးနိုင်မယ်လို့ မထင်လိုက်နဲ့။ ငါ မြို့တော်ကို အချက်ပေးပြီးသွားပြီ။ နောက်ပိုင်း ကျွမ်းကျင်သူတွေ ရောက်လာလိမ့်မယ်။ မင်းတို့အားလုံး သေရလိမ့်မယ်။ ဒါပေမယ့်, မင်းတို့ အခု သူမကို ဒီမှာ ထားခဲ့ရင်, မင်းတို့အသက်ကို ငါ ချမ်းသာပေးလိုက်မယ်” ဗိုလ်ချုပ်ရှန်ဝူက ယွမ်ရှီရှီကို လက်ညှိုးထိုးပြပြီး အေးစက်စွာ ပြောလိုက်သည်။
ထိုစကားတွေပြောပြီးသည်နှင့် လုံချန်နှင့် တခြားသူတွေဆီမှ အမျက်ဒေါသက တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။
ဒီကောင်က တကယ်ကို အရှက်မရှိပေ။ ယခုလိုအချိန်မျိုးမှာပင် သူသည် အမှန်တကယ် မိန်းမတစ်ယောက်ကို ထိဖို့ သတ္တိရှိနေသေးသည်။ လျှိုမျိုးနွယ် သားအဖနှစ်ယောက် ယွမ်ရှီရှီကို ပြန်ပေးဆွဲသွားစဉ်က ချင်ယွင်၏ ဒေါသထွက်နေသော အမူအရာကို သူတို့ တွေ့ဖူးသည်။ အခုတော့ ဒီကောင်က ချင်ယွင်ရှေ့မှာ သူ့မိန်းမကို တကယ် လိုချင်နေခဲ့ သည်။ ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်လျှင် ဘာလဲ။
သေချာပါသည်၊ ချင်ယွင်၏ မျက်လုံးများသည် ထိုစကားကို ကြားသည့်အခါ မသိစိတ်က ကျဉ်းမြောင်းသွားခဲ့သည်။
မူလက သူသည် မြို့တော်သခင်ကို ဆွဲဆောင်ရန်အတွက် ရုန်းရင်းဆန်ခတ် ပြုလုပ်ရန်သာ ဆန္ဒရှိခဲ့သော်လည်း, ယခုအခါ ဤဗိုလ်ချုပ်ရှန်ဝူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို လုံးလုံး လျားလျား နှိုးဆော်လိုက်ပါသည်။ ထိုကြောင့် အခုလေးတင် သူသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စတင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဗိုလ်ချုပ်ရှန်ဝူသည် ထိုစကားများကို ပြောပြန်ပြီး ချင်ယွင်၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်က ပို၍ပင် ပြင်းထန်လာသည်။
"သူမကို ထားခဲ့ဖို့လား။ မင်း သူမကို ခေါ်ထားဖို့ဆို မင်းမှာ အသက်ရှိမရှိ အပေါ်မှာ မူတည်တယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီးနောက်၊ သူ့ရုပ်အသွင်က ဗိုလ်ချုပ်ရှန်ဝူဆီ အပြေးအလွှား ပြေးသွားရင်း ဖျတ်ခနဲ လှုပ်ရှားသွားသည်။
ဗိုလ်ချုပ်ရှန်ဝူ၏ မျက်လုံးများသည် ချက်ခြင်း ကျဉ်းမြောင်းသွားကာ သူ့လက်ထဲမှ လှံသည် လေဟာနယ်ကို ထိုးဖောက်ပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးလိုက်သကဲ့သို့ ချက်ချင်းပင် လှုပ်ရှားသွားလေသည်။
သို့သော် ချင်ယွင်သည် ဂရုမစိုက်ဘဲ အထင်သေးဟန်ဖြင့် သရော်ရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထက်ရှသော နတ်ဘုရားလှံငါးချောင်းသည် ချင်ယွင်၏ လက်သီးချက်ကြောင့် တိုက်ရိုက် ကွေးညွတ်သွားသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဗိုလ်ချုပ်ရှန်ဝူသည် ချက်ချင်းပင် သူ၏ မျက်လုံးများကို ပြူးကျယ်ကာ မယုံကြည်နိုင်သော အရိပ်အယောင်ကို ထုတ်ဖော်လိုက် သည်။
သို့သော်လည်း နောက်တစက္ကန့်တွင် သူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်၊ အကြောင်းမှာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များက သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
ချင်ယွင်သည် နောက်တစ်ကြိမ် လက်သီးတစ်ချက် ထိုးသွင်းရင်း ဗိုလ်ချုပ်ရှန်ဝူ၏ ရင်ဘတ် ကို ရိုက်ခွဲလိုက်သည်။ အကယ်၍, ထိုလက်သီးချက်သာ ထိမှန်ခဲ့လျှင်, ဗိုလ်ချုပ်ရှန်ဝူသည် မသေလျှင်ပင် လုံးလုံး သုံးစားမရ ဖြစ်သွားလိမ့်မည်။
"ရပ်"
သို့သော် လူတိုင်းက ဗိုလ်ချုပ်ရှန်ဝူ အသတ်ခံရတော့မည်ကို ခံစားမိနေချိန်မှာ, ပုံရိပ်တစ်ခု သည် ဗိုလ်ချုပ်ရှန်ဝူ၏ရှေ့တွင် ချက်ချင်းပေါ်လာပြီး ချင်ယွင်ကို တိုက်ရိုက် ထိုးလိုက်သည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်နှင့် ရုတ်တရက် ပေါ်လာသော အဖိုးအိုတို့ သည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကြသည်။ ထိုမှသာ သူတို့သည် ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရားတန်ခိုးစွမ်းအား လှုပ်ခတ်မှုကို ချေမှုန်းပစ်နိုင်ကြသည်။
ချင်ယွင်သည် ရုတ်တရက် ပေါ်လာသော အဖိုးအိုကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင် ပေါ်လာသည်။
အခုနက ထိုလက်သီးချက်ထဲမှာ သူ့ခွန်အားအားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်, ထိုအဘိုးကြီး၏ တားဆီးမှုကို ခံနေရဆဲပင်။ ဤအဘိုးအိုသည်လည်း ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပုံရပြီး သူ၏ခွန်အားမှာ လည်း အားမနည်းလှပေ။ သူသည် လုံချန်နှင့် အတူတူဖြစ်သင့်သည်။
ထိုမျှသာမကပေ, ချင်ယွင်သည်လည်း ဤအဘိုးအိုထံမှ တန်ခိုးကြီးသော နတ်ဆိုးသားရဲ အငွေ့အသက်ကို ခံစားခဲ့ရသည်။ ဆိုလိုသည်မှာ သူ့ရှေ့က ဤအဘိုးကြီးသည် လူသား မဟုတ်ဘဲ တုနှိုင်းမရအောင် အစွမ်းထက်သည့် နတ်ဘုရားသားရဲ တစ်ကောင်ဖြစ်နိုင်သည်။
"ဟမ့်၊ မင်းက ဘယ်သူလဲ။ မင်း ငါ့ရဲ့ အင်မော်တယ်မြို့ကို ဒုက္ခပေးဖို့ ရောက်လာတာလား" အဘိုးအိုသည် ချင်ယွင်နှင့် အခြားသူများကို ဒေါသတကြီး စိုက်ကြည့်နေသည်။ အထူးသဖြင့် ချင်ယွင်ကို ကြည့်သောအခါ, သူ့မျက်လုံးများက သတိထားသည့် အရိပ်အမြွက် ပြသနေသော်လည်း သူ့လေသံက အလွန်မာနကြီးသည်။
ပတ်ဝန်းကျင်ရှိ လုံချန်နှင့် အခြားသူများလည်း နိုးကြားသတိထားသည့် အမူအရာများ ဖော်ပြလာကြသည်။ သို့သော် သူတို့သည် ဘာမှ မပြောခဲ့ပေ။ ယခုအခါ ချင်ယွင်သည် သူတို့၏ခေါင်းဆောင် ဖြစ်လာခဲ့သည်မှာ ထင်ရှားသည်။ အရာအားလုံးသည် ချင်ယွင်၏ အမိန့်အောက်တွင် ရှိသည်။
ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အဖိုးအိုကို ကြည့်လိုက်ပါသည်။
စာစဉ် (၁၁၃) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။