အခန်း ၁၇၀၃
Vol. 114 Ch. 1703
အခန်း (၁၇၀၃) ရန်သူတွေအတွက် လမ်းလေးက ကျဉ်းမြောင်းလွန်းတယ်။
"နောက်ဆုံးတော့ ငါထွက်လာပြီ။ ငါ ထွက်လာပြီ။ ဒါက နတ်ဘုရားကမ္ဘာလား။ ဘယ်လောက် ရှေးကျတဲ့ အငွေ့အသက်လဲ"
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံး စိတ်လှုပ် ရှားပြီး၊ စိတ်လှုပ်ရှားစွာ ဟစ်အော်နေကြသည်။
သူတို့သည် မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲတွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ရသည်။ အခု နောက်ဆုံးတွင် သူတို့ ပြန်ထွက်နိုင်ခဲ့ပြီ။ သူတို့အနေဖြင့် မည်သို့ မပျော်ရွှင်ဘဲနေမည်နည်း။
လုံချန်၊ ဟုန်ရန်နှင့် အခြားသူများလည်း အနှိုင်းမဲ့ စိတ်လှုပ်ရှားနေခဲ့ကြပြီး ချင်ယွင်ကို ကြည့်နေသည့် ၎င်းတို့၏ အကြည့်များက ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေပါသည်။
ချင်ယွင်နှင့် ယွမ်ရှီရှီတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးရင်း, သူတို့ မျက်နှာတွေကလည်း ရွှင်မြူးမူအပြည့်နှင့်ပင်။
'"ချင်ယွင်၊ ဒီတစ်ခါတော့ ကျေးဇူးအများကြီး တင်ပါတယ်။ မင်းကြောင့်သာ မဟုတ်ရင် မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်က လွတ်မြောက်ဖို့ ဘယ်လောက်ကြာမယ်ဆိုတာ ငါတို့ မသိနိုင်ဘူး။ အစ်ကို မဟူရာကမ္ဘာက မင်းက ငါတို့ကို ကယ်တင်နိုင်မယ်လို့ ပြောပေ မယ့် ငါ မယုံကြည်သေးဘူး။ ငါ မင်းကို လျှော့တွက်ထားပုံရတယ်။" အင်မော်တယ် မြို့တော်သခင်က ဆိုသည်။
ချင်ယွင်က ပြုံးရုံသာပြုံးပြီး ပြန်မဖြေ။
"ကောင်းပြီ ငါတို့ထွက်လာပြီဆိုမှတော့, ငါတို့လည်း ထွက်သွားသင့်ပြီ။ နောင်မှာ မင်း တစ်ခုခုလိုအပ်ရင် ငါ့ကို လာရှာပါ။ မကြာခင် ပြန်ဆုံနိုင်မယ်လို့ ငါ ယုံကြည်တယ်။" အင်မော်တယ်မြို့တော်သခင်က ပြုံးပြီး ပြောသည်။
ထိုစကားကို ပြောပြီးနောက်၊ အင်မော်တယ်မြို့တော်သခင်သည် လူတစ်စုနှင့်အတူ ဤနေရာမှ ထွက်ခွာသွားသည်။
အင်မော်တယ်မြို့ရှိ လူတိုင်းသည် ၎င်းတို့၏လွတ်လပ်ခွင့်ကို ပြန်လည်ရရှိခဲ့သော်လည်း အများစုမှာ အင်မော်တယ်မြို့တော်သခင်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ကြသေးသည်။ ထို့ကြောင့်၊ အင်မော်တယ်မြို့တော်သခင် ထွက်ခွာသွားပြီးနောက် သူတို့လည်း သဘာဝ အတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
ရလာဒ်အနေနှင့်၊ ချင်ယွင်နှင့် အခြားသူများအပြင် နဂါးဓား, ရန်ချန်းဖန်နှင့် မဟူရာကမ္ဘာတို့ သာ ကွင်းပြင်ထဲတွင် ကျန်ရစ်ခဲ့သည်။
"ဟားး…၊ ဟား…၊ ချင်ယွင်၊ မင်းရဲ့သွေးသားခန္ဓာကိုယ်လည်း ဒီလူအိုကြီး သိမ်းပိုက်ခံထားရ တာ တော်တော်ကြာပြီ။ မင်းရော ရှေးဟောင်းနတ်ဘုရားကမ္ဘာကို လျှောက်မလည်ရတာ အတော်ကြာရောပေါ့။ ငါလျှောက်လည်ပြီးတဲ့အခါ သင့်တော်တဲ့ ခန္ဓာကိုယ်ကို ရှာပြီး ပြန်ပေးပါမယ်။ အခုတော့ သွားကြစို့" မဟူရာကမ္ဘာသည် ကျယ်လောင်စွာ ရယ်မောပြီး၊ သူစကားပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် တခဏတာ ပြောစရာစကားမဲ့သွားပါသည်။ သူ့ကိုယ်ပွားခန္ဓာကိုယ်သည် သူ့စိတ်ဝိညာဉ်၏ အစိတ်အပိုင်းအဖြစ် ရှိနေဆဲ ဖြစ်သည်။ အခုတော့ သူ့စိတ်ဝိညာဉ်၏ ထိုအစိတ်အပိုင်းသည် နီဝမ်နန်းတော်မှာသာ ကောင်းမွန်စွာ နေနိုင်ပါသည်။
သို့သော်, မဟူရာကမ္ဘာသည် ပိုသင့်တော်သည့် ခန္ဓာကိုယ်ကို ရှာတွေ့သရွေ့ သူ့ကိုယ်ပွားကို သေချာပေါက် ပြန်ပေးမည်ဟု သူ့လည်း ယုံကြည်ပါသည်။
"ငါတို့လည်း ထွက်သွားရမယ့် အချိန်ရောက်ပြီ" ရန်ချန်းဖန်က ချင်ယွင်ကို ကြည့်ကာ ပြောသည်။
"စီနီယာတို့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် စီနီယာတို့။ စီနီယာတို့ အကူအညီသာ မရှိရင် ကျွန်တော် တောင်ထိပ်ကို ရောက်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ ပန်ဂုရဲ့ ဆမ်ဆမ်ရာ အစစ်မှန် အဓိပ္ပါယ်ကို ကျွန်တော် နားလည်နိုင်မှာ မဟုတ်ဘူး။" ချင်ယွင်က ရန်ချန်းဖန်နှင့် နဂါးဓားကို ကျေးဇူးတင်စကား ပြောလိုက်ပါသည်။
ရန်ချန်းဖန်က ပြုံးကာ ခေါင်းခါလိုက်ပြီး "မင်းကို ကူညီတာက ကိုယ့်ကိုယ်ကို ကူညီတာ ပါပဲ။ တကယ်လို့ တကယ် ကျေးဇူးတင်စကား ပြောကြေးဆို ငါတို့ကပဲ ပြောရမှာပါ။ ကောင်းပြီ၊ ငါတို့လည်း အခုမှ အပြင်ထွက်လာတာဆိုတော့ ငါတို့မှာ လုပ်စရာတွေ ရှိသေး တယ်။ ဒါကြောင့် အရင်ဆုံး သွားရအောင်။"
ထိုသို့ပြောပြီးနောက် ရန်ချန်းဖန်သည် နဂါးဓားနှင့် နိုင်းရန်ရန်ကို ခေါ်ဆောင်ကာ ထွက်ခွာ ရန် ပြင်ဆင်လိုက်သည်။ အနားရှိ နိုင်းရန်ရန်လည်း ယွမ်ရှီရှီနှင့် စကားပြောသည်။ သေချာသည်မှာ, သူမသည် သူမနှင့်ခွဲရန် အနည်းငယ် ဝန်လေးနေခဲ့သည်။
ထို့နောက် လုံချန်သည် ဟုန်ရန်နှင့်အတူ ထွက်ခွာသွားပြီး၊ နောက်ဆုံးတွင် ယောင်ဖုန်း လည်း နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
ချင်ယွင်နှင့် ယောင်ဖုန်းတို့ကြားမှာ မည်သည့်အရာမှ မရှိခဲ့ပါဘူး။ အခုတော့ ပို၍ပင် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ယောင်ဖုန်းသည် သဘာဝအတိုင်း ထွက်သွားရန် ရွေးချယ်ခဲ့ ပါသည်။
မူလက ရွှဲ့ခိုင်သည် ချင်ယွင်၏နောက်သို့ ဆက်လက်လိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ချင်ယွင်သည် ရွှဲ့ခိုင်၏သခင်ကျွန်စာချုပ်ကို ဖျက်သိမ်းကာ လွတ်မြောက်ခွင့်ပေးခဲ့သည်။
ထို့ကြောင့် လူအုပ်ထဲတွင် ချင်ယွင်၊ ယွမ်ရှီရှီ၊ လင်းဘနှင့် ကျန်းဟွာတို့သာ ကျန်တော့သည်။
ဒီကောင်နှစ်ကောင်က နတ်ဘုရားကမ္ဘာကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူတို့သည် အလွန်စူးစမ်းလိုစိတ်ရှိကြသော်လည်း, အခြားသွားစရာ နေရာမရှိသောကြောင့် ချင်ယွင် နောက်သို့ လိုက်ရန် ရွေးချယ်လိုက်ကြသည်။
ချင်ယွင်က သူတို့၏ မူလအစကို တွေးပြီး သူ့ဘေးမှာ ထားခြင်းဖြစ်သည်။ အနာဂတ်တွင်၊ သူတို့သည် ထိပ်တန်းတိုက်ခိုက်ရေးသမား နှစ်ယောက် ဖြစ်လာမည်မှာ သေချာပါသည်။
ဝှီး….။
ချင်ယွင်နှင့် ယွမ်ရှီရှီတို့ ထွက်ခွာခါနီးတွင် အလင်းတန်းတစ်ခုက အဝေးမှ ရုတ်တရက် လင်းလက်လာပြီး သူတို့ခေါင်းပေါ်မှ ပုံရိပ်တစ်ခု ပျံတက်သွားသည်။
ထိုအသံကိုကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်း ကျဉ်းမြောင်းသွားသည်။
ဤလူသည် သူ့ကို မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲသို့ အတင်းအကြပ် ဝင်ရောက်အောင် တွန်းအားပေးလုပ်ဆောင်ခဲ့သည့် ဟုန်လဲ့မှလွဲ၍ အခြားသူ မဟုတ်ပေ။
ချင်ယွင်သည် ထိုသို့သော တိုက်ဆိုင်မှုမျိုးကို မမျှော်လင့်ထားပေ။ သူသည် ဤဟုန်လဲ့ကို ပြန်တွေ့သောအခါ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်မှ ထွက်ခါစ ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ" ဘေးတွင်ရှိနေသည့် ယွမ်ရှီရှီသည် ချင်ယွင်၏ အမူအရာပြောင်းလဲမှုကို သတိပြုမိပြီး သံသယစိတ်ဖြင့် မေးလိုက်သည်။
"အဆင်ပြေပါတယ်၊ ဟိုတုန်းက ငါ့ကိုသတ်လုနီးပါး ဖြစ်ခဲ့ပြီး၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲ တွန်းပို့ခဲ့တဲ့ အသိအကျွမ်း တစ်ယောက်ကို တွေ့လိုက်ရလို့ပါ" ချင်ယွင် က ပြုံးပြုံးလေး ပြောလိုက်သည်။
ဟုန်လဲ့သည် ထိုအချိန်တုန်းက အလွန်အားကောင်းသော်လည်း လက်ရှိ ချင်ယွင်သည် ယခင်ကနှင့် မတူတော့ပေ။
မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်မှ ထွက်လာပြီးနောက် ချင်ယွင်သည် သူ့ကနဦး စကြဝဠာ၏ စွမ်းအားကို အသုံးမပြုနိုင်တော့သော်လည်း၊ သူ၏ နတ်ဆိုးနတ်ဘုရား ကျင့်ကြံမှုသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဟုန်လဲ့၏လက်ရှိအင်အားသည် တိုးတပ်လာသော်လည်း၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၁၀၀ ကို မကျော်နိုင်သေးပေ။ ထို့ကြောင့် ချင်ယွင်သည် ဟုန်လဲ့နှင့် ထပ်မံတိုက်ခိုက်ပါက ဟုန်လဲ့ကို အလွယ်တကူ ချက်ချင်း သတ်ပစ်နိုင်မည်ဟု ယုံကြည်သည်။
"ဘယ်သူလဲ၊ ငါ့အစ်ကိုကြီးကို ဘယ်သူ သတ်ဝံ့တာလဲ။ အဲဒီလူက သေချင်နေတာပဲ" လင်းဘသည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ချင်း ဟစ်အော်လိုက်သည်။
ယခုအချိန်တွင် သူသည် ကြီးပြင်းလာခဲ့ပြီး၊ လောကအကြောင်းကို များစွာ နားလည်လာ ခဲ့သည်။ ထို့အပြင်၊ သူသည် ချင်ယွင်ကို ဆွေမျိုးအဖြစ် အမှန်တကယ် ဆက်ဆံခဲ့သည်။ ယခု သူသည် ချင်ယွင်၏ရန်သူဖြစ်သည်ကို သူကြားလိုက်ရတော့ သူ့သဘာဝအရ အလွန်မင်း ဒေါသထွက်သွားသည်။
"အဆင်ပြေပါတယ်၊ ပုရွက်ဆိတ်တစ်ကောင်သာသာပါပဲ၊ ငါကိုယ်တိုင် ထိန်းချုပ်လို့ရပါ တယ်။ မင်းတို့ နှစ်ယောက်ကို ငါ့ခွင့်ပြုချက်မရှိရင် လှုပ်ရှားခွင့် မပြုဘူး။" ချင်ယွင်က လင်းဘနှင့် ကျန်းဟွာကို ပြောလိုက်သည်။
ချင်ယွင်ပင်လျှင် လင်းဘနှင့် ကျန်းဟွာတို့၏ လက်ရှိစွမ်းအားကို မခန့်မှန်းနိုင်ပေ။ သို့သော် ချင်ယွင်သည် ၎င်းတို့သည် အားနည်းသူများ မဟုတ်ကြောင်း သေချာသည်။ ရန်ချန်းဖန်နှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့နှစ်ယောက်သည် အားနည်းချက် ရှိကောင်းမှ ရှိပါလိမ့် မည်။
သို့သော် လင်းဘ၏ ပင်ကိုယ်စရိုက်က စိတ်မြန်လွန်းသဖြင့် ထိန်းထားရသည်။ ကျန်းဟွာ အတွက်မူ ချင်ယွင်က စိတ်မပူပါဘူး။
လင်းဘသည် ချင်ယွင်၏ စကားကိုကြားသောအခါ စိတ်ဓာတ်ကျသွားသော်လည်း သူသည် ခေါင်းညိတ်ကာ သဘောတူလိုက်သေးသည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူက ဟုန်လဲ့ ထွက်ခွာသွားသည့် လမ်းကြောင်းကို လှမ်းကြည့်ရင်း ပြုံးကာ "သွားရအောင်။ သူနဲ့တွေ့ပြီဆိုမှတော့, ခဏလောက် သွားတွေ့ကြတာပေါ့။ ဒါပေမယ့် ငါ အရမ်း သိချင်နေတယ်။ သူဘာတွေများ ဒီလောက် အလျင်လိုနေတာလဲ။ သူက ငါ့ကိုတောင် သတိမထားမိဘူး။"
"ဟမ့်၊ တကယ်လို့, သူသာ အစ်ကိုကြီး ထပ်တွေ့ရင် အံ့သြသွားလိမ့်မယ်။ အစ်ကိုကြီးရဲ့ ခွန်အားက သူ့ထက် သာလွန်နေပြီ" လင်းဘက လှောင်ပြောင်ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်၏ နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား သည်။
သို့သော် သူ့နှလုံးသားထဲတွင် သွေးများ ဆူပွက်လာသည်။ ယခုအချိန်မှာ သူသည် တကယ်ကို ကောင်းကင်ကြီးကိုမော့ပြီး အော်ဟစ်လိုက်ချင်နေသည်။
သူချင်ယွင် ပြန်ရောက်လာပြီး သူတို့၏ကောင်းသောနေ့ရက်တွေ ကုန်ဆုံးတော့မည်ကို သူ့ကို ရန်စခဲ့သည့် လူတွေသိအောင် ပြောပြလိုက်ချင်သည်။
"သွားကြရအောင်"
ချင်ယွင်သည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ ဟုန်လဲ့ဦးတည်ဆီသို့ ပြေးထွက်သွား ပြီး၊ ယွမ်ရှီရှီ၊ လင်းဘနှင့် ကျန်းဟွာတို့လည်း နောက်မှ လိုက်ပါလာခဲ့သည်။
ချင်ယွင်၏အရှိန်ဟုန်သည် ယခင်က ဟုန်လဲ့ထက် နှစ်ဆ ပိုမြန်သည်။ သူ ဟုန်လဲ့ကို မမှီခင် အချိန်ခဏလေးသာ ကြာခဲ့သည်။
သို့သော် ဟုန်လဲ့သည် အန္တရာယ်ကြီး ရောက်ရှိလာမည်ကို မသိခဲ့ပေ။ ဤအခိုက်အတန့် တွင် သူသည် အလွန်စိတ်လှုပ်ရှားနေပြီး၊ ချင်ယွင်၏ခေါင်းပေါ်မှ ဖြတ်သန်းသွားစဉ် ချင်ယွင်၏ရုပ်အသွင်ကိုပင် သတိမထားမိပေ။
ဘန်း…။
ဟုန်လဲ့သည် အရှိန်ပြင်းပြင်းနှင့် နောက်ဆုံးတွင် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လိုက် သည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်မှာ လူလေးယောက် ရှိသွားပါပြီ။ သူတို့ထဲက တစ်ယောက် သည် နှင်းဖြူရောင်ဆံနွယ်တွေကို ပိုင်ဆိုင်ထားပြီး သူ့အငွေ့အသက်က သိမ်မွေ့လွန်း သည်။
အကယ်၍, ချင်ယွင်သာ ဤနေရာမှာ ရှိနေခဲ့လျှင်, "အိုး ရန်သူတွေရဲ့လမ်းက ကျဉ်းတယ်"ဆိုသည့်စကားကို သေချာပေါက် ပြောဆိုလိမ့်မည်။
မှန်ပါသည်။ ထိုဆံပင်ဖြူလူငယ်သည် ထိုနေ့က ဟုန်လဲ့နှင့်အတူ သူ့နောက်ကို လိုက်ခဲ့သည့် ပိုင်ချန်ဇီပါ။
ပိုင်ချန်ဇီ၏ အနားတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်လည်း ရှိနေ သည်။ ဤအမျိုးသားနှင့် အမျိုးသမီး၏အငွေ့အသက်သည် ပိုင်ချန်ဇီထက်ပင် ပို၍ ကြောက်စရာကောင်းသည်။