အခန်း ၁၆၉၇
Vol. 114 Ch. 1697
အခန်း (၁၆၉၇) အသက်ပိုးကောင်၏မူလအစ။
"သခင်၊ ကျွန်ုပ်ကို ချမ်းသာပေးပါ သခင်၊ ကျွန်ုပ်ကို သနားပါ"
ဤအခိုက်အတန့်တွင် ဗိုလ်ချုပ်ရှန်ဝူသည် အမှန်တကယ်ပင် ကြောက်လန့်ပြီး သနား ညှာတာပေးရန် အရူးအမူး တောင်းစ ပြုလာသည်။
တစ်ဖက်တွင်မူ, ချင်ယွင်က အဆုံးမသတ်ဘဲ လှောင်ပြောင်နေသည်။ သူ့လက်ထဲက စိတ်ဝိညာဉ်အလင်းလုံးကို ကြည့်ပြီး သူက အနည်းငယ် ပြုံးလိုက်သည်။
"ငါ မင်းကို ချမ်းသာပေးရမယ်။ ဒါက မဖြစ်နိုင်ဘူး" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားသည်။ ထို့နောက် သူ့လက်သည် ချက်ချင်း တင်းကျပ်လာသည်။ ဗိုလ်ချုပ်ရှန်ဝူ၏ စိတ်ဝိညာဉ်အလင်းလုံးသည် လုံးဝ ကြေမွသွားပြီး ထိုကဲ့သို့ပင် ပေါက်ကွဲသွားသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အသွားကာ စကားမပြောနိုင်လောက်အောင် ထိတ်လန့်သွား ကြသည်။
လွင့်ပျံသွားသော နတ်ဘုရားသားရဲအိုကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး၊ ခြောက်ခြားမူနှင့် အမျက်ဒေါသထွက်မူ နှစ်မျိုးစလုံး ခံစားလိုက်ရသည်။
သို့သော် ချင်ယွင်၏ ခွန်အားက သူ့ကို ဘာပြောရမှန်းမသိ ဖြစ်စေသည်။
"ဟား…၊ ဟား…၊ ကောင်းလိုက်တာ၊ ကာကွယ်သူ မဟူရာကမ္ဘာကိုယ်တိုင် အကြံပြုထားတဲ့ လူက မျှော်လင့်ထားသလိုပဲ။ ထင်ပေါ်ကျော်ကြားမူထက် မြင်တွေ့ရတာက တကယ်ကို ပိုကောင်းပါတယ်။"
ထိုအချိန်တွင် လှိုက်လှိုက်လှဲလှဲ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"မြို့တော်သခင်"
အစောင့်နှစ်ဦးနှင့် နတ်ဘုရားသားရဲအိုကြီးတို့သည် ချက်ခြင်း အော်ခေါ်လိုက်ပြီး တံခါးဝ တွင် ရုတ်တရက် ပေါ်လာသော လူကို လေးစားစွာ ကြည့်နေသည်။
၎င်းသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် အနှိုင်းမဲ့ဂုဏ်သိက္ခာရှိသော အငွေ့အသက်ကို ထုတ်လွှတ်သည်။ သူ၏ အငွေ့အသက်သည် ငြိမ်သက်နေသော်လည်း ၎င်းသည် ပြင်းထန်သော ဖိနှိပ်မှုကို ဖြစ်ပေါ်စေသည်။
ချင်ယွင်သည် လူလတ်ပိုင်းလူရွယ် အမျိုးသားကို မြင်လိုက်ရသည့် အခိုက်တွင် သူ့စိတ်နှလုံးထဲမှာ နိုးကြားသတိထားသင့်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
နတ်ဘုရားသားရဲအိုကြီးနှင့် အခြားလူများက မြို့တော်သခင်ကို အော်ခေါ်သည်ကို ကြားသောအခါ, သူ အံ့အားသင့်သွားလေသည်။ သူ့ရှေ့မှ ဤလူလတ်ပိုင်းအရွယ် အမျိုးသားသည် အင်မော်တယ်မြို့၏ မြို့တော်သခင် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့် ထားပေ။
"စီနီယာ ပြောတာ နားထောင်ကြည့်ရသလောက်, စီနီယာ ကျွန်တော့်အကြောင်း ကြားဖူးပြီးသားလား" ချင်ယွင်က မေးသည်။
သူသည် သူ့ရှေ့က သက်လတ်ပိုင်းအရွယ် အမျိုးသားထံမှ ထိခိုက်စေလိုသည့်ဆန္ဒကို နည်းနည်းမှ မခံစားရပါဘူး။ ဤအရာကလည်း ချင်ယွင် ရုတ်တရက် လေးစားလာရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။
"ဟား..၊ ဟား…၊ ဟုတ်ပါတယ်၊ ငါ့ကြားဖူးတယ်။ ကာကွယ်သူ မဟူရာကမ္ဘာက မင်း အကြောင်း ငါ့ကို ပြောခဲ့ဖူးတယ်။ မင်းက ဒီပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အစစ်အမှန် အဓိပ္ပါယ်ကို နားလည်နိုင်တဲ့ တစ်ဦးတည်းသောလူလို့ ပြောခဲ့ဖူးတယ်။ အဲဒါကြောင့် ငါက အချိန်အတော်ကြာကတည်းက မင်းကို တွေ့ချင်နေတာ။" မြို့တော်သခင်က ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ မဟူရာကမ္ဘာက သူ့ကို ဤမျှအထိ အထင်ကြီးလိမ့်မည်ဟု မျှော်လင့်မထားပါဘူး။
"ဒါဆို, အခု မြို့တော်သခင်နဲ့တွေ့ပြီးတော့ရော ဘယ်လိုထင်လဲ" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
"ဟား…၊ ဟား…၊ ငါထင်ထားတာထက်တောင် ပိုကောင်းနေပါတယ်။ တကယ်တော့ ငါ ဒီကို ရောက်နေတာ ကြာလှပြီ။ ငါက မလှုပ်ရှားဘဲနေရုံ သက်သက်ပဲ။ ဒါပေမယ့် မင်းရဲ့ စွမ်းဆောင်မှုကို ငါ အရမ်းကျေနပ်တယ်။ ဒီဗိုလ်ချုပ်ရှန်ဝူက တကယ်ကို မှားယွင်းနေ တယ်" မြို့တော်သခင်က ရယ်မောပြန်သည်။
ချင်ယွင် ထိတ်လန့်သွားသည်။ မြို့တော်သခင်သည် ရောက်နေပြီ ဖြစ်သော်လည်း၊ သူသည် ၎င်းကို ရှာမတွေ့ခဲ့ပေ။ ယင်းက သူ့ကို မည်သို့ မထိတ်လန့်စေဘဲ နေမည်နည်း။
"သွားရအောင်၊ ငါ့နောက်က လိုက်ခဲ့။ ကာကွယ်သူ မဟူရာကမ္ဘာက အထဲမှာ အကြာကြီး ထိုင်စောင့်နေရပြီ။" မြို့တော်သခင်က ပြုံးပြီး ချင်ယွင်နှင့် တခြားသူတွေကို ပြောလိုက် သည်။
ချင်ယွင် တွန့်ဆုတ်နေခြင်း မရှိပေ။ သူ မလာခင်ကတည်းက မဟူရာကမ္ဘာနှင့် ဆွေးနွေး ထားပြီးသား ဖြစ်သည်။ ယခု၊ မဟူရာကမ္ဘာသည် သူ၏စိတ်ဝိညာဉ်ကိုယ်ပွားမှတဆင့် သူ ရောက်ရှိလာခြင်းကို သဘာဝအတိုင်း ခံစားနိုင်သည်။
သေချာသည်မှာ, ချင်ယွင်နှင့် အခြားလူများကို ခန်းမတစ်ခုထဲသို့ အမြန်ဆွဲခေါ်သွားခဲ့သည်။ အထဲမှာ လူငယ်တစ်ယောက် ရှိနေသည်။ ဤလူသည် ထိုအချိန်က ထွက်ခွာသွားခဲ့သော မဟူရာကမ္ဘာမှလွဲ၍ အခြားသူ မဟုတ်ပေ။
"မင်းရောက်လာပြီလား" မဟူရာကမ္ဘာက ချင်ယွင်ကို ကြည့်ပြီး မေးသည်။ သူ့မျက်လုံးများ ၏ နက်ရှိုင်းဆုံးအရပ်တွင် မည်သည့်အပြောင်းအလဲမှ မရှိပေ။
"အင်း၊ စီနီယာက အခု ဘယ်လောက် နားလည်ထားပြီလဲ။ ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။
ထိုအချိန်တုန်းက၊ သူသည် ပန်ဂု၏ အစစ်မှန်အဓိပ္ပါယ်ကို မည်သူက ဦးစွာ နားလည်မည်ကို သိရန် မဟူရာကမ္ဘာကို ပြောခဲ့ဖူးသည်။
သို့သော်၊ ချင်ယွင်သည် ၎င်း၏ယခင်ဘဝက ဘိုးဘေးနတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးလျှင်ပင်, မဟူရာကမ္ဘာသည် မည်သည့် တိုးတက်မှုမှ မရှိဟု ယုံကြည်ထားသည်။
"သောက်ကျိုးနည်း ဆံချည်တစ်ဖျားတောင် နားမလည်ဘူး" မဟူရာကမ္ဘာသည် နောက်ဆုံးတွင် မကျိန်ဆဲဘဲ မနေနိုင်တော့ပေ။
ယွမ်ရှီရှီနှင့် ချင်ယွင်၏ နောက်ကွယ်မှ အခြားလူများသည် ထိုစကားကို ကြားသောအခါ တွင် မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။
ချင်ယွင်လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဤသည်မှာ မဟူရာကမ္ဘာ၏ စစ်မှန်သော စိတ်နေစိတ်ထား ဖြစ်သည်။
အနီးနားက အင်မော်တယ်မြို့တော်သခင်လည်း ပြုံးနေသည်။ ထင်ရှားသည်မှာ၊ သူသည် မဟူရာကမ္ဘာကို နှစ်သက်သည်။
"ကောင်လေး၊ အခု မင်းအပေါ်မှာပဲ မူတည်တယ်။ မင်းမှာ လျှို့ဝှက်ချက် အများကြီးရှိနေ မှန်း ငါသိတယ်။ အဲဒါတွေကို ငါတောင် မမြင်နိုင်ဘူး။ ဒါကြောင့် ဒီကမ္ဘာမှာ မင်းတောင်မှ အဲဒီအစစ်မှန် အဓိပ္ပာယ်ကို နားမလည်ရင် ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ဒါကြောင့်, ငါ ဒီသောက်ကျိုးနည်း နေရာကနေ ထွက်နိုင်မထွက်နိုင် မင်း အပေါ်မှာ မူတည်တယ်။" မဟူရာကမ္ဘာက ချင်ယွင်ကို ကြည့်ကာ ပြောသည်။
ချင်ယွင် မှင်သက်သွားသည်။ မာနကြီးသည့် မဟူရာကမ္ဘာသည် ယခုလိုစကားမျိုး ပြောဆို လိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။ ဤနေရာ၌ သူသည် အကြီးအကျယ် အကြပ်ရိုက်နေပုံ ရသည်။
"ငါ ဒီအင်မော်တယ်မြို့ကို တူညီတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့ တည်ဆောက်ခဲ့တာပဲ။ ရည်ရွယ် ချက်က လူတိုင်းအတွက် အဆင်ပြေစေဖို့နဲ့ ပါရမီရှင်တွေ အားလုံးကို ဆွဲဆောင်နိုင်ဖို့ပဲ။ ဒီလူတွေထဲက လူအချို့က ဒီအင်မော်တယ်တောင်ရဲ့ နက်ရှိုင်းမှုတွေကို နားလည်ပြီး ငါတို့ အားလုံးကို ဒီနေရာကနေ ခေါ်ထုတ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် နှစ်ဘီလီယံ ပေါင်းများစွာ ကြာတာအောင် ဘယ်သူမှ အစစ်မှန် အဓိပ္ပာယ်ရဲ့ ကနဦးအဆင့်ကို မတက်လှမ်းနိုင်ခဲ့ကြဘူး" အင်မော်တယ်မြို့တော်သခင်က စိတ်လှုပ်ရှားမူနှင့်အတူ သက်ပြင်းချလိုက်ပါသည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "ဒီအစစ်မှန် အဓိပ္ပာယ်ကို ကျွန်တော် သေချာပေါက် နားလည်နိုင်မယ်လို့ မပြောနိုင်ပေမယ့် ကျွန်တော် နားလည်ခဲ့ရင် လူတိုင်းကို ဒီနေရာကနေ သေချာပေါက် ခေါ်မထုတ်သွားမယ်လို့ ကတိပေးတယ်"
"ဟား…၊ ဟား၊ ညီအစ်ကိုချင်ရဲ့ စကားကြားရတော့ စိတ်သက်သာရာရမိပါတယ်။ ဒီလိုဆိုမှ တော့ ဒီမြို့သခင်အိုကြီးက ငါတို့နဲ့ပူးပေါင်းဖို့ မင်းတို့အားလုံးကို ကြိုဆိုပါတယ်။" အင်မော်တယ်မြို့တော်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
တကယ်တော့၊ မြို့တော်သခင်သည် ချင်ယွင်အနေဖြင့် ထိုအစစ်မှန် အဓိပ္ပာယ်ကို အမှန်တကယ် နားလည်နိုင်မည်ဟု မယုံကြည်ပါဘူး။ သို့သော် မဟူရာကမ္ဘာက ထိုကဲ့သို့ ပြောလာသောကြောင့် သူသည် အသက်ရှင်နေသော မြင်းဆရာဝန်တစ်ဦးအဖြစ်နှင့်သာ အဆုံးသတ်နိုင်ပါတော့သည်။
နောက်ဆုံးတွင်, ဒီနှစ်တွေအတွင်းမှာ မျှော်လင့်ချက် မရှိခြင်းထက် မျှော်လင့်ချက်ရှိခြင်းက ပိုကောင်းပါသည်။
ချင်ယွင်သည် အင်မော်တယ်မြို့တော်သခင်၏ အတွေးများဖြင့် သဘာဝအတိုင်း မြင်နေရ ပြီး၊ သူ့အပေါ် ရှင်းရှင်းလင်းလင်း မြင်ခြင်းအတွက်လည်း သူ့ကို အပြစ်မတင်နိုင်ပေ။ ဤအစစ်မှန် အဓိပ္ပါယ်ကို နားလည်နိုင်သူ ရှိမည်ဟု မည်သူမှ ယုံကြည်မည် မဟုတ်ပေ။
"မြို့တော်သခင်၊ အသက်ပိုးကောင်တွေအကြောင်း ကျွန်တော် ကြားချင်တယ်။ အင်မော်တယ်တောင်ရဲ့ အစစ်မှန် အဓိပ္ပာယ်တွေက အသက်ပိုးကောင်တွေနဲ့ အတိုင်းအတာတစ်ခုအထိ ဆက်စပ်နေရမယ်လို့ ကျွန်တော် ထင်တယ်။" ချင်ယွင်က ပြုံးပြီး မြို့တော်သခင်ကို မေးလိုက်သည်။
သူသည် ယခင်က လူလတ်ပိုင်းအရွယ် အမျိုးသား၏ စိတ်ဝိညာဉ်ကို အမှန်တကယ် ရှာဖွေခဲ့သော်လည်း အသက်ပိုးကောင်တွေနှင့် ပတ်သက်၍ သူရရှိသော အချက်အလက်မှာ မပြည့်စုံပေ။ အင်မော်တယ်မြို့တော်သခင်သည် အသက်ပိုးကောင်ဘုရင်ကို ရရှိပြီးနောက် အင်မော်တယ်မြို့သို့ ဝင်ရောက်နိုင်သည့် စည်းကမ်းသတ်မှတ်ထားကြောင်း သူသည် အင်မော်တယ်မြို့တော်သခင်၏ အသက်ပိုးကောင်များနှင့် ပတ်သက်၍ ရှင်းပြချက်ကို တကယ် ကြားချင်မိသည်။ တကယ်လည်း အသက်ပိုးကောင်များသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။
အင်မော်တယ်မြို့တော်သခင်သည် ထိုစကားကိုကြားသောအခါ ရယ်မောလိုက်လေ၏။ သူက ချင်ယွင်၏ နောက်ကွယ်မှ အလားတူ ဝေခွဲမရ ဖြစ်နေကြသည့် လူအုပ်ကြီးကို ကြည့်လိုက်ပါသည်။ သူက ပြုံးပြီး ပြောသည် "ကောင်းပြီ၊ ဒီလိုဆိုမှတော့ ဒီအသက်ပိုး ကောင်တွေရဲ့ ဇာစ်မြစ်ကို ငါပြောပြမယ်"
လူတိုင်း နားစွင့်ပြီး နားထောင်နေကြသည်။ ဤအသက်ပိုးကောင်များနှင့် ပတ်သက်ပြီး မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို သူတို့ အလွန် သိချင်နေကြသည်။
"တကယ်တော့ ဒီအသက်ပိုးကောင်တွေဟာ ဒီနေရာမှာ သေဆုံးသွားကြတဲ့ လူတွေရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကနေ ဖြစ်ပေါ်လာတာပဲ။ ငါတို့ ဆုံးရှုံးသွားတဲ့ အသက်စွမ်းအား တွေက သူတို့ရဲ့ အစာတွေပဲ။ သူတို့အသက်စွမ်းအင်ကို များများ စားမျိုလေ၊ သူတို့ရဲ့ ကြီးထွားနှုန်းက မြန်ဆန်လေပဲ။ ဒါကြောင့် လူတွေက သူတို့ရဲ့ အသက်ကို ထိန်းသိမ်းနိုင်ဖို့ အသက်ပိုးကောင်တွေကို ဝါးမျိုရတာ ဖြစ်တယ်" အင်မော်တယ်မြို့တော်သခင်က ဆိုသည်။
သို့သော် ချင်ယွင်၏ နောက်ကွယ်မှ လူအုပ်ကြီးသည် ထိတ်လန့်တကြား ဖြစ်ကာ၊ ပါးစပ်များဟပြီး၊ အံ့အားသင့်သွားသည့် အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။
ဆိုတော့ ဤအရာက အသက်ပိုးကောင်များ၏ မူလအစပေါ့။ သေဆုံးသွားသူများ၏ စိတ်ဝိညာဉ် အပိုင်းအစများသည် နောက်ဆုံးတွင် အသက်ပိုးကောင်အဖြစ် ပြောင်းလဲသွား သည်ဟု ဆိုလိုရာ မရောက်ဘူးလား။
ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မှတ်ဉာဏ် ထဲမှာ အသက်ပိုးကောင်နှင့်ပတ်သက်၍ မထင်မရှား ထင်မြင်ယူဆချက်ကို သူရရှိခဲ့ထား သော်လည်း, ယခုလိုမျိုး ဖြစ်နေလိမ့်မည်ဟု သူ တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။
"အသက်ပိုးကောင်ဘုရင်ကကော။" ချင်ယွင်က ထပ်မေးသည်။
အင်မော်တယ်မြို့တော်သခင်က ပြုံးပြီး ပြောသည်ိ "ဒီအသက်ပိုးကောင်ဘုရင်တွေကတော့ သဘာဝအားဖြင့် အတိုင်းအတာတစ်ခုအထိ ကြီးထွားလာတဲ့ အသက်ပိုးကောင်တွေပါပဲ။ ဒါပေမယ့် အသက်ပိုးကောင်ဘုရင်မှာ ထူးခြားချက်တစ်ခု ရှိတယ်။ ဆိုလိုတာက သူ့ ခန္ဓာကိုယ်ပေါ်မှာ ဉပဒေသကွင်းဆက် အပိုင်းအစတွေ ပါရှိတယ်။ ဒီအပိုင်းအစတွေမှာ မှတ်တမ်းတင်ထားတဲ့ အစစ်မှန် အဓိပ္ပာယ်က ဒီအင်မော်တယ်တောင်ရဲ့ အစစ်အမှန် အဓိပ္ပါယ် အတိအကျပဲ။ အသက်ပိုးကောင်ဘုရင် တကောင်ချင်းစီမှာတဲ့ ဉပဒေသ ကွင်းဆက် အစစ်မှန် အဓိပ္ပာယ်တွေက တစ်ခုနဲ့တစ်ခု မတူကြဘူး”။
ချင်ယွင်နှင့် အခြားလူများသည် ထိုစကားကိုကြားသောအခါ သူတို့အားလုံး ရုတ်ချည်း သဘောပေါက်သွားကြသည်။