← Chapters

အခန်း ၁၇၀၅

Vol. 114 Ch. 1705

အခန်း ၁၇၀၅

Vol. 114 Ch. 1705

အခန်း (၁၇၀၅) ချင်ယွင်လှုပ်ရှားခြင်း။

ချင်ယွင်သည် ဤမြင်ကွင်းကို အဝေးမှရပ်ကာ ကြည့်နေသော်လည်း သူသည် အလျင်စလို လှုပ်ရှားခြင်း မရှိခဲ့ပေ။ ဤလူတွေ လုပ်ဆောင်ချင်နေသည့်အရာကို သူ အမှန်တကယ် မြင်ချင်မိသည်။

ယခုအချိန်တွင် အကြီးဆုံး စီနီယာအစ်ကိုဖြစ်သူ ဝူဒေါင်ဇီ၊ ဒုတိယစီနီယာအစ်ကိုဖြစ်သူ ယုထန်းနူ၊ တတိယစီနီယာအစ်မ ရှောင်ယုနှင့် စတုတ္ထစီနီယာအစ်ကို လျှိုဖန်းဟွာတို့ အားလုံး ဤလူစုလူဝေးအတွင်းမှာ ရှိနေကြသည်။

သူတို့အဆင်ပြေနေသရွေ့ ချင်ယွင်က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ တောင်မြို နတ်ဘုရားနန်းတော်တွင် လူပေါင်း မည်မျှသေဆုံးခဲ့သည်နှင့် ပတ်သက်၍မူ, ၎င်းသည် ချင်ယွင်နှင့် ဘာမှမသက်ဆိုင်ပေ။

သူသည် လူကောင်း မဟုတ်ပေ။ ဤရှေးခေတ်နတ်ဘုရားကမ္ဘာတွင် အားနည်းသူများသည် သန်မာသူများ၏ အမဲလိုက်ခြင်း ခံကြရမည်။ အကယ်၍, အပြင်ထွက်လာခဲ့လျှင်, အသတ်ခံရဖွယ်ရှိသည်ဆိုသည့် အသိမျိုး ရှိထားရမည်။

လင်းထျန်းသည် မုတ်ဆိတ်ဖြူ အဘိုးအို၏ စကားကို ကြားသောအခါ၊ သူက လှောင်ပြောင် ပြီး ပြောသည် "ကောင်းကင်ဘုံတံဆိပ်ကို ငါ့ထံ အပ်စေချင်တဲ့အကြောင်း ငါ ရှင်းရှင်း လင်းလင်း ပြောထားပြီးသား။ မဟုတ်ရင် မင်းတို့အားလုံးကို သတ်ပစ်မယ်"

ထိုစကားတွေ ပြောပြီးသည်နှင့် မုတ်ဆိတ်ဖြူ အဘိုးအိုနောက်မှ လူများနှင့် တခြားလူတွေ လည်း ချက်ခြင်း ဒေါသထွက်သွားကြသည်။

သူတို့အားလုံးကို သတ်ဖြတ်ခြင်းသည် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခု ဖြစ်သည်။

"မင်းဆက်ပြောနေတဲ့ ကောင်းကင်ဘုံတံဆိပ်က ငါတို့ တောင်မြိုနတ်ဘုရားနန်းတော်မှာ ရှိလို့လား။ မင်းမှာ သက်သေတစ်ခုခု ရှိလို့လား" မုတ်ဆိတ်ဖြူ အဘိုးကြီးက အေးစက်စွာ အော်ပြောလိုက်သည်။

"သက်သေအထောက်ထားလား။ ငါ့မှာ မရှိဘူး၊ ဒါပေမယ့် ဝူဒေါင်ဇီက ကောင်းကင်ဘုံ တံဆိပ်ကို ရခဲ့တာကို ငါ သိတယ်။ ဝူဒေါင်ဇီ မင်းရော အဲလို မထင်ဘူးလား" လင်းထျန်းက သူ့နောက်မှာ ရပ်နေသည့် ဝူဒေါင်ဇီကို ကြည့်ပြီး ပြောလိုက်သည်။

လင်းထျန်း၏ စကားကိုကြားတော့ ဝူဒေါင်ဇီ၏အမူအရာက ချက်ချင်းပင် ရုပ်ဆိုးသွားခဲ့ သည်။

ကောင်းကင်ဘုံတံဆိပ်ကို သူရရှိခဲ့သည်မှာ မှန်သော်လည်း၊ ဤကိစ္စသည် အလွန် လျှို့ဝှက် သောကိစ္စ ဖြစ်သည်။ သူ့ဂျူနီယာညီများနှင့် တောင်မြိုနတ်ဘုရားနန်းတော်၏ နန်းတော် သခင်မှလွဲ၍ ဤကိစ္စကို သိရှိသူ လုံးဝ မရှိပေ။ ဤလင်းထျန်းသည် ဤအချက်အလက်ကို မည်သို့မည်ပုံ ရခဲ့သည်ကို သူ မသိပါဘူး။

"ဝူဒေါင်ဇီ, ငါပြောတာ မှန်လား မှားလား" လင်းထျန်းက ဝူဒေါင်ဇီကို ကြည့်ပြီး ဆော့ကစားလိုသည့် အကြည့်ဖြင့် မေးလိုက်သည်။

ဝူဒေါင်ဇီသည် ဤမေးခွန်းအတွက် ကြက်သေသေဖြစ်သွားသည်။ ထို့နောက် သူက လင်းထျန်းကို ကြည့်ကာ ပြောသည် "မှန်ပါတယ်။ ငါအရင်က ကောင်းကင်ဘုံတံဆိပ်ကို ရခဲ့တယ်။ ဒါပေမယ့် အခု အဲဒီတံဆိပ်က ငါ့လက်ထဲမှာ မရှိတော့ဘူး"။

"ဘာတွေ ဖြစ်နေတာလဲ" လင်းထျန်းအပါအဝင် သူတို့လေးယောက်စလုံး အံ့အားသင့်သွား ကြသည်။ သူတို့ ခြေတစ်လှမ်း နောက်ကျသွားခြင်းများ ဖြစ်နိုင်သလား။ တစ်စုံတစ်ယောက် က အရင် ယူသွားပြီလား။

"မင်းတို့ မလာခင်မှာ ငါတို့လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်က လျှိုဟဲက ရောက်ရှိ လာခဲ့တယ်။ သူနဲ့အတူ ကောင်းကင်ဘုံတံဆိပ်ကို ယူသွားပြီ။" ဝူဒေါင်ဇီက ပြောသည်။

ထိုစကားတွေ ပြောပြီးသည်နှင့် လင်းထျန်းနှင့် တခြားသူများ၏ မျက်ခုံးတွေက ပို၍ပင် နက်ရှိုင်းစွာ တွန့်သွားကြသည်။

လျှိုဟဲက ဘယ်သူလဲ။

၎င်းသည် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်၏ တန်ခိုးကြီးမားသော ကောင်းကင် နတ်ဘုရားများထဲမှ တစ်ပါးဖြစ်သည်။ သူ့စွမ်းအားသည် ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်တွင် အဆင့် ၄၈ တွင် ရှိပြီး ထူးကဲသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။

“ဟွမ့်၊ လျှိုဟဲရဲ့နာမည်ကို ပြောဆိုရုံနဲ့ ငါ့ကို ခြောက်ထုတ်နိုင်မယ်လို့ မင်း ထင်နေလား။ ဒီကောင်းကင်ဘုံတံဆိပ်က မင်းနဲ့အတူရှိမရှိ၊ ငါတို့အတည်ပြုပြီးတဲ့အထိ မင်းစောင့်ရ မယ်။" လင်းထျန်က အေးစက်စွာ ပြောလိုက်သည်။

"အတည်ပြုမယ်။ အဲဒါကို ဘယ်လို အတည်ပြုမှာလဲ။" ဝူဒေါင်ဇီက အေးစက်စွာ ပြောသည်။

"မင်းတို့အားလုံးရဲ့ သိုလှောင်လက်စွပ်တွေကို ငါတို့ထံ လွှဲပြောင်းပေးပြီး, အဲဒါတွေကို တစ်ခုပြီးတစ်ခု ငါတို့ကို စစ်ဆေးခွင့်ပြုရမယ်။ တကယ်လို့ ဘာမှမရှိခဲ့ရင်, ငါတို့ လှည့် ပြန် သွားမယ်လို့ ငါ ကတိပေးတယ်။" လင်းထျန်းက ရယ်မောလိုက်သည်။

"မဖြစ်နိုင်ဘူး" မုတ်ဆိတ်ဖြူ အဘိုးကြီး, ဝူဒေါင်ဇီနှင့် အခြားသူများ အားလုံး တညီတညွတ် တည်း ငြင်းဆိုကြသည်။

စစ်ဆေးရန်အတွက် သိုလှောင်လက်စွပ်ကို မည်သို့ လွှဲပြောင်းပေးနိုင်မည်နည်း။

လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြပြီး၊ နတ်ဘုရားသိုလှောင်လက်စွပ်များသည် ၎င်းတို့၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သည်။ သူတို့ဆန္ဒအတိုင်း အခြားသူများကို မည်သို့ စူးစမ်းခွင့် ပြုနိုင်မည်နည်း။

"မင်းတို့ကောင်တွေ သဘောမတူမှတော့, ငါက တစ်ခုပြီးတစ်ခု ရှာရုံပဲရှိတော့တာပေါ့။" ပိုင်ချန်ဇီနှင့် သူ့ဘေးနားရှိ မိန်းမချောကို လက်ဟန်ပြရင်း လင်းထျန်း၏ မျက်လုံးများသည် ချက်ချင်းပင် မှိုင်းညို့သွား သည်။

ပိုင်ချန်ဇီနှင့် မိန်းမချောတို့သည် ချက်ချင်းပင် အထင်သေးဟန်ပြုရင်း တိုက်ရိုက် တိုက်ခိုက် ကြသည်။

“အား…”

ဝမ်းနည်းဖွယ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ပိုင်ချန်ဇီနှင့် မိန်းမချောတို့ သည် ကြက်သတ်သကဲ့သို့ လူများကို သတ်ဖြတ်ကြပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာ အထွက်အထိပ် ကောင်းကင်နတ်ဘုရားပညာရှင်နှစ်ဦး အသတ်ခံလိုက်ရသည်။

၎င်းတို့အားလုံးသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများ ဖြစ်သောကြောင့် ဤသာမန် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျွမ်းကျင်သူများကို သတ်ပစ်ရန် သဘာဝအားဖြင့် အလွန် လွယ်ကူပါသည်။

ဟုန်လဲ့သည် ဤမြင်ကွင်းကို မြင်သောအခါ, သူသည်လည်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ရိုက် တိုက်ခိုက်သည်။

"တော်လောက်ပြီ"

မုတ်ဆိတ်ဖြူ အဘိုးကြီးသည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။ ဤလူများ အားလုံးသည် သူ၏ တောင်မြိုနတ်ဘုရားနန်းတော်မှ ဖြစ်ပြီး၊ ယခုအခါ သူတို့ရှေ့တွင် အမှန်တကယ် အသတ်ခံခဲ့ရသည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

ထို့ကြောင့် မုတ်ဆိတ်ဖြူ အဘိုးကြီးသည် မိန်းမချောကို တိုက်ရိုက် တိုက်ခိုက်သည်။

ထိုမိန်းမချောသည် သဘာဝအတိုင်း အရှုံးပေးလိုစိတ် မရှိပေ။ ၎င်းတို့နှစ်ဦးသည် တိုက်ရိုက်ပင် အတူတကွ တိုက်ခိုက်ကြတော့သည်။

တစ်ဖက်တွင်မူ၊ ဝူဒေါင်ဇီက ပိုင်ချန်ဇီကို ရင်ဆိုင်ခဲ့သည်။

သူတို့နှစ်ယောက်သည် တိုက်ခိုက်ခဲ့ကြသော်လည်း ဝူဒေါင်ဇီသည် ပိုင်ချန်ဇီအတွက် ပြိုင်ဘက် ဖြစ်ပုံမပေါ်ပေ။ ယခုအချိန်တွင် သူသည် ပိုင်ချန်ဇီကို ရင်ဆိုင်ရာတွင် သုံးကွက် အတွင်းမှာပင် ဝူဒေါင်ဇီသည် ရှုံးနိမ့်သွားခဲ့သည်။

"ဘုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝူဒေါင်ဇီ၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်ပျံသွားခဲ့ သည်။ သူ့ရုပ်အသွင်သည် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာရင်း အောက်ဘက် တောင်တန်းပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ပိုင်ချန်ဇီသည် ဝူဒေါင်ဇီကို ငုံ့ကြည့်ကာ ရယ်မောလိုက်သည်။

'"ဝူဒေါင်ဇီ၊ မင်း ပြီးခဲ့တဲ့အကြိမ်က ကံကောင်းသွားတယ်။ ငါ့ပစ်မှတ်က မင်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်း ကံမကောင်းနိုင်တော့ဘူး၊ မင်းဆိုတဲ့ ဝူဒေါင်ဇီက ငါ့အတွက် ပြိုင်ဘက် မဟုတ်သေးဘူးဆိုတာ ငါပြမယ်" ပိုင်ချန်ဇီက အေးစက်စွာ ဟစ်အော် လိုက်သည်။

ထိုသို့ပြောပြီးနောက် အဆုံးမဲ့ဂုဏ်သိက္ခာကို ထုတ်လွှတ်သည့် နတ်ဘုရားဓားတစ်ချောင်း ကို ချက်ချင်း ထုတ်လိုက်သည်။

"ဒီနေ့၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ထဲက နောက်ထပ် တစ်ယောက် တော့ ပျက်သုဉ်းရတော့မယ်။" ပိုင်ချန်ဇီက ရယ်မောပြီး ပြောလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ နတ်ဘုရားဓားသည် ဝင်းပစွာ ထွန်းလင်းတောက်ပလာသည်။

ဘန်း…။

နတ်ဘုရားဓားမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်လာခဲ့ သည်။ နောက်အခိုက်အတန့်တွင်၊ ပိုင်ချန်ဇီ၏လက်ထဲမှဓားသည် ခုတ်ပိုင်းတော့မည် ဖြစ်သည်။

"ရပ်"

ယုထန်းနူနှင့် အခြားလူများ အားလုံးသည် သူ့ကို တားဆီးရန် အဆင်သင့် ဖြစ်နေကြသော် လည်း ဟုန်လဲ့သည် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ သူတို့ကို တားဆီးလိုက်သည်။ သူတို့သည် ပိုင်ချန်ဇီ ထိုဓားချက် ခုတ်ပိုင်းနေသည်ကို ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။

"မင်းပြောတာ မှန်ပါတယ်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် တစ်စုံ တစ်ယောက် သေရတော့မယ်ဆိုတာ။ ဒါပေမယ့် တစ်ယောက်တည်း မဟုတ်ဘူး၊ လေးယောက်ပဲ" ထိုအချိန်တွင် ရေခဲတမျှ အေးစက်စက်အသံက ရုတ်တရက် ထွက်ပေါ် လာသည်။ အသံထွက်ပေါ်လာသည့် လမ်းကြောင်းကို လူတိုင်း ကြည့်လိုက်ရာ လေထဲသို့ ခြေလှမ်းတိုးဝင်လာသည့် လူငယ်တစ်ဦးကို တွေ့လိုက်ရပါသည်။

All Chapters