← Chapters

အခန်း ၁၇၁၂

Vol. 115 Ch. 1712

အခန်း ၁၇၁၂

Vol. 115 Ch. 1712

အခန်း (၁၇၁၂) ကောင်းကင်ဘုံတံဆိပ် မွေးဖွားခြင်း။

ချင်ယွင်သည် ကိုယ်ပွားများစွာကို သန့်စင်နေသည်ဟု ထင်မှတ်ရလောက်အောင် လူတိုင်း က မမိုက်မဲကြသော်လည်း၊ ချင်ယွင်သည် ရုတ်တရက် အဘယ်ကြောင့် နောက်ထပ် ကိုယ်ပွားများစွာ ဖြစ်ပေါ်လာရသလဲဆိုသည့်အကြောင်းကို သူတို့ တွေးတောနေကြဆဲပင်။

"ဒါက လေဟာနယ်ကိုယ်ပွားလား" ဝူဒေါင်ဇီက တစ်ခုခုကို တွေးမိသွားပုံရပြီး အံ့သြစွာ ပြောလိုက်သည်။

"စီနီယာ အစ်ကိုကြီးက တကယ်ကို အမြင်အားကောင်းတယ်။ မှန်တယ်၊ ဒီတစ်ခါ ကျွန်တော် နားလည်ခဲ့တဲ့ အစစ်မှန် အဓိပ္ပာယ် လေဟာနယ်ကိုယ်ပွား အစစ်အမှန် အဓိပ္ပာယ်ပဲ" ချင်ယွင်အားလုံးက တညီတညွတ်တည်း ပြောလိုက်သည်။

"ဂျူနီယာ ညီငယ်က ဒီလောက်အရည်အချင်းရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဆရာကြီး တောင် နားမလည်နိုင်တဲ့ လေဟာနယ်ကြေးမှုန်ဉပဒေသကို ကောင်းကောင်း နားလည်နိုင် တယ်။ တကယ်လို့ ဆရာကြီးသာ ဒီအကြောင်းကို သိသွားခဲ့ရင် သူ အရမ်းပျော်မှာ သေချာတယ်။" ဝူဒေါင်ဇီက မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပါယ်သည် မူလကကတည်းက လေဟာနယ်ကြေးမှုန် ဉပဒေသနှင့် သက်ဆိုင်ပြီး၊ လေဟာနယ်ကြေးမှုန်ဉပဒေသသည် လေဟာနယ် အစစ်မှန် အဓိပ္ပါယ် အတွင်းမှာ အလွန်မင်း မြင့်မားသော အစစ်မှန် အဓိပ္ပါယ်ဟု ယူဆနိုင်ပါသည်။ လေဟာနယ်ချည်နှောင်ခြင်း၊ လေဟာနယ်တွန့်ခေါက်ခြင်းနှင့် လေဟာနယ်ဖြတ်သန်းခြင်း အစစ်မှန် အဓိပ္ပာယ်များနှင့် နှိုင်းယှဉ်ပါက ၎င်းသည် နားလည်ရန် အဆတစ်ရာ သို့မဟုတ် တစ်ထောင်ကျော် ခက်ခဲပြီး ၎င်း၏ စွမ်းအားက အလားတူပင် ပိုမိုကြီးမားပါသည်။

လေဟာနယ်ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်ကြေးမှုန်၏ အစစ်မှန် အဓိပ္ပါယ်ကို နားမလည်သေးပါ။ ယင်းမှတဆင့် လေဟာနယ်ကြေးမှုန်၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ရန် မည်မျှခက်ခဲသည်ကို တွေးကြည့်နိုင်ပါသည်။

ချင်ယွင်က ပြုံးပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ခြံဝင်းအတွင်းရှိ ကိုယ်ပွား များ အားလုံးသည် ၎င်းတို့၏ မူလခန္ဓာကိုယ်များဆီသို့ တခဏချင်း ပြန်သွားကြပြီး ခြံဝင်းထဲတွင် ပုံရိပ်တစ်ပုံသာ ကျန်ရစ်ခဲ့သည်။

တကယ်တော့ သူ လေဟာနယ်ကိုယ်ပွား အစစ်အမှန် အဓိပ္ပါယ်ကို ဤမျှ မြန်မြန်ဆန်ဆန် နားလည်နိုင်ရခြင်း၏ အကြောင်းအရင်းကတော့ လေဟာနယ်အပေါ် သူ့ အောင်မြင်မှုများ နှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အမွေနှစ်ကြောင့်လည်း ဖြစ်ပါ သည်။

အကယ်၍, သူသည် ပါးလွှာသည့်လေထုထဲမှစ၍ အမှန်တကယ် နားလည်ဆင်ခြင်ရမည် ဆိုလျှင်, တစ်နှစ်မဆိုထားနှင့်, နှစ်တရာဆိုလျှင်ပင် နားလည်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပါ ဘူး။

ယခု သူသည် လေဟာနယ်ကိုယ်ပွား၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်လာသောအခါ၊ ချင်ယွင်၏အင်အားသည်လည်း ကြီးကြီးမားမား တိုးမြင့်လာခဲ့သည်။

ကြီးကျယ်ခမ်းနားသည့် တားမြစ်လျှို့ဝှက်ချက်ပညာရပ်သုံးပါးကို အသုံးပြုရန် မဆိုထား နှင့်။ ဤလေဟာနယ်ကိုယ်ပွား၏ အစစ်မှန် အဓိပ္ပာယ်မှာပင် အလွန်မင်း အစွမ်းထက်သော စွမ်းရည်များ ပါရှိနေပါသည်။

လေဟာနယ်ကြေးမှုန်ကိုယ်ပွား လေဟာနယ်ကြေးမှုန်ကိုယ်ပွားဆိုတာ ဘာလဲ။

၎င်းသည် လေဟာနယ်အတွင်းမှာ သူ့ကိုယ်ပွားတွေကို မည်သည့်နေရာကိုမဆို လွှင့်ထုတ် နိုင်ခြင်း ဖြစ်သည်။ ဤကိုယ်ပွားများ၏ စွမ်းအားသည် ချင်ယွင်၏ လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပါယ်အပေါ် နားလည်နိုင်စွမ်းနှင့် ဆက်စပ်နေရုံသာမက လေဟာနယ် ကိုယ်ပွားအရေအတွက်နှင့်လည်း ဆက်စပ်ပါသည်။

ချင်ယွင်၏ လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပါယ်ကို နားလည် သဘောပေါက်မှုသည် ကနဦးအဆင့်တွင်သာ ရှိသေးသည်။ သူသည် အနည်းဆုံး၊ တစ်ကြိမ်လျှင် ကိုယ်ပွား ၃၀၀ အထိ ထုတ်ဖော်နိုင်ပြီး၊ ကိုယ်ပွားတစ်ခုစီ၏ စွမ်းအားသည် သူ့ကိုယ်ပိုင်စွမ်းအား၏ ၁၀ ရာခိုင်နှုန်းသာ ရှိပါသည်။

အကယ်၍, ချင်ယွင်သည် ကိုယ်ပွားတစ်ခုသာ ဖော်ထုတ်ခဲ့မည်ဆိုလျှင်၊ သူ့ကိုယ်ပွား၏ စွမ်းအားသည် သူ့ကိုယ်ပိုင်စွမ်းအား၏ ၁၀၀ ရာခိုင်နှုန်း ထုတ်ဖော်နိုင်ပါလိမ့်မည်။ ကိုယ်ပွား အရေတွက် တိုးမြင့်လာသည်နှင့်အမျှ သူ့စွမ်းအားက တဖြည်းဖြည်း လျော့နည်းပါလာလိမ့် မည်။

သေချာသည်မှာ, အနာဂတ်တွင်, ချင်ယွင်၏ လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပာယ်ကို နားလည်သဘောပေါက်မှုက နက်ရှိုင်းလာသည်နှင့်အမျှ သူ့ကိုယ်ပွားတွေ ပိုများလာပြီး၊ သူ့ခွန်အား၏ ၁၀၀ ရာခိုင်နှုန်းအထိ ပြောင်းလဲတိုးတက်လာပါလိမ့်မည်။

ဥပမာအနေဖြင့်, အကယ်၍, ချင်ယွင်သည် လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပာယ်၏ အလယ်လတ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပါက, ၁၀၀ ရာခိုင်နှုန်းပြည့် စွမ်းအားဖြင့် ကိုယ်ပွား ဆယ်ခုကို ခွဲထုတ်နိုင်မည် ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်းပြည့် စွမ်းအားဖြင့် ကိုယ်ပွား ၁၀ ခု ပူးပေါင်း တိုက်ခိုက်ပါက မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။

ထို့ကြောင့် ဝူဒေါင်ဇီသည် လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပာယ်သည် လေဟာနယ် အနှစ်သာရ၏ ထိပ်ဆုံးဖြစ်နေသည်ကို မအံ့သြမိပေ။

"အစ်ကိုကြီး၊ မင်းရဲ့ လေဟာနယ်ကိုယ်ပွားက တကယ်ကို အစွမ်းထက်သလား။ အဲဒါဆို စမ်းကြည့်ရအောင်။" ဘေးမှ လင်းဘက အားတက်သရော အော်ပြောလိုက်သည်။ သူသည် ဝူဒေါင်ဇီ၏အမူအရာကို မြင်သောအခါ၊ သူ့အစ်ကိုကြီးသည် အလွန်အစွမ်းထက်သော အစစ်မှန် အဓိပ္ပါယ်တစ်ခုကို နားလည်သဘောပေါက်ခဲ့ကြောင်း သတိထားမိသည်။

ကျန်းဟွာမှလွဲ၍ တောင်မြိုနတ်ဘုရားနန်းတော်တွင် အခြားမည်သူမျှ သူ့ပြိုင်ဘက် မဟုတ်ပေ။ ယခုအချိန်တွင် ချင်ယွင်သည် နောက်ဆုံးတွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခဲ့ပြီး အစွမ်းထက်သော အစစ်မှန် အဓိပ္ပါယ်ကို နားလည်လာသောကြောင့် သူ့လက်တွေက တခဏအတွင်း ယားယံလာသည်။

"ကောင်းပြီ ဒါဆို မင်း အဆင်သင့်ပြင်ထား။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"အစ်ကိုကြီးကလည်း စိတ်ရှည်စမ်းပါ" လင်းဘက ရယ်မောလိုက်သည်။

သို့သော် သူ စကားမဆုံးခင်မှာပင် သူ့အမူအရာက ချက်ချင်း ပြောင်းသွားသည်။ အကြောင်း မှာ မသိလိုက်သည့် အချိန်တစ်ခုအတွင်းမှာ ချင်ယွင်၏ပုံရိပ်က သူ့ရှေ့တွင် ပေါ်လာနေပြီး ဖြစ်နေပြီ။ ပြင်းထန်သော လက်သီးတစ်ချက်က သူ့ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီး သူ့တစ်ကိုယ်လုံးကို ခြံဝင်းအပြင်ဘက်သို့ လွင့်ထွက်သွားခဲ့သည်။

"သောက်ကျိုးနည်း…၊ ဘာဖြစ်နေတာလဲ" လင်းဘသည် မကျိန်ဆဲဘဲ မနေနိုင်တော့။

ချင်ယွင်၏အသွင်အပြင်သည် ရုတ်ချည်း ပေါ်လာခဲ့ပြီး၊ လင်းဘသည် ရုတ်တရက် ထွက်ပေါ်လာမူကြောင့် တုံ့ပြန်ရန် အချိန်ပင် မရှိခဲ့ပေ။

သို့သော် လင်းဘသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် သူ့နောက်တွင် အမှန်တကယ် ပေါ်လာပြန်ပြီး နောက်ထပ် သံမဏိ လက်သီးချက်က သူ့နောက်ကျောပေါ်သို့ ကျရောက်လာသည်။

ထိုကဲ့သို့ပင် လင်းဘသည် တုံ့ပြန်ရန် ခွန်အား လုံးဝမရှိခဲ့ဘဲ ချင်ယွင်၏ သားရေဘောလုံး ကဲ့သို့ အပြန်ပြန်အလှန်လှန် အရိုက်ခံခဲ့ရသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်း အံသြသွားကြသည်။ လင်းဘ၏ အစွမ်းကို သူတို့ အရင်က မြင်ဖူးကြပြီး သူသည် လုံးဝ ခွန်အားကြီးမားသူ ဖြစ်သည်။ သို့သော်၊ ယခုအချိန်တွင် သူသည် ချင်ယွင်ကိုတိုက်ခိုက်ရာမှာ လုံး၀ ကူကယ်ရာမဲ့ ဖြစ်နေသည်။

ခြေထောက်လေးပင် လှုပ်ရှားသွားခြင်း မရှိသည့် ချင်ယွင်ကို လူတိုင်းက မကြည်ဘဲ မနေနိုင်တော့။ သူတို့၏ နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုက အဆုံးမဲ့ စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ပင်။

ထိုအစစ်မှန်ခန္ဓာကိုယ်သည် ခြေလှမ်းတစ်ဝက်မျှပင် မရွေ့လျားသေးဘဲ၊ သူ့ကိုယ်ပွားကို သာ အားကိုးခဲ့ပြီး၊ လင်းဘသည် ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင် မရှိခဲ့ပေ။

ချင်ယွင်သည် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များကို မြင်လိုက်သောအခါတွင် သူ့ရင်ထဲတွင် ကြည်နူးမှုတစ်ခု ထွက်ပေါ်လာသည်။

လေဟာနယ်ကိုယ်ပွား၏ တည်နေရာရွေ့ပြောင်းသည် အစစ်မှန် အဓိပ္ပာယ်ကို ထိန်းချုပ်သူ ၏ ဆန္ဒအပေါ် မူတည်ပါသည်။ လေဟာနယ်ကိုယ်ပွားကို မည်သည့်နေရာမဆို လွတ်လွတ် လပ်လပ် ရွေ့ပြောင်းနိုင်ရန် သူ့ကိုယ်ပိုင်ဆန္ဒအတိုင်း အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် လင်းဘကို တိုက်ခိုက်သောအခါတွင်၊ သူ့ကိုယ်ပွားသည် သူ့အနားတွင် အမြဲပေါ်လာပြီး လင်းဘ မတုံ့ပြန်နိုင်ခင်မှာ အပြင်းအထန် ထိုးနှက်နိုင်ခဲ့သည်။

ထို့ကြောင့် လင်းဘသည် သူ့ကိုယ်ပွားကို ခုခံရန် နည်းလမ်းမရှိပေ။ ဟုတ်ပါသည်။ ဤအရာက တဖက်လူက ကြိုတင်ပြင်ဆင်ထားခြင်း မရှိသေး၍ ဖြစ်ပါသည်။

အကယ်၍ သူ့ပြိုင်ဘက်က သူ့မှာ ကိုယ်ပွားရှိသည်ကို ကြိုတင်သိထားပါက သူ့ပတ်ဝန်းကျင်မှာ အကာကွယ် အစီရင်ဝင်္ကပါတစ်ခုကို အရင် ချမှတ်ထားနိုင်သည်။ ၎င်းသည် ချင်ယွင်၏ တိုက်ခိုက်မှုကို လုံးလုံးလျားလျား မတားဆီးနိုင်လျှင်ပင်, ပြန်လည် တုံ့ပြန်ရန် သူ့ကိုယ်သူ အချိန်ရယူနိုင်သည်။ ဤနည်းအားဖြင့် ချင်ယွင်၏တိုက်ခိုက်မှုသည် လည်း ထိရောက်မှု မရှိနိုင်တော့ပေ။

"တိုက်တာ ရပ်လိုက်တော့။ တိုက်တာ ရပ်လိုက်တော့။ မင်း အနိုင်ကျင့်လွန်းတယ်" အားလုံးက သူတို့စိတ်နှလုံးထဲတွင် သက်ပြင်းကိုယ်စီ ချနေစဉ်မှာ လင်းဘသည် အဝေးက နေ အော်ပြောလိုက်သည်။ သူ့အသွင်အပြင်ကို ကြည့်လိုက်တော့ သူ့နှာခေါင်းနှင့် မျက်နှာ က ပြာနှမ်းပြီး ရောင်ကိုင်းနေပြီ။ သူသည် လွန်စွာမှ စိတ်မကောင်းဖွယ် အခြေအနေမျိုး ရှိနေသည်။

လူတိုင်းက ဟက်ဟက်ပက်ပက် ရယ်မောကြသည်။ သူတို့သည် လင်းဘကို ဤမျှ စိတ်မကောင်းဖွယ် အခြေအနေမျိုးတွင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။

သို့သော် သူ ထိတ်လန့်နေချိန်မှာ ချင်ယွင်၏ ခွန်အားနှင့်ပတ်သက်သည့် ခံစားချက်များ လည်း ပြည့်နှက်နေခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် တွင် ထိပ်တန်း ၅၀ တွင် ရှိနေပြီ ဖြစ်သည်။ တက်ဖက်လူ ဆွံ့အနေချိန်မှာဆို ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ၂၀ ဝင်သူများပင် ဒုက္ခရောက်ကြလိမ့်မည်။

ချင်ယွင်သည် လူတိုင်း တွေးနေသည့် အရာကို မှန်းဆမိပုံရသည်။ အမှန်မှာ၊ သူသည် ဆမ်ဆာရာ အစစ်အမှန် အဓိပ္ပါယ်ကို အသုံးမပြုခဲ့ပေ။ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၅၀ ၏ အစွမ်းမျိုး ရှိနေပြီ။ သို့သော်၊ အကယ်၍ သူသည် ဆမ်ဆာရာ အစစ်အမှန် အဓိပ္ပါယ်ကို အသုံးပြုပါက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၂၀ ကို မဆိုထားနှင့် ထိပ်တန်း ၁၀ ဦးနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

"လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပါယ်က ကနဦးအဆင့်ထဲ ဝင်ရောက်သွားပြီ။ နောက်တစ်ခုကတော့ ကြီးကျယ်ခမ်းနားတဲ့ လျှို့ဝှက်ပညာရပ်သုံးခုကို ထိန်းချုပ်နိုင်ဖို့ပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

"ဘုန်း.."

သို့သော် ချင်ယွင်သည် သူ့တံခါးပိတ်ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်ရန် ပြင်ဆင်နေ ချိန်မှာ သူတို့ခြေအောက်ရှိ မြေပြင်သည် ပြင်းထန်စွာ တုန်လှုပ်လာသည်။ အလင်းတိုင်လုံး တစ်ခု ကောင်းကင်ယံတိုင် ထိုးတက်သွားသည့်အလား အဝေးတနေရာမှ တောက်ပသ ထက် တောက်ပလာသည်။

"ဘာတွေ ဖြစ်နေတာလဲ" အလင်းတိုင်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရင်း, လူတိုင်း အံ့အားသင့်နေသော အမူအရာများကို ဖော်ပြလာကြသည်။

ဝူဒေါင်ဇီနှင့် တောင်မြိုနတ်ဘုရားနန်းတော်၏ နန်းတော်သခင်တို့သည် အကြည့်ချင်း ဖလှယ်ကြပြီး သူတို့၏မျက်လုံးများက ထိတ်လန့်မှုနှင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် တစ်စုံတစ်ခုကို ဖျတ်ခနဲ မှန်းဆမိအလား ထိုလူနှစ်ယောက်အား သံသယ စိတ်ဖြင့် ကြည့်လိုက်သည်။

မကြာမီတွင်၊ ဝူဒေါင်ဇီ၏ နောက်ထပ် စကားလုံးတွေ ချင်ယွင်၏ ထင်မြင်ယူဆချက်ကို အတည်ပြုပေးခဲ့သည်။

"ဒုတိယမြောက် ကောင်းကင်ဘုံတံဆိပ် ပေါ်လာခဲ့ပြီ။ ဒီလို ရုန်းရင်းဆန်ခတ်မူမျိုး ဖြစ်ပေါ် လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ရှေးခေတ်နတ်ဘုရားကမ္ဘာကြီးတော့ လုံးဝ ပရမ်းပတာ ဖြစ်တော့မယ့်ပုံပဲ။" ဝူဒေါင်ဇီက တိုးတိုးလေး ပြောသည်။

ချင်ယွင် မတတ်သာပဲ ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကင်ဘုံတံဆိပ်၏ ထွက်ပေါ်လာမူ က ၎င်းအတွက် တိုက်ပွဲဝင်ရန် ကျွမ်းကျင်သူများစွာကို ဆွဲဆောင်နိုင်မည် ဖြစ်ပြီး တိုက်ပွဲတွေက ကျိန်းသေပေါက် ရှိလာတော့မည်။

မကြာမီတွင်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာအတွင်းမှာ သွေးထွက်သံယို မုန်တိုင်းတစ်ခု စတင်တော့မည် ဖြစ်သည်။

All Chapters