အခန်း ၁၆၉၈
Vol. 114 Ch. 1698
အခန်း (၁၆၉၈) ဆမ်ဆာရာ အစစ်မှန် အဓိပ္ပါယ်။ (ပြန်လည်ဝင်စာခြင်း အစစ်မှန် အဓိပ္ပာယ်)။
အင်မော်တယ်မြို့တော်၏ အဖွဲ့ဝင်တိုင်းသည် မြို့တော်နှင့် ပူးပေါင်းကြသည့်အခါ အသက် ပိုးကောင်ဘုရ င်တစ်ကောင်ရှိရန် လိုအပ်သည်။ ရည်ရွယ်ချက်က အစစ်မှန် အဓိပ္ပါယ် ဉပဒေသကွင်းဆက်များ၏ အပိုင်းအစများကို စုဆောင်းရန် ဖြစ်သည်။
ဉပဒေသ ကွင်းဆက်များကို စုစည်းရခြင်း၏ ရည်ရွယ်ချက်မှာ ဉပဒေသကွင်းဆက်များ၏ အစစ်မှန် အဓိပ္ပါယ်ကို ပိုမိုနားလည်သဘောပေါက်ရန် ဖြစ်သည်။
"လူတစ်ဦး သေဆုံးသွားတဲ့အခါ စိတ်ဝိညာဉ်အပိုင်းအစက အသက်ပိုးကောင်အဖြစ် ပြောင်းလဲသွားမယ်။ အသက်ပိုးကောင်က လူတစ်ယောက်ရဲ့ ဆုံးရှုံးသွားတဲ့ အသက်ကို ဝါးမျိုမယ်။ နောက်ဆုံးမှာ အသက်ပိုးကောင်က လူတွေကို အသက်ဓာတ် ပြန်လည် ဖြည့်တင်းပေးပြီး လူတွေရဲ့အသက်ရှင်သန်မှုကို ထိန်းသိမ်းပေးမယ်။ ဒါက ပြန်လည် ဝင်စားခြင်းတစ်ခု မဟုတ်ဘူးလား။” အင်မော်တယ်မြို့တော်သခင်က ပြုံးပြီး ပြောသည်။
"ပြန်လည်ဝင်စားခြင်းကို ဆိုလိုတယ်။" လုံချန်နှင့် အခြားလူများလည်း ခေါင်းညိတ်ပြီး ပြောကြသည်။
"အဲဒါကြောင့် ဒီပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အစစ်မှန် အဓိပ္ပာယ်ကို ဆမ်ဆာရာ အစစ်အမှန် အဓိပ္ပါယ်ကို ငါ ခေါ်ဆိုခဲ့တာ။ အဲဒါကြောင့် မြို့ကိုလည်း အင်မော်တယ်မြို့လို့ ခေါ်ခဲ့တာ။ ပြန်လည်ဝင်ခြင်းစားခြင်းက ခုန်ထွက်ပြီး မသေဘူး, မအိုတော့ဘူးပေါ့” အင်မော်တယ်မြို့တော်သခင်က ပြုံးပြီး ပြောသည်။
အနီးနားရှိလူတိုင်း ဆွံ့အသွားပြီး ရုတ်တရတ် သဘောပေါက်သွားကြသည်။
အင်မော်တယ်တောင်နှင့် အင်မော်တယ်မြို့တို့သည် ယခုလိုရှည်လျားသည့် သမိုင်း ကြောင်းထဲမှ ထွက်လာပုံရပါသည်။ ပြန်လည်ဝင်စားခြင်းမှ ခုန်ထွက်ခြင်း, အင်မော်တယ် မြို့တော်သခင်သည် အမှန်တကယ်ပင် စိတ်ကူးယဉ်ဝံ့သူ ဖြစ်သည်။
အမှန်မှာ၊ နတ်ဘုရားများနှင့် လူသားများ နှစ်ဦးစလုံးကို ဤစကြာဝဠာ၏ ကောင်းကင်နှင့် မြေကြီး၏ ဉပဒေသများက ကန့်သတ်ထားပြီး၊ အရာအားလုံးက ပြန်လည်ဝင်စားခြင်း အတွင်းမှာ ရှိနေကြပါသည်။
ချင်ယွင်လည်း အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ ပြန်လည်ဝင်စားခြင်းမှ ခုန်ထွက်ဖို့ လား။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ ချင်ယွင်က သူသည် ဆမ်ဆာရာထဲမှ ခုန်မထွက်နိုင် သေးဟု ခံစားလိုက်ရသည်။
သူသည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ပြီး သူ၏ကိုယ်ပိုင်စကြဝဠာကို အုပ်စိုးသူ ဖြစ်ခဲ့သော် လည်း လက်တွေ့သဘောအရ၊ သူသည် ပြန်လည်ဝင်စားခြင်းမှ အမှန်တကယ် ခုန်မထွက် နိုင်ခဲ့ပေ။ အကယ်၍, ယခုအချိန်မှာ သူ သေသွားမည်ဆိုလျှင်, သူ့စိတ်ဝိညာဉ်သည် ဤကမ္ဘာလောကထဲသို့ ပြန်ဝင်လာပြီး ဤကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါဦး မည်။
ဤအရာက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အယူအဆလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ ပြန်လည်ဝင်စားခြင်းမှ ခုန်ထွက်ခြင်းသည် သူလိုချင်သော ရလာဒ်တစ်ခု ဖြစ်နိုင်ပါ သည်။
ဤအကြောင်းကို တွေးတောရင်း ချင်ယွင်သည် ဘေးနားက လင်းဘကို မထိန်းနိုင်ဘဲ တစ်ချက်ကြည့်လိုက်မိသည်။ ပိန်ပိန်ကောင်လေးအကြောင်းကို တွေးတောကြည့်ရင်း, ဤအရာက ပြန်လည်ဝင်စားခြင်းကနေ ရုန်းထွက်ဖို့ တခြားနည်းလမ်းတစ်ခုများ ဖြစ်နေမ လားဟု တွေးလိုက်မိပါသည်။
"အသက်ပိုးကောင်၊ အသက်ပိုးကောင်ဘုရင်၊ လင်းဘ၊ ပိန်ပိန်ကောင်လေး"
ချင်ယွင်၏စိတ်ထဲတွင် ဉာဏ်အလင်းတစ်ချက် လင်းလက်သွားသည်။ ထိုအခိုက်တန့်မှာ သူသည် တစ်ခုခုကို ဖမ်းဆုပ်မိလိုက်သလိုပင်။
အသက်ပိုးကောင်သည် သေဆုံးသွားသူ၏ စိတ်ဝိညာဉ်အပိုင်းအစများမှ ပေါ်ပေါက်လာ သောကြောင့် လင်းဘနှင့် ပိန်ပိန်ကောင်လေးတို့သည် အသက်ပိုးကောင် အမျိုးစားတစ်မျိုး ရော မဖြစ်နိုင်ဘူးလား။ လင်းဘ၏နဖူးပေါ်ရှိ ဉပဒေသကွင်းဆက် အပိုင်းအစများကို ကြည့် ရင်း၊ ဤအရာက အသက်ပိုးကောင်ဘုရင်၏ နောက်ထပ် တည်ရှိမှုတစ်ခုရော မဖြစ်နိုင်ဘူး လား။
ဤအကြောင်းကို တွေးရင်း ချင်ယွင်သည် သူ့နှလုံးခုန်သံကို မရပ်မနား ခံစားလိုက်ရသည်။
"မြို့တော်သခင်၊ အသက်ပိုးကောင်ဘုရင်ရဲ့ ခန္ဓာကိုယ်ထဲက ဥပဒေသ အပိုင်းအစတွေက ရော ဘယ်မှာလဲ" ချင်ယွင်က စိတ်လှုပ်ရှားစွာ မမေးဘဲ မနေနိုင်ခဲ့ပေ။
"သြော်၊ ဒီဥပဒေသ အပိုင်းအစအားလုံးက နားလည်ဆင်ခြင်ခြင်း စင်မြင့်ပေါ်မှာပဲ ထားထား တယ်။ မြို့ရဲ့အဖွဲ့ဝင်တွေ နားလည်ဆင်ခြင်နိုင်အတွက် နေရာချထားတာ။" မြို့တော် သခင်က အံ့သြတကြီး ပြောသည်။ ချင်ယွင်သည် ဤဥပဒေသကွင်းဆက် အပိုင်းအစများ အကြောင်းမေးရန် အဘယ့်ကြောင့် ရုတ်တရက် သတိရသွားသည်ကို သူ နားမလည်ပေ။ သို့သော်, သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"ကျွန်တော့်ကို ပြလို့ရမလား" ချင်ယွင်သည်လည်း သူ၏စွမ်းဆောင်မှုက ထင်ရှားလွန်းနေ သည်ကို သတိရသွားသည်။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ ပြောလိုက် သည်။
သို့သော်လည်း သူ၏စွမ်းဆောင်မှုကို အင်မော်တယ်မြို့တော်သခင်နှင့် မဟူရာကမ္ဘာတို့က မြင်တွေ့နေရဆဲ ဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား အကြည့်ချင်း ဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။
ထိုနောက်မှာတော့ ချင်ယွင်နှင့် သူ့အဖွဲ့ကို ခေါ်ဆောင်ကာ၊ အင်မော်တယ်မြို့တော် သခင်ပြောခဲ့သည့် နားလည်ဆင်ခြင်ခြင်း စင်မြင့်ဆီကို ပို့ဆောင်ခဲ့ပါသည်။
ထိုနေရာသည် သင်္ဘော၏ထောင့်တစ်နေရာ ဖြစ်သည်။ ဤနေရာသည် တုနှိုင်းမရအောင် ကျယ်ဝန်းပြီး အပွင့်နေရာတစ်ခု ဖြစ်သည်။ ပတ်၀န်းကျင်သည် အစိုင်အခဲ နတ်ဘုရား ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့် နတ်ဘုရားခန်းမများ မဟုတ်ဘဲ၊ အစီအရင် ဝင်္ကပါများမှ ဖြစ်ပေါ်လာသော အလင်းအဖွဲ့စည်းများဖြစ်ကာ၊ ကမ္ဘာလုံးတစ်ခြမ်းနှင့် ဆင်တူသော အသွင်ပြင်ကို ဖော်ပြထားသည်။ ဤအလင်းဖွဲ့စည်းပုံမှတဆင့် ဤ အင်မော်တယ်တောင်တန်း၏ မူလအသွင်အပြင်ကို တွေ့မြင်နိုင်သည်။
ဧရာမ ကမ္ဘာလုံးထက်ခြမ်း၏ အလယ်တွင် အချင်းဆယ်မီတာခန့်ရှိသော စက်ဝိုင်းပုံ စင်မြင့် တစ်ခု ရှိနေသည်။ ဤစင်မြင့်ပေါ်တွင် ဥပဒေသကွင်းဆက် အပိုင်းအစ တစ်ရာနီးပါး လွင့်မျောနေသည်။
စက်ဝိုင်းပတ်လမ်း ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်နေသူများ အများအပြား ရှိနေသည်။ ဤလူများသည် ဤဥပဒေသကွင်းဆက်များကို ၎င်းတို့၏ နတ်ဘုရားအာရုံများဖြင့် စောင့်ကြည့်နေကြပြီး၊ ဤဥပဒေသကွင်းဆက်များမှ ပြန်လည်ဝင်စားခြင်းဟုခေါ်သည့် အစစ်မှန် အဓိပ္ပါယ်ကို နားလည်ရန် ကြိုးပမ်းနေကြသည်။
"ဒါတွေက ငါတို့ အင်မော်တယ်မြို့က စုဆောင်းထားတဲ့ ဥပဒေသကွင်းဆက်တွေပဲ" အင်မော်တယ်မြို့တော်သခင်က ချင်ယွင်ကို ကြည့်ပြီး အစချီကာ ပြောလိုက်သည်။ သူ့မျက်လုံးများတွင် သံသယအရိပ်အယောင်များ ရှိနေပုံရသည်။
ချင်ယွင်သည် လူစုလူဝေးကြီးကို လျစ်လျူရှုပြီး ဥပဒေသကွင်းဆက်များ၏ အပိုင်းအစများ ဆီသို့ လျှောက်သွားခဲ့သည်။
မြို့တော်သခင်သည် ချင်ယွင်၏ လုပ်ရပ်ကို မြင်သည့်အခါ တစ်ခုခုပြောချင်ပုံ ပေါ်သော် လည်း မဟူရာကမ္ဘာက သူ့ကို တားလိုက်ပါသည်။
"သူ့ကို လွှတ်ထားလိုက်ပါ။ သူ တစ်ခုခုကို ရှာတွေ့ခဲ့လို့ ဖြစ်လိမ့်မယ်" မဟူရာကမ္ဘာက ပြောသည်။
မြို့တော်သခင်အိုကြီးသည် မဟူရာကမ္ဘာ၏စကားကို ကြားသောအခါ၊ ဘာမျှ မပြောတော့ ဘဲ ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။
လုံချန်နှင့် အခြားသူများသည် ချင်ယွင် ရှာဖွေတွေ့ရှိခဲ့သည့် အရာကို သိချင်နေသည့်အလား ချင်ယွင်ကို ကြည့်လိုက်ကြသည်။
ချင်ယွင်သည် ပတ်ပတ်လည် စင်မြင့်အစွန်းသို့ လျှောက်သွားနေရာမှ, ရုတ်တရက် ပြန်လှည့်ကြည့်ကာ လင်းဘအား ပြောလိုက်သည် "လင်းဘ, လာ၊ ဒီကိုလာခဲ့" ဟု လှမ်းခေါ်လိုက်သည်။
အားလုံးက လင်းဘကို သိလိုစိတ်ဖြင့် ကြည့်ကြပြီး လင်းဘသည် အံ့ဩသော အမူအရာဖြင့် ရှေ့သို့ လျှောက်သွားကြသည်။
သို့သော် လင်းဘသည် ပတ်ပတ်လည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်သည့်အခိုက်တွင်၊ လွင့်မျောနေသော ဥပဒေသကွင်းဆက်များသည် ရုတ်ချည်း အသက်ဝင်လာပုံရသည်။
"ဝှီး….၊ ဝှီး…၊ ဝှီး…"
၎င်းတို့သည် တစ်ခုပြီးတစ်ခု လှည့်ပတ်နေသည့် စင်မြင့်ပေါ်ကနေ ပျံထွက်လာပြီး လင်းဘကို စတင်လှည့်ပတ်နေကြသည်။
ဤမြင်ကွင်းက အနီးနားရှိ အင်မော်တယ်မြို့တော်သခင်ကို ဆွံ့အသွားစေသည်။ နားလည် ဆင်ခြင်မူထဲ အမှန်တကယ် ကျရောက်နေသူများလည်း နိုးထလာကြပြီး၊ သူတို့အားလုံး ထိုဦးတည်ရာဆီသို့ မျှော်ကြည့်ကြသည်။
ဘန်း….။
နောက်ဆုံးတွင် ထိုဉပဒေသကွင်းဆက် အပိုင်းအစအချို့သည် လင်းဘရှေ့မှာ သိပ်သည်း သွားပြီး၊ လင်းဘ၏ မျက်ခုံးနှစ်ခုကြား နေရာအတွင်းမှာ ပေါင်းစပ်သွားကာ၊ လင်းဘ၏ မျက်ခုနှစ်ခုကြားတွင် ပိတ်ထားသည့် စက်ဝိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ကျန်ဒါဇင်ပေါင်းများစွာသော ဉပဒေသကွင်းဆက် အပိုင်းအစများသည် မူလနေရာသို့ ပြန်လည် ပျံသန်းသွားကာ လေထဲတွင် လွင့်မျောသွားကြသည်။
"ဒါ... ဒါ ဘာဖြစ်နေတာလဲ"
လင်းဘ၏မျက်ခုံးကြားမှ အသက်ပိုးကောင် ဥပဒေသကွင်းဆက် စက်ဝိုင်းကို တွေ့လိုက်ရ သောအခါ, လူတိုင်းသည် အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်သွားကြသည်။
မြို့တော်သခင်နှင့် မဟူရာကမ္ဘာတို့လည်း တုန်လှုပ်သွားကာ၊ သူတို့စိတ်နှလုံးထဲ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သည်ကိုပင် မသိကြတော့ပေ။
လင်းဘသည် ဤဥပဒေသ ကွင်းဆက်များကို ချိတ်ဆက်ရန် သော့ချက်ဖြစ်ကြောင်း ချင်ယွင်ကိုယ်တိုင်သာ သိသည်။ ကျန်အပိုင်းအစများကို တစ်စုတစ်စည်းတည်း ပေါင်းစည်း လိုလျှင် ကျန်အပိုင်းအစများကို ပေါင်းစပ်နိုင်ရန် ပိန်ပိန်ကလေးငယ်ကို ရှာရပေမည်။
"လင်းဘ၊ မင်း အခု ဘယ်လိုခံစားရလဲ။" ချင်ယွင်သည် လင်းဘကို အံ့သြသော အမူအရာ ဖြင့် ကြည့်ကာ မေးသည်။
"ငါ ဘာမှမခံစားရဘူး။ ဒါပေမယ့် ငါ့နဖူးပေါ်က ပုံစံတွေကို ငါ ထိန်းချုပ်နိုင်ပုံရတယ်။" လင်းဘက ပြောသည်။ ထို့နောက် သူ့လက်ကိုဖွင့်လိုက်ပြီးနောက်, သူ့မျက်ခုံးကြားက ဥပဒေသကွင်းဆက် စက်ဝိုင်းကို သူ့လက်ဖဝါးဖြင့် ဆန့်ထုတ်လိုက်လျှင်, သူ့ပတ်ပတ်လည် မှာ ကူးခတ်လာသည့် ရှည်လျားသည့် ဥပဒေသကွင်းဆက် ကြိုးကြီးတစ်ချောင်း ဖြစ်ပေါ်လာသည်။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်က လူတိုင်းကို ထိတ်လန့်စေသည်။ ဤကဲ့သို့ စွမ်းဆောင်မှုမျိုး သည် ဥပဒေသ ကွင်းဆက်များကို နားလည်ပြီးနောက်မှ စွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဤကလေးသည် ဤဥပဒေသ ကွင်းဆက်များကို နားလည်ထားပြီးသားများ ဖြစ်နေမည်လား။
ထိုသို့ဆိုလျှင်, ဤကလေးသည် အင်မော်တယ်တောင်နှင့် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲကနေ ရုန်းထွက်နိုင်မည်ဟု ဆိုလိုရာမရောက်ပေဘူးလား။
သို့သော် ချင်ယွင်၏ နောက်ထပ် စကားများက လူတိုင်း၏စိတ်နှလုံးကို ချက်ချင်း တည်ငြိမ်သွားစေသည်။
"ကြည့်ရတာ, မင်းက ဒီဥပဒေသ ကွင်းဆက်တွေကိုပဲ ဖမ်းဆုပ်နိုင်သေးပုံရတယ်။ ဒါပေမယ့် အဲဒီထဲက အစစ်မှန် အဓိပ္ပာယ်နဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို တကယ် အသုံးမချနိုင်သေး ဘူး။" ချင်ယွင်က ခေါင်းခါပြီး ပြောလိုက်သည်။
လင်းဘက ခေါင်းညိတ်ပြီး ပြောသည် "တကယ်လည်း, ငါ ဒီဥပဒေသရဲ့ စွမ်းအားကို ခံစားနိုင်ပေမယ့် အဲဒါကို အသုံးမချနိုင်သေးဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီအရာအားလုံးကို ငါ တဖြည်းဖြည်း ချေဖျက်နိုင်မှာပါ"
ချေဖျက်မယ်။
ပတ်ဝန်းကျင်ရှိ လူတိုင်း ဆွံ့အသွားကြပြန်သည်။
နှစ်သန်းပေါင်းရာနှင့်ချီ အချိန်ကုန်ခံပြီး နားလည်ဆင်ခြင်နိုင်စွမ်း မရှိသော ဤအစစ်မှန် အဓိပ္ပါယ် ဉပဒေသများသည် ဤကလေး၏အမြင်တွင် အစားစာတစ်ခုနှင့်တူပြီး အစာချေ ရုံမျှဖြင့် ပြီးမြောက်နိုင်ပေသည်။
သို့သော်၊ ဤနည်းအားဖြင့်၊ ဤကလေးသည် အစာချေဖျက်နိုင်သောအခါ, သူတို့သည် ဤနေရာမှ ထွက်သွားနိုင်မည်ဟု ဆိုလိုရာမရောက်ဘူးလား။
သို့သော် ချင်ယွင်သည် အမှန်တကယ် စိတ်ပျက်သွားခဲ့သည်။ လင်းဘသည် ဤဥပဒေသ အပိုင်းအစများကို ချေဖျက်နိုင်သော်လည်း လိုအပ်သောအချိန်သည် ရှည်လျားလွန်းသည်။ အခြားလူများသည် စောင့်ဆိုင်းနိုင်စွမ်းရှိသော်လည်း သူ မစောင့်နိုင်ပေ။
"ကြည့်ရတာ ကိုယ့်ကိုကိုယ် အားကိုးရမယ့်ပုံပဲ" ချင်ယွင်က စိတ်ထဲတွင် ပြောလိုက်သည်။