အခန်း ၁၇၀၂
Vol. 114 Ch. 1702
အခန်း (၁၇၀၂) ထွက်ခွာခြင်း။
ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ရှေးဟောင်း ကြယ်ပင်လယ်ထဲမှာ ထိုင်နေသည့် စိတ်ဝိညာဉ်လည်း ပြန်ပေါ်လာသည်။
"အစ်ကိုကြီး၊ မင်း နောက်ဆုံးတော့ နိုးလာပြီလား" ကျန်းဟွာသည် ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။
သို့သော်လည်း ချင်ယွင်သည် သူ့ကို လျစ်လျူရှုပြီး ကျန်းဟွာကို အဆုံးမရှိ ထိတ်လန့်စေ သည့် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ပါသည်။
ချင်ယွင်သည် ရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ပြီး ပြန်လည်ဝင်စားခြင်း ဝဲဂယက်ကို သူ့ဗိုက်ထဲသို့ စုပ်ယူလိုက်ပါသည်။
သူ့အနားမှ ကျန်းဟွာသည် အလွန်တုန်လှုပ်သွားသည်။ ပြန်လည်ဝင်စားခြင်း ဝဲဂယက်၏ နောက်ကွယ်တွင် ဖရိုဖရဲကြယ်ပင်လယ်ကြီးတစ်ခု ရှိနေသည်။ သူက ဒါကြီးကို မျိုချခဲ့တာလား။
ကျန်းဟွာ ဆွံ့အရဆုံးအရာမှာ ချင်ယွင်သည် ဤကြယ်ပင်လယ်ကြီးကို မျိုချလိုက်ပြီး နောက် သူသည် အမှန်တကယ်ပင် လေတစ်ချက် တက်သွားသေးသည်။
သူသည် သူ့အစ်ကိုကြီး၏ဗိုက်ကို မည်သို့မည်ပုံ တည်ဆောက်ထားပြီး၊ သူက ဤမျှကြီးမား သည့် ကြယ်ပင်လယ်ကြီးကို မည်သို့ သယ်ယူသွားနိုင်ရလဲဆိုသည်ကို သံသယဖြစ်နေပါပြီ။
တကယ်တော့ ချင်ယွင်သည် သူ့ဗိုက်ထဲမှာ စကြဝဠာတစ်ခု ရှိနေသည်ကို သူ မည်သို့ သိမည်နည်း။
မှန်ပါဘည်။ ထိုကြယ်ပင်လယ်ကြီးကို ချင်ယွင်က ကနဦးစကြဝဠာထဲသို့ မျိုချလိုက်ခြင်း ဖြစ်ပါသည်။ ဤကြယ်ပင်လယ်ကို မျိုချလိုက်သည်နှင့်အမျှ ချင်ယွင်၏ ကနဦးစကြဝဠာ သည် တစ်ဖန်ပြန်လည်ထကြွလာပြီး နှောင်းပိုင်း ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ခမ်းနားထည်ဝါမူသည် ပို၍ပင် ပြင်းထန်လာ သည်။ သူသည် ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးရသော အုပ်စိုးရှင်တစ်ဦးကဲ့သို့ ထိုအရပ်၌ ရပ်နေ၏။
"ဂုဏ်ယူပါတယ် ချင်ယွင်, မင်း လုပ်နိုင်ခဲ့ပြီ"
ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ကြီးမားသော ကျောက်ရုပ်ထုကြီးတစ်ခု ပေါ်လာပြီး ချင်ယွင်ကို ငုံ့ကြည့်နေ သည်။
"အဓိပ္ပာယ်မဲ့ စကားတွေ ရပ်လိုက်ပါ။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမွေနှစ်က ဘယ်မှာလဲ" ချင်ယွင်က ရုပ်တုကြီးကို ပြောသည်။
သူသည် မူလက ဤမဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်တွင် ကြာရှည်စွာ ပိတ်မိနေခဲ့ ပြီး၊ ယခုအခါ နောက်ဆုံးတွင် လွတ်မြောက်လာခဲ့ပြီး ဖြစ်သော်လည်း သူ့စိတ်ထဲမှာ အနည်းငယ် နာကြည်းနေမိသည်။
ရုပ်တုကြီးက စိတ်မဆိုးပါဘူး။ ၎င်းက ပြုံးပြီး ခေါင်းခါကာ ပြောသည် "ပန်ဂုမဟာ နတ်ဆိုး နတ်ဘုရားရဲ့ အမွေနှစ်ကို မင်း စားပြီးပြီ မဟုတ်လား။ မူလကတည်းက ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားက မင်းအတွက် ဒီဖရိုဖရဲကြယ်ပင်လယ်ကို ထားခဲ့ဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် မင်း သူ့ထက် ခြေတစ်လှမ်း ဦးနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မျှော်လင့်မထားဘူး။"
ချင်ယွင်လည်း စကားမပြောနိုင် ဖြစ်သွားရသည်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ကျန်ရစ်ခဲ့သော အမွေအနှစ်သည် ဤဖရိုဖရဲပင်လယ်ကြီးဖြစ်မည်ဟု သူ မမျှော်လင့်ထား ပေ။
အကယ်၍ သူသာ ကနဦးစကြဝဠာကို မဖန်တီးခဲ့ပါက၊ ဤလူဝင်စားခြင်းပင်လယ်ကို မြင်ရခြင်းသည် ရတနာတစ်ခုဖြစ်နိုင်ပြီး၊ အလွန်စိတ်လှုပ်ရှားခြင်း ရှိကောင်းရှိလိမ့်မည်။ သို့သော် ဤဖရိုဖရဲကြယ်ပင်လယ်ကြီးသည် မဆိုးရွားသော်လည်း၊ ၎င်းသည် သူ့အတွက် အကန့်အသတ်ရှိသည့် အကူအညီတစ်ခုသာ ဖြစ်လိမ့်မည်။
ချင်ယွင် စိတ်ပျက်လက်ပျက်ဖြစ်မူကို မထိန်းနိုင်တော့ပေ။ သူသည် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားထက် ရှေ့ခြေတစ်လှမ်း ရောက်နေသည်ဟု ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထု ကြီး ပြောစကားနှင့်ပတ်သက်၍မူ ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးက သူ့အပေါ် သဘာဝအတိုင်း နားလည်မှုလွဲနေခြင်း ဖြစ်သည်။ သူသည် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား ထက် ခြေတစ်လှမ်းသာသည်ဟု သူ ထင်နေခဲ့သော်လည်း လက်တွေ့တွင်မူ သူနှင့် ပန်ဂု မဟာနတ်ဆိုးနတ်ဘုရားတို့သည် မတူညီသောလမ်းနှစ်သွယ်ကို လျှောက်လှမ်းနေကြခြင်း ဖြစ်သည်။
ပန်ဂုမသေသရွေ့ သူ၏လူဝင်စားခြင်းပင်လယ်ကြီးသည် ဆက်ပြီး တိုးတက်နေဦးမှာ ဖြစ်သည်။ ၎င်းသည် တကယ့်အစစ်မှန် စကြဝဠာကြီးတစ်ခုကိုတောင် ဖန်တီးကောင်း ဖန်တီးနိုင်ပါလိမ့်မည်။
ကံမကောင်းစွာပဲ၊ ပန်ဂုသည် ထိုအဆင့်သို့မရောက်ခင်မှာ ကောင်းကင်ဘုံတန်ခို၏ စွမ်းအားဖြင့် သုတ်သင်ခံခဲ့ရပြီး ဖြစ်သည်။
"ဒီကြယ်ပင်လယ်ကြီးကလွဲရင် တခြားဘာများ ရှိသေးလဲ။" ချင်ယွင်က မှုန်ကုပ်ကုပ် အမူအရာဖြင့် မေးလိုက်သည်။
ဟွန်ထျန်းက ပြုံးပြီး ပြောသည် "ဒီကြယ်ပင်လယ်ကြီးအပြင် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားက တစ်စုံတစ်ခု ချန်ထားခဲ့ပါသေးတယ်" ဟု ပြောလိုက်ပါသည်။
"အဲဒါ ဘာလဲ?" ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာသည်။
"ငါပဲလေ" နတ်ဆိုးကျောက်ရုပ်ထုကြီးက ပြန်ဖြေသည်။
ချင်ယွင်သည် ချက်ခြင်းဆိုသလို နတ်ဆိုးကျောက်ရုပ်ထုကြီးကို မျက်လုံးလှိမ့်ပတ် ကစား ကာ ကြည့်လိုက်ပါသည်။ အဆုံးတွင်, နတ်ဆိုးကျောက်ရုပ်ထုကြီးက သူ့ကိုယ်သူ အမှန်တကယ် ပြောနေသည်ဟု ပြောသောအခါတွင် သူ့မျက်နှာက မျှော်လင့်ခြင်းများဖြင့် ပြည့်နေသည်။
နတ်ဆိုးကျောက်ရုပ်ထုကြီးသည် ချင်ယွင်ထံမှ မထီမဲ့မြင်ပြုခြင်း ခံခဲ့ရသောကြောင့် သူသည် သဘာဝအတိုင်း အလွန်စိတ်မချမ်းမသာ ဖြစ်သွားသည်။ သူက အေးစက်စွာ နှာခေါင်းရှုံးပြီး ပြောသည် "ဟမ့်၊ ကောင်လေး၊ မင်းက ဒါတောင် မပျော်ဘူးပေါ့လေ။ မင်းမှာ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ရှိလို့လား ငါ့ကို ပြောစမ်းပါဦး။ အကြောင်းပြချက်မရှိဘဲ၊ မင်းမှာ နောက်ထပ် ဘိုးဘေးနတ်ဘုရားအဆင့် တိုက်ခိုက်ရေး သမားတစ်ယောက် ရှိလာပြီလေ။ ဒါပေမယ့် မင်းက သူ့ကို တကယ် သဘောမကျဘူးပေါ့"။
ထိုစကားကို ကြားတော့ ချင်ယွင်က ချက်ချင်း ရယ်မောပြီး ပြောသည် "ဘိုးဘေးနတ်ဘုရား အဆင့်။ ဒါဆို မဆိုးပါဘူး။ ငါ လက်ခံလိုက်ပါ့မယ်လေ”။
နတ်ဆိုးကျောက်ရုပ်ထုကြီးသည် ဒေါသအရမ်းထွက်ပြီး သွားများပင် ချက်ချင်း ယားယံလာ သည်။ ချင်ယွင်သည် သူ့ပိုင်ရှင်အသစ်ဖြစ်နေပြီဆိုသည့် အချက်ကြောင့်သာ မဟုတ်ပါက, သူသည် ချင်ယွင်ကို သတ်ပစ်မိလိမ့်မည်။
ဘန်း….။
ထို့နောက် ချင်ယွင်က သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ နောက်အခိုက်အတန့်တွင်၊ သူသည် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီး ကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းလိုက်ပါသည်။
တကယ်တော့ ချင်ယွင်က သူ မပျော်ရွှင်ဟန်ဆောင်ကာ ပြောလိုက်သော်လည်း သူ့နှလုံးသားက အပျော်ပန်းများဖြင့် ပွင့်လန်းနေခဲ့သည်။ ၎င်းသည် ဘိုးဘေးနတ်ဘုရား အဆင့် တိုက်ခိုက်ရေးသမား ဖြစ်သည်။ နောင်တွင် မည်သူမဆို သူ့ကို အနိုင်ကျင့်ဝံ့ပါက ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီးကို လွှတ်ပေးပြီး ရန်သူကို မြေကြီးပေါ်တွင် ရိုက်သတ်ပစ်ခိုင်းနိုင်သည်။
သေချာသည်မှာ, အကယ်၍, သူသည် နောက်ဆုံးအခြေအနေမျိုး မရောက်ခဲ့ပါက, ချင်ယွင် သည် ဟွန်ထျန်းနတ်ဆိုးကျောက်ရုပ်ထုကြီး၏ စွမ်းအားကို အလွယ်တကူ အသုံးပြုမည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ချန်ရစ်ခဲ့သော အရာများသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ၏ လိုချင်တပ်မက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်ပါသည်။
"ဟုတ်ပြီ, ကောင်လေး၊ မင်းက ဒီဖရိုဖရဲကြယ်ပင်လယ်ကြီးကို မျိုချလိုက်ပြီဆိုတော့, အင်မော်တယ်တောင်တန်းနဲ့ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ကြီးလည်း ပြိုကျ တော့မယ်။ ဒါကြောင့် မင်းရဲ့အဖော်တွေနဲ့ အမြန်ဆုံးထွက်သွားရင် ပိုကောင်းမယ်။" ဟွန်းထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီး၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာ သည်။
သူစကားပြောပြီးသည်နှင့် သူ့ခြေရင်းအောက်ရှိ အင်မော်တယ်တောင်သည် ချက်ချင်း အက်ကွဲသွားပြီး၊ ဤအက်ကွဲမှုသည် လျှပ်စီးလက်သလို လျင်မြန်စွာ ပျံ့နှံ့သွားသည်။
"လခွမ်း၊ စောစောက မပြောဘူး" ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်က ကျန်းဟွာကို ချက်ချင်း ဆွဲကိုင်လိုက်ပြီး မဆိုင်းမတွဘဲပင် လေဟာနယ်ဝဲဂယက်ထဲသို့ ဝင်ရောက်သွားခဲ့ သည်။
နောက်အခိုက်အတန့်တွင် သူသည် တောင်ခြေရင်း၌ ရန်ချန်ဖန်နှင့် အခြားလူများ အနား တွင် ပေါ်လာသည်။ ယခု ချင်ယွင်သည် မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ကို ထိန်းချုပ်ထားပြီး၊ သူသည် သဘာဝအတိုင်း အလွယ်တကူ သွားလာနိုင်သည်။
ရန်ချန်းဖန်နှင့် နဂါးဓားတို့သည် ချင်ယွင်ကို မြင်သောအခါ၊ ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာသည်နှင့် ပတ်သက်၍ ဝေခွဲမရဖြစ်နေဆဲ ဖြစ်သည်။ "ချင်ယွင်၊ မင်းက..."
သို့သော်၊ သူ့စကားမဆုံးခင် ချင်ယွင်က စီစဉ်ကို ထုတ်ပြောလိုက်သည်။
"ရှင်းပြဖို့ နောက်ကျနေပြီ။ အရင် ပြန်ကြရအောင်။" ထို့နောက် ရန်ချန်းဖန်၊ နဂါးဓားနှင့် ကျန်းဟွာကို အင်မော်တယ်မြို့သို့ ပြန်ခေါ်သွားခဲ့သည်။
အင်မော်တယ်မြို့မှာရှိတဲ့ လူအုပ်ကြီးလည်း စုရုံးလာကြပါသည်။ အင်မော်တယ်တောင် ပြိုကျမှုသည် ၎င်းတို့၏အာရုံကို ဆွဲဆောင်ခဲ့သည်မှာ ထင်ရှားသည်။
အင်မော်တယ်တောင် ပြိုကျပြီး လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျက်စီးခြင်းလက္ခဏာများ ရှိလာခဲ့သည်။
"ဒါ... ဘာဖြစ်နေတာလဲ" လူတိုင်း ပဟေဠိဖြစ်နေခဲ့သည်။
မြို့တော်သခင်နှင့် မဟူရာကမ္ဘာတို့သည် ချင်ယွင်ကို ကြည့်လိုက်သည်။ ဤနေရာ၌ ရုန်းရင်းဆန်ခတ်မှုသည် ချင်ယွင်နှင့် ပတ်သက်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း ခံစားမိကြသည်။
"ဟုတ်တယ်၊ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အစစ်မှန် အဓိပ္ပာယ်ကို ငါနားလည်သွားပြီ။ ဒီကမ္ဘာကြီး လုံးဝ ပြိုကျသွားတော့မယ်။ ဒါပေမယ့် မင်းတို့ကို အခု ငါ ခေါ်ထုတ်နိုင်သွားပြီ" ချင်ယွင်က လူတိုင်းကို ရှင်းပြသည်။
လူတိုင်း ထိုစကားကိုကြားသောအခါ, တခဏတာ မှင်သက်သွားကြပြီး၊ စိတ်အား တက်ကြွမူများ ထွက်ပေါ်လာကြသည်။
"ကောင်းပြီ၊ အားလုံး အဆင်သင့်ဖြစ်ပြီလား။ အခု ငါ့နောက် လိုက်ခဲ့ကြ" ချင်ယွင်က လူအုပ်ကြီးကို ပြောပြီး လေဟာနယ်နေရာကို ညွှန်ပြသည်။
ထို့နောက် လေထဲတွင် ကြီးမားသော လေဟာနယ် ဝဲဂယက်ကြီးတစ်ခု ပေါ်လာသည်။ လေဟာနယ် ဝဲဂယက်ကြီးမှတဆင့် လူတိုင်းသည် ပြင်ပကမ္ဘာမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။
လူတိုင်းသည် လွန်စွာ ရွှင်မြူးသွားကြပြီး၊ ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းရင်း နောက်ကွယ်မှ ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် ရွှင်လန်းမှု အပြည့်နှင့်ပင်။ သို့သော် သူသည် လျှင်မြန်စွာ စိုးရိမ်လာသည်။ သူသည် အင်မော်တယ်တောင်အတွင်းရှိ အခြားသူများနှင့်အတူ ထွက်ခွာသွားနိုင်သော်လည်း မဟာနတ်ဆိုးနတ်ဘုရား အကျဉ်း ထောင်အတွင်းရှိ လူပေါင်းများစွာနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်နည်း။
လေဟာနယ်ပြိုကျပြီးသည်နှင့် သူတို့သည် အဆုံးမဲ့ လေဟာနယ်ထဲသို့ နစ်မြုပ်သွားပြီး ထာဝရနစ်မြုပ်သွားကြမည် ဖြစ်သည်။
"ကောင်စုတ်လေး၊ သူတို့အားလုံးကို ကနဦးစကြဝဠာထဲ ထည့်ထားလိုက်ပါ။ ဒီလူတွေက မင်းရဲ့စကြဝဠာရဲ့ ပထမဆုံး မူရင်းနေထိုင်သူတွေ ဖြစ်လာလိမ့်မယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ခေါင်းညိတ်မပြခင် ခဏလောက် တုံ့ဆိုင်းသွားသည်။
ယခုအချိန်တွင် ဤသည်မှာ ဤလူများ၏ အသက်ကို ကယ်တင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ခဲ့သည်။ ချင်ယွင်သည် အတွေးတစ်ချက်ဖြင့် ဤနေရာရှိ လူအားလုံးကို ကနဦးစကြဝဠာထဲသို့ ထည့်သွင်းပြီး သူတည်ဆောက်ခဲ့သော နတ်ဘုရားကမ္ဘာတိုက်ကြီး တွင် နေရာချထားလိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည်လည်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လေဟာနယ် ဝဲဂယက်ကို ဖြတ်သန်းကာ ဤကမ္ဘာထဲမှ ထွက်ခွာသွားခဲ့သည်။ ချင်ယွင် ထွက်ခွာသွားပြီးနောက် ဤကမ္ဘာကြီးသည် လုံးဝ ပြိုကျသွားခဲ့သည်။