← Chapters

အခန်း ၁၆၉၉

Vol. 114 Ch. 1699

အခန်း ၁၆၉၉

Vol. 114 Ch. 1699

အခန်း (၁၆၉၉) အမြင့်ပေ သန်း ၃၈၀။

နောက်လတွင် ချင်ယွင်သည် လင်းဘ၏ကိုယ်ပေါ်ရှိ ဉပဒေသ ကွင်းဆက်များပေါ်တွင် သူ့အချိန်အားလုံးကို ကုန်ဆုံးခဲ့သည်။

သို့သော်လည်း ချင်ယွင်သည် ထိုတစ်လအတွင်းမှာ ဘာမှ မရိတ်သိမ်းနိုင်ခဲ့ပေ။

နိုင်းရန်ရန်နှင့် ရန်ချန်းဖန်တို့ တွေ့ဆုံကြပြီး, သူတို့နှစ်ယောက်သား အတူနေနိုင်ရန် ထွက်သွားကြသည်။ ချင်ယွင်သည် သူမနှင့်လိုက်နေရန် အချိန်မရှိသောကြောင့် ယွမ်ရှီရှီ သည် ယောင်ဖုန်းနှင့် စကားစမြည် ပြောကြသည်။

လုံချန်၊ ဟုန်ရန်နှင့် တခြားသူများသည် အချိန်အတော်ကြာ တရားထိုင်ခဲ့ကြသော်လည်း ဘာမှမရသည့်အတွက် အမှန်ပင် လက်လျော့လိုက်ကြပြီး သူတို့၏ မျှော်လင့်ချက် အားလုံး ကို ချင်ယွင်အပေါ်မှာ တိုက်ရိုက် ထားလိုက်ပါတော့သည်။

မြို့သခင်အိုကြီးနှင့် မဟူရာကမ္ဘာတို့သည် စစ်တုရင်ကစားရန် တိုက်ရိုက် ပြေးသွားကြ သည်။ စစ်တုရင်ကစားနေသည့် တစ်လအတွင်း သူတို့သည် ချင်ယွင်အကြောင်း မမေးကြ ပေ။ လင်းဘသည် အနာဂတ်တွင် ဤဥပဒေသ ကွင်းဆက်များကို ချေဖျက်နိုင်သော ကြောင့် သူတို့သည် အလျင်လိုခြင်း မရှိတော့ပေ။ သူတို့သည် နှစ်ပေါင်းများစွာ စောင့်ဆိုင်း ခဲ့ပြီးဖြစ်သောကြောင့် နောက်ထပ် နှစ်ထောင်ပေါင်းများစွာ စောင့်မျှော်ရမည်ကို စိတ်ထဲ မထားကြပေ။

ချင်ယွင်သည် နားလည်သဘောပေါက်ပြီး သူတို့ကို ကြိုတင် ခေါ်ထုတ်သွားနိုင်ရင်လည်း သူတို့သည် သဘာဝအတိုင်း လက်ခံရုံဖြစ်သည်။

ချင်ယွင်သည် ဤကိစ္စအတွက် အားကိုးရာမဲ့သော်လည်း သူ ဂရုမစိုက်ပါ။ သူ့ကို မည်သူမှ မနှောင့်ယှက်ခြင်းက ကောင်းပါသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် နားလည်သဘော ပေါက်မှ ဖြစ်မည်။

သို့သော် မည်သည့်သဲလွန်စမျှ မရဘဲ အချိန်တစ်လကုန်ဆုံးသွားပြီး၊ ယင်းက ချင်ယွင်၏ ခေါင်းကို ချာချာလှည်စေသည်။

“ငါ ဒီဥပဒေသ ကွင်းဆက်ထဲက လျှို့ဝှက်နက်နဲမှုတွေကို ပိုင်းခြားလို့ မရသေးဘူး။” ချင်ယွင်သည် လင်းဘ၏လက်ထဲက ဥပဒေသ ကွင်းဆက်ထဲကို ကြည့်လိုက်ပြီး သူ့စိတ်ထဲ တွင် သက်ပြင်းချလိုက်သည်။

သူသည် ကနဦးစကြဝဠာကို နားလည်ထားပြီး ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်ကိုလည်း လျင်မြန်စွာ နားလည်နိုင်မည်ဟု မူလက ထင်ထားခဲ့သော်လည်း လင်းဘ၏လက်ထဲမှ ဥပဒေသ ကွင်းဆက်ထဲများကို မြင်သောအခါတွင် ၎င်းတို့သည် သူစိတ်ကူးထားသည့် အရာမဟုတ်ကြောင်း သိလိုက်ရသည်။

၎င်းသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ဤစကြဝဠာမှ လွန်မြောက်ရန် အစီအစဥ်အောက် တွင် ဖန်တီးထားသော ဉပဒေသ ကွင်းဆက်တစ်ခု ဖြစ်သော်လည်း၊ သူ၏လမ်းစဉ်သည် ချင်ယွင်နှင့် ကွဲပြားနေသည်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား လျှောက်လှမ်းခဲ့သော လမ်းစဉ် သည် ဖန်ဆင်းခြင်းနှင့် ပြန်လည်ဝင်စားခြင်း လမ်းစဉ် ဖြစ်သည်။

တစ်ဖက်တွင်မူ, ချင်ယွင်သည် ရုပ်ဝတ္ထုအခြေခံအုတ်မြစ်ဖြင့် ကမ္ဘာကြီးကို တည်ဆောက် ရေး လမ်းကြောင်းကို လျှောက်လှမ်းနေခဲ့သည်။ ဤနှစ်ခုကြားတွင် အရေးကြီးသည့် ကွာခြားချက်တစ်ခု ရှိနေခဲ့သည်။

ရုပ်ဝတ္ထုကမ္ဘာလောကကို သိပ်သည်းခြင်းမပြုမီ ကမ္ဘာသစ်တစ်ခု ဖန်တီးခြင်းသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဉပဒေသများနှင့် ကိုက်ညီသည်။ အခြားတစ်ဖက်တွင်မူ, ချင်ယွင်သည် ရုပ်ဝတ္ထုကမ္ဘာကို ဦးစွာတည်ထောင်ခဲ့ပြီး၊ ထို့နောက်မှ ရုပ်ဝတ္ထုကမ္ဘာကို အခြေခံ၍ သင့်လျော်သော ဥပဒေသများကို ချမှတ်သည်။

ဦးတည်ချက်နှစ်ခုက ပြောင်းပြန်ဖြစ်နေသော်လည်း ၎င်းတို့မှာ တူညီသည့် ပန်းတိုင်တစ်ခု ရှိနေသည်။ အကယ်၍ သူတို့သာ အောင်မြင်ခဲ့မည်ဆိုလျှင်, သူတို့သည် အနာဂတ်တွင် ကနဦးစကြာဝဠာကို သေချာပေါက် အောင်မြင်အောင် လုပ်ဆောင်နိုင်လိမ့်မည်။

ကံမကောင်းစွာဖြင့်၊ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားသည် ၎င်းကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ခဲ့ပါ။ သူ၏ ဆမ်ဆာရာ အစစ်အမှန် အဓိပ္ပါယ်၊ အင်မော်တယ်တောင်ဟု ခေါ်သည့် ဤတောင်ကြီးသည် တန်ခိုးကြီးသည့် ကောင်းကင်တောင်၏ သန္ဓေသားပုံစံကို သာ တည်ဆောက်နိုင်ခဲ့ပြီး အစစ်မှန် တန်ခိုးကြီးသည့် ကောင်းကင်တောင်ကို မဖွဲ့စည်းနိုင် ခဲ့ပေ။

ချင်ယွင်သည် ကနဦးစကြဝဠာ၏ အခြေခံအုတ်မြစ်များ ရှိသော်လည်း၊ ကနဦးစကြဝဠာ၏ ဉပဒေသများအပေါ် သူ၏ နားလည်သဘောပေါက်မှုသည် အလွန်းဆုံးမှ အကြမ်းထည် အဆင့်တွင်သာ ရှိသေးသည်။ အကယ်၍ သူသာ စကြဝဠာတစ်ခုလုံးကို အမှန်တကယ် အသက်ဝင်စေခဲ့ပါက၊ သူ၏လက်ရှိ နားလည်နိုင်စွမ်းသည် ပထမခြေလှမ်း ဖြစ်ပါလိမ့်မည်။

သို့သော် ဤအဆင့်သည် အလွန်မင်း ခက်ခဲသည်။ ရုပ်ဝတ္ထုကမ္ဘာ၏ အခြေခံအုတ်မြစ်ကို ဖန်တီးခဲ့သော မိုးပြာဧကရာဇ်နှင့် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားသည် သူ့ရှေ့မှ ဉပဒေသ ကွင်းဆက်၏ ရှေ့ပြေးပုံစံကိုသာ ထားရှိခဲ့သည်။ သို့သော်လည်း ထိုသို့ဆိုလျှင်ပင်, ချင်ယွင် သည် ထိုအဆင့်သို့ပင် မဝင်နိုင်သေးပါဘူး။

"ကောင်စုတ်လေး၊ မင်းရဲ့ကနဦးစကြာဝဠာ ပြီးမြောက်နိုင်ခြင်း ရှိမရှိက မင်းရဲ့ဒီအဆင့်ပေါ် မူတည်နေတယ်။ မင်း ဒီအဆင့်ကိုတောင် နားမလည်နိုင်ဘူးဆိုရင်, မင်းရဲ့ကနဦး စကြာဝဠာကလည်း မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်နဲ့ ထူးမခြားနားတဲ့ ပိုကြီးမား တဲ့ လွတ်လပ်တဲ့ နေရာတစ်ခုသာသာ ဖြစ်သွားလိမ့်မယ်" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်သော်လည်း ဤခါးသီးမှုက ချက်ချင်းပင် ဆုံးဖြတ်ချက် အဖြစ် ပြောင်းလဲသွားသည်။

အကယ်၍, သူသည် ထိုအစစ်မှန် အဓိပ္ပါယ်ကို နားမလည်နိုင်ပါက မိုးပြာဧကရာဇ်၏ ဆန္ဒသည် ပြည့်စုံလိမ့်မည် မဟုတ်တော့သလို၊ သူသည် သူ့အမျိုးသမီးများကို သူမတို့ လိုချင်သည့်ဘဝကို ယူဆောင်ပေးနိုင်မည် မဟုတ်တော့ပေ။ သူ့မိဘတွေကိုတောင် ပြန်မတွေ့နိုင်လောက်တော့ပေ။ ထိုဆိုမလုပ်နိုင်ခဲ့ရင်, ဘဝ၏ရှင်သန်နေထိုင်မှုက ဘာအဓိပ္ပာယ် ရှိမှာလဲ။

"မဟုတ်ဘူး၊ ဒီအစစ်မှန် အဓိပ္ပာယ်ကို ငါ နားလည်ရမယ်။" ချင်ယွင်က သူ့စိတ်ထဲကနေ ဆုံးဖြတ်ချက်ချပြီး သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်မိသည်။

"မင်းနားလည်ဖို့ အထောက်အကူဖြစ်မယ့် နေရာတစ်ခုကို ငါသိတယ်" သို့သော် ဤအခိုက်အတန့်တွင် ဖော်ရွှေသောအသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် အသံ၏ဦးတည်ရာကို ကြည့်လိုက်တော့ လူငယ်နှစ်ဉီး ဖြတ်လျှောက်လာ သည်ကို တွေ့လိုက်ရသည်.

ဤပုဂ္ဂိုလ်နှစ်ဦးစလုံးသည် ထူးထူးခြားခြား သူရဲကောင်းဆန်သူများ ဖြစ်ကြသော်လည်း ချင်ယွင်၏စိတ်နှလုံးကို ပို၍ပင် တုန်လှုပ်စေသည့်အရာမှာ သူ့ရှေ့သို့ လျှောက်လှမ်းလာနေ သော ဆံပင်ဖြူလူငယ် ဖြစ်သည်။

သူ့ခေါင်းက ငွေရောင်ဆံပင်ဖြူများ ဖြစ်နေပြီး၊ လူငယ်တစ်ယောက်၏ မျက်နှာကို ပိုင်ဆိုင် ထားကာ ထူးဆန်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော်, ထိုလူငယ်၏ ပါးစပ်ထောင့်ရှိ အပြုံးက လူအများကို နွေးထွေးစေခဲ့သည်။

သူ့နောက်မှ လူငယ်အနေဖြင့်,မူ သူ့အမူအရာက အေးစက်ပြီး, မည်သည့်ခံစားချက်မှ မပေါ်လွင်ပေ။

ချင်ယွင်သည် ထိုလူကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း, သူသည် ထိုသူ၏ အမည်ကို လျင်မြန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

"ငါက ရန်ချန်းဖန်ပါ။ သူက နဂါးဓားပဲ။ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ချင်ယွင်၊ ဒီနေ့ မင်းကို တွေ့ရတော့ တကယ်ကို ထူးထူးခြားခြားပါပဲ" ရန်ချန်းဖန်က ချင်ယွင်ကို ပြုံးပြ လိုက်သည်။

"စီနီယာရန်၊ စီနီယာရန်က ကျွန်တော့်ကို မြှောက်ပြောနေတာပါ။ ဒီဂျူနီယာက စီနီယာတို့ ဆီ အချိန်အတော်ကြာကတည်းက လာလည်သင့်ပါတယ်။ ဒါပေမယ့် အစစ်အမှန် အဓိပ္ပာယ်ကြောင့် ကျွန်တော့်မှာ ထွက်လာဖို့ အချိန်မရှိခဲ့ဘူး" ချင်ယွင်က ပြုံးရင်း ပြောလိုက်သည်။

မှန်ပါသည်။ ဤဆံပင်ဖြူလူငယ်သည် သူမှန်းဆထားသည့် အတိုင်းပင်။ သူသည် သူ့ဇနီး ယွမ်ရှီရှီ၏ ဆရာသခင် နိုင်းရန်ရန် အမှန်တကယ် ချစ်မြတ်နိုးရသူ ဖြစ်နေသည်။ ဤရန်ချန်းဖန်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၄ မှာ ရှိသည်။

ထိုအေးစက်စက် လူငယ်အနေဖြင့်မူ, သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်တွင် အဆင့် ၆၈ မှာရှိနေသည့် နဂါးဓား ဖြစ်သည်။

ရန်ချန်းဖန်သည် ချင်ယွင်၏ စကားကိုကြားတော့ သူက ချင်ယွင်၏ ပုခုံးကို ပုတ်ပြီး ပြောသည် "ငါ သိပါတယ်။ မင်းက သမိုင်းတစ်လျှောက်မှာ နှလုံးသားစိတ်ဝိညာဉ် ကျောက်တုံးကို ဖြိုခွဲပစ်နိုင်ခဲ့တဲ့ ပထမဆုံးလူပဲလို့ ရန်ရန်က ငါ့ကို ပြောထားပြီးသားပါ။ အဲဒီအချိန်တုန်းက ငါလည်း ဒီနှလုံးသားစိတ်ဝိညာဉ်ကျောက်တုံးရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရ တယ်ဆိုတာ မင်း သိထားရင်, ဒါကို ငါ ဘယ်လိုလုပ် မသိဘဲနေမလဲ”။

ချင်ယွင်က အိုးတိုးအန်းတမ်း ပြုံးလိုက်ရသည်။ သူ့ရှေ့က ရန်ချန်းဖန်သည် မည်သည့် အငွေ့အသက်ကိုမှ ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားခြင်းမရှိသော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အငွေ့အသက်သည် လှုပ်ခါ၍မရသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

သူသည် သူ့စွမ်းအား အကုန်လုံးနှင့်အတူ ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးပြုခဲ့လျှင် ပင်, သူ့ရှေ့မှ ရန်ချန်းဖန်၏ပြိုင်ဘက် ဖြစ်ကောင်းမှ ဖြစ်လိမ့်မည်ဟု ချင်ယွင် ခန့်မှန်းလိုက် သည်။

"စီနီယာ၊ အခုနက စီနီယာပြောတော့ ကျွန်တော့်ကို အစစ်မှန် အဓိပ္ပါယ် နားလည်နိုင် အောင် ကူညီပေးနိုင်တဲ့ နေရာတစ်ခု ရှိတယ်ဆို။ အဲဒါက ဘယ်လိုနေရာလဲ" ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။

ရန်ချန်းဖန်က သူ့နောက်က နဂါးဓားကို တစ်ချက်ကြည့်လိုက်ပြီး "အဲဒီနေရာက အင်မော်တယ်တောင်ရဲ့ တောင်ထိပ်ပဲ" အပြုံးဖြင့် ပြောလိုက်သည်။

"အင်မော်တယ်တောင်ထိပ်လား" ချင်ယွင် အနည်းငယ် မှင်သက်သွားသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ မှတ်ဉာဏ်များအရ အင်မော်တယ်တောင်၏ တောင်ထိပ်သို့ တက်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ သာမာန်အားဖြင့် တောင်စောင်းကို ရောက်လျှင်ပင်, ကြောက်စရာကောင်းသည့် ဖိအားကို ခံစားရလိမ့်မည်။ အကယ်၍, အတင်းကြပ် တက်သွားခဲ့လျှင်, ဤဖိအားကြောင့် သူတို့၏ စိတ်ဝိညာဉ်များပင် အပိုင်းပိုင်း ကြေမွသွားပေလိမ့်မည်။

အခု ရန်ချန်းဖန်က အင်မော်တယ်တောင်၏ တောင်ထိပ်အကြောင်း သူ့ကို အမှန်တကယ် ပြောပြနေခဲ့သည်။ ဒါက ဘာအဓိပ္ပာယ်ပါလဲ။

ရန်ချန်းဖန်သည် ချင်ယွင်၏သံသယများကို သတိပြုမိပုံရသည်။ သူက ပြုံးပြီး ပြောသည် "ဒီအင်မော်တယ်တောင်ဟာ စုစုပေါင်း ပေ သန်း ၃၈၀ မြင့်တယ်။ သာမန်လူတွေရဲ့ ကန့်သတ်ချက်က သန်း ၂၀၀ အထိ ရောက်နိုင်တယ်။ တခါတုန်းက ဒီအင်မော်တယ် တောင်ရဲ့ တောင်ထိပ်ကို ငါ တက်ခဲ့ဖူးပြီး။ ပေပေါင်း သန်း ၃၄၀ အမြင့်ထိ ရောက်ခဲ့တယ်။ တောင်ထိပ်နဲ့ ပေ ၄၀၀၀ဝ ပဲ ကွာတယ်။"

"ပေပေါင်း သန်း ၃၄၀ လား" ချင်ယွင် ရုတ်တရက် ထိတ်လန့်သွားသည်။ ဤရန်ချန်းဖန်၏ ကျင့်ကြံမှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

သို့သော်လည်း ရန်ချန်းဖန်၏ နောက်စကားများက သူ့ကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။

ရန်ချန်းဖန်က ပြုံးပြီး ဆက်ပြောသည် "နဂါးဓားနဲ့ ငါက မင်းအတွက် လမ်းရှင်းပြီး ပေ ၃၅၀၀၀ အထိ ရောက်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ပေ ၃၀၀၀ ကတော့ မင်းကိုယ်တိုင် ဖြတ်ကျော်ဖို့ လိုလိမ့်မယ်။ တကယ်လို့, မင်းသာ တောင်ထိပ်ကို ရောက်နိုင် ရင် မင်းအနေနဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်နိုင်စွမ်း ရှိကောင်းရှိလိမ့်မယ်”။

ထိုစကားကြားတော့ ချင်ယွင်သည် ဆွံ့အနေဆဲပင်။

နောက်ဆုံး ပေးသုံထောင်က ပေသန်းသုံးရာထက်တောင် ပိုကြောက်စရာကောင်းပါသည်။

All Chapters