အခန်း ၁၇၀၉
Vol. 114 Ch. 1709
အခန်း (၁၇၀၉) ကောင်းကင်ဘုံတံဆိပ်။
"မင်းရဲ့စိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်မယ့်နည်းလမ်း ငါ သင်ပေးနိုင်တယ်လို့ မင်း ဘာကြောင့် အခိုင်အမာ ပြောရတာလဲ။ ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။
နတ်ဘုရားစိတ်ဝိညာဉ် ကျင့်ကြံခြင်းပညာရပ်ကို သင်ယူရန်အတွက် သူမ၏ ခန္ဓာကိုယ်ကို ရောင်းချရန် ဆန္ဒရှိသော အမျိုးသမီးတစ်ဦး အမှန်တကယ် ရှိနေခဲ့သည်။ သူ့တွင် နတ်ဘုရား စိတ်ဝိညာဉ် ကျင့်ကြံခြင်းပညာရပ် တစ်စုံတစ်ခုမှ မရှိသည်ကို မဆိုထားနှင့်၊ အကယ်၍, သူ့မှာ ရှိခဲ့လျှင်ပင်, သူသည် ဤအမျိုးသမီး၏တောင်းဆိုချက်ကို သူသဘောတူ မည် မဟုတ်ပေ။
အကယ်၍, သူမသည် သူ့မိန်းမ ဖြစ်ချင်သည်ဆိုလျှင်ပင်, သူ့ရှေ့မှ ဤအမျိုးသမီးသည် အရည်အချင်းပြည့်မှီပုံ မပေါ်ပါဘူး။
"ငါ သန်မာဖို့ လိုတယ်။ ငါ သန်မာနေမှပဲ ဒီနတ်ဘုရားကပ်ဘေးဒုက္ခကို ငါ ရင်ဆိုင်နိုင်မှာ" လှပသော အမျိုးသမီးက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ သူမ၏ မျက်လုံးထဲမှ ပြတ်သားမူက ချင်ယွင်ကို ပြန်လည်ချေပရန် ခွန်အားမရှိ ဖြစ်စေခဲ့သည်။
"မင်း ထွက်သွားနိုင်ပြီ။ ငါ့မှာ မင်းကို သင်ပေးစရာ ဘာမှမရှိဘူး။ ငါ့စိတ်ဝိညာဉ် အရမ်းသန်မာရတဲ့ အကြောင်းရင်းကလည်း ကျင့်ကြံမှုကြောင့် မဟုတ်ဘူး။" ချင်ယွင်က ငြင်းလိုက်သည်။
ချင်ယွင်၏စကားကို ကြားသောအခါ, သူမသည် တခဏကြာ တိတ်ဆိတ်သွားပြီးနောက်, ခေါင်းညိတ်ကာ ပြောလိုက်သည် "ကောင်းပြီလေ"
ထိုစကားကို ပြောပြီးနောက် မဆိုင်းမတွ ထွက်ခွာသွားပြီး လူတိုင်း၏ အမြင်အာရုံထဲတွင် အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်မှာ လူတိုင်း အလွန်မင်း အံ့သြသွားကြသည်။ ချင်ယွင်သည် သူမကို သတ်နိုင်ပါလျှက် အဘယ့်ကြောင့် ထိုအမျိုးသမီးကို လွှတ်ပေးရသည်ကို သူတို့ နားမလည်ကြပါဘူး။
"ဂျူနီယာ ညီငယ်၊ မင်းက ဘာလို့ သူမကို မသတ်လိုက်တာလဲ။ ဒါမှမဟုတ် သူမကို လက်ခံမလို့လား” လျှိုဖန်းဟွာက ပြုံးပြီး ချင်ယွင်ဆီကို လျှောက်လာရင်း ငြိမ်သက်မူကို အနှောင့်ယှက်ပေးလိုက်သည်။
ချင်ယွင်က ပြုံးပြီး ပြောသည် "ဘာမှမဟုတ်ပါဘူး။ အခုနမှ သူမမျက်လုံးထဲက အကြည့်တွေက ငါကိုယ်ငါ ပြန်မြင်သလိုမျိုး ခံစားရစေတယ်။ သူ့မှာ အသက်ရှင်ရမယ်ဆို တဲ့ အကြောင်းပြချက်ရှိနေတယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမယ့် သူမက ငါ့လို ကံမကောင်းဘူးလေ”။
ဟုတ်ပါသည်၊ သူသည် တကယ်ကို ကံကောင်းခဲ့ပါသည်။
လျှောက်လှမ်းခဲ့သည့် လမ်းတစ်လျှောက်တွင် သူသည် ပထမဆုံး သူ့ဆရာသခင် ရှေးဟောင်းတာအိုနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် မိုးပြာဧကရာဇ်၊ ယခုအခါ သူသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကိုပင် ရရှိထားပြီး၊ ယင်းကြောင့်ပင် သူသည် ယနေ့ ဤအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
ကျွမ်းကျင်ပညာရှင်များစွာ၏ နှစ်သက်သဘောကျမှုကို ရရှိခြင်း၊ စကြဝဠာကြီးတစ်ခုကို ဖန်တီးရန် ဤမျှ အစွမ်းထက်သော ကျင့်ကြံခြင်းနည်းလမ်းကို လက်ဆင့်ကမ်းပေးခံရခြင်း စသည်တို့ကို ထောက်ဆလျှင် သူ့လို မည်သူမျှ ကံမကောင်းနိုင်ဟု ယူဆ၍ရပါသည်။
"အဖေ အမေ၊ တစ်နေ့တော့ သား အဖေအမေတို့ကို ရှာတွေ့မှာပါ" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး သူ့အကြည့်တွေက ပိုပိုပြီး ပြတ်သားလာသည်။
သူသည် အချိန်ဘိုးဘေးနတ်ဘုရားကိုရှာပြီး သူ့မိဘများ၏ တည်နေရာကို မေးမြန်းရန် အတွက် ရှေးခေတ်နတ်ဘုရားကမ္ဘာထဲကို ဝင်ရောက်လာခဲ့ခြင်း မဟုတ်ပါလား။ ယခုအခါ တွင်၊ သူသည် အချိန်ဘိုးဘေးနတ်ဘုရား၏ သဘောတူညီချက်နှင့် နီးကပ်လာလေပြီ။
သူ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်၏ ထိပ်တန်းဆယ်ဦးတွင် ဝင်ရောက်နိုင် သရွေ့၊ အချိန်ဘိုးဘေးနတ်ဘုရားကို မြင်တွေ့နိုင်မည် ဖြစ်သည်။ ယခု၊ သူသည် ထိပ်ဆုံး ဆယ်နေရာနှင့် မဝေးလှသည့် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၈၀ နှင့် ညီမျှသည့်အစွမ်းမျိုး ရှိနေပြီ။
ထို့အပြင်၊ သူ၏ကျင့်ကြံမှုသည် မြေကမ္ဘာနတ်ဘုရား အထွတ်အထိပ်တွင် ရှိနေသေးသည်။ သူဖြတ်ကျော်ပြီးသည်နှင့် သူ့စွမ်းအားတွေ တိုးလာမည်မှာ သေချာပါသည်။
သို့သော် ဤအဆင့်ချိုးဖြတ်မူသည် လွယ်ကူမည် မဟုတ်ပေ။ ၎င်းသည် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။ ချင်ယွင်သည် ထိုကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ၏ အတိုင်းအတာကို မခန့်မှန်းနိုင်ပေ။
"ချင်ယွင်... မင်းပြန်လာပြီ" ထိုအချိန်တွင် ဝူဒေါင်ဇီသည် သူ၏ဒဏ်ရာမှ ပြန်လည် ကောင်း မွန်လုနီးပါးဖြစ်နေပြီး ချင်ယွင်ဆီသို့ လျှောက်လှမ်းလာနေပါသည်။
"အစ်ကိုကြီး၊ အဆင်ပြေရဲ့လား" ချင်ယွင်က မေးသည်။
ဝူဒေါင်ဇီက သူ့လက်ကို ဝှေ့ယမ်းပြီး အဆင်ပြေကြောင်း ပြသသည်။ ယခုအချိန်တွင် သူသည် ချင်ယွင်ရှေ့တွင် မည်သည့်ဝင့်ကြွားမူမှ ရှိမနေတော့ပေ။ တကယ်လည်း ချင်ယွင်၏ ခွန်အားက သူ့ထက်သာလွန်ပါသည်။
"ဟုတ်သားပဲ၊ စီနီယာအစ်ကိုကြီး၊ သူတို့ ပြောနေကြတဲ့ ကောင်းကင်ဘုံတံဆိပ်က ဘာလဲ၊ ဒီလူတွေက ဘာလို့ အရမ်းဂရုစိုက်ကြတာလဲ" ချင်ယွင်က မေးသည်။
ချင်ယွင်၏မေးခွန်းကို ကြားတော့ ဝူဒေါင်ဇီနှင့် အခြားသူများသည် သူတို့၏မျက်နှာပေါ်တွင် လေးနက်မှုအရိပ်အယောင်ကို ဖော်ပြလာခဲ့ကြသည်။ အောက်ဆင်းပြီး ပြောကြရအောင်”။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဘုံတံဆိပ်သည် အလွန်အရေးကြီးကြောင်း သူသိပြီး ဤနေရာသည် သူ့အတွက် နောက်ထပ် စကားဆက်ပြောရန် မသင့်တော်ကြောင်း သူ သိသည်။
…
ဝူဒေါင်ဇီ၊ မုတ်ဆိတ်ဖြူ အဘိုးကြီး၊ ရှောင်ယု၊ လျှိုဖန်းဟွာ၊ ချင်ယွင် ယွမ်ရှီရှီ လင်းဘနှင့် ကျန်းဟွာတို့သာ တောင်မြိုနတ်ဘုရားနန်းတော်၏ အနက်ရှိုင်းဆုံး ခန်းမထဲတွင် ရှိနေတော့သည်။
ပတ်ဝန်းကျင်တွင် ကန့်သတ်ချက်တစ်ခုကို ချမှတ်ထားပြီးဖြစ်သောကြောင့် အခြားသူများ သည် နတ်ဘုရားစိတ်ဝိညာဉ်များကို ခိုးကြောင်ခိုးဝှက် အသုံးပြုထားလျှင်ပင် သူတို့စကား ကို အခြားသူများကြားရန်မှာ မဖြစ်နိုင်ပေ။
"ချင်ယွင် ငါ မင်းကို မိတ်ဆက်ပေးပါရစေ။ ဒါက တောင်မြိုနတ်ဘုရားနန်းတော်ရဲ့ စီနီယာ ရှီးယန်ရှန်ပါ။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၁၁ မှာ ရှိတယ်။" ဝူဒေါင်ဇီက မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးကို ညွှန်ပြပြီး သူ့ကို ချင်ယွင်နှင့် မိတ်ဆက်ပေးသည်။
"ဂျူနီယာ ချင်ယွင်က စီနီယာကို နှုတ်ဆက်ပါတယ်။" ချင်ယွင်သည် အဖိုးအိုကို ကြည့်ကာ ပြောလိုက်သည်။
"ငါ မခံယူဝံ့ပါဘူး၊ မခံယူဝံ့ပါဘူး။ သခင်လေးချင်ရဲ့ ခွန်အားကို အခုနက တွေ့ပြီးပါပြီ။ သခင်လေးချင် စိတ်ထဲမထားရင် ငါ့ကို အစ်ကိုရှီလို့ ခေါ်လိုက်ပါ။ ငါ မင်းကို ညီအစ်ကို ချင်လို့ခေါ်မယ် ဘယ်လိုလဲ။" မုတ်ဆိတ်ဖြူ အဘိုးကြီးက ခပ်မြန်မြန် ပြုံးလိုက်သည်။
"ဟုတ်ကဲ့ပါ" ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ သူသည် တောင်မြိုနတ်ဘုရား နန်းတော်၏ နန်းတော်သခင်အပေါ် ကြင်နာမူများစွာကို ခံစားမိသည်။
"ဂျူနီယာ ညီငယ်ချင်၊ ဒီသုံးယောက်က ဘယ်သူလဲ။" ဝူဒေါင်ဇီသည် ယွမ်ရှီရှီ, လင်းဘနှင့် ကျန်းဟွာတို့ကို ကြည့်ကာ မေးလိုက်သည်။
ယွမ်ရှီရှီနှင့် အခြားသူများသည် ချင်ယွင်၏မိန်းမဖြစ်ကြောင်း သဘာဝကျကျ ပြောနိုင်သော် လည်း လင်းဘနှင့် ကျန်းဟွာတို့ကရော။ သူတို့၏ သားသမီးတွေများ ဖြစ်နိုင်မလား။
လူတိုင်းက လင်းဘနှင့် ကျန်းဟွာတို့ကို ဝေခွဲမရဖြစ်နေသည့် အကြည့်များဖြင့် ကြည့်နေ သည်ကို မြင်တော့ ချင်ယွင်က ပြုံးပြီး ရှင်းပြသည် "သူမနာမည်က ယွမ်ရှီရှီ။ သူမက ကျွန်တော့်မိန်းမပါ။ ဒီဆယ်ကျော်သက်နှစ်ယောက်ကတော့ တားမြစ်နတ်ဘုရားတောအုပ် ကနေ ကျွန်တော် ခေါ်ထုတ်လာခဲ့တာ။ သူတို့ကို ဆယ်ကျော်သက်ဆိုတာလောက်ပဲ မကြည့်နဲ့။ တကယ်တော့ သူတို့နှစ်ယောက်စလုံးက ကောင်းကင်နတ်ဘုရား အဆင့်သတ် မှတ်ချက်မှာ ထိပ်တန်း ၂၀ ဖြစ်နိုင်ပေမယ့်၊ သူတို့က စာရင်းထဲမှာ မပါဝင်ဘူး။"
"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ထိပ်တန်း ၂၀ လား…" လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ချင်ယွင်၏ ခွန်အားသည် လုံလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေပြီဟု မူလက သူတို့ ထင်ထားခဲ့ကြသော်လည်း ထိုလူငယ်နှစ်ဦးသည် ပို၍ပင် ကြောက်စရာကောင်းနေ မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။
ချင်ယွင်က ပြုံးလိုက်သည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး ၂၀ ဆိုသည်မှာ ယာယီမျှသာ ဖြစ်သည်။ အနာဂတ်တွင်၊ သူတို့နှစ်ဦးစလုံးသည် မဟာနတ်ဆိုး နတ်ဘုရားများအဖြစ် တည်ရှိလာမည် ဖြစ်သည်။
သို့သော် ချင်ယွင်က ထိုလျှို့ဝှက်ချက်များကို မပြောပြနိုင်ပေ။
ချင်ယွင်သည် လင်းဘနှင့်ကျန်းဟွာတို့ကို လူတိုင်းက ပိုပြီး အာရုံမစိုက်စေချင်သည့်အတွက် သူက အကြောင်းအရာ ပြောင်းပြီး ပြောသည် "စီနီယာအစ်ကို၊ အခုမှ ကျွန်တော် မေးထား တဲ့ ကောင်းကင်ဘုံတံဆိပ်ဆိုတာက အတိအကျ ဘာလဲဆိုတာ မဖြေရသေးဘူး"
ချင်ယွင်၏အမေးကိုကြားတော့ ဝူဒေါင်ဇီနှင့် အခြားသူများသည် လင်းဘနှင့်ကျန်းဟွာတို့မှ အကြည့်များကို ရုတ်သိမ်းလိုက်ကြသည်။ သူတို့က ချင်ယွင်ကို ကြည့်ပြီး ပြောသည် "နတ်ဘုရားကပ်ဘေးဒုက္ခက ပေါက်ကွဲထွက်ပေါ်လာတော့မယ်ဆိုတာ မင်းတို့လည်း သိပြီးသားလို့ ငါထင်တယ်"။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး "ဖြစ်နိုင်တာက ဒီကောင်းကင်ဘုံတံဆိပ်က နတ်ဘုရား ကပ်ဘေးဒုက္ခနဲ့များ ဆက်စပ်နေမလား?"
"မှန်တယ်၊ ဒီကောင်းကင်ဘုံတံဆိပ်က နတ်ဘုရားကပ်ဘေးဒုက္ခနဲ့ ဆက်စပ်နေတယ်။ တစ်နည်းပြောရရင် ဒီကောင်းကင်ဘုံတံဆိပ်က နတ်ဘုရားကမ္ဘာကြီး ပေါက်ကွဲခြင်းရဲ့ အစပဲ" ဝူဒေါင်ဇီက ရှင်းပြသည်။
ချင်ယွင် အံသြသွားသည်။ ဤကောင်းကင်ဘုံတံဆိပ်သည် နတ်ဘုရားကမ္ဘာ ပေါက်ကွဲခြင်း နှင့် မည်သို့ ဆက်စပ်နေသနည်း။
ချင်ယွင်၏သံသယများကို မြင်နေရဟန်ဖြင့် ဝူဒေါင်ဇီက ပြောသည် "တကယ်တော့ ကောင်းကင်ဘုံတံဆိပ်က တစ်ခုထက်မက ရှိတယ်။ စုစုပေါင်း ၁၂ ခု ရှိတယ်။ ကောင်းကင်ဘုံတံဆိပ်အားလုံးကို စုဆောင်းနိုင်တာနဲ့ ငါတို့က ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး နတ်ဘုရားအရင်းအမြစ်ကို ထုတ်ဖော်နိုင်တယ်"
"ကောင်းကင်ဘုံတံဆိပ် ၁၂ ခု၊ ကောင်းကင်ဘုံတံခါးကို ဖွင့်ခြင်း၊ နတ်ဘုရားအရင်းအမြစ်၊ အဲဒါတွေက ဘာလဲ။" ချင်ယွင်သည် လုံးဝ အံသြသွားသည်။
ဝူဒေါင်ဇီ ပြောခဲ့သော စကားသုံးမျိုးသည် သူ တစ်ခါမှ မကြားဖူးပေ။
သို့သော် ဝူဒေါင်ဇီ၏ နောက်ပိုင်းပြောခဲ့သည့် စကားတွေက ချင်ယွင်ကို လုံးဝ မှင်သက်သွား စေသည်။
"နတ်ဘုရား အရင်းအမြစ်က ဘာလဲဆိုတာ မင်း မသိနိုင်ပေမယ့် နတ်ဘုရား အရင်းအမြစ် ကို မင်း ရရှိပြီးတာနဲ့ မင်းဟာ ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ကျော်လွန်ပြီး အကြီးမြတ်ဆုံး အုပ်စိုးရှင်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တယ်။ ဒါကလည်း နတ်ဘုရား ကပ်ဘေးဒုက္ခတွေ ပေါက်ဖွားလာရတဲ့ အကြောင်းရင်းပဲ။" ဝူဒေါင်ဇီက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်က လုံးဝကို တုန်လှုပ်သွားသည်။
အကြွင်းမဲ့အုပ်စိုးရှင်နတ်ဘုရား....။
ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ကျော်လွန်၍ တည်ရှိမူလား။
သို့သော် ချင်ယွင် ထိတ်လန့်နေစဉ်မှာ ဝူဒေါင်ဇီက သူ့လက်ဖဝါးကို လှန်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် အလင်းအမှတ်အသားတစ်ခု ပေါ်လာသည်။
ထိုအလင်းတံဆိပ်၏ ထွက်ပေါ်လာမူနှင့်အတူ၊ ခန်းမတစ်ခုလုံးသည် အနှိုင်းမဲ့ တောက်ပ သော နှင်းများဖြင့် လင်းထိန်နေပြီး၊ ၎င်းထံမှ ထွက်ပေါ်လာသည့် နှိုင်းယှဉ်မရအောင် တန်ခိုးကြီးသော ကောင်းကင်ဘုံတန်ခိုး၏ စွမ်းအင်အတက်အကျလှိုင်း တစ်ခုလည်း ရှိနေသည်။
"ဒါက... ကောင်းကင်ဘုံတံဆိပ်များ ဖြစ်နိုင်မလား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။