အခန်း ၁၇၀၆
Vol. 114 Ch. 1706
အခန်း (၁၇၀၆) ပြင်းထန်သော ဆုတ်ယုတ်မှု
"ဘုန်း.."
ချင်ယွင်၏ ရုပ်အသွင်သည် ဝူဒေါင်ဇီ၏အထက်တွင် ပေါ်လာပြီး၊ ဝူဒေါင်ဇီအပေါ် ကျရောက် လာသည့် ကြောက်စရာကောင်းသော ဓားချက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
ဓားအလင်းသည် ပေါက်ကွဲသွားပြီး ၎င်း၏ စွမ်းအားသည် နေရာအနှံ့ ပြန့်ကျဲသွားသည်။
သို့သော်လည်း ချင်ယွင်၏ရုပ်အသွင်သည် တောင်ကြီးတစ်ခုလို မလှုပ်မယှက် ဖြစ်နေပြီး သူ၏အဝတ်အစားများက တဖျပ်ဖျပ်ခတ်နေသည်။
လူတိုင်း ရုတ်တရက် ပေါ်လာသည့် လူငယ်ကို ကြည့်ပြီး သူ မည်သူလဲဆိုသည်ကို သိချင်မိ ကြသည်။ သူသည် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စကားလုံးများကို အမှန်တကယ် ပြောဆိုရဲသည်။
"ချင်ယွင်"
ဝူဒေါင်ဇီ၊ ယုထန်းနူနှင့် အခြားသူများလည်း ထိတ်လန့်သွားပြီး သူတို့၏မျက်နှာများသည် ရွှင်လန်းသော အမူအရာကိုယ်စီ ချက်ချင်း ဖြစ်ပေါ်လာသည်။
နောက်ဆုံးအကြိမ်တုန်းက, သူတို့သည် ဟုန်လဲ့ကို မတားနိုင်ခဲ့ဘဲ ချင်ယွင်သည် ဟုန်လဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဟု ထင်မြင်ခဲ့ကြသည်။ ချင်ယွင် ပြန်ပေါ်လာမည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
သူတို့သည် ချင်ယွင်နှင့် အချိန်များစွာ မကုန်ဆုံးခဲ့ကြသော်လည်း, သူတို့သည် ဤဂျူနီယာ ညီငယ်ကို အလွန် နှစ်သက်နေကြဆဲ ဖြစ်သည်။ အခု ချင်ယွင် အသက်ရှင်နေသေးသည်ကို တွေ့လိုက်ရတော့ သူတို့စိတ်ထဲမှာ အရမ်းပျော်သွားပါသည်။
ပျော်နေသည့်လူတွေ ရှိသလို စိုးရိမ်နေကြသည့် လူတွေလည်း ရှိနေခဲ့သည်။ သဘာဝ အတိုင်း၊ ချင်ယွင်၏ ထွက်ပေါ်လာမူက ပိုင်ချန်ဇီနှင့် ဟုန်လဲ့တို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။
ချင်ယွင် ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူတို့သည် တခဏတာ ကြက်သေသေ ဖြစ်သွားခဲ့ပြီး၊ သူတို့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး ဖြစ်ပေါ်လာသည်။
ထိုအချိန်တုန်းက သူတို့သည် ချင်ယွင်ကို သတ်ဖြတ်ရာမှာ ကူညီပေးပြီး အခြားသူများထံမှ အကျိုးကျေးဇူးများကို ရယူခဲ့သည်။ မူလက ချင်ယွင်သည် တားမြစ်နတ်ဘုရား တောအုပ် ထဲသို့ ကျရောက်သွားပြီး ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်ပေါ်လာတော့မည် မဟုတ်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ယခုအခါ သူသည် ဤနေရာတွင် အမှန်တကယ် ပေါ်လာ လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ချင်ယွင် အသက်ရှင်နေသေးကြောင်းကို ဝယ်ယူသူများ သိသွားခဲ့လျှင် သူတို့သည် ပြဿနာအကြီးကြီး တက်သွားလိမ့်မည်။
"ချင်ယွင်၊ မင်း အသက်ရှင်ဖို့ ငါမမျှော်လင့်ထားဘူး။" ဟုန်လဲ့သည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
ချင်ယွင်သည် ဟုန်လဲ့ကို ကြည့်ပြီး ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ ငါ တားမြစ် နတ်ဘုရားတောအုပ်ထဲ ကျသွားခဲ့တယ်။ ဒါပေမယ့် ငါ မသေခဲ့ဘူး။ အခု နောက်ဆုံးတော့ တားမြစ်နတ်ဘုရားတောအုပ်ထဲကနေ ငါ ထွက်လာနိုင်ခဲ့ပြီ။"
"ဒါတောင်, မင်းက အပြင်ထွက်လာဖို့ သတ္တိရှိနေတုန်းပဲ။ ငါသာ မင်းနေရာဆို, ငါမင်းကို နောက်တစ်ခါ ထပ်သတ်မသတ်မိအောင် အဝေးမှာ ပုန်းနေတယ်။" ဟုန်လဲ့က အထင်သေး ဟန်ဖြင့် ရယ်မောလိုက်သည်။
ချင်ယွင်နှင့်ပတ်သက်ပြီး မူလက မျှော်လင့်ချက်ထားကြသည့် လူတိုင်း ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားကြသည်။
အံ့ဖွယ်ကျွမ်းကျင်သူတစ်ဦး ရောက်ရှိလာပြီဟု သူတို့ ထင်ခဲ့ကြသော်လည်း, အနေထား အရ, လေးယောက်ထဲမှာ အညံ့ဆုံးဖြစ်သည့် ဟုန်လဲ့ကိုတောင်မှ အနိုင်ယူနိုင်စွမ်း ရှိပုံမပေါ်ချေ။
ဘေးမှာရှိနေကြသည့် ယုထန်းနူနှင့် ရှောင်ယုတို့လည်း စိုးရိမ်သွားကြသည်။ သူတို့က ချင်ယွင်ကို အော်ပြောလိုက်သည် "ချင်ယွင်၊ မြန်မြန် ပြေး၊ ငါတို့ သူ့ကို ထိန်းထားပေးမယ်။"
နောက်ဆုံး, ချင်ယွင်၏ခွန်အားသည် အဆမတန် တိုးလာလျှင်ပင်၊ သူသည် ဟုန်လဲ့၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ထင်ရှားသည်။ ထို့အပြင်၊ နံဘေး၌ ဟုန်လဲ့ထက် ပို၍ ကြောက်စရာကောင်းသော ကျွမ်းကျင်သူများ ရှိနေသေးသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ထိုနေရာတွင် ဘာမှမထူးခြားဟန်ဖြင့် မတ်တပ် ရပ်နေကာ သူ့ပါးစပ်ထောင့်က အပြုံးတစ်ခုအဖြစ် တွန့်ကွေးနေသည်။
ထိုမြင်ကွင်းသည် ချင်ယွင်၏ရင်ကို နွေးထွေးစေပါသည်။ ယုထန်းနူနှင့် အခြားသူများသည် ဟုန်လဲ့ကို တားဆီးထားလျှင် သူ ထွက်ပြေးလိမ့်မည် မဟုတ်ပေ။
"စီနီယာအစ်ကို၊ စီနီယာအစ်မတို့၊ ပြေးစရာ မလိုပါဘူး။ သူတို့က ငါ့ကို မထိခိုက်စေနိုင်ဘူး။ ပြီးတော့, သူတို့ မင်းတို့ကို ထိုခိုက်နာကျင်အောင်လုပ်တာမျိုး ငါ ခွင့်မပြုနိုင်ဘူး။” ချင်ယွင်က ယုထန်းနူနှင့် တခြားသူတွေကို ပြုံးပြလိုက်ပါသည်။
ယုထန်းနူနှင့် မူလက သူ့ကို ဆက်လက်သွေးဆောင်လိုသော အခြားသူများသည် အံ့ဩသွား ကြသည်။ ချင်ယွင်၏ယုံကြည်မှုက မည်သည့်နေရာက လာမှန်း သူတို့ မသိခဲ့ကြသော် လည်း ချင်ယွင်သည် ကြွားဝါတတ်သည့်လူစားမျိုး မဟုတ်ဘူးဟု သူတို့ တွေးမိသည့်အခါ ဆွဲဆောင်မှုက ရပ်သွားခဲ့သည်။ သို့သော်, သူတို့သည် ချင်ယွင်ကို သူတို့စိတ်နှလုံးထဲတွင် စိုးရိမ်နေကြဆဲပင်။
"မောက်မာလိုက်တာ။ မင်းကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်ဘူးလို့ ငါ မယုံဘူး။ မင်း သေခြင်းတရားကနေ လွတ်မြောက်သွားတဲ့ နောက်ဆုံးအကြိမ်ကထက် မင်းရဲ့ကျင့်ကြံမှု အဆင့်က အများကြီး တိုးလာလို့လား။" ချင်ယွင်၏ ကျင့်ကြံမှုသည် မြေကမ္ဘာနတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ဟုန်လဲ့၏ မျက်လုံးများတွင် လှောင်ပြောင်ဟန် ပေါ်လွင်နေပြီး၊ ချင်ယွင်နှင့်ပတ်သက်ပြီး သူ့စိတ်ထဲမှာ အထင်သေးစိတ်ဖြင့် ပြည့်နှက်နေသည်။
"တက်မြင့်လာခြင်း ရှိမရှိ, မင်းစမ်းကြည့်ရင် သိပါလိမ့်မယ်။" ချင်ယွင်သည် ဟုန်လဲ့ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူ့အကြည့်တွေက သူ့ကို ဂရုမစိုက်ဘဲ အမှန်တကယ် မထီမဲ့မြင် ပြုသည့် အမူအရာမျိုးပင် ဖြစ်နေသည်။
"မင်းက သေချင်နေတာပဲ” ဟုန်လဲ့က ဒေါသတကြီး ဟစ်အော်လိုက်သည်။
သူ့ရှေ့မှ ဤချင်ယွင်သည် သူ့ကို မျက်လုံးထဲ ထည့်မထားခဲ့ပေ။ သူသည် အမှန်တကယ် သေခြင်းတရားကို တောင်းဆိုနေခြင်းပင်။ ဤအရာကို တဖက်လူက မည်သို့ ခံနိုင်ရည်ရှိ နိုင်မည်နည်း။
ထို့နောက်တွင်၊ ဟုန်လဲ့သည် တိုက်ရိုက် ပြေးထွက်လာပြီး သူ့လက်သီးများကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ထိုးနှက်လိုက် သည်။
သို့သော် ချင်ယွင်သည် ထိုလက်သီးချက်အား မြင်သောအခါတွင် သူ့မျက်နှာတွင် အပြုံး တစ်ခု ရှိနေသေးသည်။
ချင်ယွင်အတွက် အားလုံးက စိုးရိမ်နေကြစဉ်မှာ, ချင်ယွင်သည် ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဟုန်လဲ့၏ ထိုးချက်တွေကို ပိတ်ဆို့လိုက်ပါသည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ပြင်းထန်သော လက်သီးတစ်ချက်က ချင်ယွင်၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားပြီး ကောင်းကင်တုန်လှုပ်သည့် အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ သို့သော်လည်း ချင်ယွင်၏ လက်ဖဝါးကို အနည်းငယ်မျှ မလှုပ်ခါနိုင်ခဲ့ပေ။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ချက်ချင်းပင် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြသည်။ ထိုမြင်ကွင်းကို သူတို့ မယုံနိုင်ကြပေ။
အနားတွင်၊ ယုထန်းနူနှင့် အခြားသူများလည်း ကြက်သေသေဖြစ်သွားပြီး အားလုံးက ဆွံ့အသွားကြသည်။
ထိုအချိန်တွင် ဟုန်လဲ့လည်း ထိတ်လန့်သွားသည်။ ချင်ယွင်သည် သူ့တိုက်ခိုက်မှုကို လက်ဖဝါး တစ်ဖက်တည်းဖြင့် တားဆီးနိုင်ခဲ့သည်ကို သူ မယုံနိုင်ပေ။
"ဖျစ်….။"
သို့သော် လူတိုင်း ထိတ်လန့်နေကြစဉ်မှာ, ချင်ယွင်သည် ရုတ်တရက် လက်တဖက်ကို ဆန့်ထုတ်ပြီး ဟုန်လဲ့၏ လက်မောင်းကို ဆုပ်ကိုင်လိုက်လေသည်။ ဆုပ်ကိုင်ခြင်းနှင့်အတူ, ဟုန်လဲ့၏ လက်မောင်းတစ်ဘက်လုံးကို ဆွဲထုတ်လိုက်သည်။
"အား…" ဟုန်လဲ့သည် အလွန်သနားစဖွယ် ဟစ်အော်သံကို ထုတ်ဖော်လိုက်ပြီး လျှင်မြန် စွာ ပြန်ဆုတ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း အံသြသွားကြသည်။ ဟုန်လဲ့သည် နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်းကို ကျင့်ကြံထားမှန်း သိသာသော်လည်း တစ်စုံတစ်ယောက်သည် သူ့လက်မောင်းကို ဆွဲဆုတ်ပစ်လိုက်သည်။ ဤအရာက မည်သို့ ဖြစ်နိုင်မည်နည်း။
တစ်ဖက်တွင် လင်းထျန်းနှင့် မိန်းမချောတို့သည်လည်း ဤမြင်ကွင်းကို မြင်ပြီး မျက်မှောင် မကြုတ်ဘဲ မနေနိုင်ပေ။
ပိုင်ချန်ဇီလည်း အလားတူ ထိတ်လန့်သွားကာ သူ့မျက်ခုံးဖြူများက သူ့ခေါင်းဆံပင်ရှည် အောက်မှာ "ချွမ်" စာလုံးအဖြစ်သို့ ရောက်သည်အထိ တွန့်သွားခဲ့သည်။
ချင်ယွင်သည် ဟုန်လဲ့တစ်ယောက် လျင်မြန်စွာ နောက်ပြန်ဆုတ်သွားသည်ကို တွေ့လိုက် ရပြီး သူ့ပါးစပ်ထောင့်မှ အပြုံးမပျက် ပေါ်လာသည်။
"မင်း ငါ့ကိုသတ်တုန်းက မင်း အရမ်းမာနကြီးခဲ့တယ် မဟုတ်လား။ မင်း ဒီနေ့ ဒီလိုဖြစ်မယ် လို့ မင်း တွေးကြည့်ဖူးလား။" ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟုန်လဲ့၏ ရှေ့တွင် ထပ်မံ ပေါ်လာသည်။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ တုန်လှုပ်သွားပြန်သည်။
ဟုန်လဲ့၏မျက်နှာသည် သရဲတစ္ဆေ မြင်ရသကဲ့သို့ ထိတ်လန့်မူများဖြင့် ပြည့်နှက်နေသည်။
သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာ ချင်ယွင်သည် သူ၏ အခြားလက်မောင်းကို ဆုပ်ကိုင်လိုက် ပြီး နောက်တစ်ကြိမ် ဆွဲထုတ်လိုက်ပြန်သည်။
လတ်ဆတ်သော သွေးများ ကျဆင်းလာကာ သွေးများနှင့် အသားစများက နေရာအနှံ့ ပျံ့လွင့်သွားပြီး ပြင်းထန်သော စူးစူးဟစ်အော်သံများ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေခဲ့ သည်။
"သခင် လင်းထျန်း၊ ငါ့ကိုကယ်ပါ" ဟုန်လဲ့က ကမန်းကတန်း အော်လိုက်သည်။
သို့သော် ဘေးတွင်ရပ်နေသော လင်းထျန်းသည် လျစ်လျူရှုထားခဲ့သည်။ ဟုန်လဲ့သည် ဤမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူ့နှလုံးသားက အေးခဲသွားသလို ခံစားလိုက်ရပြီး ချင်ယွင်ကို ကြည့်သည့် သူ့အကြည့်တွေလည်း ကြောက်ရွံ့လာခဲ့သည်။
ချင်ယွင်သည် ဟုန်လဲ့အား ကျီစားလိုသည့် အရိပ်မြွက်ဖြင့် ကြည့်နေသည်။
ဟုန်လဲ့၏ နှလုံးသည် တုန်ခါသွားပြီး၊ သူသည် အဝေးသို့ အလျင်အမြန် ပျံသန်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ အဝေးသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
ချင်ယွင်သည် ဟုန်လဲ့ ထွက်ပြေးရာ လမ်းကြောင်းကို ကြည့်လိုက်သော်လည်း သူ့နောက်ကို မလိုက်ခဲ့ပေ။ သူက အထင်သေးဟန်ဖြင့် ပြုံးလိုက်ရင်း ဟုန်လဲ့ ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း လေထဲသို့ လက်သီးဖြင့် ထိုးလိုက်ပါသည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဝေးမှ ဟုန်လဲ့သည် သူ့တစ်ကိုယ်လုံး သွေးစွန်း နေသော မြူခိုးများအဖြစ် ပေါက်ကွဲသွားချိန်မှာ ဝမ်းနည်းကြေကွဲဖွယ် အော်သံကိုပင် မအော်နိုင်ခဲ့ပေ။
လူတိုင်းသည် နေရာတွင် လုံးဝ ဆွံ့အနေကြသည်။
ယုထန်းနူ၊ လျှိုဖန်းဟွာနှင့် ရှောင်ယုတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အချင်းချင်း၏ မျက်လုံးထဲမှာ အံ့အားတသင့်ဖြစ်မူကို သူတို့ မြင်နေရသည်။
ဤအခိုက်အတန့်တွင် သူတို့ရှေ့မှ ဤလူငယ်သည် သူတို့၏ ဂျူနီယာညီငယ် ဖြစ်နေဆဲဟု သူတို့ မယုံနိုင်ခဲ့ကြပေ။
ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးသည် ကြက်လေး ငှက်လေးကဲ့သို့ သတ်ဖြတ်ခံရသည်။ ဤအရာက သူတို့ပိုင်ဆိုင်ထားသည့် ခွန်အားတဲ့လား။
သို့သော် ချင်ယွင်သည် လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များကို လျစ်လျူရှုထား သည်။ ယင်းအစား သူက အဝေးက ပိုင်ချန်ဇီကို လှည့်ကြည့်ပြီး "သူ သေသွားပြီ။ အခု မင်းအလှည့် ရောက်ပြီ"
ချင်ယွင်၏ စကားကိုကြားတော့ ပိုင်ချန်ဇီ၏စိတ်နှလုံးသည် တုန်လှုပ်သွားသည်။ ထို့နောက် နတ်ဘုရားဓားကို ကိုင်ထားသည့် သူ့လက်သည် အနည်းငယ် တင်းကျပ်လာသည်။ အခုနက သူသည် ချင်ယွင်၏နည်းလမ်းများကို တွေ့မြင်ခဲ့သည်။ ဤအရာက သူ့ကို တကယ် ပြဿနာများစေသည်ဟု ဝန်ခံရပါမည်။