← Chapters

အခန်း ၁၇၀၄

Vol. 114 Ch. 1704

အခန်း ၁၇၀၄

Vol. 114 Ch. 1704

အခန်း (၁၇၀၄) ဝူဒေါင်ဇီနှင့် တွေ့ဆုံခြင်း။

ချင်ယွင်သည် ဟုန်လဲ့ကို အမြန်ဖမ်းနိုင်သော်လည်း သူသည် ထွက်ပေါ်မလာခဲ့ပါဘူး။ ယင်းအစား၊ သူတို့ ပြောနေသည့်အရာများကို သိရှိနိုင်ရန် သူ၏နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။

ဟုန်လဲ့သည် သူ့ဖြစ်တည်မှုကိုပင် ရှာဖွေတွေ့ရှိခြင်း မရှိသည့်အတွက်, တစ်စုံတစ်ခုက သူ့ကို အလွန်စိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ဆောင်နိုင်၍ ဖြစ်ရပေမည်။

ယခု သူတို့လေးယောက် စုဝေးနေသည်ကို သူမြင်လိုက်ရတော့ ချင်ယွင်၏ အတွေးတွေက ပိုသေချာသွားသည်။

ဟုန်လဲ့နှင့် ပိုင်ချန်ဇီတို့အပြင် ကျန်လူနှစ်ဦးအပေါ် ချင်ယွင်က ပိုအာရုံစိုက်ထားသည်။

ဤလူနှစ်ယောက်၏ အငွေ့အသက်များသည် သိသိသာသာ အစွမ်းထက်သည်။ သူတို့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းကျွမ်းကျင်ပညာရှင် ၁၀၀ စာရင်းဝင်များ ဖြစ်ကြသည်မှာ သေချာပါသည်။ သို့သော်, သူတို့သည် ချင်ယွင် ကြောက်လန့်ရလောက်အောင် မစွမ်းဆောင်နိုင်သေးပေ။

ထိုအမျိုးသား၏ ကျင့်ကြံမှုသည် အတော်အတန် မြင့်မားသင့်ပြီး သူ့စွမ်းအားသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၀ ခန့် ရှိသင့်သည်။ အမျိုးသမီးသည် အနည်းငယ် အားနည်းပြီး သူမသည် ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်တွင် ၉၀ ဝန်းကျင် ရှိသင့်သည်။

ချင်ယွင်၏ကျင့်ကြံမှုကြောင့်, သူသည် ၎င်းတို့နှင့် ရင်ဆိုင်ရာတွင် ပြဿနာမရှိခဲ့ပေ။

ထိုအချိန်တွင် ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် တောင်ထိပ်တစ်ခုလုံးကို လုံးလုံး လျားလျား လွှမ်းခြုံထားပြီး ဖြစ်သည်။ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် ဘိုးဘေး နတ်ဘုရားနှင့်ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုလူလေးယောက် သည် သူ့ကို လုံးဝ သတိမထားမိခဲ့ပေ။

အထူးသဖြင့် ပန်ဂုဖန်တီးထားသော ပြန်လည်ဝင်စားခြင်း အစစ်မှန် အဓိပ္ပါယ်ကို နားလည် ပြီးနောက်၊ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် သူ့ကနဦးစကြဝဠာ ကြီးထွားလာမူ နှင့်အတူ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဤကောင်းကင် နတ်ဘုရား များသည် သူ့နတ်ဘုရားစိတ်ဝိညာဉ်ကို မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။

"ဟုန်လဲ့၊ မင်း သေချာလား။ ခိုင်မာတဲ့သတင်းရှိလား။” စကားပြောသည့်သူက ထိုထူးဆန်း သည့်လူ ဖြစ်ပါသည်။

"ငါ ရှင်းရှင်းလင်းလင်း စုံစမ်းပြီးပါပြီ။ အချက်အလက်က လုံးဝ ယုံကြည်စိတ်ချရပါတယ်။ ကောင်းကင်ဘုံတံဆိပ်က ဝူဒေါင်ဇီနဲ့ တခြားသူတွေ လက်ထဲမှာပဲ။ သူတို့က လက်ရှိအချိန် မှာ တောင်မြိုနတ်ဘုရားနန်းတော်ထဲမှာ ရှိနေတယ်။" ဟုန်လဲ့က စိတ်လှုပ်ရှားစွာ ပြောသည်။

ကောင်းကင်ဘုံတံဆိပ်လား။

အဲဒါဘာလဲ…..။

ချင်ယွင်သည် ဤသတင်းကို ကြားသောအခါ အနည်းငယ် အံ့ဩသွားသည်။ ကောင်းကင်ဘုံတံဆိပ်ကို သူ တစ်ခါမှ မကြားဖူးပါဘူး။

သို့သော် ကောင်းကင်ဘုံတံဆိပ်သည် အံ့သြဖွယ်ကောင်းလောက်သည့် ရတနာတစ်ခု ဖြစ် ကြောင်း သူ အတည်ပြုနိုင်ပါသည်။ ထိုသို့မဟုတ်ရင် ဤလူများသည် ထိုအရာကို အလေးနက်ထား ပြောဆိုရန်မှာ မဖြစ်နိုင်ပေ။

ဟုတ်ပါသည်။ ချင်ယွင် အံ့အားသင့်ဆုံးအရာကတော့ ဟုန်လဲ့နှင့် တခြားသူတွေပြောခဲ့ သည့် ဝူဒေါင်ဇီဆိုသည့် နာမည်ဖြစ်ပါသည်။

ဟုန်လဲ့နှင့် အခြားသူများသည် သူအပြင်ထွက်လာသည့်အခိုက်တွင် သူအကြားချင်ဆုံး ဖြစ်သည့် သူ့စီနီယာအစ်ကို ဝူဒေါင်ဇီအကြောင်း ဆွေးနွေနေချိန်မှာ, သူသည် ဟုန်လဲ့နှင့် အခြားသူများကို တွေ့ဆုံရမည်ဟု ချင်ယွင် တစ်ခါမှ မတွေးခဲ့ဖူးပေ။

ကောင်းကင်ဘုံကံကြမ္မာသည် အမှန်တကယ်ပင် အတိုင်းအတာအထိ တိုက်ဆိုင်နေခဲ့ သည်။

ချင်ယွင်က ဘယ်သူ့ကိုမှ မနှောင့်ယှက်ခဲ့ပါဘူး။ ဒီလူတွေ ဘာလုပ်ချင်နေလဲ သူ သိချင်နေ သည်။ တစ်ချိန်တည်းမှာပင် စီနီယာအစ်ကို ဝူဒေါင်ဇီနှင့် တခြားသူတွေကို ဤလူတွေမှ တစ်ဆင့် သူ ရှာဖွေချင်ခဲ့သည်။

"တောင်မြိုနတ်ဘုရားနန်းတော်လား။ သူတို့က ဒီကောင်းကင်ဘုံတံဆိပ်ကို သူတို့ ကိုယ်တိုင်အတွက် ဘယ်လိုလုပ် ယူဝံ့တာလဲ။ သူတို့ ဘယ်လောက် အတင့်ရဲကြလဲ။" လင်းထျန်းလည်း ရယ်မောလိုက်ပြီး၊ သူ့မျက်လုံးများက အထင်သေးမူများဖြင့် ပြည့်နေ၏။

"ဟမ့်၊ တောင်မြိုနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်က ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၀၆ ပဲ ရှိတယ်။ ဝူဒေါင်ဇီကလည်း စင်မြင့်ပေါ် တက်နိုင်မှာ မဟုတ်ဘူး။ ငါတို့ သူတို့ကိုသတ်ပြီး ကောင်းကင်ဘုံတံဆိပ်ကို လုယူရမယ်။" ဒီတစ်ခါ စကားစပြောသည့်လူက အမျိုးသမီးဖြစ်သည်။

အမျိုးသမီး၏ ရုပ်ရည်သည် လှပပြီး သူမ၏အသွင်အပြင်က အလွန်ပူလောင်လှသည်။ သို့သော် သူမ၏စိတ်နေစိတ်ထားက အနည်းငယ် မှုန်ကုပ်ပြီး အေးစက်၏။ ထိုအချိန်တွင် သူမသည် ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ရှင်းရှင်းလင်းလင်း ပြောနေပါသည်။

“မှန်တယ်၊ ကောင်းကင်ဘုံတံဆိပ်ရဲ့ သတင်းက အခုထိ မပေါက်ကြားသေးဘူး၊ “ကဲ သွားကြရအောင်။ သူတို့က သူတို့ကို ကြိုတင်ပြင်ဆင်မူ လုပ်ခွင့်မပေးဘဲ ကောင်းကင်ဘုံ တံဆိပ်ကို လုယူရမယ်။ ဒါ့အပြင်၊ ငါ ဝူဒေါင်ဇီကို မတွေ့ရတာ ကြာလှပြီ။ အခြားသူတွေက လည်း မပျော်မရွှင် ဖြစ်နေလောက်ပြီ။ သူတို့က လေဟာနယ်ဘိုးဘေးနတ်ဘုရားရဲ့ တပည့်တွေလို့တွေးပြီး သူ့ကို မသတ်ရဲ့ဘူးလို့ ထင်နေကြတယ်။ ဟမ့်၊ အခု နတ်ဘုရား ကပ်ဘေးဒုက္ခက နီးလာပြီဆိုတော့ လေဟာနယ်ဘိုးဘေးနတ်ဘုရားက သူတို့ကို ကာကွယ် နိုင်စွမ်းမရှိမှာ စိုးရိမ်မိတယ်။ ငါ သူတို့ကို ဘာလို့ ဂရုစိုက်ရမှာလဲ"ဟုန်လဲ့က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူ့မျက်လုံးများထဲမှ အေးစက်စက် အမြွက်တစ်ခု လင်းလက်သွားခဲ့ သည်။

ထိုစကားကို ကြားလိုက်စဉ် ချင်ယွင်သည် မသိစိတ်မှ မျက်မှောင်ကြုတ်သွားသည်။

ဖြစ်နိုင်တာက, လူတိုင်းစိုးရိမ်နေခဲ့ကြသည့် နတ်ဘုရားကပ်ဘေးဒုက္ခက စတင်နေပြီများ လား။

သို့သော်, ၎င်းသည့် အချိန်တန်ပြီ ဖြစ်သည်။ သို့သော်၊ ထိုနတ်ဘုရားကပ်ဘေးဒုက္ခက အတိအကျ ဘာလဲ။

ချင်ယွင်သည် ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်စချိန်မှာ လိုက်လံဖမ်းဆီးခံရပြီး၊ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်ထဲ ကျရောက်သွားခဲ့သည်။ အခု သူသည် မဟာ နတ်ဆိုးနတ်ဘုရားအကျဉ်းထောင်မှ ထွက်လာစဖြစ်သည်။ ထို့ကြောင့် အဖြစ်ပျက်တွေကို သူ မသိနိုင်ပေ။

“အရင်ဆုံး လျှို့ဝှက်စွာ စောင့်ကြည့်ရမှာပဲ။ စီနီယာအစ်ကို ဝူဒေါင်ဇီနဲ့ တွေ့တဲ့အခါမှ ဒီအကြောင်း ပြောကြည့်ရလိမ့်မယ်။" ချင်ယွင်က စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး၊ သူ့စိတ်ထဲက လှုပ်ရှားချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။

စီနီယာအစ်ကို ဝူဒေါင်ဇီနှင့် တခြားသူများသည် သူ့အပေါ် ကျေးဇူးများကြသည်။ အခု သူတို့ ဒုက္ခရောက်နေချိန်မှာ ချင်ယွင်က သဘာဝအတိုင်း လျစ်လျူမရှုနိုင်တော့ဘူး။

"တောင်မြိုနတ်ဘုရားနန်းတော်ကို သွားကြစို့" ဦးဆောင်လူငယ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့်, သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး ဦးတည်ရာအရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။

ဟုန်လဲ့ ပိုင်ချန်ဇီနှင့် လှပသောအမျိုးသမီးတို့လည်း နောက်မှ အနီးကပ် လိုက်ပါ သွားကြသည်။

ချင်ယွင်သည်လည်း တုန့်ဆိုင်းမနေဘဲ ယွမ်ရှီရှီနှင့် ကောင်လေးနှစ်ယောက်ကို ခေါ်ဆောင်ကာ နောက်မှ လိုက်ပါသွားခဲ့သည်။

သို့သော်, ချင်ယွင်သည် သူတို့ကို ရှာဖွေတွေ့ရှိခြင်း မရှိနိုင်သည့် အကွာဝေးတစ်ခုကို ထိန်းထားခဲ့ပါသည်။

အလွန်လျင်မြန်စွာ, သူတို့သည် နတ်တောင်တစ်ခုအနီသို့ ရောက်လာကြပြီး၊ အလျင်မြန် ရပ်လိုက်ပါသည်။

ဤအခိုက်အတန့်တွင် လူများစွာတို့သည် စံအိမ်တော်၌ စုဝေးနေကြပြီး အများစုမှာ ဝူဒေါင်ဇီနှင့် ချင်ယွင်ရင်းနှီးသော လူများဖြစ်ကြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သူ့စိတ်ထဲမှ လှုပ်ရှားချင်စိတ်ကို ထိန်းကာ အမှောင်ထဲတွင် ပုန်းနေလိုက်သည်။

ထိုအချိန်တွင် ဟုန်လဲ့နှင့် အခြားသူများသည် နတ်ဘုရားနန်းတော်အထက် ကောင်းကင်မှာ ပျံဝဲနေကြသည်။ ဦးဆောင်သူအမျိုးသားသည် အောက်ခြေလူအုပ်ကြီးကို ငုံ့ကြည့်ကာ ရယ်မောလိုက်သည်။ သူက သူ့အနားက ဟုန်လဲ့ကို ပြောလိုက်သည် "သူတို့ကို နှုတ်ခွန်းဆက် လက်ဆောင်ပေးပြီး ထွက်လာဖို့ ဖိတ်ခေါ်လိုက်ပါ"။

"စိတ်မပူပါနဲ့၊ ငါတို့ရဲ့ရိုးသားမှုကို သူတို့ ခံစားမိလိမ့်မယ်လို့ ငါ အာမခံတယ်။" ဟုန်လဲ့က ထိုစကားကို ကြားတော့ တဟားဟား ရယ်မောလိုက်သည်။

သူပြောပြီးသည်နှင့်တပြိုင်နက် သူ့နတ်ဘုရားတန်ခိုးစွမ်းအားကို ဖြန့်ကျက်ကာ အနီးနားရှိ နတ်တောင်ကြီးကို ချက်ချင်း မယူပြီး စံအိမ်ကြီးဆီသို့ ပစ်ချလိုက်သည်။

"ဘယ်သူလဲ"

ချက်ချင်းပင် စံအိမ်ကြီးထဲမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ပြင်းထန်သော ဓားအလင်းတန်းတစ်ခုက စံအိမ်ကြီးမှ ထွက်ခွာသွားပြီး နတ်တောင်ကြီးကို ချက်ခြင်း ခွဲခြမ်းပစ်လိုက်ပါသည်။

များမကြာမီတွင်၊ ဒါဇင်ပေါင်းများစွာသော လူများသည် စံအိမ်ကြီးထဲမှ ပြေးထွက်လာပြီး ဟုန်လဲ့နှင့် အခြားလူများကို လေထဲတွင် မျက်နှာမူထားကြသည်။

သဘာဝအတိုင်း ဝူဒေါင်ဇီနှင့် အခြားသူများသည် ပုံရိပ်ဒါဇင်များစွာတို့ကြားတွင် ရှိနေကြပြီး သူတို့ကို ဦးဆောင်သူမှာ မုတ်ဆိတ်ရှည်နှင့် အဘိုးကြီး ဖြစ်သည်။ သို့သော်၊ မုတ်ဆိတ်ရှည်နှင့် အဘိုးအိုသည် ဟုန်လဲ့ဘက်မှ လူလေးဦးကို မြင်သောအခါတွင် သူ့အမူအရာက ချက်ချင်းပင် ရုပ်ဆိုးသွားခဲ့သည်။

"လင်းထျန်း, မင်း ဘာလုပ်တာလဲ။ ငါတို့ရဲ့ တောင်မြိုနတ်ဘုရားနန်းတော်က မင်းရဲ့ ဟုန်ထျန်းနန်းတော်ကို မနှောင့်ယှက်ခဲ့ဘူး။" မုတ်ဆိတ်ဖြူ အဘိုးကြီးသည် ဦးဆောင်လာ သူ လူငယ်ကို ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ မင်းရဲ့ တောင်မြိုနတ်ဘုရားနန်းတော်က ငါတို့ကို မနှောင့်ယှက်ပါဘူး။ ပြီးတော့, ငါက မင်းအတွက် ရောက်လာတာ မဟုတ်ဘူး။ ကောင်းကင်ဘုံတံဆိပ်အတွက် ရောက်လာခဲ့တာ။ မင်း ကောင်းကင်ဘုံတံဆိပ်ကို လွှဲပေးတာနဲ့ ငါ ချက်ချင်း ထွက်သွား မယ်လို့ ကတိပေးတယ်။"

ထိုစကားတွေ ပြောပြီးချိန်မှာတော့ ဝူဒေါင်ဇီနှင့် မုတ်ဆိတ်ဖြူ အဖိုးအိုအပါအဝင် လူတိုင်း ၏ အမူအရာတွေက ပြောင်းလဲသွားပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည် ကောင်းကင်ဘုံ တံဆိပ်က သူတို့၏လက်ထဲတွင် ရှိနေသည့်အကြောင်းကို လင်းထျန်း သိရှိနေမည်ဟု မမျှော်လင့်ခဲ့မိသည်မှာ သိသာသည်။

"ကောင်းကင်ဘုံတံဆိပ်လား၊ ငါတို့က ကောင်းကင်ဘုံတံဆိပ်ကို ဘယ်ကရခဲ့မှာလဲ။ ဒီကောင်းကင်ဘုံတံဆိပ်က ငါတို့တောင်မြိုနတ်ဘုရားနန်းတော်မှာ မရှိဘူး။ ကျေးဇူးပြုပြီး, ထွက်သွားပါ။" မုတ်ဆိတ်ဖြူ အဘိုးအိုက ပြတ်ပြတ်သားသား ပြန်ပြောသည်။

သို့သော် လင်းထျန်းက လှောင်ပြောင်ပြီး ပြောသည် "ကြည့်ရတာ, မင်းတို့ကို သင်ခန်းစာ တစ်ခု မပေးမချင်း, မင်းတို့က နာခံမှုရှိစွာနဲ့ လွှဲမပေးဘူးထင်တယ်။ ဟုန်လဲ့၊ သတ်ပစ် လိုက်"။

"ဟုတ်ကဲ့"

ဟုန်လဲ့က ချက်ချင်း ပြန်ဖြေသည်။ ထိုသို့ပြောပြီးသည်နှင့် သူသည် တောင်မြိုနတ်ဘုရား နန်းတော်၏ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး ရှေ့တွင် ဖျတ်ခနဲ ပေါ်လာပြီး ထိုကျွမ်းကျင်သူ၏ ရင်ဘတ်ထဲသို့ သူ့လက်သီးကို တိုက်ရိုက် ထိုးလိုက်လေ သည်။

"ဘုန်း"

ထိုလူငယ်၏ ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲသွားပြီး သူ့တစ်ကိုယ်လုံး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

"ဘာ, မင်းတို့ ဘာလုပ်​​နေတာလဲ..." မုတ်ဆိတ်ဖြူ အဘိုးကြီးသည် လင်းထျန်ဟုခေါ်သော လူငယ်ကို လက်ညှိုးထိုးပြီး ဒေါသတကြီး ပြောလိုက်ရင်း ချက်ခြင်း အမျက်ဒေါသ ထွက်လာခဲ့သည်။

All Chapters