← Chapters

အခန်း ၁၇၁၀

Vol. 114 Ch. 1710

အခန်း ၁၇၁၀

Vol. 114 Ch. 1710

အခန်း (၁၇၁၀) နတ်ဘုရားကပ်ဘေးဒုက္ခ၏အစနှင့်အဆုံး

ချင်ယွင်သည် ဝူဒေါင်ဇီ၏ လက်ဖဝါးပေါ်တွင် လွင့်မျောနေသော ကောင်းကင်ဘုံတံဆိပ်ကို သူ့မျက်နှာပေါ်တွင် သိလိုစိတ်ပြင်းပြသော အမူအရာဖြင့် ကြည့်နေသည်။

ဘန်း…။

ဝူဒေါင်ဇီသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ဘုံတံဆိပ် သည် ချင်ယွင်၏ရှေ့သို့ တိုက်ရိုက် ပျံသန်းသွားသည်။

ထိုမှသာ ချင်ယွင်သည် ကောင်းကင်ဘုံတံဆိပ်၏ အစစ်အမှန် အသွင်အပြင်ကို မြင်နိုင်ခဲ့ သည်။ ၎င်းသည် လွင့်မျောနေသော အလင်းစာလုံးတစ်ခု ဖြစ်သည်။ သို့သော်၊ ဤစာလုံး သည် နတ်ဘုရားကမ္ဘာ၏ ဘာသာစကားမဟုတ်သလို ချင်ယွင် သိသော ဘာသာစကား လည်း မဟုတ်ပေ။

"ဒါက စကြာဝဠာအုပ်စိုးရှင်နယ်မြေရဲ့ ဘာသာစကားပဲ။" ထိုအချိန်တွင် လျှိုဘို၏အသံက ထွက်ပေါ်လာသည်။

"စကြာဝဠာ အုပ်စိုးရှင်နယ်မြေလား။ အဲဒါက ဘာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ကောင်စုတ်လေး၊ ဒီလောက်အများကြီး လိုက်စိုးရိမ်စရာ မလိုဘူး။ မင်းဖန်တီးထားတဲ့ စကြာဝဠာနဲ့ မင်းတို့နေထိုင်တဲ့ ဒီစကြာဝဠာဟာ စကြာဝဠာအုပ်စိုးရှင်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုပဲဆိုတာ မင်း သိထားရင်ရပြီ။ စကြာဝဠာ အုပ်စိုးရှင်နယ်မြေဟာ မင်းတို့ရဲ့ စကြာဝဠာမျိုး စကြဝဠာပေါင်း ၁၀ ဘီလီယံထက်မနည်း ရှိပြီး၊ အဲဒီစကြာဝဠာ အုပ်စိုးရှင်နယ်မြေထက် ပိုကြီးတဲ့ ကမ္ဘာကြီးတစ်ခုရှိနေတယ်" လျှိုဘိုက ထပ်ပြောသည်။

ချင်ယွင်သည် ဤအရာကို သူ့စိတ်ထဲတွင် မှန်းဆထားပြီး ဖြစ်သော်လည်း၊ သူသည် အလွန်မင်း တုန်လှုပ်သွားရဆဲပင်။

စကြာဝဠာအုပ်စိုးရှင်နယ်မြေသည် စကြဝဠာပေါင်း ၁၀ ဘီလီယံကို ပိုင်ဆိုင်ထားပါသလား။

အဲဒီစကြာဝဠာအုပ်စိုးရှင်နယ်မြေထက် ပိုကြီးသည့် ကမ္ဘာကြီးတစ်ခု ရှိနေသေးလား။

ဤနည်းဖြင့် သူသည် အလွန်သေးငယ်သည်ဟု ခံစားမိသည်။ သူသည် သူ့ကိုယ်ပိုင် စကြဝဠာကို ဖန်တီးခဲ့သော်လည်း သူ့အတွက် စောင့်မျှော်နေသည့် ပိုကြီးသည့် ကမ္ဘာတစ်ခု ရှိနေသည်ကို သူ တွေ့ရှိခဲ့ရသည်။

"ဒါဆို ကောင်းကင်ဘုံတံဆိပ်ထဲက စကားလုံးတွေက အတိအကျ ဘာကို ကိုယ်စားပြုတာ လဲ" ချင်ယွင်က ဆက်မေးသည်။

"ဒါက စကြာဝဠာအုပ်စိုးရှင်နယ်မြေအတွင်းက လျှို့ဝှက်စာလုံး ၁၂ ထဲက တစ်ခုပဲ။ နတ်ဘုရားကမ္ဘာရဲ့ ဘာသာ စကားအရဆို ဒါက အမှန်ပဲ။ ငါကြောက်တာက, ဒီလို စာလုံး မျိုး ဖန်တီးနိုင်တဲ့လူ ဒီစကြာဝဠာထဲမှာ ရှိနေမှာကိုပဲ။" လျှိုဘိုက ပြောသည်။

"မင်းက စကြာဝဠာရဲ့ အုပ်စိုးရှင်ကို ဆိုလိုတာလား။" ချင်ယွင်က အံ့အားသင့်စွာ မေးလိုက် သည်။

သူသည် ကောင်းကင်ဘုံတံဆိပ်မှ ရင်းနှီးသော အငွေ့အသက်ကို ခံစားလိုက်ရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"မင်းတို့ ပြောနေတဲ့ နတ်ဘုရားကပ်ဘေးဒုက္ခက သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်မှာ ငါ ကြောက်မိတယ်။ အဲဒါကို စကြဝဠာရဲ့တန်ခိုးစွမ်းအားနဲ့ တမင်တကာ ဖန်တီးထားတာ။ သူ့ရဲ့ရည်ရွယ်ချက်ကိုတော့ ငါ ခန့်မှန်းလို့ မရသေးဘူး။" လျှိုဘိုက ထပ်ပြောသည်။

ထိုစကားကို ကြားတော့ ချင်ယွင်က မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုစကြာဝဠာသခင်သည် ကောင်းကင်ဘုံတံဆိပ်ကို ဖန်တီးနိုင်သော်လည်း အပိုင်း ၁၂ ပိုင်း ခွဲထားခဲ့သည်။ ကောင်းကင်ဘုံတံဆိပ် ၁၂ ခုကို စုဆောင်းခြင်းဖြင့်၊ သူသည် ကောင်းကင်ဘုံ တံခါးကို ဖွင့်နိုင်ခဲ့ပြီး၊ ဤစကြဝဠာ၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်တစ်ပါး ဖြစ်လာနိုင်သည်။

သို့သော် စကြဝဠာသခင်သည် အဘယ်ကြောင့် ထိုသို့ပြုရသနည်း။ ချင်ယွင်သည် ဤကိစ္စက ထင်သလောက် မရိုးရှင်းဟု ခံစားရသည်။ ထိုစကြဝဠာသခင်သည် ထိုသို့ ပြုလုပ်ရာ၌ ရည်ရွယ်ချက် ရှိရမည်။

"တခြား ကောင်းကင်ဘုံတံဆိပ် ၁၁ ခုက ဘယ်မှာလဲ" ချင်ယွင်က ဝူဒေါင်ဇီကို ကြည့်ကာ မေးသည်။

သို့သော်၊ ဝူဒေါင်ဇီက ခေါင်းယမ်းပြီး ပြောသည် "ကောင်းကင်ဘုံတံဆိပ် ၁၂ ခုက ရှေးခေတ် နတ်ဘုရားကမ္ဘာတစ်ခွင်လုံး ပြန့်ကျဲနေပေပြီ။ အဲဒီတံဆိပ်တွေက အချိန်ကာလ တစ်ခု အထိ ပေါ်လာဦးမှာ မဟုတ်ဘူး။ အခုအချိန်မှာ ငါ့ကောင်းကင်ဘုံတံဆိပ်က ကောင်းကင်ဘုံ တံဆိပ် ၁၂ ခုထဲက ပထမဆုံးတစ်ခုပဲ။ အခြား ၁၁ ခုက မပေါ်လာသေးဘူး။"

ထိုစကားကိုကြားတော့ ချင်ယွင်က လေးလေးနက်နက် တွေးလိုက်မိသည်။

ဝူဒေါင်ဇီသည် ကောင်းကင်ဘုံတံဆိပ်၏ ပထမဆုံးအပိုင်းကို ရရှိလောက်အောင် အလွန် ကံကောင်းမည်ဟု မည်သူ ထင်ထားမည်နည်း။ သူသည် အခြားသူများ၏ အာရုံစိုက်မူကို ဆွဲဆောင်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

“ဒါဆို နတ်ဘုရားကပ်ဘေးဒုက္ခက အတိအကျ ဘယ်တော့လာမှာလဲ” ချင်ယွင်က ထပ်မေး သည်။

ဤနတ်ဘုရားကပ်ဘေးဒုက္ခတွင် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း၊ ကောင်းကင်ဘုံ တံဆိပ်နှင့် မည်သို့ဆက်စပ်မှုရှိနေသနည်း။ ဤအရာများကို သူ နားမလည်သေးပါ။

ချင်ယွင် မေးမြန်းလာသည်ကို မြင်တော့ ဝူဒေါင်ဇီက အသက်ပြင်းပြင်းရှူပြီး ပြောသည် "တကယ်တော့၊ နတ်ဘုရားကပ်ဘေးဒုက္ခက ပထမဆုံး ကောင်းကင်ဘုံတံဆိပ် ထွက်ပေါ် လာမူနဲ့အတူ စတင်နေပြီ။ နောက်ဆုံး ကောင်းကင်ဘုံတံဆိပ်ကို ရှာမတွေ့မချင်း၊ နတ်ဘုရားကပ်ဘေးဒုက္ခက ဆုံးခန်းတိုင်မှာ မဟုတ်ဘူး" ဒီအချိန်ကာလအတွင်းမှာ ကမ္ဘာကြီးသုံးခုမှာရှိတဲ့ သက်ရှိအားလုံး နတ်ဘုရားကပ်ဘေးဒုက္ခကို ခံစားကြရလိမ့်မယ်။ ဒီကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်ပြီးမှပဲ ရှင်သန်ခွင့်ရမယ်။ ဒါ့အပြင် လူတစ်ဦးချင်း စီရဲ့ ကပ်ဘေးဒုက္ခတွေက ကွဲပြားပြီး၊ ကြုံတွေ့ရတဲ့ ကပ်ဘေးဒုက္ခအရေအတွက်ကလည်း ကွဲပြားတယ်။ အချို့ဆို ကိုယ့်နတ်ဘုရားကပ်ဘေးဒုက္ခကိုတောင် မသိလိုက်ဘဲ ဖြတ်သန်း ခဲ့ရပြီး အချို့ကတော့ မိမိတို့ရဲ့ရှင်ခြင်း သေခြင်းဆိုင်ရာ စမ်းသပ်မှုတွေကို အထပ်ထပ် အခါခါ ရင်ဆိုင်ကြုံတွေ့ရပေလိမ့်မယ်။"

"ရှောင်လွှဲလို့မရတဲ့ သေကြေပြစ်ဆီးမူလား” ချင်ယွင်က ထပ်ခါတလဲလဲ ထိုစကားတစ်ခွန်း ကို ရေရွတ်လိုက်ပါသည်။

အကယ်၍ ၎င်းသာ သူ့ကပ်ဘေးဒုက္ခအဖြစ် အမှန်တကယ် ဖြစ်လာခဲ့ရင်, သူ ကောင်းကင် နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ပါက, သူသည် ဤကပ်ဘေးဒုက္ခ၏ တိုက်ခိုက်မူဒဏ်ကို ခံရပေလိမ့်မည်။ တခြားမည်သည့်ကပ်ဘေးဒုက္ခများ ရှိမရှိ သူမသိသော်လည်း, ၎င်းသည် အလွန်ခက်ခဲမည်ဟု ပြောနိုင်ပါသည်။

“ဒါဆို ကောင်းကင်ဘုံတံဆိပ်ကရော” ချင်ယွင်က ထပ်မေးပြန်သည်။

“တကယ်တော့ ကောင်းကင်ဘုံတံဆိပ်က ကောင်းကင်ဘုံတံခါးကို ဖွင့်ဖို့ သော့တစ်ချောင်း ဖြစ်ရုံတင်မကဘူး၊ ကောင်းကင်ဘုံတံခါးကိုဝင်ဖို့ တံဆိပ်ပြားတစ်ခုလည်း ဖြစ်တယ်။ ကောင်းကင်ဘုံတံဆိပ်တစ်ခုက ဘိုးဘေးနတ်ဘုရားတစ်ပါးနဲ့ ကောင်းကင် နတ်ဘုရား နှစ်ပါးကို အထဲကို ဝင်ခွင့်ပြုနိုင်တယ်။ အဲ့ဒါကြောင့် အချိန်ဘိုးဘေးနတ်ဘုရားက မင်း ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ရမယ်လို့ အခိုင်အမာ ပြောခဲ့တာ။" ဝူဒေါင်ဇီက ရှင်းပြသည်။

ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်ပြလိုက်သည်။

အချိန်ဘိုးဘေးနတ်ဘုရားသည် သူ့ကို ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ဦးထဲ ဝင်စေချင်ပြီး၊ သူ့ကို ကောင်းကင်ဘုံတံခါထဲ ခေါ်ဆောင်ခိုင်းကာ၊ သူ အကြီးမြတ်ဆုံးပုဂ္ဂိုလ်တစ်ဉီး ဖြစ်လာနိုင်ရန် အခွင့်ရေးအတွက် တိုက်ခိုက်ချင်နေပုံရသည်။

ဝူဒေါင်ဇီ၏စကားကို ကြားပြီး၊ ချင်ယွင်သည် နောက်ဆုံးတွင် အရာအားလုံးကို နားလည်သွားခဲ့သည်။

အခု သူလုပ်ရမည့် အရာအားလုံးက ကောင်းကင်ဘုံတံဆိပ်တွေ လုံးဝ မထွက်ပေါ်လာခင် မှာ ထိပ်တန်းဆယ်ယောက်ထဲကို ဝင်နိုင်ရန်ဖြစ်သည်။ ဤနည်းဖြင့် သူသည် အချိန် ဘိုးဘေးနတ်ဘုရားနှင့် အလဲလှယ်လုပ်နိုင်သည့် အရည်အချင်းတွေ ရှိလာလိမ့်မည်။

“ကြည့်ရတာ, ငါ အရင်ဆုံး ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်း တစ်ခုကို စဉ်းစားရမယ်ထင်တယ်။ ဒါဆို ငါ့ရဲ့အစစ်မှန် အဓိပ္ပာယ် နားလည်နိုင်စွမ်းက တိုးမြင့်လာလိမ့်မယ်။” ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။

ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးမချဘဲ၊ သူ့ခန္ဓာကိုယ်၏ စွမ်းအားသည် အခြေခံ အားဖြင့် ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီ။ သူ့အတွက်​​ နောက်​ထပ် အဆင့်ချိုးဖြတ်ရန်​ အလွန်​ခက်​ခဲလိမ့်မည်​။ ယခုအခါ အကောင်းဆုံး နည်းလမ်းမှာ အစစ်မှန် အဓိပ္ပာယ်အပေါ် သူ့နားလည်နိုင်စွမ်းကို မြင့်တင်ရန် ဖြစ်သည်။ သူ နားလည်ထားသော အစစ်မှန် အဓိပ္ပါယ် အနည်းငယ်သည် ကနဦးအဆင့် တွင်သာ ရှိနေသေးသည်။

"ဂျူနီယာ ညီငယ်ချင်၊ ဒီကောင်းကင်ဘုံတံဆိပ်ကို ထိန်းနိုင်တဲ့ ငါတို့မှာ အရည်အချင်း မရှိဘူး။ ဒီတံဆိပ်ကို ငါတို့ဘေးမှာထားရတာ အာလူးပူပူတစ်လုံး ကိုင်ထားရသလိုပဲ။ မူလက ငါတို့က ဒီတံဆိပ်ကို လေဟာနယ်နဲ့အချိန်နတ်ဘုရားနန်းတော်ကို ပေးဖို့ ရည်ရွယ် ထားတာ။ အခု မင်းရောက်လာတော့ ငါတို့က မင်းကို ပေးလိုက်မယ်။ မင်းတစ်ယောက်ပဲ ထိန်းနိုင်တဲ့ အရည်အချင်း ရှိတယ်။ တကယ်တော့ မင်း အဲဒီမိန်းမကို လွှတ်မပေးသင့်ဘူး" ဝူဒေါင်ဇီက ချင်ယွင်ကို ပြောသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချင်ယွင်က ခေါင်းညိတ်ကာ ကောင်းကင်ဘုံတံဆိပ်ကို သိမ်းဆည်းလိုက်သည်။

စီနီယာအစ်ကို ဝူဒေါင်ဇီ ပြောသည်မှာ မှန်ပါသည်။ ဤကောင်းကင်ဘုံတံဆိပ်သည် သူတို့အတွက် တကယ့်ကို အန္တရာယ်မကင်းပေ။ ယင်းအစား၊ ဤကောင်းကင်ဘုံတံဆိပ်ကို သူ လက်ခံထားခြင်းက ပိုကောင်းပါသည်။

၎င်းကို လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သို့ လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ မူ, ရှောင်လွှဲ၍ မရသော ထုတ်ပြန်ချက်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော ဆွဲဆောင်မှုရှိသော အခွင့်အရေးကို တွေ့ကြုံလာရသဖြင့် နတ်ဘုရားနန်းတော်ကြီး လေးခုရှိ ဘိုးဘေး နတ်ဘုရားများ အားလုံးသည် သူတို့၏ ကိုယ်ပိုင်တိုက်ပွဲများကိုပင် တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သည်။ သို့သော်၊ သူတို့သည် ရှေးခေတ် နတ်ဘုရားကမ္ဘာတွင် သူတို့ကိုယ်တိုင် လှုပ်ရှား၍မရကြောင်းကို ကတိပြုထားကြသည်။ သူတို့အားလုံးသည် သူတို့၏ ကိုယ်ပိုင် ကောင်းကင်နတ်ဘုရားများဖြင့်သာ ယှဉ်ပြိုင်ကြရသည်။

တကယ်တော့ ယုတ္တိကျကျပြောရရင် ထိုအမျိုးသမီးကို လွှတ်မပေးသင့်ပေ။ နောက်ဆုံး တွင်၊ ကောင်းကင်ဘုံတံဆိပ်၏သတင်း ပေါက်ကြားသွားသည်နှင့်တစ်ပြိုင်နက် ပြဿနာ များစွာ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော်, သူ လုပ်ပြီးသွားပြီဆိုမှတော့ ထိုပြဿနာများကို ကြောက်မနေတော့ပေ။

"ဂျူနီယာညီငယ်ချင်က ထွက်သွားဖို့ စီစဉ်နေတာလား?" ဝူဒေါင်ဇီသည် ချင်ယွင်ကို ကြည့်ကာ မေးသည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "ကျွန်တော် တောင်မြိုနတ်ဘုရားနန်းတော်မှာ ခဏလောက် တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်။ အစ်ကိုရှီးဟန်, မင်း ပျော်လား မပျော်ဘူးလား"

"တံခါးပိတ်ကျင့်ကြံဖို့လား.." လူတိုင်း တုန်လှုပ်သွားကြသည်။ ချင်ယွင်သည် အလွန် အစွမ်းထက်နေပြီ ဖြစ်သော်လည်း ကျင့်ကြံချင်နေသေးသည်။ သူ နောက်တစ်ကြိမ် အဆင့် ဖြတ်ကျော်ဖို့ ပြင်ဆင်နေသလား။

ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအမြန်နှုန်းကို ပြန်တွေးကြည့်သော အခါ ဝူဒေါင်ဇီနှင့် အခြားသူများသည် ဖြစ်နိုင်ချေရှိသည်ကို ခံစားမိကြသည်။

"ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။ ညီအစ်ကိုချင်၊ မင်း ဒီမှာ နှစ်သန်းပေါင်းများစွာ ကျင့်ကြံနေ ရင်တောင်မှ ကြိုဆိုပါတယ်။" ရှီးယန်ရှန်သည် ချင်ယွင်၏စကားကို ကြားသောအခါ ဝမ်းသာအားရ ရယ်မောလိုက်သည်။

စာစဉ် (၁၁၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters