အခန်း ၁၆၉၆
Vol. 114 Ch. 1696
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၄)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၆၉၆) ဗိုလ်ချုပ်ရှန်ဝူ၏အကြောက်တရား။
သူချင်ယွင် သတ်ဖြတ်လိုသည့်လူသည် မည်သည့်အခါမှ သတ်ဖြတ်မခံရခြင်း မရှိပေ။
သူသည် ဤဗိုလ်ချုပ်ရှန်ဝူကို သတ်ဖြတ်ချင်သည်ဆိုကတည်း, သူသည် ဤဗိုလ်ချုပ်ရှန်ဝူ ကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
ဤအဘိုးအိုသည် တန်ခိုးကြီးသော နတ်ဘုရားသားရဲဖြစ်သော်လည်း၊ ချင်ယွင်၏ရှေ့တွင်မူ အားနည်းနေဆဲ ဖြစ်သည်။
သို့သော်၊ ဗိုလ်ချုပ်ရှန်ဝူသည် ဤအဖိုးအို၏ အသွင်အပြင်ကို မြင်လိုက်ရသည့် အခိုက်တွင် သူ့မျက်နှာသည် စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာကာ ချင်ယွင်ကိုကြည့်သည့် သူ့ အကြည့်များပင် ပို၍ မောက်မာလာသည်။
"ငါတို့က အင်မော်တယ်မြို့နဲ့ ပူးပေါင်းဖို့ ဒီကို ရောက်နေတာ။" ချင်ယွင်က ပြောသည်။
"အင်မော်တယ်မြို့နဲ့ ပူးပေါင်းဖို့လား?" ချင်ယွင်နှင့် အခြားသူများကို စိုက်ကြည့်ပြီးနောက် နတ်ဘုရားသားရဲအိုကြီးသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ဟမ့်၊ မင်းက ဒီလောက် လူတွေအများကြီးသတ်ပြီးမှ အင်မော်တယ်မြို့နဲ့ ပူးပေါင်းချင်နေသေးတာလား။ မင်းတို့ ဒီနေ့ အသက်ရှင်လျက် ဒီနေရာကနေ ထွက်သွားနိုင်ရင်တောင် အတော်ကောင်းနေပြီလို့ ငါ ထင်တယ်"။
နတ်ဘုရားသားရဲအိုကြီးသည် ချင်ယွင်နှင့် အခြားသူများကို ကြည့်ပြီး အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပြင်းထန်သော ဒေါသတစ်ခု ရှိနေခဲ့သည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ သူ့ရှေ့ရှိ နတ်ဘုရားသားရဲအိုကြီးသည် ခေါင်းမာပုံရပြီး၊ ၎င်းသည် အလွန်အကာကွယ်ပေးတတ်သည့် စိတ်ပိုင်ရှင် အမျိုးအစား ဖြစ်သည်။ သူ ဒီထက်မက ပြောချင်ရင်တောင်, ထိုသို့ပြောချင်စိတ် မရှိတော့ပါဘူး။ ထိုသို့ ပြောဆိုနေခြင်းထက် တိုက်ရိုက် လှုပ်ရှားခြင်းက ပိုကောင်းပါသည်။
"စီနီယာ၊ ကျွန်တော် စီနီယာကို နောက်မှ ပြောပြမယ်။ အခုလောလောဆယ် ဘေးဖယ် လိုက်ပါ။ စီနီယာ နောက်ကွယ်ကလူနဲ့ ကျွန်တော် ရင်ဆိုင်ပြီးရင် ကျွန်တော်တို့ စကားပြောကြမယ်။" ချင်ယွင်က လှောင်ပြောင် ရယ်မောလိုက်သည်။
နတ်ဘုရားသားရဲအိုကြီးသည် ထိုစကားကိုကြားသောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ် ပြီး ချင်ယွင်နှင့် အခြားလူများကို သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်နေလေသည်။
"မိုက်မဲတဲ့ကောင်, မင်းက စီနီယာ ကျန်းထျန်ကို ငါ့ကို ဘယ်လိုလုပ် စော်ကားရဲတာလဲ။ ကောင်စုတ်၊ မင်းက စီနီယာကျန်းထျန်ကို ခြိမ်းခြောက်ပြီး မလေးမစား လုပ်ရဲတယ်ပေါ့" ရှန်ဝူဟုခေါ်သော လူငယ်သည် အေးစက်စွာ ဟစ်အော်လိုက်သော်လည်း သူ့မျက်လုံးများ ကမူ ကောက်ကျစ်သည့် လှောင်ပြောင်မှုကို သယ်ဆောင်လာသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ဒေါသပေါက်ကွဲသွားသည်။ ရှန်ဝူဟုခေါ်သော ဤလူသည် သူ့ကိုယ်သူ လွန်ကဲစွာ ခန့်မှန်းထားသည်။ တကယ်ကို ယခုအချိန်မျိုးမှာ တောင် သူ့ကို လှုံ့ဆော်ရန် သတ္တိရှိနေခဲ့သည်။ အင်မော်တယ်မြို့က သူ့ကို အမှန်တကယ် ကာကွယ်ပေးနိုင်သည်ဟု သူ တကယ် ထင်နေတာလား။
ထိုမြင်ကွင်းကိုမြင်တော့ လုံချန်နှင့် တခြားသူတွေလည်း အလွန်မင်း ဒေါသ ထွက်နေခဲ့ပါ သည်။ ဗိုလ်ချုပ်ရှန်ဝူ၏ လုပ်ရပ်များက သူတို့၏သတ်ဖြတ်လိုစိတ်ကို မြင့်တက်လာစေ သည်မှာ ထင်ရှားပါသည်။
"ဟမ့်၊ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းတို့က ငါတို့ အင်မော်တယ်မြို့မှာ ပြဿနာရှာဝံ့မှတော့ မင်းတို့အားလုံး သေရလိမ့်မယ်" နတ်ဘုရား သားရဲအိုကြီးသည် အေးစက်စက် နှာချေလိုက်ပြီး ချင်ယွင်ထံသို့ ပြေးဝင်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က အထင်သေးစွာ ပြောသည် "ဒီလိုဆိုမှတော့ ခင်ဗျားကို အပြစ်လုပ်ဖို့ကလွဲလို့ ကျုပ်လည်း ရွေးချယ်စရာ မရှိတော့ဘူး"
ထိုသို့ပြောပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်လာသည်။ ဤတစ်ကြိမ်တွင် သူသည် ကနဦးစကြဝဠာ၏ စွမ်းအားကို တိုက်ရိုက် အသုံးပြုခဲ့သည်။
"ဘုန်း…."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ လက်သီးသည် နတ်ဘုရားသားရဲ အိုကြီး၏ လက်သီးနှင့် အပြင်းအထန် ထိတွေ့သွားခဲ့သည်။
နားကန်းလောက်သည့် ပေါက်ကွဲသံနှင့်အတူ နတ်ဘုရားသားရဲအိုကြီးသည် ချက်ချင်း နောက်ပြန်လွင့်သွားကာ၊ သူ့နောက်ဘက်မှ အဆောက်အအုံထဲသို့ အပြင်းအထန် ဝင်တိုက်ပြီး၊ သူ့နောက်ရှိ အဆောက်အအုံတစ်ခုလုံး ပြိုကျသွားခဲ့သည်။
အစောင့်နှစ်ယောက်သည် ထိတ်လန့်သွားပြီး ဗိုလ်ချုပ်ရှန်ဝူလည်း မှင်သက်သွားခဲ့သည်။
လက်သီးတစ်ချက်လား။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်ဆယ်ဝန်းကျင်မှာ အဆင့် သတ်မှတ်ခံရနိုင်သည့် လူတစ်ယောက်သည် အမှန်တကယ်ပင် သူ့ရှေ့မှ လူငယ်၏ လက်သီးတစ်ချက်ကြောင့် လွင့်ပျံသွားခဲ့သည်။
ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
အစောင့်နှစ်ယောက်သည် အချင်းချင်း ကြည့်နေကြသည်။ ယခုပင် သူတို့သည် ဤအန္တရာယ်များသည့် စိတ်ဓာတ်ပိုင်ရှင်ကို မလှုံ့ဆော်မိသည့်အတွက် ပို၍ပို၍ပင် ဝမ်းသာနေကြသည်။
အခု သူတို့ရှေ့က ဤလူငယ်သည် မဟူရာကမ္ဘာဟုပင် သူတို့ တကယ်ကို သံသယရှိနေကြ ပြီ။
ချင်ယွင်သည် လူတိုင်း၏ အကြည့်များကို လျစ်လျူရှုပြီး ဗိုလ်ချုပ်ရှန်ဝူကို အေးစက်စွာ ကြည့်နေလေသည်။
ဗိုလ်ချုပ်ရှန်ဝူသည် မသိစိတ်မှ ခြေတစ်လှမ်း နောက်ဆုတ်သွားပြီး တံတွေးတစ်လုတ်ကို မျိုချလိုက်သည်။ ယခုအချိန်မှာ သူ့ခြေထောက်တွေက တဆတ်ဆတ် တုန်နေသလို ခံစားရပါသည်။
သောက်ကျိုးနည်း။
သူသည် ဤကဲ့သို့ ဖြစ်တည်မှုတစ်ယောက်ကို မည်သို့ ရန်စမိလေသနည်း။ အခုအချိန်မှာ တော့ သူ့ရင်ထဲမှာ ပြင်းထန်သည့် ဝမ်းနည်းကြေကွဲမူက တိုးဝင်လာခဲ့သည်။
"ပြေး"
ဗိုလ်ချုပ်ရှန်ဝူသည် သူ့စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာပြီး၊ ထို့နောက် သူသည် အင်မော်တယ်မြို့ဆီကို အပြေးအလွှား ပြေးသွားရန် စီစဉ်လိုက်ပါသည်။
သို့သော် သူခြေလှမ်း အနည်းငယ် လှမ်းလိုက်ချိန်မှာ, ချင်ယွင်သည် သူ့ရှေ့တွင် ပေါ်လာပြီ ဖြစ်ကြောင်း သူ မြင်လိုက်ရသည်။
"မင်း.. မင်း.. မင်း .ဘာလုပ်ချင်လို့လဲ" ဗိုလ်ချုပ်ရှန်ဝူသည် သူ၏အရှိန်အဟုန်ကို လုံးလုံး လျားလျား ဆုံးရှုံးသွားပြီး၊ သူ့ပါးစပ်သည်ပင် တုန်လှုပ်စ ပြုလာသည်။
"မင်း ငါတို့ကို မသတ်ချင်ခဲ့ဘူးလား၊ ဘာလို့ အခု ထွက်ပြေးနေတာလဲ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် မေးသည်။
"မဟုတ်ဘူး... ငါ မဝံ့ရဲပါဘူး။" ဗိုလ်ချုပ်ရှန်ဝူက ကမန်းကတန်း ပြောလိုက်သည်။
"ဒါဆို မင်းက သူမကို ထိန်းချုပ်ဖို့ စိတ်ကူးသေးလား။" ချင်ယွင်က အေးစက်စွာ မေးသည်။
ဗိုလ်ချုပ်ရှန်ဝူသည် ထိတ်လန့်သော အမူအရာဖြင့် ခေါင်းကို အမြန် ခါယမ်းလိုက်သည်။ သူသည် ဒူးထောက်လုနီးပါးပင်။
သို့သော် ချင်ယွင်က အေးစက်သော အပြုံးကို ထိန်းထားသည်။ ဗိုလ်ချုပ်ရှန်ဝူ၏ ထိတ်လန့်နေသော အသွင်အပြင်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက လှောင်ပြောင် သရော်သည့်အမူအရာ ထင်ရှားပေါ်လွင်နေသည်။
ဘန်း….။
သို့သော် ဤအခိုက်အတန့်တွင် မူလက ထိတ်လန့်နေသော ဗိုလ်ချုပ်ရှန်ဝူ၏ ပါးစပ်သည် ရုတ်တရက် ပွင့်ထွက်သွားပြီး၊ သူ့လက်က ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို သယ်ဆောင်လာပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပါသည်။
"ငရဲကိုသွားလိုက်တော့"
ဗိုလ်ချုပ်ရှန်ဝူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ချင်ယွင်၏ ရင်ဘတ်ဆီသို့ ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ရိုက်ချလိုက်သည်။
ထိုမျှနီးကပ်သော အကွာအဝေးတွင် သူ့ရှေ့မှ လူငယ်သည် ကြိုတင်ကာကွယ်မှု မရှိဘဲ သူ၏ တိုက်ခိုက်မူကို ရှောင်တိမ်းနိုင်မည်ဟု သူ မထင်ပေ။ သူ့ရိုက်ချက် သူ့ကို ထိမှန်သွား သည်နှင့်, သူ့ရှေ့က လူငယ်သည် သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။
ဟုတ်ပါသည်, သူ့လက်ဖဝါးက လူငယ်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး၊ ယင်းက သူ့ကို အပျော်လွန်သွားစေပါသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။
"ပုံရိပ်ယောင်လား.....
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ဗိုလ်ချုပ်ရှန်ဝူသည် သူ့လက်ဖဝါးက သူ့ရှေ့က လူငယ်ကို အမှန်တကယ် ဖြတ်သန်းသွား သော်လည်း သူသည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့သည့် ခံစားချက်မျိုး လုံးဝ မရရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူ့နောက်ကွယ်မှ အေးစက်စက် သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခု ထွက်ပေါ်လာသည်။
ဗိုလ်ချုပ်ရှန်ဝူသည် တောင့်တင်သွားပြီး ပြန်လှည့်ကြည့်လိုက်စဉ်မှာ ချင်ယွင်က သူ့နောက် မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် သူ့အလိုလို ထွက်ပြေးချင်စိတ် ဖြစ်ပေါ်လာသော်လည်း သူ့ရှေ့က လူငယ်က သူ့ ပုခုံးပေါ် ရိုက်ချလိုက်ပါသည်။
"ဖျစ်.."
မြေပြင်ပေါ်ရှိ ကြမ်းပြင်များ ကွဲအက်သွားကာ သူ့အရိုးများလည်း တခဏချင်း ကျိုးသွားခဲ့ သည်။ သူ့တစ်ကိုယ်လုံး အလွန်သနားစရာကောင်းသည့် အခြေအနေမျိုး ဖြစ်သွားခဲ့ပြီး အော်ဟစ်ငြီးငြူသံတွေ ထွက်ပေါ်လာသည်။
"မင်း ကြောက်ချဟန်ဆောင်ပြီး ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ချင်တာကို ငါ မသိဘူးလို့ မင်း ထင်နေတာလား။ အခုနက မင်းရဲ့သရုပ်ဆောင်ချက်က ကောင်းတယ်လို့ မင်း ထင်လား" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းက ကျီစားမူအပြည့်ဖြင့် သူ့ရှေ့မှ လူငယ်ကို လှမ်းကြည့်ရင်း အေးစက်သော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ဤစကားများသည် လေးလံသော တူကြီးဖြင့် ရိုက်နှက်လိုက်ကဲ့သို့ လူငယ်၏ နှလုံးသားကို ထိမှန်သွားကာ သူ့ကို လုံးဝ စိတ်ပျက်အားငယ်သွားစေသည်။
ပြီးသွားပြီ။
တကယ် ပြီးသွားပြီ။
သို့သော် ဗိုလ်ချုပ်ရှန်ဝူ၏ စိတ်နှလုံးထဲတွင် စိတ်ပျက်အားငယ်မှု မြင့်တက်မလာခင်မှာ, ချင်ယွင်က သူ့ခြေထောက်ကို တိုက်ရိုက် နင်းချလိုက်သည်။
ဘန်း…။
သွေးတွေက ဖြန်းခနဲ လွင့်စင်သွားပြီး သူ့ခြေသလုံးတစ်ခုလုံး ချက်ချင်းပင် ခန္ဓာကိုယ်က နေ ကွဲကွာသွားခဲ့သည်။
သို့သော် ဤအရာမပြီးဆုံးခင်မှာ သူ့ရှေ့မှလူငယ်သည် သူ၏အခြားလက်မောင်းတစ်ဖက် လည်း ဆွဲထုတ်ခံလိုက်ရသည်။
ကောင်းကင်နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်သည် ပြန်လည် တည်ဆောက်နိုင်သော်လည်း၊ လူတစ်ဦး၏ ခန္ဓာကိုယ်ကို ဆွဲဖြဲခံရခြင်း၏ နာကျင်မှုသည် အရိုးများအထိ အေးစက်နေ သေးသည်။
သို့သော်၊ သူ့ရှေ့က လူငယ်သည် လက်တစ်ဖက်က သူ့နဖူးပေါ်သို့ ဖိနှိပ်လာပြီး၊ သူ့ထံမှ ပြန်းထန်သော စုပ်ယူခြင်းစွမ်းအားတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရ သောအခါတွင် ဗိုလ်ချုပ်ရှန်ဝူသည် ပို၍ပင် ထိတ်လန့်သွားပါသည်။
ထို့နောက်တွင်၊ ဗိုလ်ချုပ်ရှန်ဝူသည် သူ၏စိတ်ဝိညာဉ်ကို သူ့ရှေ့မှ လူငယ်က သူ့ခန္ဓာကိုယ် ကနေ တနည်းနည်းဖြင့် ထုတ်ယူလိုက်ကြောင်း ခံစားလိုက်ရသည်။
"မလုပ်နဲ့...မလုပ်နဲ့…"
ဗိုလ်ချုပ်ရှန်ဝူသည် သနားညှာတာရန် အလျင်စလို တောင်းဆိုလိုက်ပါသည်။
ယခုတစ်ကြိမ်မှာတော့ သူသည် တကယ်ကို ထိတ်လန့်သွားခဲ့သည်။ နတ်ဘုရား စိတ်ဝိညာဉ်များသည် လူတစ်ဦး၏ အခြေခံအုတ်မြစ် ဖြစ်ပြီး၊ ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များပင် ခြွင်းချက် မဟုတ်ပေ။
အကယ်၍, ချင်ယွင်သည် သူ့စိတ်ဝိညာဉ်ကို တကယ်ထုတ်ယူပြီး လုံးလုံး ချေမွပစ်လိုက် မည်ဆိုရင်၊ သူသည် တကယ်ကို ဤကမ္ဘာကြီးကနေ ပျောက်ကွယ်သွားပါလိမ့်မည်။
သို့သော် ချင်ယွင်က မကြားပုံရသည်။ သူက အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး ဗိုလ်ချုပ်ရှန်ဝူ၏ စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်မှ တိုက်ရိုက် ဆွဲထုတ်ကာ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။