အခန်း ၁၇၀၁
Vol. 114 Ch. 1701
အခန်း (၁၇၀၁) ကနဦးအဆင့်သို့ ဝင်ရောက်ခြင်း။
တောင်ထိပ်ပေါ်ရှိ နေရာသည် ကြီးကြီးမားမား မဟုတ်ပေ။ ၎င်းသည် လေးထောင့်ပတ် လည် ဆယ်မီတာခန့်သာ ရှိသည်။
သို့သော် တောင်ထိပ်တွင် ကြီးမားသော ကြေးအိုးကြီးတစ်လုံး ရှိနေသည်။ ထိုကြေးအိုးကြီး သည် အချင်းသုံးမီတာခန့်ရှိပြီး တစ်ကိုယ်လုံး မည်းမှောင်နေပါသည်။ ၎င်းသည် နက်ရှိုင်း သည့် ခံစားချက်ကို ပေးစွမ်းသည်။
ကြေးအိုးကြီးအတွင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ပိန်ပိန်ပါးပါး လူငယ်တစ်ဦး ရှိသည်။
ထိုလူငယ်သည် ပိန်ပိန်ကောင်လေး မဟုတ်ရင် မည်သူ ဖြစ်မည်နည်း။
ချင်ယွင်သည် ပိန်ပိန်ကောင်လေးကို နိုးရန် ရှေ့သို့ ချက်ခြင်း မသွားခဲ့ပါဘူး။ ယင်းအစား၊ သူသည် အင်မော်တယ်တောင်ပေါ်မှ လှမ်းကြည့်လိုက်သည်။
ပတ်၀န်းကျင်သည် ရောယှက်နေသော ဥပဒေသကွင်းဆက်များဖြင့် ကြက်ခြေခတ်သဖွယ် ဖြတ်သန်းနေပြီး၊ ဤဥပဒေသကွင်းဆက်များသည် အနည်းငယ်မျှပင် ပုံမှန်မဟုတ်ပေ။ ချင်ယွင်သည်လည်း သူ့ကို နားလည်အောင် ကူညီပေးမည့် မည်သည့် အခွင့်အရေးကိုမျှ ရှာမတွေ့ခဲ့ဘူး။
"အစ်ကိုကြီး၊ မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" ချင်ယွင် စိတ်ပျက်နေချိန်မှာ ပိန်ပိန် ကောင်လေးက နိုးထလာသည်။
"မင်းကိုရှာဖို့ ငါ ဒီကိုရောက်လာတာ။ စကားမစပ်၊ ဒီအင်မော်တယ်တောင်ရဲ့ ထူးခြားချက် တွေကို ကြည့်ရအောင်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ပိန်ပိန်ကောင်လေးသည် လင်းဘနှင့်ယှဉ်လျှင် အနည်းငယ် တုံးအသော်လည်း သူသည်လည်း မဟာနတ်ဆိုးနတ်ဘုရားတစ်ပါး၏ လူဝင်စားဖြစ်သည်။ သူသည် ပန်ဂု မဟာနတ်ဆိုးနတ်ဘုရား၏ ပြန်လည်ဝင်စားသူ ဖြစ်ဖွယ်ရှိသည်။
သူသည် ပိန်ပိန်ကောင်လေးကို ပြန်ခေါ်လာပြီး ထိုဥပဒေသ ကွင်းဆက်တွေကို သူ့ကို ဖွဲ့စည်းခွင့် ပေးလိုက်ခြင်းဖြင့်, သူသည် ရှာဖွေတွေ့ရှိမှု အသစ်တစ်ခုကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပေမည်။
"ဘာထူးခြားတာ ရှိမှာလဲ။ ဒီတောင်ထိပ်က ဒီအကျယ်ဝန်းပဲလေ။ ဒါနဲ့ပတ်သက်ပြီး ထွေထွေထူးထူး မရှိပါဘူး။ နောက်တစ်ခုကတော့ အဲဒီကြေးအိုးကြီးပဲ။ အိုး...၊ ဟုတ်တယ်။ အပေါ်ကရှုခင်းတွေက တော်တော့်ကို ကြည့်လို့ကောင်းတယ်။ ငါကတော့ အိုးထဲမှာ လဲလျောင်းပြီး ရှုခင်းကြည့်ရတာ ကြိုက်တယ်။ ငါဆို ရူခင်းကြည့်လိုက်ရင် အိပ်ပျော်သွား ရော"။ အရပ်ပိုမြင့်လာသည့်အပြင် ပိန်ပိန်ကောင်လေး၏ ပင်ကိုယ်စရိုက်ကလည်း ပိုပြီး တော့ ပွင့်လင်းလာသည်။ သူသည် ချင်ယွင်ကို အသက်တစ်ချက်ရှိုက်အတွင်း စကားများစွာ ပြောခဲ့သည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါတွင် သူသည် မသိစိတ်က ပိန်ပိန်ကောင်လေး၏ ဦးခေါင်းအထက်ကို လှမ်းကြည့်လိုက်သည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး မှင်သက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ သူ့ဦးခေါင်းထက်တွင် ဧရာမ ပြန်လည်ဝင်စားခြင်း ဝဲဂယက်တစ်ခု ရှိနေပြီး၊ ဤဝဲယက်အတွင်းမှာ အမှန်တကယ်ပင် ကြယ်များသည် တစ်ခုပြီးတစ်ခု တောက်ပနေပါသည်။
အကယ်၍, သူသာ ဤတောင်ထိပ်ကို မရောက်ခဲ့ဘူးဆိုလျှင်, ယခုလိုမြင်ကွင်းမျိုးကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် အလွန်မင်း တုန်လှုပ်သွားသည်။ မူလက အင်မော်တယ်တောင်ထိပ်ပေါ်တွင် မည်သည့် လျှို့ဝှက်ဆန်းကြယ်မှုမှ မရှိဟု သူထင်ခဲ့သော်လည်း ယခုအခါ သူမှားကြောင်း သိသွားခဲ့ပြီ။ သူ့ရှေ့က ပြန်လည်ဝင်စားခြင်း ဤဝဲဂယက်သည် အင်မော်တယ်တောင်၏ တကယ့် လျှို့ဝှက်ဆန်းကြယ်မူ ဖြစ်သည်။ အကယ်၍, သူသာ တောင်ထိပ်ပေါ်ကို မတက်နိုင်ခဲ့လျှင်, သူ့ရှေ့က အံ့ဩဖွယ်အရာတွေကို မြင်တွေ့နိုင်မှာ မဟုတ်ပါဘူး။
"အကိုကြီး၊ အကိုကြီး၊ မင်း ဘာဖြစ်နေတာလဲ" ချင်ယွင်သည် သူ့အကြည့်တွင် အနည်းငယ် နစ်မွန်းနေသည်ကို တွေ့လိုက်ရသောအခါ ပိန်ပိန်ကောင်လေးက မတတ်နိုင်ဘဲ မေးမြန်းလိုက်သည်။
ချင်ယွင်က ပိန်ပိန်ကောင်လေး၏ အော်သံကိုကြားတော့ သူ့အသိစိတ်တွေ ပြန်ဝင်လာပြီး ပိန်ပိန်ကောင်လေးကို ကြည့်ရင်း ပြောသည် “အိုး..၊ မင်း ဒီမှာ ဘယ်လို ပေါ်လာတာလဲ။ တစ်ခုခု မှတ်မိသေးလား"။
လင်းဘသည် သူပျောက်သွားပြီးကတည်းက သူ ဘယ်သူလဲဆိုတာ သတိရလာခဲ့သည်။
ထိုသို့ဆိုဖြစ်လျှင်, ပိန်ပိန်ကောင်လေးသည် အခုအခါ တစ်ခုခုကို မှတ်မိနေလိမ့်မည်။ နောက်ဆုံးတွင် သူ့အသွင်အပြင်လည်း ပြောင်းသွားခဲ့သည်။
ပိန်ပိန်ကောင်လေးသည် ချင်ယွင်၏အမေးကို ကြားတော့ သူက ခေါင်းကုတ်ပြီး ပြောသည် "ငါ ဘာကြောင့် ပေါ်လာတာလဲတော့ မသိဘူး။ အိပ်ရာကနိုးလာတော့ အိုးထဲ ရောက်နေပြီ။ တောင်က အရမ်းမြင့်လို့ ငါလည်း မဆင်းရဲတော့ဘဲ ကြေးအိုးထဲမှာပဲ အိပ်နေဖို့ ဆုံးဖြတ် လိုက်တယ်။ ငါသတိရသလောက်ဆို, ငါ့မှာ ဝေဝေဝါးဝါး မှတ်ဉာဏ်တစ်ခု ရှိနေတာကိုပဲ သိတော့တယ်။ အဲဒါက တစ်စုံတစ်ယောက်က ကျန်းဟွာလို့ ခေါ်နေသလိုပဲ”။
"ကျန်းဟွာလား။ အဲဒါက မင်းနာမည် ဖြစ်သင့်တယ်။" ခဏလောက်စဉ်းစားပြီးမှ ချင်ယွင် က ပြောလိုက်သည်။
ပန်ဂုသည် ဤမျှရိုးရှင်းပြီး ရိုးသားသော နာမည်တစ်ခု ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အတိတ်က သူသည် မည်မျှသာမာန်ဖြစ်ခဲ့ပြီး၊ အထွတ်အထိပ်သို့ တစ်ဆင့်ပြီးတစ်ဆင့် မည်သို့မည်ပုံ ရောက်ရှိခဲ့သည်ကို စိတ်ကူးကြည့်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
"ငါ့နာမည် ကျန်းဟွာလား။ ကောင်းတယ် ငါ့မှာ နာမည်ရှိပြီ" ပိန်ပိန်ကောင်လေးက သူ့နာမည်ကို ကျန်းဟွာဟုကြားတော့ အရမ်းပျော်သွားခဲ့သည်။
တစ်ဖက်တွင် ချင်ယွင်သည် ပိန်ပိန်ကောင်လေး၏ ဖြူစင်သော စိတ်နေသဘောထားကို ကြည့်ပြီး နောက်ဆုံးတွင် ပန်ဂုသည် အဘယ်ကြောင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ သည်ကို နားလည်သွားသည်။
ဖြူစင်သောစိတ်ထားကို ထိန်းသိမ်းထားနိုင်မှသာလျှင် ကျင့်ကြံမှုလမ်းကြောင်းကို အလွန်ဝေးစွာ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ အကယ်၍, လူတစ်ယောက်၏ စိတ်သည် ရှုပ်ထွေးနေသမျှ, ကျင့်ကြံမှုမှာ အနှောင့်အယှက် ဖြစ်လိမ့်မည်။
"ကျန်းဟွာ၊ မင်း အနားမှာ ခဏလောက် ကစားလိုက်ဦး။ ငါ ဒီဝဲဂယက်ကြီးကို တချက် လောက် ကောင်းကောင်း ကြည့်ချင်သေးတယ်။ ငါ့ကို မနှောင့်ယှက်မိဖို့လည်း သတိရဦး” ချင်ယွင်က ပိန်ပိန်ကောင်လေးကို ပြောသည်။
"ကောင်းပြီ" ပိန်ပိန်ကောင်လေးက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
ချင်ယွင်သည် ထိုအရာကိုမြင်တော့ ကြေးအိုးကြီးထဲကို ခုန်ဆင်းပြီး ပိန်ပိန်ကောင်လေး ကဲ့သို့ အိုးထဲမှာလှဲလျောင်းရင်း သူ့ဦးခေါင်းထက်က ပြန်လည်ဝင်စားခြင်း ဝဲဂယက်ကို ကြည့်လိုက်ပါသည်။
ပြန်လည်ဝင်စားခြင်း ဝဲဂယက်များ၊ ဖရိုဖရဲကြယ်များ၊ အရာအားလုံးသည် အဆုံးမဲ့ လျှို့ဝှက် ဆန်းကြယ်မှုများကို ဖော်ပြနေပါသည်။
သို့သော် အလွန်လျင်မြန်စွာ၊ ချင်ယွင်သည် သူ့မျက်ခွံများ ကျုံ့သွားသည်ကို ခံစားလိုက်ရ သည်။ အရင်က ပိန်ပိန်ကောင်လေး ပြောခဲ့သလိုပင်။ သူ အိပ်မပျော်ခင်မှာ ခဏလောက် သာ ကြည့်နိုင်ခဲ့၊ နောက်ပိုင်း လုံးဝ အိပ်ပျော်သွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည်လည်း ထိုအတိုင်းပင်။ သူသည် အလွန်မင်း မောပန်းနွမ်းနယ် နေပြီး လျင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။
ချင်ယွင်နှင့်အခြားသူများသည် ဤအဆင့်ဤနယ်ပယ်သို့ ရောက်ရှိပြီးနောက် သူတို့သည် နှစ်သန်းပေါင်း ၁၀၀ အိပ်မပျော်ခဲ့လျှင်ပင် အဆင်ပြေနေပါသေးသည်။ ယခုမူ ချင်ယွင်သည် သေမျိုးတစ်ဦးကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
သို့သော် သူ၏အိပ်စက်ချိန်တွင်, ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်ကို မမြင်နိုင်သော စွမ်းအားတစ်ခုက ဆွဲထုတ်လိုက်ပြီး၊ ပြန်လည်ဝင်စားခြင်း ဝဲဂယက်ဆီသို့ ဖြည်းညှင်းစွာ လွင့်မျောသွားသလို ခံစားလိုက်ရသည်။
ဘန်း…။
ချင်ယွင်၏စိတ်ဝိညာဉ်သည် ပြန်လည်ဝင်စားခြင်း ဝဲဂယက်ထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် ၎င်းက စုပ်ယူသွားခဲ့သည်။ ထို့နောက်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖရိုဖရဲ ကြယ်တစ်ပွင့်သာ ကျန်ခဲ့တော့သည်။
ကောင်းကင်ဘုံတော်ဝင်တာအို စီဆင်းမူများ၏ ဉပဒေသများ အောက်တွင် အဆုံးမဲ့ ကြယ်များသည် ဆက်လက် ပျံ့လွင့်နေပါသည်။ ကြယ်တစ်ပွင့်စီ၏ လမ်းကြောင်းတစ်ခုစီ သည် ဖော်ပြ၍ မရနိုင်အောင် လေးနက်သော အဓိပ္ပါယ်ကို ဖော်ဆောင်နေခဲ့သည်။
ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချက်ချင်းပင် ဝမ်းသာသွားသည်။ ၎င်းသည် သူ့ကနဦး စကြာဝဠာတွင် ချို့တဲ့နေသည့် စကြဝဠာပြောင်းလဲမူဖြစ်စဉ်၏ တော်ဝင်တာအို မဟုတ်ပါလား။
ယခုလို ရှားပါးသည့် အခွင့်အရေးကို သူ မည်သို့ စွန့်လွှတ်နိုင်မည်နည်း။
ထို့ကြောင့် ချင်ယွင်၏ စိတ်ဝိညာဉ်သည် ချက်ချင်းပင် ဖရိုဖရဲဖြစ်နေသော ကြယ်ပင်လယ် တွင် တင်ပျဉ်ခွေထိုင်ကာ သူ့တစ်ကိုယ်လုံးသည် နားလည်ဆင်ခြင်သည့် အခြေအနေထဲ လုံးဝ ကျရောက်သွားခဲ့သည်။
ချင်ယွင်၏ခန္ဓာကိုယ်သည် ကြေးအိုကြီးထဲတွင် လဲလျောင်းနေသော်လည်း သူ့စိတ်ဝိညာဉ် သည် ကြယ်ပင်လယ်ထဲတွင် ထိုင်နေပါသည်။ သူ့တစ်ကိုယ်လုံး လုံးဝ ငြိမ်သက်သည့် အခြေအနေထဲ ကျရောက်သွားခဲ့ပြီး၊ သူ့အမူအရာက ငြိမ်သက်သွားသည်။
အချိန်ကြာလာသည်နှင့်အမျှ၊ ချင်ယွင်သည် ဆင့်ကဲဖြစ်စဉ်ဉပဒေသများကို နားလည် ဆင်ခြင်ရင်း ကြယ်စင်စုများ၏ ဆင့်ကဲဖြစ်စဉ်၏ အဆုံးမဲ့ဉပဒေသများသည် ချင်ယွင်၏ စိတ်ထဲတွင် တဖြည်းဖြည်း တည်ဆောက်လာခဲ့သည်။
သူ့ဒန်တန်ထဲရှိ စကြာဝဠာကြီးသည်လည်း စတင်လောင်ကျွမ်းလာသည်။ ကနဦးစကြဝဠာ အတွင်းရှိ ကြယ်များသည် တိကျသေချာသော လမ်းကြောင်းတစ်ခုအတိုင်း အမှန်တကယ် စတင်လည်ပတ်လာပါသည်။ တစ်ချိန်တည်းမှာပင်၊ ကြယ်များသည် ရှေးဟောင်း ဖရိုဖရဲ ကြယ်ပင်လယ်ထဲတွင် တစ်ခုပြီးတစ်ခု စတင်သိပ်သည်းလာခဲ့သည်။
ကြယ်တွေအပေါ်မှာ တောင်တွေ၊ မြစ်တွေ ပေါ်လာပြီး လေထုက ဖြစ်ပေါ်လာပါသည်။ အရာအားလုံးသည် သက်ရှိဂြိုလ်ကမ္ဘာတစ်ခု၏ ဦးတည်ရာဆီသို့ တဖြည်းဖြည်း ပြောင်းလဲ လာသည်။
ကျန်းဟွာသည် ကြေးအိုးကြီးဘေးတွင် ထိုင်ကာ, နက်နက်ချိုက်ချိုက် အိပ်ပျော်နေသော ချင်ယွင်ကို ကြည့်နေရင်း နေရောင်ခြည်ကို လက်တစ်ဖက်ဖြင့် ကာပေးထားသည်။
ချင်ယွင်သည် နှစ်ဝက်လောက် အိပ်မောကျသွားခဲ့ပြီး ကျန်းဟွာသည် ချင်ယွင်၏ ကြေးအိုးကြီးအနားမှာ နှစ်ဝက်လောက် နေခဲ့ရပါသည်။
လွန်ခဲ့သည့် ခြောက်လအတွင်း၊ ချင်ယွင်၏ ကနဦးစကြဝဠာသည် ကမ္ဘာမြေတုန်ခါလောက် သည့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ မူလက အလယ်လတ် ထိုက်ကျိနယ်ပယ် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ကနဦးစကြာဝဠာသည်ပင်လျှင် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်သို့ ချောမွေ့စွာ ဝင်ရောက်သွားခဲ့ပြီး ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ် သို့ပင် စတင်အသွင်ပြောင်းလာခဲ့သည်။
ဘန်း…။
ချင်ယွင်၏ နားလည်နိုင်စွမ်းသည် ဆက်လက် နက်ရှိုင်းလာသည်နှင့်အမျှ၊ သူ့ပတ်ဝန်းကျင် တွင် အနှိုင်းမဲ့ ထူးဆန်းသော ဉပဒေသများ ပေါ်လာပြီး ချင်ယွင်၏အထက်တွင် မြွေသေး သေးလေးတစ်ကောင်ကဲ့သို့ လှည့်ပတ်နေသည်။
ကျန်းဟွာသည် လှည့်ပတ်နေသည့် ဉပဒေသကွင်းဆက်လေးကို သူ့မျက်နှာပေါ်တွင် စပ်စုသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ဤလှည့်ပတ်နေသော မြွေသေးသေးလေး သည် သူ့နဖူးပေါ်က ပုံစံများနှင့် အလွန်ဆင်တူသည်ဟု သူ ခံစားမိသည်။
သို့သော်လည်း ၎င်းသည် အတိအကျတော့ မတူခဲ့ပေ။ ထိုအရာများတွင် ကွဲပြားမှုအချို့ ရှိနေပါသေးသည်။
အကယ်၍, မြို့တော်သခင်နှင့် အခြားသူများသည် ဤမြင်ကွင်းကို နောက်တစ်ကြိမ် တွေ့မြင်ရပါက၊ သူတို့သည် ပြောစရာစကားမရှိအောင် သေချာပေါက် အံ့ဩသွားကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်လည် ချင်ယွင်သည် ဉပဒေသ၏ အစစ်မှန် အဓိပ္ပာယ်ကို ကနဦးအဆင့်သို့ လှမ်းတက်နေပြီ ဖြစ်သောကြောင့်ပင်။