အခန်း ၁၇၀၈
Vol. 114 Ch. 1708
အခန်း (၁၇၀၈) လင်းထျန်းကို သတ်ဖြတ်ခြင်း။
"ဘုန်း.."
ချင်ယွင်၏ ကနဦးစကြာဝဠာအလိုဆန္ဒသည် မိန်းမချော၏ စိတ်ဝိညာဉ်ကို အပြင်းအထန် တိုက်ခိုက်ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
လှပသောအမျိုးသမီးသည် ချက်ချင်းပင် ပါးစပ်ထဲ သွေးများ အုန်ထုတ်လိုက်ရသည်။ သူမသည် ခေါင်းကို တစ်ဖန် မော့လိုက်သည်နှင့် သူမ၏ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျနေပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း ပို၍ပင် အံ့သြသွားကြသည်။
ဤချင်ယွင်၏စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ သူသည် စိတ်ဝိညာဉ် တိုက်ခိုက်ခြင်းကိုပင် မကြောက်ခဲ့ပေ။ ထိုအမျိုးသမီး၏ စိတ်ဝိညာဉ် တိုက်ခိုက် မှုကြောင့် သူ့မှာ မည်သည့်အမှားအယွင်းမှ မရှိခဲ့ဘဲ တစ်ဖက်လူကိုတောင် ဒဏ်ရာရစေခဲ့ပါ သည်။
"မင်း... မင်းက အတိအကျ ဘယ်သူလဲ၊ မင်းရဲ့စိတ်ဝိညာဉ်က ဘာလို့ ဒီလောက် တန်ခိုးကြီး နိုင်မှာလဲ" မိန်းမချောသည် ချင်ယွင်ကို စိုက်ကြည့်နေပြီး သူမမျက်လုံးများတွင် အံ့ဩမှုနှင့် အတူ ပြောစရာစကားမဲ့မှုများ ပြည့်နှက်နေသည်။
သူမသည် နတ်ဘုရား စိတ်ဝိညာဉ်ကို အထူးပြုသော လူတစ်ယောက်ဖြစ်သည်။ သူမ၏ နတ်ဘုရားစိတ်ဝိညာဉ်သည် သာမန်အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် အဆပေါင်းများစွာ အားကောင်းသည်။ သို့သော်၊ ချင်ယွင်ကို တိုက်ခိုက်ရန် သူမ၏နတ်ဘုရား စိတ်ဝိညာဉ်ကို အသုံးပြုလိုက်သည့်အခိုက်တွင်, ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် အနည်းငယ်မျှပင် မလှုပ်ခါနိုင်သည့် နတ်တောင် ကြီးတစ်ခုလို ခံစားလိုက်ရသည်။ ယခုလိုသေးငယ်သွားသည် ခံစားချက်မျိုးကို သူမ ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်း ဖြစ်သည်။
လင်းထျန်းသည် မိန်းမချောလေး၏ စကားကိုကြားသောအခါ သူ့မျက်ခုံးများက ပို၍ပင် နက်ရှိုင်းလာပြီး ချင်ယွင်ကိုကြည့်နေသည့် သူ့အကြည့်တွေက ချက်ချင်းပင် တုနှိုင်းမရ အောင် လေးနက်လာသည်။
ချင်ယွင်သည် မိန်းမချောလေး၏ စကားကိုကြားသောအခါ သူက ရယ်မောပြီး ပြောသည် "ငါက သာမန် ကောင်းကင်နတ်ဘုရားတစ်ပါးပါပဲ၊ ဒါပေမယ့် မင်းတို့နဲ့ ရင်ဆိုင်ရတာ အရမ်းကို လွယ်ကူလွန်းတယ်။ အခု ငါ မင်းတို့ကို အခွင့်အရေးပေးမယ်။ တကယ်လို့, အချိန်မှာ မင်းတို့ထွက်သွားရင်, မင်းတို့အသက်ကို ငါ ချမ်းသာပေးမယ်"
ထိုစကားတွေ ပြောပြီးသည်နှင့် ပတ်ဝန်းကျင်က လူတွေအားလုံး အေးစက်သည့်လေကို ရှုရှိုက်လိုက်ကြသည်။
အို….ကောင်းကင်ဘုံ၊ သူတို့အသက်ကို ချမ်းသာပေးမှာလား။ ဤလင်းထျန်းသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၆ ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူ့ရှေ့က ချင်ယွင်သည်လည်း တကယ်ကို အစွမ်းထက်သည်။
သို့သော်လည်း အစောပိုင်းက ချင်ယွင်၏ စွမ်းဆောင်မှုကို တွေးလိုက်မိသောအခါတွင် အားလုံးက ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြသည်။ အခုလေးတင်, ချင်ယွင်သည် အလွန် ကြီးစိုးပြီး ရဲရင့်လွန်းခဲ့သည်။ ထို့ကြောင့် သူသည် လင်းထျန်းကို တကယ် အနိုင်မယူနိုင်ဘူးဟု မပြောနိုင်ပေ။
သို့သော် လင်းထျန်းသည် ချင်ယွင်၏စကားကို ကြားသောအခါ လုံးဝ မကျေမနပ် ဖြစ်သွားခဲ့သည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် သူ့ကို အလွန်အထင်သေးနေသည်။ ယင်းက သူ့ကို အလွန် ရှက်ရွံ့သွားစေသည်။ သူသည် စောစောက ချင်ယွင်ကို ရပ်တန့်ရန် ပြောခဲ့သည့်အပြင်၊ ချင်ယွင်က တကယ်ကို မရပ်တန့်ခဲ့ပေ။ ယင်းက သူ့ကို ပို၍ပင် အရှက်ရစေသည်။
"ငါ့ကို ချမ်းသာပေးမယ် ဟုတ်လား။ မင်းက သေချင်နေတာလို့ ငါထင်တယ်" လင်းထျန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ကို တိုက်ခိုက်သည်။
သူ့လက်ထဲတွင် အစွမ်းထက်သော နတ်ဘုရားအလင်းတန်းတစ်ခု ပါ၀င်နေပြီး၊ အလွန်မင်း အေးစက်သည့် အအေးဓာတ်က သူ့ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
လူတိုင်းသည် ရေခဲခန်းထဲသို့ ပြုတ်ကျသွားပုံရပြီး ဆက်တိုက် နောက်သို့ ဆုတ်ခွာသွားကြ သည်။
နှင်းရေခဲ အစစ်မှန် အဓိပ္ပါယ်လား..။
ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်စွမ်းအားကို မြင်သောအခါ အထင်သေးဟန်ဖြင့် ရယ်မောလိုက်သည်။
"သေလိုက်စမ်း" လင်းထျန်းသည် ကြောက်မက်ဖွယ် အအေးဓာတ် လှိုင်းလုံးကြီးနှင့်အတူ ဧရာမ လက်ဖဝါးကြီးဖြင့် ချင်ယွင်ဆီသို့ ရိုက်ချရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် တကယ်ကို ရှောင်တိမ်းခြင်းမရှိဘဲ ထိုလက်ဖဝါး ကြီးကို လက်သီးဖြင့် တိုက်ရိုက် ထိုးလိုက်သည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် ချက်ခြင်း ပေါက်ကွဲပြီး နေရာအနှံ့ ရိုက်ခတ်သွားကာ လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
သို့သော်၊ လူတိုင်းသည် ချင်ယွင်၏ရုပ်အသွင်က လေထဲတွင် တောင်ကြီးကဲ့သို့ မလှုပ် မယှက် ရပ်နေပြီး လင်းထျန်း၏ရုပ်အသွင်သည် ချင်ယွင်၏ လက်သီးချက်ကြောင့် နောက်သို့ ပေရာပေါင်းများစွာ ပြန်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်ရတာလဲ" လင်းထျန်းသည် သူ့မျက်လုံးများတွင် မယုံနိုင်သည့် အမူအရာဖြင့် သူ့လက်ဖဝါးကို ကြည့်လိုက်သည်။
သူ တကယ် ရှုံးသွားပြီ။ သူ့ရှေ့က ဤကောင်စုတ်သည် သူ့ထက် တကယ်ကို သန်မာနေသည်လား။
"မင်းကို အခွင့်အရေးတစ်ခု ပေးမယ်လို့ ကြိုပြောထားပြီးသာ။ အခု မင်းက ဒီအခွင့်အရေး ကို အသုံးပြုပြီးသွားပြီ။ မင်းက သေမင်းကို လာရှာနေတာပဲ။ ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့" ချင်ယွင်က အေးစက်စွာ ဟစ်အော်ပြီးနောက် လေဟာနယ်ထဲသို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ထိုခြေတစ်လှမ်းသည် ပေတစ်ရာအကွာမှ လင်းထျန်း၏ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။
လင်းထျန်းသည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အဝေးကို အမြန်ပြေးရန် ကြိုးစားသည်။
သို့သော် ချင်ယွင်က သူ့ကို အခွင့်အရေးမပေးဘဲ လင်းထျန်း၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
"ဖူး…"
ပါးစပ်မှ သွေးများ ဖျန်းခနဲ ထွက်လာပြီး သူ့တစ်ကိုယ်လုံး ချက်ချင်း နောက်ပြန် လွင့်သွား သည်။
လူတိုင်း၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြသည်။
သို့သော် ဤအရာက အဆုံးသတ် မဟုတ်သေးပါ။ ချင်ယွင်၏ရုပ်အသွင်သည် အမှန်တကယ်ပင် သူ့နောက်သို့ လိုက်ပါသွားပြန်သည်။ သူသည် လင်းထျန်း၏ ရင်ဘတ်ထဲ သို့ နောက်ထပ် ကောင်းကင်ပြိုကျပြီး မြေကြီးကွဲအက်လောက်သည့် လက်သီးတစ်ချက် ထိုးသွင်းပြန်သည်။
လင်းထျန်း၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားကာ အဝေးမှ တောင်ထိပ်ပေါ်သို့ ထိုးကျပြီး နတ်တောင်တစ်ခုလုံး ပြိုကျသွားသည်။
ကျောက်တုံးကြီးများ လှိမ့်ဆင်းပြီး နစ်မြုပ်ကုန်သည်။
ချင်ယွင်သည် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး လင်းထျန်း ရှိရာဆီသို့ လှမ်းကြည့် လိုက်ရင်း သူ့မျက်လုံးများက ကျီစယ်မူများဖြင့် ပြည့်နှက်နေသည်။
"ဘုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လင်းထျန်း၏ ရုပ်အသွင်သည် လေထဲတွင် ပေါ်လာသည်။ သို့သော် ထိုအချိန်တွင် သူသည် အလွန်စိတ်မကောင်းဖွယ် အခြေအနေတွင် ဖြစ်နေခဲ့ပြီ။
"ငါ မင်းကို သတ်မယ်" လင်းထျန်းသည် နီမြန်းသော မျက်လုံးများဖြင့် ချင်ယွင်ကို စိုက်ကြည့်ရင်း အရူးအမူး အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ဉပဒေသကွင်းဆက်များလည်း သူ့ခန္ဓာကိုယ်မှ ထွက်လာခဲ့သည်။ ထို့နောက် ရေခဲပြင်မှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသော ဧရာမနဂါးကြီးသည် လေထဲတွင် ပေါ်လာပြီး ချင်ယွင်ကို ဖွင့်လှစ်ထားသော သွားများ ခြေသည်းများဖြင့် ဆုပ်ကိုင်လိုက်သည်။
ချင်ယွင်က တဟားဟား ရယ်မောပြီး ရေခဲမှဖြစ်တည်လာသည့် ဧရာမနဂါးကြီးကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။
ဧရာမနဂါးကြီးသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ကာ အရပ်ရပ်သို့ ပြန့်ကျဲသွားသည်။
ဘန်း…။
ထိုအချိန်တွင် အလွန်ထက်မြက်သော အလင်းတန်းတစ်ခုက ချင်ယွင်၏ နဖူးဆီကို တိုက်ခိုက်လာသည်။
၎င်းသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်နေသော လှံရှည်တစ်လက်ဖြစ်သည်။ ထိုအအေးဓာတ်ဖြင့်ပင် သာမန် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများကို အေးခဲသွားစေနိုင်သည်။
သို့သော် ယခုအချိန်တွင် သူသည် ချင်ယွင်ကို ရင်ဆိုင်နေရသည်။ ချင်ယွင်သည် အချိန် အတော်ကြာကတည်းက ပြင်ဆင်ထားပုံရသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လှံကို လက်တစ်ဖက်နှင့် ဖမ်းဆုပ်လိုက်သည်။
လှံသည် လေဟာနယ်ကို ထိုးဖောက်ပြီး ချင်ယွင်၏ နဖူးရှေ့ တစ်လက်မခန့်အကွာ၌ ရပ်တန့်သွားသည်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး! ငါ့ရဲ့နှင်းရေခဲ အစစ်အမှန် အနှစ်သာရကို မင်း ဘယ်လို တားဆီးနိုင်မှာလဲ။" လင်းထျန်းသည် ဤအရာအားလုံးကို လက်မခံနိုင်ဘဲ မလိုလားဟန် ဖြင့် အော်ပြောလိုက်သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က လှောင်ပြုံးပြုံးပြီး လှံကိုချိုးရန် သူ့ခွန်အားကို အနည်းငယ် အသုံးပြုလိုက်သည်။
ဖျစ်...။
လှံကျိုးသွားသည့်အသံသည် လင်းထျန်း၏ နားထဲတွင် ထွက်ပေါ်လာပြီး သူ့ကို လုံးဝ ဆွံ့အသွားစေသည်။
သို့သော် သူအသိအာရုံ ပြန်မရခင်မှာ ကျိုးနေသောလှံတစ်ပိုင်းက သူ့နှလုံးသားကို ဖောက်ထွက်ပြီး သူ၏နီဝမ်နန်းတော်နှင့်အတူ ပြိုကွဲသွားခဲ့ပြီ။
လင်းထျန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ့လှံချက်အောက်မှာ သူ သေရလိမ့်မည် ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။
ဘန်း…။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လင်းထျန်း၏ ခန္ဓာကိုယ်သည် ပြိုလဲကျသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိလူတိုင်း ချောက်ချားမူကြောင့် စိတ်အာရုံခံစားမူများ ပျောက်ဆုံးသွားကြ သည်။ သူတို့အားလုံးသည် လင်းထျန်း၏ ပြိုလဲနေသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေကြပြီး သူတို့၏အကြည့်များက မှုန်မှိုင်းနေသည်။
ချင်ယွင်သည် လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကို လျစ်လျူရှုလိုက် သည်။ ယင်းအစား သူက လှပသည့်အမျိုးသမီးကို ကြည့်ပြီး ပြုံးရင်း မေးလိုက်သည် "ဘာကို ရွေးချယ်မလဲ၊ သေမလား ဒါမှမဟုတ် ထွက်သွားမလား။"
ချောမောလှပသော အမျိုးသမီး၏ မျက်နှာသည် မည်သည့်အမူအရာမှ မရှိဘဲ အေးစက်နေ ၏။ သူမ၏ မျက်လုံးတစ်စုံက ချင်ယွင်ကို ထိုးဖောက်၍ မြင်ချင်နေသည့်အလား စိုက်ကြည့် နေသည်။
"ငါနေဖို့ ရွေးချယ်တယ်။ ဒါပေမယ့် မင်းကို တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ဘာလို့ဆို ငါ မင်းကို မနိုင်လို့ပဲ " လှပသော အမျိုးသမီးက ပြောသည်။
ချင်ယွင် ကြက်သေသေ ဖြစ်သွားခဲ့သည်။ ဤအမျိုးသမီး၏ ဆက်နေရန် ရွေးချယ်ခြင်းက မည်သည့်အရာကို ဆိုလိုပါသနည်း။
သို့သော် ချင်ယွင်သည် ထိုမိန်းမလှ၏ နောက်ထပ် စကားကြောင့် လုံးဝကို ဆွံ့အသွားကာ တခဏတာအတွင်း မည်သို့ပြန်ဖြေရမှန်း မသိခဲ့ပေ။
"ငါက မင်းရဲ့မိန်းမ ဖြစ်ပေးနိုင်တယ်။ မင်းအနေနဲ့ ငါ့ရဲ့စိတ်ဝိညာဉ်ကို အစွမ်းထက်လာ အောင် သင်ကြားပေးနေသမျှ မင်း လုပ်စေချင်တာမှန်သမျှ ငါ လုပ်ပေးမယ်" ထို မိန်းမချော သည် တောင်းပန်သည့်လေသံဖြင့် ပြောသည်။
ချင်ယွင် အလွန်အံ့ဩသွားရသည်။ သူ့ရှေ့မှ ဤအမျိုးသမီးကို မည်သို့ငြင်းရမှန်း သူ မသိသ လို၊ သူမသည် အဘယ်ကြောင့် ထိုသို့တောင်းဆိုရလဲဆိုသည်ကိုလည်း သူ မသိပါဘူး။