← Chapters

အခန်း ၁၇၀၇

Vol. 114 Ch. 1707

အခန်း ၁၇၀၇

Vol. 114 Ch. 1707

အခန်း (၁၇၀၇) လွှမ်းမိုးကြီးစိုးနေသော ချင်ယွင်။

ချင်ယွင်သည် အဝေးမှပင် ပိုင်ချန်ဇီ၏ လှုပ်ရှားမှုများကို ကြည့်ပြီး သူ့ပါးစပ်ထောင့်စွန်းက ကျီးစားဟန်ဖြင့် တဟားဟား ရယ်မောလိုက်သည်။

ပိုင်ချန်ဇီသည် သူ့ကို တိုက်ရိုက် မတိုက်ခိုက်သော်လည်း၊ အကယ်၍, ဝူဒေါင်ဇီသာ သူ့ကို တားဆီးမထားဘူးဆိုရင်, ချင်ယွင်ကို သတ်မည့်လူက ဟုန်လဲ့တစ်ယောက်တည်း မဟုတ်တော့ပေ။

ထို့ကြောင့် ပိုင်ချန်ဇီသည်လည်း တားမြစ်နတ်ဘုရားတောအုပ်ထဲသို့ ထွက်ပြေးရခြင်း ပတ်သက်၍ ပံ့ပိုးပေးသည့် အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။

ချင်ယွင်သည် လေထဲသို့ ခြေလှမ်းလိုက်ပြီး ပိုင်ချန်ဇီဆီသို့ ဖြည်းညှင်းစွာ လျှောက်သွား သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အသက်ရှူသံကို ထိန်းထားလိုက်ကြသည်။

ဖြစ်နိုင်တာက, သူက ပိုင်ချန်ဇီကိုပါ သတ်ချင်နေတာလား။

ယုထန်းနူ၊ လျှိုဖန်းဟွာနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင်၊ သူတို့သည် ဟုန်လဲ့ကိုသတ်ခဲ့သည့် အစောပိုင်းက ချင်ယွင်၏ ထိုလက်သီးချက်ကြောင့် ထိတ်လန့်နေကြဆဲပင်။

ချင်ယွင်သည် ပိုင်ချန်ဇီကို တကယ် သတ်ဖြတ်နိုင်မည်လားဟု တွေးတောရန် ဦးနှောက် မရှိသေးပေ။

ဆန့်ကျင်ဘက်အနေနှင့် ရှောင်ယုသည် ချင်ယွင်ကို ထူးထူးခြားခြား အမူအရာဖြင့် ကြည့်နေသည်။ နှိုင်းယှဥ်ကြည့်လျှင်, အမျိုးသမီးတစ်ယောက်သည် အမျိုးသား တစ်ယောက်ကို ရှုမြင်ပုံက ပိုဖြူစင်ပါသည်။ အမျိုးသား တစ်ယောက်သည် ထူးချွန်နေသော အခါ၊ သူမသည် လျင်မြန်စွာ လက်ခံနိုင်လိမ့်မည်။ ဥပမာအားဖြင့်၊ ရှောင်ယုသည် ယခုအခါ သူမ၏ ဂျနီယာမောင်ငယ်သည် မထင်မှတ်ဘဲ အရပ်ရှည်လာပြီး ပိုမိုချောမောလာသည်ဟု ခံစားမိလာသည်။

"ချင်ယွင်၊ မင်း ဟုန်လဲ့ကို သတ်နိုင်ရုံနဲ့ ငါ့ကို သတ်နိုင်မယ်လို့ မထင်လိုက်နဲ့။ ငါက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀၇ ဆိုတာ မင်း သိထားရမယ်၊ ငါ့ရဲ့အစွမ်းက ဟုန်လဲ့ထက် အများကြီးသာတယ်" ပိုင်ချန်ဇီက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်ရင်း သူ့စိတ်ထဲတွင် ခိုင်မာသော ယုံကြည်မှုများ တိုးမြင့်လာသည်။

"တကယ်လား။ ဒါဆို မင်း ငါ့ဆီက လက်သီးချက် ဘယ်နှစ်ချက်လောက် ခံယူနိုင်မလဲဆို တာ ငါ တကယ် စမ်းကြည့်ချင်မိတယ်" မင်း ငါ့ဆီက ၁၀၇ ချက် ခံယူနိုင်မလား” ချင်ယွင် က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။ သူ့မျက်လုံးများက ကြီးစိုးပြီး မောက်မာသော အရိပ်မြွက်များဖြင့် ပြည့်နေခဲ့သည်။

လက်သီးချက် ဘယ်နှစ်ချက် ထိုးခံနိုင်မလဲ။

မောက်မာလိုက်တာ။

ချက်ခြင်းဆိုသလို, ပိုင်ချန်ဇီ၏ နှလုံးသားထဲတွင် ပြင်းထန်သော အမျက်ဒေါသများ ထွက်ပေါ်လာသည်။ သူ့ရှေ့က ဤကောင်သည် သူ့ကို မျက်လုံးထဲ ထည့်မထားဘူးဆိုသည် မှာ ရှင်းပါသည်။ လင်းထျန်းပင်လျှင် သူ့ကို ထိုစကားမျိုး မပြောဝံ့ပေ။

"မင်းက သေချင်နေမှတော့, ငါ မင်းကို ငရဲကို ပို့ပေးမယ်" ပိုင်ချန်ဇီက အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ ထို့နောက် သူ့လက်ထဲက နတ်ဘုရားဓားသည် ချင်ယွင်ဆီသို့ ခုတ်ပိုင်း သွားစဉ် ချက်ချင်းဆိုသလို တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာခဲ့သည်။

ဓားသည် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းကို သယ်ဆောင်ရင်း လေဟာနယ်ကို ဖြတ်သန်းသွားသည်။ ၎င်းတွင် လေဟာနယ်ကို ခွဲထုတ်တော့မည့်အလား လေစွမ်းရည် သိမ်မွေ့လေးနက်သည့် အစစ်မှန် အဓိပ္ပါယ်များ ပါဝင်နေပုံရသည်။

ချင်ယွင်သည် ထိုဓားချက်ကို မြင်တော့ သူ့ပါးစပ်ထောင့်က လှောင်ရယ်သံများ ထွက်ပေါ် လာသည်။ သူသည် စိတ်ကူးယဉ်ဆန်သည့် မည်သည့်လှုပ်ရှားမှုမျိုးမှ မလုပ်ဆောင်ဘဲ အပြင်းအထန် ပေါက်ကွဲထွက်လာသော ထိုဓားအလင်းကို တိုက်ရိုက် ထိုးနှက်သည်။

"ဘုန်း…"

လက်သီးက ဓားအလင်းပေါ် ကျရောက်သွားပြီး၊ ဓားအလင်းသည် တိုက်ရိုက် ပြိုကွဲသွား သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်သည့် အမူအရာကိုယ်စီကို ဖော်ပြလာကြသည်။ အဘယ့်ကြောင့်ဆိုသော်, အကယ်၍ သူတို့သာ ဤဓားချက် ထိမှန်ပါက သူတို့သည် သေချာပေါက် သေခြင်းတရားဖြင့် နိဂုံးချုပ်သွားနိုင်သောကြောင့်ပင်။

ပိုင်ချန်ဇီလည်း အံ့သြသည့် အမူအရာကို ထုတ်ပြလာသည်။ ချင်ယွင်သည် သူ့ဓားအလင်း ကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွဲနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဘန်းး…။

သို့သော် ပိုင်ချန်ဇီသည် သူ၏ဒုတိယဓားချက်ကို အသုံးပြုခါနီးတွင်၊ ချင်ယွင်သည် အဝေးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ပိုင်ချန်ဇီသည် ရန်သူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ သူသည် ပတ်ဝန်းကျင်ကို ချက်ချင်း ရှာဖွေကြည့်မိသည်။ သို့သော်လည်း နောက်အခိုက်အတန့်တွင်, သူသည် နောက်ပြန် လှည့်ကြည့်လိုက်စဉ် သူ့တစ်ကိုယ်လုံး ကြက်သေသေဖြစ်သွားခဲ့သည်။

မည်သည့်အချိန်ကတည်းမှန်းမသိ ချင်ယွင်သည် သူ့နောက်တွင် ပေါ်လာပြီး ဖြစ်နေသည်။ သို့သော် ချင်ယွင်သည် မည်သည့်လှုပ်ရှားမူမှ ပြုလုပ်မည့်ပုံ မပေါ်ပေ။ ယင်းအစား သူက ကျီစားသည့်အမူအရာဖြင့် လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေသည်။

ပိုင်ချန်ဇီသည် ချက်ချင်းပင် အရှက်ရမူကို ခံစားလိုက်ရသည်။ မဆိုင်းမတွဘဲ သူ့လက်ထဲက နတ်ဘုရားဓားကို ခုတ်ပိုင်းလိုက်ပါသည်။

သို့သော်၊ သူ့ဓားသည် တစ်ဝက်တစ် ပျက်ရပ်သွားခဲ့ပြီး၊ ဓားပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအားသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

ပိုင်ချန်ဇီ၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်သွား သည့် အမူအရာကို ဖော်ထုတ်လိုက်သည်။ ချင်ယွင်သည် သူ့ဓားကို လက်နှစ်ချောင်းဖြင့် ပိတ်ဆို့ကာ ခိုင်မြဲစွာ ဆုပ်ကိုင်ထားသည်။

သို့သော်လည်း နောက်ထပ် မြင်ကွင်းက သူတစ္ဆေသရဲတစ်ကောင်ကို မြင်လိုက်ရသည့် အလား ပိုင်ချန်ဇီ၏စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။

မပျက်စီးနိုင်သော သူ့ဓားသည် ချင်ယွင်၏လက်ထဲတွင် ဖြည်းဖြည်းချင်း ကွေးညွှတ်သွား သည်။

ထိပ်တန်းအဆင့် နတ်ဘုရားဓားကို လက်ဗလာဖြင့် ကွေးလိုက်ခြင်း။ ဤအရာက မည်သို့ ဖြစ်နိုင်မှာလဲ…။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် မယုံကြည်နိုင်စွာ ကြည့်နေကြချိန်မှာ ၎င်းတို့၏ နှလုံးများ ခုန်သွားသည်ကို ခံစားလိုက်ရသည်။

ပိုင်ချန်ဇီ၏ မျက်လုံးများသည် ပြူးကျယ်လာပြီး စကားမပြောနိုင်တော့။ သူသည် မသိစိတ် က တံတွေးတစ်လုတ်ကို မျိုချလိုက်သည်။

ရုတ်တရက် ပိုင်ချန်ဇီသည် တစ်ခုခုကို တွေးမိပုံရပြီး သူ့ဓားကို အလျင်အမြန် စွန့်ပစ်ကာ ပြန်ဆုတ်သွားခဲ့သည်။

သို့သော် သူသည် ခြေတစ်လှမ်း နှေးနေသေးသည်။ ချင်ယွင်သည် လက်တဖက်ကို ဆန့်တန်းလိုက်ပြီး၊ ၎င်းသည် အဆမတန် ကြီးမားလာသည့်အလား ပိုင်ချန်ဇီဆီသို့ ဖမ်းဆုပ် လိုက်သည်ကို မြင်လိုက်ရသည်။

"မဟုတ်ဘူး...မဟုတ်ဘူး" ပိုင်ချန်ဇီသည် ထိုကြီးမားသော လက်ကြီးမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရပြီး ထိတ်လန့်စပြုလာသည်။

"ရပ်" အဝေးမှာ မျက်ခုံးပင့်နေသည့် လင်းထျန်းသည် ထိုအခိုက်တန့်တွင် ငြိမ်မနေနိုင်တော့ ဘဲ ပိုင်ချန်ဇီကို ကယ်တင်ရန် အမြန် ပြေးထွက်သွားခဲ့သည်။

သို့သော်လည်း လင်းထျန်း၏ လှုပ်ရှားမှုများက နှေးကွေးနေသေးသည်။ ချင်ယွင်သည် ထိုလက်ဖဝါးကြီးကို ချက်ချင်း ဆုပ်လိုက်သည်။ ၎င်းသည် ပိုင်ချန်ဇီ၏ ခန္ဓာကိုယ်ကို ဧရာမ လက်ဖဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်သည့်အတိုင်းပင်။ ပိုင်ချန်ဇီ၏ခန္ဓာကိုယ်သည် ရိုက်နှက် ခံရသည့် ခြင်တစ်ကောင်ကဲ့သို့ လုံးဝ ပေါက်ကွဲသွားခဲ့သည်။ သွေးတွေက နေရာအနှံ့ လွင့်စင်သွားသည်။

ထိုမြင်ကွင်းကို လူအုပ်ကြီး မြင်လိုက်ရတော့ လုံးဝကို ဆွံ့အသွားကြပါသည်။

သတ်ဖြတ်မှုတွေကို သူတို့ မြင်ဖူးသော်လည်း ဤမျှထိတ်လန့်စရာကောင်းသည့် မြင်ကွင်း မျိုးကို တစ်ခါမှ မတွေ့ဖူးပါဘူး။

ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးကို လက်ဗလာဖြင့် ချေမွှပစ်ခြင်း။ ထိုသို့တည်ရှိမှု အဆင့်မျိုးသည် ၎င်းတို့၏စိတ်ကူးစိတ်သန်းထက် ကျော်လွန် သွားခဲ့ပြီ ဖြစ်သည်။

မုတ်ဆိတ်ဖြူ အဘိုးအို၏ မျက်လုံးများသည် မီးရူးမီးတိုင်ကဲ့သို့ သူ့စိတ်ထဲတွင် ချောက်ချားမူနှင့်အတူ ချင်ယွင်အား စိုက်ကြည့်နေသည်။

ဤလှုပ်ရှားမှု၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အခြားလူများသည် မြင်နိုင်စွမ်း ရှိကောင်းမှ ရှိနိုင်သော်လည်း ၎င်းလှုပ်ရှားသည် ကြောက်မက်ဖွယ်ကောင်းသည့် လေဟာနယ် လျှို့ဝှက် ဆန်းကြယ်မူဖြစ်သော လက်ဖဝါးထဲမှ ဗုဒ္ဓနိုင်ငံဖြစ်ကြောင်း သူမြင်နိုင်သည်။

မှန်ပါသည်။ ချင်ယွင်သည် လေဟာနယ်ဆိုင်ရာ နက်နဲသိမ်မွေ့မှုကို အမှန်တကယ် အသုံးပြုခဲ့သည်။ သို့သော် မုတ်ဆိတ်ဖြူ အဘိုးကြီး၏ စိတ်ထဲမှ လက်ဖဝါးထဲမှဗုဒ္ဓနိုင်ငံ မဟုတ်ပါ။ တကယ်တော့၊ သူသည် လေဟာနယ်ထိန်းချုပ်ခြင်းနှင့် လေဟာနယ်အေးခဲခြင်း တို့ကို တစ်ချိန်တည်းတွင် အသုံးပြုခဲ့ပြီး၊ ၎င်းကို တစ်လက်မအတွင်းအထိ ချုံ့ကာ၊ ၎င်းကို ထုတ်ဖော်နိုင်ရန် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဤမျှ ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေရခြင်း ဖြစ်ပါသည်။

လင်းထျန်းသည် လုံးဝ ပေါက်ကွဲသွားသော ပိုင်ချန်ဇီကို ကြည့်ရင်း သူ့အမူအရာက မည်းမှောင်သွားသည်။ သူက ချင်ယွင်ကို လှည့်ကြည့်လိုက်ရင်း သူ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ် အပြည့်နှင့်ပင်။

"ငါ မင်းကို ရပ်ခိုင်းနေတယ်လေ။ မင်း ဘာလို့ မရပ်တာလဲ" လင်းထျန်းက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။

ချင်ယွင်က တဟားဟား ရယ်မောပြီး လင်းထျန်းကို ကြည့်ကာ "မင်းက ဘယ်သူလဲ၊ မင်း ပြောတာကို ငါ ဘာလို့ နားထောင်ရမှာလဲ"

ထိုစကားတွေ ပြောပြီးသည်နှင့် လင်းထျန်း၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ချင်စိတ်တွေက ပိုပြင်းထန်လာပြီး ချင်ယွင်ကို ကြည့်သည့် သူ့အကြည့်တွေက သိသိသာသာ မနှစ်မြို့သည့် အမူအရာမျိုး ရှိလာသည်။

"ချာတိတ်လေး၊ မင်းမှာ ခွန်အားရှိလို့ လူတိုင်းကို လျစ်လျူရှုနိုင်မယ်လို့ မထင်လိုက်နဲ့။ ဒီရှေးခေတ် နတ်ဘုရားကမ္ဘာထဲမှာ တစ်ခါတလေ လူတစ်ယောက်ရဲ့ ခွန်အားက သိပ်ပြီး အသုံးမဝင်ဘူးဆိုတာ မင်း နားလည်ထားရမယ်။ ဒါ့အပြင် မင်းက ပြိုင်ဘက်ကင်းလည်း မဟုတ်ဘူး" လင်းထျန်းက သူ့မျက်လုံးထဲမှာ လှောင်ပြောင်သည့် အရိပ်အယောင်ဖြင့် ပြောလိုက်ပါသည်။

"တကယ်လား, ဒါဆို မင်းနောက်ကွယ်က အင်အားစုတွေကို ငါ့ကို ရှာခွင့်ပြုတယ်။ ဒါပေမယ့် မင်း ဒီနေရာကနေ အရင်ထွက်သွားနိုင်မလားဆိုတာ ပြောဖို့တော့ ခက်တယ်။" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။

"မင်းက သေချင်နေတာပဲ" လင်းထျန်းသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး သူ့ဝတ်စုံ လက်မောင်းနှင့် ၀တ်ရုံများက အလိုအလျောက် လွင့်သွားခဲ့သည်။

သို့သော် သူမလှုပ်မီတွင် ဘေးနားရှိ လှပသော အမျိုးသမီးက လှုပ်ရှားနေပြီ ဖြစ်သည်။

ရှည်လျားသော ကြာပွတ်သည် လေဟာနယ်ကို ချက်ခြင်း ဖြတ်သန်းသွားကာ ချင်ယွင်ပေါ် သို့ တိုက်ရိုက် ကျရောက်လာသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်လုံးများက မထင်မရှား အပြုံးရိပ် တစ်ခု ပေါ်လာသည်။

သူသည် ကြာပွတ်ကို မရှောင်တိမ်းဘဲ သူ့လက်ကို ဆန့်တန်းကာ ဆုပ်ကိုင်လိုက်သည်။

အမျိုးသမီးသည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါတွင် သူမနှုတ်ခမ်းပေါ်တွင် အေးစက် သော အပြုံးတစ်ခု ပေါ်လာသည်။ သူမက အေးစက်စွာ ပြောသည် "မင်းက သေချင်နေ တာပဲ”။

ထို့နောက်, ကြာပွတ်သည် ချင်ယွင်ဆီသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ချင်ယွင်၏လက်ဖဝါးက ကြာပွတ်ကို ထိကိုင်လိုက်သည်နှင့် သူ့နီဝမ်နန်းတော်ဆီသို့ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများ တိုးဝင်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။

"နတ်ဘုရားစိတ်ဝိညာဉ် ကြာပွတ်လား။ စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် မင်း ငါ့ရှေ့မှာ မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ်နဲ့ လာကစားတာက, တကယ်ကို ကိုယ့်ကိုယ်ကို ညှဉ်းပန်း နှိပ်စက်မူ လိုက်ရှာနေတာပဲ" ချင်ယွင်က သူ့စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ပြီး တုန့်ဆိုင်းခြင်း မရှိဘဲ ကောင်းကင်ဘုံ၏အလိုဆန္ဒသည် လွတ်ပေးလိုက်ပြီး၊ ထိုတိုက်ခိုက်မှု မှ ထွက်ပေါ်လာသော နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအား စွမ်းအင်အတက်အကျလှိုင်းဆီမှာ ဖောက်ခွဲပစ်လိုက်သည်။

All Chapters