အခန်း ၁၇၁၃
Vol. 115 Ch. 1713
အခန်း (၁၇၁၃) မင်းတို့ လျှပ်စီးကြိုက်လား။
“သွားကြည့်ရအောင်။ ချင်ယွင်က ဝူဒေါင်ဇီကို ပြောသည်။
ဝူဒေါင်ဇီက ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဘုံတံဆိပ်၏ ထွက်ပေါ်လာမူက နေရာတိုင်းတွင် တုန်လှုပ်နေမည်မှာ သေချာပါသည်။
ဒုတိယမြောက် ကောင်းကင်ဘုံတံဆိပ်က မည်သည့်ပုံစံရှိမည်၊ အဆုံးတွင် မည်သူတွေ တိုက်ပွဲဝင်ကြမည်ကို သူလည်း သိချင်မိသည်။
"ငါလည်း သွားချင်တယ်" လင်းဘက ကမန်းကတန်း အော်ပြောလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ဤနေရာ၌ ကျန်းဟွာနှင့်အတူရှိနေခြင်းကြောင့် ယွမ်ရှီရှီနှင့် အခြားသူများအပေါ် မည်သည့် အန္တရာယ်မှ ရှိမည်မဟုတ်ပေ။ ယွမ်ရှီရှီနှင့် အခြားသူများကို သူ့ခွန်အားဖြင့် စောင့်ရှောက် ခြင်းက ကျန်းဟွာအတွက် ပြဿနာမဟုတ်ဟု သူယုံကြည်ခဲ့သည်။
ဟုတ်ပါသည်၊ ချင်ယွင်သည် သူ့အတွက် စစ်ကူကို ချန်ထားဆဲပါ။ တောင်မြိုနတ်ဘုရား နန်းတော်သည် ကျန်းဟွာ မခုခံနိုင်သော အန္တရာယ်မျိုးကို ရင်ဆိုင်ကြုံတွေ့ရသည်နှင့် ဟွန်ထျန်း နတ်ဆိုးကျောက်ရုပ်ထုကြီး ထွက်ပေါ်လာမည် ဖြစ်သည်။ ဟွန်ထျန်း နတ်ဆိုး ကျောက်ရုပ်ထုကြီး၏ ခွန်အားဖြင့်ဆိုပါက၊ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားတစ်ပါး ကြွလာလျှင်ပင် မည်သည့် အကျိုးကျေးဇူးမှ ရယူသွားနိုင်မည် မဟုတ်ပေ။
သူ့စိုးရိမ်မှုကို ဖြေရှင်းပြီးနောက် ချင်ယွင်သည် ဝူဒေါင်ဇီနှင့် လင်းဘတို့ကို ကောင်းကင်ဘုံ တံဆိပ် ပေါ်လာသည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ဒုတိယမြောက် ကောင်းကင်ဘုံတံဆိပ် ပေါ်လာသည့်နေရာသည် အလွန်ဝေးလံသော တောင်ပေါ်တောအုပ်တစ်ခု ဖြစ်သည်။ မူလက ကောင်းကင်ဘုံတံဆိပ်ကို ကျောက်တုံးကြီး တစ်ခုအတွင်း ဝှက်ထားသော်လည်း ရုတ်တရက် ကောင်းကင်ယံတွင် ထိတ်လန့် တုန်လှုပ် ဖွယ် လျှပ်စီးကြောင်းတစ်ခုက ကျောက်တုံးကြီးကို တစ်ဝက်တစ်ပျက်ထိ ဖောက်ဝင်သွားခဲ့ သည်။ ရလာဒ်အနေဖြင့် ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ဖော်မိသွားခဲ့သည်။
ကောင်းကင်ဘုံတံဆိပ်၏ ထွက်ပေါ်လာမူက လှုပ်လှုပ်ရွှရွှ ဖြစ်စေခဲ့ပြီး ချင်ယွင်၏ ဉပဒေသ ကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီးဖြစ်စဉ်ပင် ကောင်းကင်ဘုံတံဆိပ်၏ အလင်းအောက်တွင် လုံးဝ ကွယ်ပျောက်သွားခဲ့သည်။
အလင်းတိုင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ကောင်းကင်ဘုံတံဆိပ်သည် လေထဲတွင် လွင့်မျောနေသည်။
ကျွမ်းကျင်ပညာရှင်များစွာ ရောက်ရှိလာပြီး ဖြစ်သော်လည်း မည်သူမျှ ရှေ့မတိုးဝံ့ပေ။
အဘယ်ကြောင့်ဆိုသော် လုယူကြသော လူပေါင်းများစွာသည် ကောင်းကင်ဘုံတံဆိပ်ပေါ်ရှိ အလင်းတန်းကြောင့် သေဆုံးသွားကြ၍ ဖြစ်သည်။
ကောင်းကင်ဘုံတံဆိပ်သည် ဧရာမကျောက်တုံးကြီးတစ်ခုအတွင်းမှာ စည်းတံဆိပ် ခတ်ထားသည်မှာ ထင်ရှားသည်။ ယခုအချိန်တွင် ကျောက်တုံးကြီးက ကွဲအက်သွားပြီး ဖြစ်သော်လည်း ကန့်သတ်ချက်များက ရှိနေဆဲဖြစ်ပြီး ထိုကြောက်မက်ဖွယ် ကန့်သတ်ချက် များက လူများစွာကို တားဆီးပိတ်ဆို့ထားသည်။
ချင်ယွင်နှင့် အခြားသူများသည် ကောင်းကင်ဘုံတံဆိပ်၏ စည်းတံဆိပ်ခတ်ထားရာ ဧရိယာသို့ ရောက်သောအခါတွင် လူပေါင်း တစ်ထောင်နီးပါး စုဝေးနေခဲ့ကြသည်။
ထိုလူများထဲတွင် အချို့သည် တကိုယ်တော် ကျင့်ကြံသူများဖြစ်ပြီး၊ အချို့မှာ ဘိုးဘေး နတ်ဘုရားတွေအပေါ် သစ္စာစောင့်သိသူများ ဖြစ်ကြသည်။
ယခုအချိန်တွင် နတ်ဘုရားကပ်ဘေးဒုက္ခကြီး ကျရောက်လာခဲ့ပြီး၊ နတ်ဘုရားနန်းတော် ကြီး လေးခု၏ စကားများပင် အရာမဝင်တော့ပေ။ လူတိုင်းသည် ၎င်းတို့၏ အကျိုးစီးပွား အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ ဘိုးဘေးနတ်ဘုရားများပင် ခြွင်းချက်မရှိပေ။ ထို့ကြောင့်၊ ရောက်ရှိနေကြသည့် လူတိုင်းသည် ၎င်းတို့ရှေ့မှ ကောင်းကင်ဘုံတံဆိပ်ကို ရယူလိုကြ သည်။
သို့သော် ဖော်ပြပါ ကန့်သတ်ချက်များက ပြင်းထန်လွန်းသည်။ ၎င်းတို့ကို မည်သူမှ မလှုပ်ရှားနိုင်ခဲ့ပေ။ ထို့အပြင် လူပေါင်းများစွာထဲမှာ ကောင်းကင်ဘုံတံဆိပ်ကို ပထမဆုံး ရရှိသူသည် သူ့နောက်သို့ လိုက်ပါရန် အခြားလူများစွာကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဦးဆောင်ငှက်ဖြစ်မည့်အစား လှုပ်ရှားရန် အခွင့်အရေးကို စောင့်ဆိုင်းပြီး နောက်ဆုံး အဝါရောင်ငှက် ဖြစ်လာခြင်းက ပိုကောင်းပါသည်။
လူတိုင်းက ထိုစိတ်သဘောထားကို စွဲကိုင်ထားပြီး၊ အဆုံးတွင် မလှုပ်ရှားနိုင် ဖြစ်လာခဲ့ သည်။ ထို့ကြောင့် လူပေါင်းထောင်ချီသည် ကောင်းကင်ဘုံတံဆိပ်ကို ဝိုင်းရံထားသော် လည်း မည်သူမှ မယူရဲသည့် အခြေအနေတစ်ခု ဖြစ်လာပါသည်။
"အကိုကြီး၊ သူတို့အားလုံး ဒီကောင်းကင်ဘုံတံဆိပ်ကို ဘာလို့ လုယူနေကြတာလဲ" လင်းဘသည် သူ့အနီးနားရှိ လူအုပ်ကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဒီကောင်းကင်ဘုံတံဆိပ်ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှိနေတယ်။ သူတို့အားလုံး ဒီအခွင့်အရေးကို ရယူချင်နေကြတယ်။" ချင်ယွင်က ခဏလောက် စဉ်းစားပြီး ရှင်းပြလိုက်သည်။
"ဒါဆို အကိုကြီးရော၊ မင်းရော ဒီကောင်းကင်ဘုံတံဆိပ်ကို လိုချင်လား။ မင်းလိုချင်ရင် ငါ ယူပေးမယ်လေ။" လင်းဘသည် ရုတ်တရက် ရယ်မောလိုက်သည်။
"မဆင်မခြင် မလုပ်နဲ့။ ဒီကောင်းကင်ဘုံတံဆိပ်ကို အလွန်ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ နဲ့ ဖုံးအုပ်ထားတယ်။ မင်း အတင်းအကြပ် ယူခဲ့ရင် မင်းကို ထိခိုက်လိမ့်မယ်။" ချင်ယွင်က အလျင်စလို အကြံပေးလိုက်သည်။ လင်းဘသည် မဆင်မခြင် လှုပ်ရှားပြီး၊ ထိုကန့်သတ် ချက်တွေကြောင့် ထိခိုက်ဒဏ်ရာရမည်ကို သူ လေးလေးနက်နက် စိုးရိမ်မိသည်။
"အဲဒါက ဘာလဲ။ အလင်းတန်းတစ်ခုပဲ မဟုတ်လား။ ငါ့အပေါ် သက်ရောက်မှု မရှိပါဘူး" လင်းဘသည် တောက်ပသော အလင်းရောင်ဆီသို့ ပျံသန်းသွားရင်း အမှုမဲ့အမှတ်မဲ့ ပြောလိုက်သည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူ့မျက်နှာက လုံးဝ ထိတ်လန့်သွားခဲ့သည်။
ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ လင်းဘ၏လက်သည် ရွှေရောင်အလင်းတန်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားပြီး ကောင်းကင်ဘုံတံဆိပ်ကို ထုတ်ယူသွားသည်ကို မြင်လိုက်ရ သောကြောင့် ဖြစ်သည်။ ထို့နောက် သူက ချင်ယွင်ထံသို့ တိုက်ရိုက် ပြန်လာပြီး ရင်ကော့ ကာ ဝင့်ကြွားစွာ ပြောလိုက်သည် "အကိုကြီး၊ ကြည့်စမ်း၊ ဒီကန့်သတ်ချက်က ငါ့အတွက် အသုံးမဝင်ဘူးလို့ ပြောသားပဲ"
ထိုစကားတွေ ပြောပြီးသည်နှင့် လူတိုင်းက လင်းဘဘက်ကို လှမ်းကြည့်ကြပြီး လင်းဘ၏ လက်ထဲက ကောင်းကင်ဘုံတံဆိပ်ကို ကြည့်ရင်း သူတို့မျက်လုံးတွေက ဝင်းလက်စွာ တောက်ပနေသည်။
"ပြေး" မဆိုင်းမတွဘဲ၊ ချင်ယွင်သည် လင်းဘကို ဆွဲကိုင်ကာ အဝေးသို့ ပြေးသွားခဲ့သည်။
"မြန်မြန်၊ သူ့ကို မလွတ်စေနဲ့။ ကောင်းကင်ဘုံတံဆိပ်က အဲဒီလူငယ်ရဲ့ လက်ထဲမှာပဲ" ပတ်ဝန်းကျင်ရှိ လူတိုင်းက ချက်ချင်း တုံ့ပြန်လာကြပြီး ချင်ယွင်နှင့်လင်းဘတို့ကို ဝိုင်းထားကြသည်။
ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ သူ့ရှေ့မှ လူနှစ်ယောက်ကို သတ်ပစ်ရန် လေဟာနယ် ကိုယ်ပွားနှစ်ခုကို တိုက်ရိုက် ခွဲထုတ်လိုက်သည်။ သူက လင်းဘကို ဦးဆောင်ပြီး အဝေးကို အမြန်ပြေးသွားသည်။
ဝူဒေါင်ဇီကတော့ ထိုအထဲမှာ သတိမထားမိဘဲ ရပ်နေခဲ့သည်။
ဤကိစ္စသည် ချင်ယွင်နှင့် ဝူဒေါင်ဇီတို့၏ မျှော်မှန်းချက်ကို ကျော်လွန်သွားခဲ့သည်။ လင်းဘသည် ကောင်းကင်ဘုံတံဆိပ်ကို ယူပေးမည်ဟု ပြောပြီး အမှန်တကယ် ထုတ်ယူလိုက်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ကံကောင်းထောက်မစွာ၊ ချင်ယွင်နှင့် လင်းဘတို့သည် လျင်မြန်စွာ လွတ်မြောက်လာခဲ့ပြီး နောက်တွင် ထောင်ပေါင်းများစွာသော လူများက သူ့နောက်ကို လိုက်လာခဲ့ကြသည်။ သူတို့သည် ကျိုင်းကောင်များကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ထူထပ်စွာ ဖုံးအုပ်ထားသည်။
"အစ်ကိုကြီး၊ ငါတို့ ဘာလို့ ထွက်ပြေးနေတာလဲ၊ ဒီလူတွေက ရတနာကို သိမ်းချင်နေတာ လေ။ သူတို့အားလုံးကို သတ်ပစ်လိုက်ပေါ့" လင်းဘက မကျေမနပ်အသံဖြင့် ပြောသည်။ သိသာပါသည်။ ချင်ယွင်က သူ့ကို ဆွဲထုတ်ခဲ့သည့်အတွက် သူ အနည်းငယ် မကျေမနပ် ဖြစ်နေမိသည်။
ချင်ယွင်က စကားမပြောနိုင် ဖြစ်သွားရသည်။ သူတို့အားလုံးကို သတ်ဖြတ်ဖို့က လုံးဝ မလွယ်ပေ။
ဤနေရာရှိ လူတိုင်းသည် အနည်းဆုံး နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်တွင် ရှိကြပြီး၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများစွာလည်း ရှိနေသည်။
ရုတ်တရက် ချင်ယွင်သည် တစ်ခုခုကို တွေးမိပုံရပြီး သူ့မျက်လုံးများတွင် ရူးသွပ်မှုများ ပြည့်နှက်လာသည်။
“ဟုတ်တယ်၊ တကယ်လို ငါတို့သာ သူတို့ကို သတ်ချင်တယ်ဆိုရင် ငါတို့ တကယ်ကို လုပ်နိုင်လောက်တယ်။”
ထိုအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် လင်းဘကို အသံလွှင့်ကာ စကား အနည်းငယ် ပြောပြီးနောက် ကောင်းကင်ဘုံတံဆိပ်နှင့်အတူ ဘေးတစ်ဖက်ကို ပြေးသွားကာ နောက်ဆုံး တွင် တောင်ထိပ်တစ်ခုပေါ်မှာ ရပ်လိုက်သည်။
သူ့နောက်မှ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် လင်းဘကို ဂရုမစိုက် တော့ဘဲ ချင်ယွင်နောက်ကို လိုက်သွားကြသည်။ ချင်ယွင် တောင်ထိပ်ပေါ်မှာ ရပ်နေသည် ကို တွေ့တော့ သူတို့အားလုံး တောင်တစ်ခုလုံးကို ဝိုင်းထားကြသည်။ ဤကောင်စုတ်သည် အဘယ့်ကြောင့် ရုတ်တရက် ထွက်မပြေးဘဲရပ်တန့်သွားရသည့် အကြောင်းကို တွေးတော ရင်း သူတို့ အနည်းငယ် ဝေခွဲမရဖြစ်နေပုံရသည်။
"ကောင်စုတ်၊ ကောင်းကင်ဘုံတံဆိပ်ကို လွှဲပေးလိုက်ပါ။ ငါတို့ မင်းအသက်ကို ချမ်းသာပေး မယ်။" ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသည် အေးစက်စွာ အော်ပြောလိုက်သည်။
"ဟုတ်တယ်၊ ကောင်းကင်တံဆိပ်ကို လွှဲပေးလိုက်ပါ။ မင်းအသက်ကို ချမ်းသာပေးမယ်" ထိုလူပြောသည့်အခိုက်တွင် အားလုံးက ချက်ချင်းပဲ ပဲ့တင်ထပ် ပြောလာကြသည်။
"ကောင်းပြီ, ဒါဆို ငါ ဒီကောင်းကင်ဘုံတံဆိပ်ကို ဘယ်သူ့ကို ပေးရမှာလဲ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
ထိုစကားကို လူတိုင်း ကြားသောအခါ၊ သူတို့သည် စတင်ငြင်းခုန်ကြပြီး၊ ချင်ယွင်က ကောင်းကင်ဘုံတံဆိပ်ကို သူတို့ဆီ ပစ်ပေးရန် လိုလားကြသည်။
မှန်ပါသည်။ ဤနေရာတွင် လူတစ်ထောင်ကျော် ရှိပြီး မရေမတွက်နိုင်သည့် ယာယီတဲများ ဖြင့် ခွဲခြားထားသည်။ သူက သူတို့ထဲမှာ ဘယ်သူ့ကို ပစ်ပေးသင့်လဲ။
"ဟမ့်၊ ဒီကောင်စုတ်ရဲ့ စကားကြောင့် အရူးလုပ်မခံနဲ့။ သူက ငါတို့ကို အချင်းချင်း သတ်ဖြတ်စေချင်တာ။ အခြေအနေ အရမ်းရှုပ်ထွေးသွားရင် သူ ထွက်ပြေးနိုင်ပြီလေ။ အားလုံး အခုလောလောဆယ် ငြင်းခုံမနေကြနဲ့။ ကောင်းကင်ဘုံတံဆိပ်ကို အရင်ဆုံး လွှဲခိုင်းလိုက်ပါ" ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးက ချက်ချင်း ပြောခဲ့သည်။
လူအားလုံးသည် ထိုစကားကို ကြားသောအခါ ငြိမ်သက်သွားပြန်သည်။ သူတို့သည် ကောင်းကင်ဘုံတံဆိပ်ကို ဦးစွာ ပေးအပ်ပြီးနောက် ၎င်းတို့၏ စွမ်းရည်အလိုက် အချင်းချင်း ယှဉ်ပြိုင်ကြမည်။
ထို့ကြောင့်၊ လူတိုင်းသည် ချင်ယွင်အား ကောင်းကင်ဘုံတံဆိပ်ကို လွှဲအပ်ခိုင်းရင်း ချင်ယွင် ကို လှံများဖြင့် ထိုးချိန်ကြပြန်သည်။
ချင်ယွင်က ဤအရာကို ရိပ်စားမိပြီး ပြုံးလိုက်သည်။ သူသည် ဤလူတွေကို အချင်းချင်း သတ်ဖြတ်ခိုင်းရန် ရည်ရွယ်ချက် မရှိပါဘူး။ ဤအဆင့်အထိ ကျင့်ကြံနိုင်ကြသူများသည် လူမိုက်များ မဟုတ်ပေ။ သူတို့ကို မည်သို့ အလွယ်တကူ လှည့်စားနိုင်မည်နည်း။
"မင်းတို့ လျှပ်စီးကို ကြိုက်ကြလား" ချင်ယွင် ရုတ်တရက် ပြုံးပြီး လူအုပ်ကို မေးလိုက် သည်။
လူအုပ်ကြီးသည် ရုတ်တရက် ထိုမေးခွန်း မေးခံရလိုက်သည့်အခါ စိတ်အိုက်သွားကြပြီး၊ လူတိုင်းက သူတို့ရှေ့မှ ဤကောင်စုတ် ဆိုလိုသည့်အရာကို နားမလည်ကြပေ။
သို့သော်၊ မူလက တောက်ပနေသော ကောင်းကင်ကြီးသည် ရုတ်တရက် မှောင်မိုက်သွားပြီး နေ့အချိန်သည် ညဘက်သို့ တိုက်ရိုက် ပြောင်းလဲသွားသောကြောင့် သူတို့၏အမူအရာများ သည် အလွန်လျင်မြန်စွာ ပြောင်းလဲသွားကြသည်။
ကောင်းကင်ယံ တစ်ခုလုံးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့် အနက်ရောင် တိမ်တိုက်များ စုဝေးလာကြီးပြီး၊ အနက်ရောင် တိမ်တိုက်များကြားတွင် ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သော ဖိအားကြောင့် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ်စေခဲ့သည်။
"လခွမ်း…၊ ကောင်းကင်ဘုံကပ်ဘေးဒုက္ခလား.."
"ဒီမှာ ဘာလို့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက ရောက်လာရတာလဲ"
“ဒါကို ဒီကောင်စုတ် ဆွဲဆောင်တာဖြစ်ရမယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ကောင်းကင် ဘုံ ကပ်ဘေးဒုက္ခကြီး၊ ဒီကောင်စုတ်က ငါတို့ကို အတူတူသေတဲ့အထိ ဆွဲခေါ်ချင်နေတာပဲ"
...
ချက်ချင်းပင် တောင်တန်းတစ်ခုလုံး ပေါက်ကွဲသွားသည်။ လူတိုင်းသည် ကောင်းကင်ယံမှ လျှပ်စီးများကို ထိတ်လန့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ မျက်နှာက အပြုံးများဖြင့် ပြည့်နေခဲ့သည်။ မူလက ကောင်းကင်ဘုံကပ်ဘေး ဒုက္ခကို ဖြတ်ကျော်ခြင်းသည် ပြဿနာများသည့် ကိစ္စတစ်ခုဟု သူထင်ခဲ့သော်လည်း ယခုအခါတွင် သူနှင့်အတူ လိုက်ပါလာသူ အများအပြားရှိသဖြင့် ပျော်ရွှင်စရာများစွာ ထပ်လောင်း တိုးလာခဲ့သည်။