အခန်း ၁၇၀၀
Vol. 114 Ch. 1700
အခန်း (၁၇၀၀) တောင်ထိပ်သို့ တက်ရောက်ခြင်း။
အဆုံးတွင် ချင်ယွင်သည် ရန်ချန်းဖန်၏ အကြံပြုချက်ကို အကြောင်းပြချက်မရှိဘဲ သဘောတူခဲ့သည်။ သူကိုယ်တိုင်က အင်မော်တယ်တောင်ထိပ်သို့ အမှန်တကယ် သွားကြည့်ချင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူတို့ သုံးယောက်သည် ထွက်ခွာသွားကြပြီး အင်မော်တယ်တောင်ထိပ်သို့ ပျံသန်းသွားကြသည်။
အင်မော်တယ်တောင်လေးဖက်လေးတန်တွင် ရောယှက်ပြီး ရှုပ်ထွေးသော ဥပဒေသ ကွင်းဆက်များ ရှိနေခဲ့ပြီး၊ ထိတွေ့၍မရသော ဥပဒေသကွင်းဆက်များ အများအပြား ရှိနေ သည်။ ၎င်းတို့ကို ထိတွေ့မိသည်နှင့် ပွဲချင်းပြီး သေဆုံးနိုင်ဖွယ် ရှိပါသည်။
ချင်ယွင်၊ ရန်ချန်းဖန်နှင့် နဂါးဓားတို့သည် အင်မော်တယ်တောင်ပေါ်သို့ ပျံသန်းခဲ့ကြသည်။
မူလက ချင်ယွင်သည် လင်းဘကို ခေါ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် လင်းဘသည် လိုက်လာရန် ဆန္ဒမရှိခဲ့ပေ။ ဤနည်းဖြင့် ချင်ယွင်သည် ထိုအကြောင်းကို မေ့ပျောက်ရုံသာ တတ်နိုင်ပါသည်။
ဤအင်မော်တယ်တောင်သည် တကယ်ကို ခမ်းနားလွန်းသည်ဟု ဆိုရလိမ့်မည်။ ပေသန်း ၂၀၀ အကွာအဝေးကပင် အချိန်အကြာကြီး ပျံသန်းသွားရန် လုံလောက်ပါသည်။
သို့သော် ပေသန်း ၂၀၀ အကွာအဝေးသည် သူတို့အတွက် အနည်းငယ်မျှ အဟန့်အတား မရှိပေ။
လမ်းတစ်လျှောက်တွင် ချင်ယွင်သည် အသက်ပိုးကောင်ဟုခေါ်သော ပိုးကောင်များကို တွေ့ခဲ့သည်။
ဤပိုးကောင်များသည် အရွယ်အစား အမျိုးမျိုးရှိသည်။ သေးငယ်ဆုံးအရွယ်မှာ စပါးစေ့ အရွယ်အစားမျှသာ ရှိပြီး၊ ပိုကြီးသော ပိုးကောင်များသည် ဦးခေါင်းအရွယ်အစား ဖြစ်သည်။ ဤအသက်ပိုးကောင်များ အားလုံးသည် ကြည်လင်တောက်ပပြီး ဝင်းလက်နေပါသည်။ ၎င်းတို့၏အရောင်တွေကလည်း ကွဲပြားကြသည်။ ၎င်းတို့သည် အလွန်မင်း လှပသော် လည်း ထင်ယောင်ထင်မှားဖြစ်စေသည့် အရောင်များလည်း သယ်ဆောင်ထားကြသည်။
၎င်းတို့အားလုံးသည် သန်စွမ်းတက်ကြွကြပြီး၊ အကောင်ပိုကြီးလေ၊ ၎င်းတို့၏ တက်ကြွမှုက အားကောင်းလေ ဖြစ်သည်။
အသက်ပိုးကောင်ဘုရင်နှင့် ပတ်သက်၍မူ, ချင်ယွင်သည် ၎င်းကို မမြင်ရသည့်အတွက် ၎င်းတို့ မည်သည့်ပုံစံရှိလဲဆိုသည်ကို သဘာဝအတိုင်း သူ မသိနိုင်ခဲ့ပါဘူး။ သို့သော် ရန်ချန်းဖန်၏ အဆိုအရ အသက်ပိုးကောင်ဘုရင်သည် အသက်ပိုးကောင်များနှင့် ဆင်တူ သည်။ တစ်ခုတည်းသော ခြားနားချက်မှာ အသက်ပိုးကောင်ဘုရင်သည် ဉာဏ်ရည် ဥာဏ်သွေးကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။
တစ်နည်းဆိုရသော်, အသက်ပိုးကောင်ဘုရင်သည် လူသားတစ်ဦး၏ ဉာဏ်ရည်ဉာဏ်သွေး ကို ပိုင်ဆိုင်ထားသောကြောင့် အသက်ပိုးကောင်ဘုရင်ကိုဖမ်းရန် ပို၍ပင် ခက်ခဲမည် ဖြစ်သည်။
သို့သော်၊ ယခုတစ်ကြိမ် ချင်ယွင်နှင့် အခြားသူများ၏ ပန်းတိုင်သည် ဤအသက်ပိုးကောင် သို့မဟုတ် အသက်ပိုးကောင်ဘုရင်အတွက် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ဤအသက်ပိုးကောင်များကို မြင်သောအခါ ချင်ယွင်သည် ၎င်းတို့ကို ဖမ်းရန် မသွားခဲ့ပေ။ သူ့အတွက်မူ၊ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်ကို အမြန်ဆုံး နားလည် နိုင်ရန်မှာ ပထမဦးစားပေး ဖြစ်သည်။
အလွန်လျင်မြန်စွာ၊ သူတို့သည် ပေသန်း ၂၀၀ အမြင့်သို့ ရောက်ရှိလာခဲ့သည်။
ချင်ယွင်နှင့် အခြားသူများသည် ရပ်တန့်သွားသည်။ ယခုအချိန်တွင် သူတို့သည် အင်မော်တယ်တောင်မှ ယူဆောင်လာသော ဖိနှိပ်အချို့ကို ခံစားနေရပြီး ဖြစ်သည်။ သို့သော် ဤဖိနှိပ်မူများသည် သူတို့အတွက် ပြင်းထန်ခြင်း မရှိသေးပေ။ အနည်းဆုံးတော့ သူတို့၏ လှုပ်ရှားမူတွေကို သိပ်ပြီးတော့ မထိခိုက်ပါဘူး။
"ငါတို့ရဲ့ ယခင်အစီအစဉ်အရ၊ နဂါးဓားက ငါတို့အတွက် လမ်းရှင်းပေးဖို့ ဦးစွာ တိုက်ခိုက်ရ မှာ ဖြစ်ပြီး၊ ငါမတိုက်ခိုက်ခင် ပေသန်း 300 အမြင့်အထိ ငါတို့ကို ပို့ဆောင်ပေးရမယ်။" ရန်ချန်းဖန်က ပြုံးပြီး ပြောပြီး နဂါးဓားကို ကြည့်လိုက်သည်။
နဂါးဓားက ခေါင်းညိတ်လိုက်သည်။
သူသည် အေးအေးဆေးဆေး နေတတ်သူတစ်ဦး ဖြစ်သော်လည်း ရန်ချန်းဖန်က သူ့အသက် ကို ကယ်တင်ထားသောကြောင့် ရန်ချန်းဖန်၏စကားကို နာခံပါသည်။
အင်မော်တယ်တောင်၏ ဖိအားကို တွန်းလှန်ရန်၊ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးမူ သည် ကြီးမားလှသည်။ အမြင့်ပေများ ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ဖိအားများက ပိုမို အားကောင်းလာပြီး လိုအပ်သော စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးမူကလည်း ပိုပြီး ကြီးမားလာမည် ဖြစ်သည်။
ထို့ကြောင့် သာမန်လူတစ်ဦးသည် သေချာသည့် အမြင့်တစ်ခုအထိ တောင့်ခံပြီးသောအခါ, ၎င်းတို့၏ နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားပြီး၊ သူတို့သည် ခုခံရန်အတွက် လုံးဝ စွမ်းအားမရှိတော့ကြောင့် တွေ့ရှိရလိမ့်မည်။ ထို့ကြောင့်, သူတို့သည် နောက်ပြန် လှည့်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ယခုအချိန်တွင်၊ နဂါးဓားနှင့် ရန်ချန်းဖန်တို့၏ လုပ်ဆောင်ချက်များသည် ချင်ယွင်၏ စောစီးစွာ စွမ်းအင်ကုန်ဆုံးမူကို လျှော့ချပြီး၊ ချင်ယွင်သည် နောက်ဆုံး ပေထောင်ဂဏန်း အတွင်းမှာ သူ့စွမ်းအားအားလုံးကို အာရုံစိုက်နိုင်စေရန် ရည်ရွယ်ထားပါသည်။
ချင်ယွင်သည် သူ့ကို အဘယ်ကြောင့် ကူညီလိုသနည်းဟု ရန်ချန်းဖန်အား ယခင်က မေးမြန်းခဲ့ဖူးသည်။ ထိုအချိန်တုန်းက ရန်ချန်းဖန်က ပြုံးရုံသာပြုံးပြီး ပြောသည် "မင်းကို ကူညီတာက ငါတို့ကိုငါတို့ ကူညီရာလည်း ရောက်တယ်။ ငါတို့လည်း ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်ကြတယ်။ ဒီအစစ်အမှန် အဓိပ္ပာယ်ကို နားလည်နိုင်တဲ့သူက မင်းကလွဲပြီး တခြားလူ မရှိနိုင်ဘူး။ အင်မော်တယ်တောင်ထိပ်မှာ လျှို့ဝှက်တဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိရမယ်လို့ ငါ ယုံကြည်တယ်။"
ချင်ယွင်သည် ထိုစကားကိုကြားပြီးနောက်တွင် သူ့စိတ်ထဲမှာ ဘာပြောရမှန်းမသိ ဖြစ်နေ သည်။
ဤလူတွေက သူ့ကို အဘယ့်ကြောင့် ဤမျှယုံကြည်နေမှန်း သူ မသိသော်လည်း ဘိုးဘေး နတ်ဘုရား မဟူရာကမ္ဘာက သူတို့ကို တစ်ခုခုပြောခဲ့ခြင်း ဖြစ်ရမည်ဟု သူ သေချာသည်။ မဟုတ်ရင် အားလုံးက သူ့ကို ယုံကြည်ဖို့ မဖြစ်နိုင်ပါဘူး။
ယင်းနောက်တွင်၊ နဂါးဓားသည် သူ့ကိုယ်ပိုင် နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး အလင်းလုံးတစ်လုံးကို ဖန်တီးကာ၊ သူတို့သုံးဦးစလုံးကို ဖုံးအုပ်ပြီး သူတို့အား အင်မော်တယ်တောင်ထိပ်သို့ ပို့ဆောင်ခဲ့သည်။
အစပိုင်းတွင် နဂါးဓားသည် အနည်းငယ် သက်တောင့်သက်သာ ရှိပုံရသော်လည်း သူတို့ သည် အမြင့်ပေ သန်း ၂၅၀ သို့ ရောက်သောအခါတွင် နဂါးဓားသည် အနည်းငယ် ခက်ခဲလာပုံရသည်။
သူတို့သုံးယောက်စလုံးကို ရှေ့သို့ ခေါ်ဆောင်ရခြင်းသည် လူတစ်ဦးတည်းကို ခေါ်ဆောင်ရ ထက် နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအား ပိုလိုအပ်ပါသည်။ ထို့ကြောင့် သူတို့ ပေ ၂၉,၀၀၀ သို့ ရောက်သောအခါ၊ နဂါးဓားသည် အနည်းငယ် ပင်ပန်းနွမ်းနယ်သွားသည်။
သို့သော် နဂါးဓားသည် လက်မလျှော့သေးပေ။ သူသည် သူတို့ကို အပြင်းအထန် ထောက်ပံ့ ပြီး နောက်ထပ် ပေတစ်ထောင်အထိ လမ်းလျှောက်ရန် ကူညီပေးခဲ့သည်။ အဆုံးတွင်၊ နဂါးဓားသည် ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီထွက်နေ၏။ ယင်းက ချင်ယွင်၏ စိတ်နှလုံးကို အဆုံးမရှိ တုန်လှုပ်သွားစေခဲ့သည်။
နဂါးဓားသည် သူ့ကို ကူညီပေးရုံ သက်သက်ဖြစ်သည်မှာ ရှင်းရှင်းလင်းလင်း သိသာထင်ရှား သော်လည်း၊ ထိုသို့စိတ်ပျက်ဖွယ်အလုပ်မျိုးကို အခြားမည်သူမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် နဂါးဓားအား အစမှအဆုံးထိ စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း၊ သူ့အပေါ် အကောင်းမြင်စိတ် ရှိသည်။
"ကောင်းပြီ, နောက် ငါ့အလှည့်ပေါ့။ ငါ မင်းကို ဘယ်အထိ ပို့ပေးနိုင်မလဲဆိုတာ ငါတို့ရဲ့ ကံကြမ္မာပေါ် မူတည်တယ်" ရန်ချန်းဖန်က ချင်ယွင်ကို ပြောသည်။ ထို့နောက် သူက ချင်ယွင်ကို လွှမ်းခြုံရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ၊ ချင်ယွင်ကို အပေါ်သို့ ဆက်လက်ပို့ဆောင်ခဲ့သည်။
နဂါးဓားအနေဖြင့်, သူသည် ပေ ၂၀၀၀ အထိ သူပြန်လာပြီး၊ ရန်ချန်းဖန်ကို စောင့်ဆိုင်းခဲ့ သည်။
ရန်ချန်းဖန်က ချင်ယွင်ကို အထက်သို့ ဆက်လက် ခေါ်ဆောင်ခဲ့သည်။ ရန်ချန်းဖန်သည် လည်း အလွန်လျင်မြန်စွာ သူ့ကန့်သတ်ချက်ကို ရောက်ရှိပြီး ချင်ယွင်ကို ပေ ၃၅၀၀၀၀ အကွာအဝေးအထိ စေလွှတ်လိုက်သည်။
ယခုအခါ အင်မော်တယ်တောင်ထိပ်မှ ပေသုံးထောင်သာ ကွာဝေးသော်လည်း နောက်ဆုံး တွင် ပေသုံးထောင်၏ ခြေတစ်လှမ်းတိုင်းသည် အလွန်ခက်ခဲသည်။
"နောက်တစ်ဆင့်က မင်းအပေါ်မူတည်တယ်။ ငါ မင်းကို အောက်မှာ စောင့်နေမယ်။" ရန်ချန်းဖန်က အားနည်းစွာ ပြောသည်။ ထိုစကားကို ပြောပြီးနောက် သူသည် အောက်သို့ လျင်မြန်စွာ ပြန်ဆင်းသွားခဲ့သည်။
ရန်ချန်းဖန် ထွက်သွားသည့်အခိုက်တွင် ချင်ယွင်သည် ကြီးမားသော ဖိအားအောက်တွင် ရှိနေသည်။
ဤဖိအားကြောင့် ချင်ယွင်၏ကျောရိုးများပင် ကွေးညွှတ်သွားစေသည်။ ဖိအားတွေက သူ ထင်ထားသည်ထက် ပိုကြောက်စရာကောင်းသည်။ ရန်ချန်းဖန်ကဲ့သို့ သန်မာသော လူတစ်ယောက်သည် အလွန်အားနည်းသွားသည်မှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားအရ၊ ချင်ယွင်၏ နတ်ဝိညာဉ်စွမ်းအားသည် ရန်ချန်းဖန်ထက် မြင့်မားပါသည်။
ဘန်း….
တန်ခိုးကြီးသော နတ်ဘုရား စိတ်ဝိညာဉ်စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထို့နောက် ချင်ယွင်သည် ဖိအားများစွာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ချင်ယွင်သည် တောင်ထိပ်သို့ ဆက်လက် ထွက်ခွာသွားခဲ့ သည်။
ချင်ယွင်သည် ပေသန်း ၃၇၀ သို့ရောက်သောအခါ သူ့အရှိန်သည် တဖြည်းဖြည်း နှေးကွေး လာသည်။ နောက်ဆုံး ပေ ၁၀၀၀ ဖိအားသည် တုနှိုင်းမရအောင် ကြောက်စရာကောင်း သည့် အဆင့်အထိ ရောက်ရှိနေခဲ့ပြီ။
အကယ်၍, သာမန်အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကို ဤနေရာတွင် ထားခဲ့ပါက အသားစအဖြစ် ကြေမွသွားဖွယ်ရှိသည်။
ချင်ယွင်သည် နောက်ဆုံး ပေသုံးရာအထိ တက်လှမ်းပြီးသောအခါ သူ၏အရှိန်သည်လည်း ခရုကဲ့သို့ ဖြစ်လာခဲ့သည်။ ခြေလှမ်းတိုင်းသည် အလွန်ခက်ခဲပြီး သူ၏စိတ်ဝိညာဉ်သည် လည်း အလွန်မင်း အားနည်းလာကာ ပင်ပန်းနွမ်းနယ်သည့် လက္ခဏာများပင် စတင်လာ သည်။
ချင်ယွင်တွင် ကနဦးစကြာဝဠာ၏အလိုဆန္ဒကို ပိုင်ဆိုင်ထားသည်။ သို့သော် ဤ ကနဦး စကြာဝဠာ၏အလိုဆန္ဒသည် အင်မော်တယ်တောင်၏ ဘုန်းအာနုဘော်နှင့် အပြင်းအထန် တွေ့ဆုံမိသောအခါ, ၎င်းသည် ဤအင်မော်တယ်တောင်၏အလိုဆန္ဒကို လုံးဝ မလှုပ်ခါနိုင် ဘဲ အနည်းငယ် အားနည်းနေခဲ့ပါသည်။
နောက်ဆုံးတွင်၊ ချင်ယွင်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် နောက်ဆုံး ပေတစ်ရာသို့ ရောက်သောအခါတွင် လုံးဝ ခန်းခြောက်နေပြီ ဖြစ်သည်။ ပျက်စီးသွားမည့် လက္ခဏာများ ပင် ရှိလာခဲသည်။ အကယ်၍ သူသည် ရှေ့သို့ အပြင်းအထန် ဆက်သွားပါက, သူ၏ ကနဦး စကြာဝဠာသည် ပြိုလဲသွားနိုင်သည်။
ဘန်း…။
သို့သော်လည်း ဤအရေးကြီးသော အခိုက်အတန့်တွင်၊ သူ၏ကနဦးစကြာဝဠာအတွင်းရှိ ကြေးဝါအပိုင်းအစသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။ ထို့နောက် ချင်ယွင်သည် ဖိအားများ လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် ချင်ယွင်သည် အင်မော်တယ်တောင်ထိပ်ပေါ်သို့ တိုက်ရိုက် ခုန်တက်လိုက်ပါ သည်။ ချင်ယွင်သည် အင်မော်တယ်တောင်ထိပ်ပေါ်တွင် ရပ်နေချိန်မှာ သူ့ရှေ့ရှိ မြင်ကွင်း က သူ့ကို လုံးဝ အံ့အားသင့်စေခဲ့သည်။